Friday, January 27, 2012

ညီမလေးဖတ်ဖို့(၂)

ညီမလေးရေ ခေတ်ကြီးက တစ်နေ့နဲ့တစ်နေ့ မတူအောင်ကိုပဲ တိုးတက်နေတယ်ဆို တာ ညီမလေးလည်း သိမှာပါ...ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာမှုတွေကတော့ အံ့မခန်းဖြစ်လောက်စရာပါပဲ...ရုပ်ပိုင်းဆိုင်ရာ ၀တ္ထုတွေတိုးတက်လာသလောက်စိတ်ဓါတ်ပိုင်းဆိုင်ရာ တွေမှာတော့ 
တော်တော်လေး အားနည်းဆုတ်ယုတ်လာတာတွေ လည်း မကြာခဏ တွေ့တွေ့လာရတယ်.....အဲဒါပဲ လေ  ကောင်းခြင်း
ဆိုးခြင်းဆိုတာအမြဲဒွန်တွဲနေကြတာ ဆိုတော့ ထူးဆန်းမနေတော့ပါဘူး
ဒါပေမယ့် ထူးဆန်းတာက အဲဒီရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေအပေါ်မှာ
အတုယူမှားနေကြတဲ့ ကိစ္စကိုပြောချင်တာပါ...အစ်ကိုတို့ ငယ်ငယ်တုန်း
ကဆိုရင် TVလေးတစ်ခါကြည့်ရဖို့ သွားလိုက်ရတာ ရွာဆုံး၇ွာဖျား ရောက်အောင်ပဲ...TV ရှိတဲ့အိမ်ကလည်း လက်ချိုးရေတွက်လို့ရတယ်အထိ ရှားတာပြောပါတယ်....ခုဆို ဘယ်မှ 
သွားစရာမလိုလောက်အောင် ကိုယ့်အိမ်မှာ အလွယ်တကူ ကြည့်လို့ရနေတယ်ဆိုတော့ အရင်က စောစောအိပ်လေ့အိပ်ထရှိတဲ့ 
သူတွေတောင် ညဉ့်နက်တဲ့ တိုင်အောင် vedioတွေကြည့်ကြ သီချင်းတွေနားထောင်ကြနဲ့ စောစောအိပ်ရာက ထတဲ့ အကျင့်တွေကွယ်ပျောက်ပြီး နေမြင့်
မှအိပ်ရာထတာတွေတောင်တွေ့နေရတယ်လေ....ခုဆိုဘယ်လောက်
တောင်ဆိုးသလဲဆိုရင် မြန်မာ မိန်းကလေးတော်တော်များများဟာ ကို
ရီးယားမင်းသားမင်းသမီး လေးတွေကိုကြည့်ပြီး အ၀တ်အစား တွေဆင်ထားကြတာများ တော်ရုံတန်ရုံ မကြည့်ရဲလောက်အောင်ပါပဲကွာ...ရုပ်ပိုင်းဆိုင်ရာ တွေက တော်ရုံတန်ရုံ 
လောက်ဆို နားလည်ပေးလို့ရပါသေးတယ်.....စိတ်ပိုင်းဆိုင်ရာ အတု
မြင်အတက်သင်ပြီး မကောင်းတဲ့ စိတ်ဓါတ်တွေ ကူးပြီင်္း မကောင်းတဲ့
အကျင့်တွေ တက်လာမှာကိုတော့ စိုးရိမ်မိတာတော့ အမှန်ပါပဲ.....နောက်ပြီးပြောချင်တာက အစ်ကိုတို့နိုင်ငံဆိုတာက ထေရ၀ါဒ ဗုဒ္ဓဘာသာတရားထွန်းကားတဲ့ နိုင်ငံဆိုတော့ တိုင်းတစ်ပါးသားတို့ရဲ့အမြင်မှာ လိမ္မာယဉ်ကျေးတဲ့ လူတွေအဖြစ်ပဲ မြင်စေချင်တယ်ကွာ......ဒီခေတ်ကြီင်္းက နည်းပညာတွေ အရမ်းတိုးတက်နေတဲ့ ခေတ်ကြီးဆိုတော့  တက်ကောင်းသင့်တဲ့ အတက်ပညာတွေမှန်သမျှ သင်ယူဖို့ လည်း တိုက်တွန်းချင်တယ်.......ပြောချင်တာတွေကတော့ အများကြီးပဲပေါ့ကွာ ဒါပေမယ့် ဒီနေ့တော့ ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားလိုက်တော့မယ်......ဒီင်္နေ့ အဓိကပြောချင်တဲ့အကြောင်းအရာက
ညီမလေးအနေနဲ့ တိုးတက်လာတဲ့ခေတ်ကြီးနဲ့အညီ ရုပ်ပိုင်းဆိုင်ရာ
တိုးတက်မှုတွေအပေါ် မှာအတိုင်းထက်အလွန် မသာယာမိဖို့ နဲ့ ပညာခေတ်လို့ပြောရလောက်အောင် ပညာတက်တဲ့သူက ပညာမတက်တဲ့ သူတွေအပေါ်၊ ပညာတက်တဲ့ နိုင်ငံက ပညာမတက်တဲ့ နိုင်ငံအပေါ် ကျော်လွှားလွှမ်းမိုးနေကြတဲ့ ခေတ်ကြီးမှာ
ညီမလေးအနေနဲ့ အပေါ်ယံ ရုပ်ဝတ္ထုတွေပဲ အတုခိုးပြီး  ကောင်းတာတွေ၊အတုယူသင့်တာတွေ ကျော်လွှားသွားမှာစိုးလို့ ပြောလို
ရင်းက အဓိကပါပဲ ...ကဲစာလည်းတော်တော်ရှည်သွားပြီ...ဒီနေ့တော့ ဒီလောက်ပါပဲ....





Thursday, January 26, 2012

ညီမလေးဖတ်ဖို့(၁)

 ညီမလေးရေ 
အစ်ကိုက သာကီနွယ်ဖွား ရဟန်းတစ်ပါး ဖြစ်နေတဲ့ အတွက်ကြောင့်
ညီမလေးအနေနဲ့ စိမ်းနေကောင်း စိမ်းနေမှာပေါ့...ဒါကြောင့် အစ်ကို ကို
ညီမ စကားပြောတဲ့ အခါ ရှက်သလိုလို ရွံ့သလိုလို ဖြစ်နေတာပေါ့...ပြီးတော့ ရိုသေ ကြောက်ရွံ့မှု့ကြောင့် စကားမဆိုရဲ တဲ့ ညီမ အတွက် အစ်ကိုက ဆုံးမချင်တဲ့ အကြောင်းလေးတွေကို စာတွေရေးပြီး ပြောမယ် အဲဒါဆိုရင် ညီမလေးလည်း အသိတရားတွေတိုးပြီး အစ်ကိုတို့လို ရဟန်းတွေနဲ့ ဆက်ဆံ ပြောဆိုတဲ့အခါမှာလည်း ရိုသေစိုးရွံ့ မှုတွေ ပျောက်ပြီး ရင်းနှီးကျွမ်းဝင်စွာ ကိုယ်သိချင်တာတွေကို မေးရဲ ပြောရဲ ရှိလာနိုင်တယ်လေ....ခုတော့ အစ်ကို ပြောပြချင်တဲ့ အကြောင်းလေးတွေကို ညီမလေးကို စာနဲ့ပဲပြောတော့မယ် ..ညီမလေးအနေနဲ့  အစ်ကိုပြောတဲ့ အကြောင်းအရာတွေထဲက မသိတဲ့ 
အရာတွေကို ပြန်မေးနိုင်ပါတယ်...ပြီးတော့ အစ်ကို က ရဟန်းတော်တစ်ပါး ဖြစ်နေတဲ့အတွက်ကြောင့် ဗုဒ္ဓတရားတော်တွေထဲက တစ်ချို့တစ်လေ ပါကောင်းပါလာနိုင်ပါတယ်
အတက်နိုင်ဆုံးတော့ အရိုးရှင်းဆုံးဖြစ်အောင် အစ်ကိုကြိုးစားပြီး ရေးပါ့မယ်....ညီမလေးလည်း ကြိုးစားပြီးဖတ်နော် 
 ပထမဦးဆုံး အစ်ကိုကြီး ညီမလေးကိုပြောပြချင်တာက အစ်ကိုတို့ဟာဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် ကြောင့် ကို ကိုးကွယ်အားထားရာဘာသာရဲ့ အခြေခံ အကြောင်းလေးတွေကို သိသင့်တာပေါ့နော်..ညီမလေးတို့အရွယ်တုန်းကဆို အစ်ကို ဆိုရင် ကိုယ်ကိုးကွယ်တဲ့ ဘာသာအကြောင်း  ကို ဂဃနဏ တကယ်မသိခဲ့ရဘူးလေ ...တို့ကိုးကွယ်တဲ့ ဘုရားဆိုတာ တို့နိုင်ငံမှာမွေးပြီး တို့နိုင်ငံမှာ ပွင့်တာလို့တောင်ထင်ခဲ့မိတာ....မယုံမရှိနဲ့နော် ...တကယ်ဖြစ်ခဲ့တာ အဖေ အမေတွေက "ဦးတော် ဦးတော်"လို့ ပြောလို့သာ ဦးချ ကန်တော့ခဲ့ရတာလေ....အဲဒီလိုရှိခိုး ကန်တော့ရင် ကုသိုလ်ရတယ်ဆိုတာလောက်သာ သိခဲ့ရတာ....အဖေအမေတို့ နှုတ်ကတိုက်ရိုက်ချပေး တဲ့              သမ္ဗုဒ္ဓေဂါထာ ကို ရွတ်ဖတ်ရင်း သရဲအကြောက်ဖြေခဲ့ရတာကွ ....အဲဒီတုန်းကတော့ တော့ ညီမလေးတို့ခေတ်လို စာအုပ်စာပေလေ့လာဖတ်ရှု့ရမယ်ဆိုတဲ့ အသိ တွေ   ပြီးတော့ ဖတ်ရမယ့် စာအုပ်စာပေတွေကိုကလည်းတကယ်ရှားပါးလှတဲ့ ခေတ်လို့ပြောရ
မလောက်ပါပဲကွာ.....ခုလောက်ဆိုရင် ညီမလေးလည်း အဖေအမေတို့ သင်ပေးတဲ့ သြကာသ ကန်တော့ချိုးနဲ့ ဂုဏ်တော်တွေ
လည်းရလောက်ရောပေါ့နော်...ခက်တာကညီမလေးရေ  ခေတ်မှီလော
ကဓါတ်ကျောင်းတွေ မတိုးတက်သေးခင် ဟိုခေတ်တွေတုန်းကတော့
အရွယ်ရောက်လာတဲ့ ကလေးတွေကို ဘုန်းကြီးကျောင်းဆီ ပို့ပြီးသိသင့်သိထိုက်တဲ့ စာတွေသင်ယူစေကြတာတာ ထုံးစံပဲလေ...ဒါကြောင့်ပဲ ရှေးလူကြီး တော်တော်များများဆိုရင် ပရိတ်ကြီးတို့ ၊ ပဌာန်းတို့ တောင်အလွတ်ရကြတယ်လေ....ပြီးတော့ ဗုဒ္ဓဘာသာနဲ့ ပတ်သတ်ပြီး တော်တော်လေး နှံ့နှံ့ စပ်စပ် သိကြတယ်...
ညီမလေးတို့ အစ်ကိုတို့ ခေတ် ကိုရောက်လာတော့ ဘုန်းကြီးကျောင်းပညာရေး က မရှိတော့ဘူးဆိုတော့ ဘုရားအကြောင်းတရားအကြောင်းသိဖို့နေသာသာ ဘုရားဆိုတာ ရွာဦးက စေတီနဲ့ သိမ်ထဲက ရုပ်ပွားတော်လောက်သာ သိလောက်တဲ့ အဆင့်လောက်ပဲရှိတော့တယ်လေ....ဒါကြောင့် ညီမလေးဖတ်ဖို့  အစ်ကို ပေးထားတဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သတ်တဲ့ စာအုပ်တွေကို အချိန်ရရင် ဖတ်ဖြစ်အောင်ဖတ်ဖို့ အစ်ကိုတိုက်တွန်းချင်တယ်...ပြီးတော့ မှတ်သားထားသင့်တဲ့ အကြောင်းတွေကို မှတ်သားထားပြီး  ကျက်မှတ်ထားသင့်တာတွေကို
လည်း ကျက်မှတ်ထားပါလို့ ထပ်ပြီးပြောချင်ပါတယ်....ကိုယ်စီးတဲ့မြင်း အထီင်္းမှန်း အမမှန်း မသိဆိုသလို  တစ်ခြားဘာသာ ခြားတွေက ကိုယ့်ဘာသာအကြောင်းမေးလာတဲ့အခါ ၊ကိုယ်က ဗုဒ္ဓဘာသာ ဖြစ်ပါလျက်နဲ့ ဗုဒ္ဓဘာသာရဲ့ အခြေခံ တရားလေးလောက်မှ မသိဘူးဆိုရင်  အရမ်းရှက်စရာကောင်းတယ်ကွသိလား.......ဒါကြောင့်ညီမလေးကို 
အစ်ကိုက စာတွေဖတ်ဖို့ တိုက်တွန်းရတာကွသိလား.....ဥပမာတစ်ခု ညီမလေးကို ပြောပြမယ်နော်  ညီမလေးအနေနဲ့ သင်္ချာပုစ္ဆာတစ်ပုဒ် တွက်တဲ့အခါ ကျက်မှတ်ထားသင့်တဲ့ အလီတွေ ကျက်မှတ်မထားဘူးဆိုရင် အဖြေရှာတဲ့အခါ လွယ်လင့်တကူဘယ်ရနိုင်မလဲလေ....နှောင့်နှေးကြန့်ကြာနေမှာပေါ့ ..ကျက်မှတ်သင့်တဲ့ အရာတွေကို ကျက်မှတ်ထားမှသာလျှင် လိုချင်တဲ့အဖြေကို  ပေါ့ပေါ့ပါးပါး တွက်ချက်အဖြေရှာ ရနိုင်မှာလေ..အဲဒီလိုပါပဲ ကိုယ်ကိုတိုင်အဖြေရနိုင်ဖို့ အတွက်ရယ် သူတစ်ပါး ရဲ့ အမေးတွေကို ထိုက်သင့်သလောက်ဖြေနိုင်ဖို့ အတွက်ရယ် အတွက် သိသင့်သိထိုက် သမျှတွေကို သိထားဖို့လိုအပ်တယ်လေ ....ဒါကြောင့်ညီမလေးရေ  သိသင့်တာတွေ သိနိုင်ဖို့ ခုကတည်းက လေ့လာထားပါလို့ အစ်ကို ထပ်ပြီးတိုက်တွန်းချင်တယ်ကွာ..................
                                                                                      

Monday, January 23, 2012

အမှားဆိုတာ

   ရွာတစ်ရွာ၊မြို့တစ်မြို့၊တိုင်းပြည်တစ်ပြည်၊လူမျိုးတစ်မျိုး၊ ဘာသာရေးတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ရပ်၊ပြီးတော့ ကမ္ဘာလောကကြီး အတွက် အလုပ်လုပ်နေတဲ့ အချိန်မှာ အမှားနဲ့ ကင်းတဲ့ သူဆိုတာ မရှိပါဘူး.....

Monday, January 9, 2012

လှအောင်ကြည့်ကြမယ်

 လူတိုင်း လူတိုင်းမှာ ကိုယ်စီ ကိုယ်စီ အလှ တစ်ခုစီတော့ရှိကြ ပါတယ်
ရုပ်ပိုင်းဆိုင်ရာ အလှ ၊ စိတ်ပိုင်းဆိုင်ရာအလှ စသဖြင့်ပေါ့လေ....ရုပ်ပိုင်းဆိုင်ရာ အလှနဲ့ပတ်သတ်ပြီးတော့လည်း အားလုံးလိုလိုပဲ  လှချင်ကြတာကလည်း တူညီကြပါတယ်...
အခြားလူတစ်ယောက်က ကြည့်ကောင်းတယ် ၊ ခန့်ညားတယ်၊ လှတယ် စသဖြင့် ကိုယ့်ခန္ဓာဗေဒ အပေါ်မှာ အပြုသဘောနဲ့ပဲဖြစ်ဖြစ်  မြှေုာက်ပင့်
ပြောဆိုတာပဲဖြစ်ဖြစ်  ကျေနပ်နှစ်သက်တက်ကြပြန်ပါတယ်...ဒါဟာလူသားတွေရဲ့ သဘာဝဖြစ်စဉ်တစ်ခု  လို့ပဲပြောရမှာပါပဲ...
ဘယ်လိုလူကမှ သူနဲ့ ဆန့်ကျင်ဘက်ပြောဆိုဆက်ဆံနေသူတွေကို ချစ်ခင်နှစ်သက်တယ်လို့ဆိုတာ မရှိပါဘူး ......လူတိုင်းဟာ သူတို့ကိုယ်တိုင်း အခြားသူတွေရဲ့အပေါ်  ကြမ်းတမ်း ရိုင်းပျစွာ ဆက်ဆံရင်သာ ဆက်ဆံ မယ့် ဒါပေမယ့်သူတို့အပေါ် အဲဒီလိုဆက်ဆံလာရင် မကြိုက်ကြတာများပါတယ်......ဒါဟာလူသဘာဝရဲ့ အတ္တပြယုဂ်တစ်ခုလို့ ပြောလို့ရပါတယ်...... ကိုယ်မလိုချင်တဲ့ အရာ ကိုယ့်ကိုယ်မဆက်ဆံ စေချင်တဲ့ အပြုအမှုမျိုး  ကိုယ့်အပေါ် မှာ ပြုမူဆက်ဆံတာကို မကြိုက်ဘူးဆိုရင် သူတစ်ပါးအပေါ်မှာ အဲဒီလိုမဆက်ဆံမိဖို့ကိုတော့ သတိမရတက်ကြဘူး.......လူတိုင်းမှာ ပင်ကိုယ် အလှကိုယ်စီရှိကြပါတယ် ...ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ အလှတွေပေါ်မှာသာ မိန်းမူးနေကြ့ပီး မိမိတို့ရဲ့စိတ်ဓါတ်အလှ ဆင်ဖို့အတွက်ကို တော့မေ့လျော့နေတက်ကြတယ်... ဒါကြောင့် ကိုယ်သာမှန်တယ် သူတစ်ပါးရဲ့လုပ်ရပ်တွေဟာ အမှားတွေချည်းပဲလို့ မြင်ကြတယ်.....ရှင်းရှင်းပြောရရင် သူတစ်ပါးဆိုရင် အပြစ်တွေနဲ့ သူလို့ ပဲယူဆတက်ကြတယ်..........သူတစ်ပါးကို အကောင်းမြင်တက်ဖို့ လှအောင်ကြည့်ပေးဖို့ အတွက် တော့မိမိတို့ရဲ့ စိတ်ကို လှအောင်မပြင်တက်ကြဘူးဖြစ်နေတက်ကြတယ်  .......ကိုယ့်စိတ်ကို လှအောင် မဆင်တက်ကြတဲ့ အတွက်ကြောင့်ပဲ လူတိုင်းပူလောင်နေကြရတယ်......လူတိုင်းအပေါ် လှအောင်ကြည့်တက်ဖို့၊ အကောင်းမြင်တက်ဖို့၊ မိမိ အတွက်မပူလောင်ဖို့ ၊အေးချမ်းစွာနေနိုင်ဖို့က မိမိတို့စိတ်ကလေးကို 
ဖြူဖွေးသန့်စင်အောင် အတက်နိုင်ဆုံးကြိုးစားကြဖို့တော့လိုပါတယ်
အသွားအပြန်ရှိတဲ့ လောကသဘာဝအတိုင်း  ကိုယ်က အကောင်းဆုံးတွေပေးတက်အောင်အရင်ကြိုးစားရင်  ကိုယ့်ဆီကိုယ်လည်း အကောင်းဆုံးတွေရောက်လာမှာ မုချမလွဲပါဘူး
ဒါကြောင့်လောကကြီးတစ်ခုလုံးကို လှအောင်ကြည့်ကြပါစို့..။။။။ 

Wednesday, January 4, 2012

စိတ်ဖိစီးမှု

        ဒီလောကကြီးထဲမှာ စိတ်သောက ဖြစ်စရာ ကိစ္စတွေဆိုတာ
 လူတိုင်းကြုံရတဲ့ အရာတွေပါ
 လူတိုင်းစိတ်ချမ်းသာ ချင်ကြတယ်ဆိုတာ ဧကန်မုချ မလွဲပါဘူး
 ဒါပေမယ့်  ပျော်ရွှင်မှု့ တစ်ခုတစ်လေက မေ့လောက်တဲ့ အချိန်ကြမှ
သာရောက်လာတက်တဲ့  ရွှေဧည့်သည်တစ်ဦးဖြစ်နေတယ်ဆိုတော့ 
နေ့စဉ် ပူးကပ် ထိုးသတ်နေရတာက  စိတ်မချမ်းသာ စရာကိစ္စတွေ
ပဲဆိုတော့ လူ့ဘ၀ ကြီးကို တစ်ခါတစ်လေ အရမ်းစိတ်ကုန်ရတဲ့ အခါတွေ
လည်းရှိတယ်..အားပျက်လက်လျှော့ပြီး ရေစုန်မျှောလိုက်ချင်တဲ့စိတ်
တွေလည်းပေါ် ပေါ်လာတက်တယ်.....
  အဲဒါတွေအားလုံးဟာ ကိုယ်တစ်ယောက်တည်းကြုံနေရတဲ့ အရာတွေ
မဟုတ်ဘူး လူတိုင်းကြုံနေရတာပါလားဆိုတာကိုဆိုတာနားမလည်နိုင်ကြဘူးလေ 
 ငါ့မှ ဖြစ်တက်လေခြင်းရယ်လို့  ကိုယ့်ကိုယ်ကို အပြစ်တွေတင်ပြီး
စိတ်သောကတွေရောက်နေကြတာ အတော်များပါတယ်
 ဒါတွေအားလုံးကို ပြေပျောက်နိုင်ဖို့ဆိုတာ ကတော့ မလွယ်ကူပါဘူး
လူ့ပတ်ဝတ်ဝန်း ကျင်လေးမှာ အဆင်ပြေပြေ စီးမျောသက်ဝင်နိုင်ရုံလေးဆိုရင်တော့ ပေးစရာ နည်းလမ်းလေးတစ်ခုရှိပါတယ်
အဲဒါကတော့  အရာရာအပေါ်မှာ အရှိကို အရှိအတိုင်း လက်ခံ နိုင်ဖို့ပါပဲ
 ငါစိတ်ညစ်တယ်  အင်းလေ လူ့လောကမှာ အမြဲတမ်းတော့ ပျော်ရွှင်စရာ
တွေဘယ်လို လုပ်ရနိုင်မှာလဲ....ငါ့အဖြစ်လောက်ဆိုးရွားတဲ့ အဖြစ်အပျက်
မျိုးရှိမယ်မထင်ပါဘူး   လို့တွေးပြီး ကြေကွဲနေမယ့်အစား  အရာအားလုံးဟာ ဖြစ်ချိန်တန် ဖြစ်နေမှာ ပဲ  ...ငါလည်းမတားနိုင်သလို...
ဘယ်လိုပုဂ္ဂိုလ်မျိုးမှ လည်း ပြောင်းလဲပေးနိုင်မှာလည်းမဟုတ်တာပဲ...ငါနဲ့ပိုဆိုးတဲ့ အခြေအနေတွေလည်း ရှိနေမှာ သေချာတယ်......ပြီးဆုံးပြီး  ပြန်ပြင်လို့မရနိုင်တော့တဲ့ အခြေအနေ ကို တမ်းတ ပူဆွေးနေရုံနဲ့ ဘာမှအကျိုးထူးလာမှာမဟုတ်ပါဘူးလို့ တွေးလိုက်ရင်ပဲ  တော်တော်လေး နေသာ ပြေလျော့သွားနိုင်ပါတယ်.....
အရာအားလုံးဟာ နောက်ဆုံးတော့ ပြီးဆုံးသွားတာပါပဲဘယ်သူမှ မတားဆီးနိုင်ပါဘူး....ဒါကြောင့် ဘယ်တော့မှ မပူဆွေးပါနဲ့
     နောက်ဆုံးတော့ အားလုံးဟာ ပြီးဆုံးသွားတာပါပဲ
      နောက်ဆုံးတော့  အင်း.....အားလုံးဟာ

Tuesday, January 3, 2012

မေတ္ဆာရဲ့အတိမ်အနက်

    လူတစ်ယောက်က အခြားတစ်ယောက်ပေါ်မှာ
  မေတ္တာစိတ်နဲ့ ခင်မင်တွယ်တာတယ်ဆိုတာ 
တကယ်စစ်မှန်တယ်ဆိုရင်  အဲဒီလူတစ်ယောက်ရဲ့
ကောင်းကွက်ဆိုးကွက်တွေကို သည်းခံခွင့်လွှတ်တက်ရမယ်
ပြီးတော့ အဲဒီလူရဲ့အကျိုးစီးပွားတွေ ဆုံးရှူံးမယ့်ဘေးက
ကာကွယ်စောက်ရှောက်နိုင်ရမယ်
တကယ်တော့လူ့လောကကြီးထဲမှာ လူတစ်ယောက်နဲ့တစ်
ယောက် စစ်မှန်တဲ့ မေတ္တာတရားရှိဖို့ ဆိုတာ တကယ်
မလွယ်ကူတဲ့အရာပါ...ကိုယ့်လိုချင်တာ ကသူများဆီက မေတ္တှာတရား
ဒါပေမယ့် ကိုယ်ကတော့သူများကို မပေးချင်ဘူး..ဒါဆိုရင်တော့ 
သေချာပါတယ် ..ဘယ်တော့မှ ရမှာမဟုတ်ဘူး 
ဒါဟာလူတစ်ဦးတစ်ယောက်တည်း အတွက် သာပြောနေတဲ့ မေတ္တာရဲ့
အကြောင်းလေ ....လူအများဆီက မေတ္တာတွေကို ရယူချင်တယ်ဆိုရင်တော့  လူအများအပေါ် မှာတက်နိုင်သလောက် 
မေတ္တာထားတက်ဖို့လိုတာပေါ့...
ဘုရားရှင်တို့လို သတ္တ၀ါ အားလုံးအပေါ် ထားတဲ့ မေတ္တာတရားမျိုးတော့ 
သွားပြီးနှိုင်းယှဉ်လို့မရဘူးလေ...စစ်မှန်တဲ့ မေတ္တာကို လိုချင်ရင်
စစ်မှန်တဲ့မေတ္တာ ထားတက်အောင်အရင် ကြိုးစားသင့်တာပေါ့လေ
  ကိုယ်စိုက်ပျိုးတဲ့ အပင်က သစ်သီးက အချိုဆိုရင်တော့ အချိုသီးကို
စားရမှာပဲ...............
အချဉ်ပင်စိုက်ပြီး  အချိုသီးစားချင်နေတက်တဲ့  လောဘတကြီး စိတ်ဓါတ်မျိုးနဲ့တော့  လူတိုင်းရင်ကို လွှမ်းမိုးနိုင်လိမ့်မယ် မထင်ပါဘူး
   လူသားအားလုံး မေတ္တာတရားနှင့်ယှဉ်တဲ့ ဆက်ဆံရေးတွေရရှိနိုင်ကြပါစေ
ကမ္ဘာကြီးတစ်ခုလုံးငြိမ်းချမ်းကြပါစေ