Thursday, May 17, 2012

ရေနွေးကြမ်းတစ်ခွက်ကို မှုတ်သောက်ခြင်း

    အဲဒီကတည်းကိုက မှားခဲ့တာပါပဲ။““ ကျွန်ုပ်သိတာတစ်ခုပဲရှိတယ် အဲဒါဘာမှ မသိသေးဘူးဆိုတာပဲ” ဒီစကားလုံးလေးကို စတင်ကြားဖူးကတည်းက တော်တော်နှစ်ခြိုက်တက်ခဲ့တာ။ ဘယ်ပညာရှိ ဘယ်ကလောင်ဆရာရေးတယ်မသိပေမယ့်လည်း အင်း  ထားပါလေ အဲဒါကအရးမကြီးပါဘူး ။ လူ့လောကကြီးက ကြီးမားပြန့်ပြောလွန်းလှတယ်ဆိုတာ ပြောဖို့မလိုလောက်အောင် သိကြပါတယ်။ အဲဒီလို အပြောကျယ်လှပါတယ်ဆိုတဲ့ လောကကြီးထဲမှာ တော့ ကျွန်ုပ်တို့တစ်တွေကတော့ ပမွှားသိမ်နှုတ်သော မြူမှုံငယ်လေးတွေ မျှသာပါပဲ။ အဲဒီလို သေးမွှားသိမ်နှုတ်သော မြှူမှုံငယ်လေးတွေ ကိုယ်စီမှာလည်း ကြီးမားပြန့်ပြောသော ကိုယ်ပိုင်ဘ၀ ကိုယ်ပိုင်ခံစားချက်တွေ ကိုယ်စီရှိကြပါတယ်။  မိုးထုလုနီးပါး ဇိမ်ခံတိုက်ကြီးတွေဆီမှာမှ ဘ၀ဆိုတာရှိတာမဟုတ်သလို ခြွတ်ခြုံကျနေသော အိုဟောင်းစုတ်ပျက်နေသော သက်ကယ်တဲ အိုအိုလေးထဲမှာလည်း ဘ၀ဆိုတာရှိနေတာပါပဲ။ ကိုယ်တစ်ယောက်တည်းသာ ကောင်းဆိုးလောကဓံတွေ ခံစားနေရတယ်လို့တွေးနေလို့မရသလို ကိုယ်ခံစားနေရတဲ့ အချိန်နဲ့ တပြိုက်နက်တည်းမှာလည်း ကိုယ့်လို ကြေကွဲသောက ရောက်နေသူတွေလည်း ဒုနဲ့ဒေး ရှိနေတာ သေချာပါတယ်။ ကျွန်ုပ်တို့ လူလောကကြီးထဲကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ရောက်လာတယ်ဆိုတာ ကျွန်တော်တို့ ဘယ်သူမှ အစကတည်းက သိလာခဲ့ကြတာမဟုတ်ပါဘူး။ ကျွန်ုတို့ ဘယ်ကလာတယ်ဆိုတာလည်းမသိဘူး ဘယ်ကိုသွားမယ်ဆိုတာကိုလည်းမသိဘူး ရှေ့ဆက်ဘာတွေ ဖြစ်ဦးမှာလည်းဆိုတာကိုလည်း မသိကြဘူး။ ဒါဖြင့် လူ့လောကကြီးထဲမှာရှိနေခိုက် ကျွန်ုတို့ ဘာတွေ လုပ်သင့်သလဲ ဘာတွေကလူ့လောကရဲ့ အနှစ်သာရကဘာလဲ ဘယ်သို့သောအရာတွေက လူ့ဘ၀မှာအရေးကြီးတာလဲ အဲဒီလို လဲပေါင်း လားပေါင်းများစွာနဲ့ ရှုပ်ထွေးပွေလီလှတဲ့ မေးခွန်းတွေကို ဖြေနေရုံနဲ့ အဖြေရှာနေရုံနဲ့ ကောပြီးကောလား၊ ဗုဒ္ဓဂေါတမက စကြာဝဠာကြီးထဲမှာ ကျင်လည်ပြေးလွှားနေကြတဲ့ သတ္တ၀ါတွေတိုင်းဟာ မသိမှုအမှောင်ဓါတ်တွေကြောင့် ဘ၀တွေအသီးသီးမှာ ထပ်ခါထပ်ခါ ဖြစ်နေကြရတာပါတဲ့။ အဲဒီသံသရာစက်ဝိုင်းကြီးထဲက ရုန်းထွက်ဖို့ ရုန်းထွက်နိုင်အောင် ကြိုးစားပါမှ အေးငြိမ်းမှု့ အမတ တရားကိုတွေ့နိုင်မှာဖြစ်ပါတယ်ဆိုတာ ဟောကြားထားပါတယ်
သို့သော်ငြားလည်းအချို့သောလူသားတွေကတော့ဖြင့် အဲဒီလို သိရှိနားလည်နိုင်စွမ်းသော အသိဉာဏ်တွေနဲ့ ခိုက်ရန်ဖြစ်ထားကြတဲ့ အတွက်ကြောင့် သူတို့မှာ လစ်လပ်နေတာ ထိုကဲ့သို့သော အရာတွေဖြစ်နေတော့က အဘယ်မှာလျှင် သိရှိနားလည်းနိုင်ပါအံ့နည်း။ တကယ်တော့ ကျွန်ုတို့ တွေ လူလောကထဲကို စတင်ဝင်ရောက်လာကာစကတော့ ဘာမှ မသိသေးတဲ့ အခါဆိုတော့ ပျော်ရွှင်ခြင်း နဲ့ သောကတရားတွေရဲ့ အကြောင်းကောင်းကောင်းနားမလည်သေးတော့ လောကကြီးက နေ
ချင်စဖွယ် ပန်းဥယျဉ်ကြီးတစ်ခုပေါ့ ။ကျင်လည်ကျက်စားမှု့ ခရီးအတိုင်းအတာ ရှည်လျားလာတာနဲ့အမျှ ကျွန်တော်တို့တွေ သိလာတယ် ရိပ်မိလာတယ် ခံစားလာကြရတယ်။ ဘ၀ဆိုတာ အေးချမ်းမှုတစ်စုံတစ်ရာ ရဖို့အတွက် အပူတွေနဲ့ ယှဉ်ဖက်ပြီး ရုန်းကန်လှုပ်ရှားနေကြရတယ်ဆိုတာကိုပေါ့။ဒီနေရာမှာ ကြားဖူးတဲ့ ရယ်ဖွယ်ရာအဖြစ်အပျက်လေးတစ်ခုလောက်ပြောပြချင်တယ်။ တစ်ခါကတောရွာမှာနေတဲ့ဆရာတော်တစ်ပါးက သူ့တပည့်ကျောင်းသားလေးကို ရေးနွေးအိုး ကြိုဖို့ တာဝန်ပေးထားတယ်။ တစ်မနက်မှာတော့ ကျောင်းသားလေးဟာ ရေနွေးကြိုဖို့ မေ့နေတယ်။
အဲဒီအချိန်မှာပဲ ဘုန်းကြီးက “ဟေ့ ကျောင်းသား ရေးနွေးအိုး ယူခဲ့စမ်း”
အဲဒီလိုခိုင်းလိုက်တော့ ကျောင်းသားလည်း အဆူမခံရပြီးရောဆိုပြီး ရေနွေးအိုးထဲကို ရေအေးတွေထည်းပြီး ယူသွားတော့ ဘုန်းကြီးအဆူခံထိတာပေါ့။ အဲဒါနဲ့ ရေနွေးအိုးကိုဆူအောင်တည်ပြီး ဘုန်းကြီးဆီကိုသွားကပ်တယ် ဘုန်းကြီးက ရေနွေးအိုးထဲကို လက်ဘက်ခြောက်ခတ်ပြီး ပုဂံလုံးထဲကိုထည့်ပြီး ပူပူလောင်လောင်နဲ့ မှုတ်သောက်တာကို တွေ့တဲ့ ကျောင်းသားက ငေးမောတွေဝေနေတဲ့ အကြည့်နဲ့ ဘုန်းကြီးကိုကြည့်ပြီး မေးလိုက်တယ်။ ဘုန်းဘုန်းဘာဖြစ်လို့ နဂိုရ်က အေးနေတဲ့ ရေကို ပွက်ပွက်ဆူအောင်ကြိုခိုင်းပြီး ခုကြတော့ အေးအောင်လို့ ပြန်ပြီးမှုတ်သောက်နေတာလဲလို့ပေါ့ ။ဆရာဘုန်းကြီးလည်း ဘာပြန်ပြောရမယ်မှန်းမသိလောက်အောင်ဖြစ်သွားပါတယ်။ မေးတာက ကလေးဆိုတော့လေ။  ပုံပြင်လေးကတော့ ရယ်စရာလိုလိုနဲ့ပါပဲ။ဒါပေမယ့် တကယ်တွေးကြည့်တော့ ဒါဟာတွေးစရာလေးတစ်ခုပါနေတာကို သတိထားမိနိုင်ပါတယ်။လူ့လောကကြီးဆိုတာ လိုအင်တွေနဲ့ အမြဲပူလောင်နေတဲ့ ဒေသကြီးတစ်ခုပါ။ အဲဒီလိုပူလောင်နေတဲ့ လောကကြီးထဲမှာ အေးမြမှုဆိုတဲ့အရာတွေကို မရရှိသေးသမျှတော့ ကျွန်ပ်တို့တွေက ပူလောင်နေတဲ့ ရေနွေးကြမ်းနဲ့ တူတဲ့အရာတွေကို အားပါးတရ မှုတ်သောက်ပြီး အရသာခံနေကြရတာပါ။ တကယ်တော့ ပူပါတယ်။အဲဒီလို ပူနေတာကိုပဲ အရသာလေးရှိတယ်ထင်ပြီး သောက်နေကြတာပါ။ကျွန်ုပ်တို့ဟာ ဒီလောကကြီးနဲ့ စာရင် အစက်အပြောက် လေးမျှသာရှိပါတယ်။ လူတိုင်းမှာ ဘ၀ဆိုတာရှိပါတယ်။ ဘ၀တွေတိုင်းကတော့ များများပူတာရယ် နည်းနည်းပူတာရယ်ဆိုတာလောက်ပဲ ကွာခြားကြပါတယ်။ အဲဒီအပူကြီးတွေကိုပဲ မှုတ်သောက်နေကြသူတွေချည်းပါပဲ။ ဒါကြောင့် အပူတွေကို အရသာထင်နေကြသူချင်းသင့်တင့်မျှတစွာ  စာနာကူညီရိုင်းပင်းပြီး ချစ်ချစ်ခင်ခင်နေသွားကြမယ်ဆိုရင် လူ့ဘ၀ရဲ့ ငြစ်ညူးဖွယ် အာရုံဆိုး အမြင်ဆိုး အပြောဆိုး စတာတွေ ကနေ ထိုက်သင့်သလောက်ငြိမ်းအေးပြီး အပူတွေချည်းသောက်သုံးနေရသူချင်း တစ်ကြိုက်တစ်မော့ စာ အေးမြမှုလေးတွေ  ပေးစွမ်းနိုင်လိမ့်မယ်လို့ ယူဆရင်း ......။
    ( ဘာရယ်မဟုတ်ပေမယ့် တွေးမိသမျှ ရေးချခြင်းမျှသာဖြစ်လို့
ကောင်းခြင်းဆိုးခြင်း ဆိုတဲ့ ရသ ကို မပေးစွမ်းနိုင်ခဲ့လျှင် ခွင့်လွှတ်ပါလို့ 
တောင်းပန်းလျှက်)

Wednesday, May 9, 2012

                                                        အိပ်မက်များနှင့် အိပ်စက်ခြင်း
အပင်ထက်က သက်ကြွေ ရွေ့လျောကျလာတဲ့ သစ်ရွက်လေးတွေအတွက်တော့ ငါဟာ တစ်ခါတစ်ရံ သံဝေဂတစ်ဝက်နဲ့ သဂြိ င်္ုလ်ပေးနေကြ နံနက်ခင်းတစ်ပါးပဲပေါ့၊
ဒီလိုနဲ့ ကော်ဖီတစ်ခွက်နဲ့ လေးတွဲကျနေတဲ့ ငါ့မျက်တောင်တွေကို မတားဆီးနိုင်ခဲ့တာ တစ်ရာသီတောင် ကျော်လွန်ခဲ့ပြီ ။
နံနက်ခင်းသတင်းတစ်ပုဒ်လောက်ဖတ်လိုက်ရမှ နေသာထိုင်သာရှိတဲ့ အသာနဲ့ အမြဲတမ်း ခံတွင်းချဉ်တက်တဲ့ ပါးစပ်ကို ကွမ်းတစ်ယာလောက်ကျွေးရင်း ငါနေတက်အောင်နေခဲ့တယ်။
တစ်ခါတစ်ခါ အလိုလို ပြည့်လာတဲ့ မြိုသိပ်ထားသော တိမ်အုပ်တစ်ချို့ကို ကီးဘုတ်ပေါ်မှာ အန်လိုက်တယ်။ တကယ်တော့ အန်ထုတ်လိုက်တော့လည်း နာတက်တဲ့ရင်ဘတ်အတွက်တော့ ကုစားဖို့ မတက်နိုင်သေးဘူး။ ပြောရရင် ဘယ်လိုကစားနည်းမျိုးကိုမှ မကျွမ်းကျင်တဲ့ ငါလိုလူတစ်ယောက်အတွက် မျက်နှာဖုံးအတု တပ်ဆင်ဖို့ဆိုတာ ဘယ်တော့မှာမှ ပိရိသေသပ်နေမှာမဟုတ်မှန်းလည်းသိနေပြန်တယ်။ သင်စရာတွေပေါတဲ့ လောကမှာ ငါနားမလည်တာ အိပ်မက်ကြိုးကြီးတန်းလန်းနဲ့ ငါနိုးထနေရတာကိုပဲ။
အမြင်မတူသူတွေကြားမှာ ငါဘယ်တော့မှ တူအောင်ကြိုးစားလိမ့်မယ်မဟုတ်မှန်းသိနေတဲ့ သူဆိုလို အမေတစ်ယောက်သာရှိမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ငါက အရည်ပြားပျော့တဲ့ ဦးခေါင်းနဲ့ ခေါင်းမာတက်သူတစ်ယောက်ဖြစ်နေလို့ပဲ။
ဒါကြောင့်လည်း မိုးသောက်လာတိုင်း ပြန်လည်းညှိနှိုင်းလို့ ခက်နေတာ ငါနဲ့ ငါ့ရဲ့အိပ်မက်တွေပဲ။ ငါကော်ဖီကိုတကယ်မကြိုက်တက်ပါဘူးဒါပေမယ့် တော်လှန်ဖီဆန်မြဲ အိပ်မက်ကို ပထုတ်ဖို့ကြိုးစားရင်း နံနက်ခင်းမှာ ကော်ဖီတစ်ခွက်သောက်ပြီး ပြန်ပြန်အိပ်တက်ခဲ့တာ။ သစ်ရွက်လေးတွေတော့ အားနာပါရဲ့။ နေရောင်ခြည်ကို ဦးခိုက်ခွင့်မပေးတက်တဲ့ အိပ်မက်တစ်ပိုင်း အိပ်စက်ခြင်းတစ်ပိုင်းနဲ့ လူသားတစ်ယောက်ရဲ့ မြည်တွန်တောက်တီး ခြင်းမှာ တစ်ဖန်သေဆုံးရပြန်သောကြောင့်ပဲဖြစ်ပါတယ်။
  (  ဘာရယ်မဟုတ်ပါဘူး ခံစားမိတာလေးတစ်ခုကို ရေးချခြင်းမျှသာ)

Tuesday, May 1, 2012

သိခြင်းတရားရဲ့ နောက်ကွယ်က

   

 အတ္တဆိုသည်မှာ  အချိန်မရွေး ထိရှပြတ်တောက်လွယ်သော ထက်မြသော ဓါးတစ်လက်ဖြစ်ချေ၏။ ဘယ်လိုသော ပုဂ္ဂိုလ်မျိုးမဆိုထို အတ္တဆိုသော ဓါးနှင့် ထိခိုက်မိသည်နှင့် တပြိုက်နက် ဆိုးရွားသော နာကျင်ထိခိုက်မှု့ တစ်မျိုးမျိုးကို ရရှိတက်လေ့ရှိပါသည်။ ဟုတ်ပါတယ် လူနဲ့လူချင်းဆက်ဆံ ပေါင်းသင်းတဲ့ နေရာမှာ တစ်ဦးနဲ့ တစ်ဦး နားလည်သဘောပေါက်မှု့ လေးစားတန်ဖိုးထားမှု့ရှိဖို့အင်မတန် အရေးကြီးလှပါတယ်။ ကြီးတဲ့သူက ကြီးတဲ့အလျောက် ငယ်ရွယ်တဲ့ သူတွေအနေနဲ့ကလည်း ငယ်ရွယ်တဲ့ အလျောက် သင့်တင့်လျောက်ပတ်တဲ့ အသိဉာဏ်တရားတော့ ရှိဖို့လိုပါသည်။သို့မဟုတ်လျှင် လူနဲ့ လူချင်းဆက်ဆံတဲ့နေရာမှ ထိခိုက်ပွန်းရှမှု့ တွေနဲ့  အတူ နှစ်ဦးသားတို့ကြားမှာခလုတ်ကန်သင်းအနေအားဖြင့် လည်းကောင်း၊ဂမုကဒစ်တစ်ခုသဖွယ်ဖြစ်နေမှာပါပဲ။ပျော်ရွှင်ဖွယ်

 ပေါင်းသင်းဆက်ဆံရေးတစ်ခုတော့ဖြစ်လာမှာမဟုတ်တာသေချာ

သလောက်ပါပဲ။ကျွန်ုတို့ ပေါင်းသင်းဆက်ဆံနေထိုင်ရာ လူ့ပတ်ဝန်းကျင်မှာ တစ်ဦးနဲ့တစ်ဦးအမြဲတမ်းကောင်းမွန်သောဆက်ဆံရေးဖြစ်နိုင်ဖို့ကတော့ မလွယ်ကူပါဘူး။သို့သော်လည်း အတက်နိုင်ဆုံးတော့ အေးချမ်းတည်ငြိမ်သော အနေထားတစ်ရပ်ကို 

ပုံမှန်တည်ဆောက်သွားနိုင်ဖို့ကိုပဲ အောက်ထစ်ဆုံးမျှော်လင့်ကြရတာပါပဲ။

မနုဿတစ်ယောက်ရဲ့ ပိုင်ဆိုင်မှု့တရားတွေဖြစ်တဲ့ လောဘ ဒေါသ မောဟ မာန်မာနတရားတွေ ကိုယ်စီရှိနေကြတဲ့အတွက်ကြောင့် ဘာပဲပြောပြော အားလုံးကို ကောင်းဖို့တော့ မျှော်လင့်လို့ မဖြစ်နိုင်ပါဘူး။ သို့သော်လည်း လူသားတစ်ယောက်ဟာ လူသားဆန်ဆန် လူပီပီသသ သမမျှတသော စိတ်ဓါတ်တွေနဲ့ လှပတဲ့ နှလုံးသားတစ်ခု ကို အတက်နိုင်ဆုံး ပြုစုပျိုးထောင် နိုင်မယ်ဆိုရင်တော့ ဘာပဲပြောပြော အတိုင်းထက်အလွန်ပေါ့။

လောကမှ ဘာတွေအရေးကြီးဆုံးလဲ ၊ဘာတွေက လူတွေရဲ့တန်ဖိုးကိုဖြတ်ပေးနိုင်သလဲ။ မေးခွန်းပေါင်းမြောက်များစွာနဲ့ ရှုပ်ထွေးတွေဝေနေမယ့် အစား ကျွန်ုတို့ လုသားတစ်ယောက်အနေနဲ့ လူသားဆန်စွာ ဘယ်လိုနေထိုင်ရမလဲ၊ဘယ်လိုပြုမူရမလဲ၊ဘယ်လိုပြောဆိုရမလဲစတဲ့ 

အခြေခံတရားတွေကို အရင်ဆုံးလေ့လာသင်ယူပြီး ကိုယ့်ပတ်ဝန်းကျင်မှာ အားလုံးနဲ့ သဟဇာတဖြစ်အောင် သာယာသော အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ဖို့ပဲ အရင်ဆုံးလိုအပ်လှပါတယ်။ အဲဒါကြောင့် လူနဲ့လူချင်း ဆက်ဆံပေါင်းသင်းတဲ့ နေရာမှာ မိမိကိုယ်ကို အတ္တတွေ ဘယ်လောက်ထုံမွှမ်းထားသလဲဆိုတာ ပြန်ပြီးကြည့်ရပါမယ်။ တစ်ဖက်လူနဲ့ ဆက်ဆံတဲ့နေရာမှာ ငါ့နှလုံးသားက ဘယ်လောက်ဖြူစင်သလဲဆိုတာကို အမြဲလိုလို စမ်းစစ်ပြီး မှတ်ကျောက်ကောင်းတွေ ရနိုင်ဖို့အတွက် အစဉ်ကြိုးစားနေဖို့လိုအပ်ပါတယ်။ နှလုံးသားလှတယ် မလှဘူးဆိုတာ တစ်ခြားသူတွေ သိသည်မသိသည် အပထား မိမိကိုယ်တိုင်က အရင်ဆုံးသိတာဆိုတော့ မိမိရဲ့ နှလုံးသားကလှပတယ်ဆိုရင် မိမိကိုယ်ကို လိပ်ပြာသန့်စွာနဲ့ လူ့ပတ်ဝန်းကျင်မှာ ရဲဝံ့တည်ကြည်စွာ နေနိုင်မှာပါ သို့မဟုတ်ရင်တော့ နောက်ကွယ်မှာ ပဲ တိမ်ငုတ် သိမ်ငယ်စွာနဲ့ နေကြရမှာမလွဲပါဘူး။ ဒါကြောင့် လူနဲ့ လူချင်း ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ မိမိတို့ နှလုံးသားတွေ ဘယ်လောက် ဖြူစင်သလဲဆိုတာ ပြရင်း ကောင်းမွန်တဲ့ လူမှု့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ကြပါစို့လို့ ရည်ရွယ်ရင်းဖြင့်........။