Sunday, August 7, 2011

အမေ့မျက်ရည်

    အဲဒီတုန်းကဗျာ အမေ့ကိုသနားလိုက်တာ ။မှန်တွေကာထားတဲ့လေယဉ်ကွင်းထဲမှာ တစ်ဖက်ရောက်နေတဲ့သားကို
အမှာတွေခြွေနေတဲ့အမေရယ့်ပါ။သားကျန်းမာရေးဂရုစိုက်နော်တဲ့။ညႈိုးေ
လျာ်နေတဲ့အမေမျက်နှာမှာ အားငယ်ရိပ်တွေလွှမ်းနေမှန်းသားသိပါတယ်အမေ
သင်ဖြူးဖျာတွေကို နှစ်ပေါင်းများစွာယက်ခဲ့ရတဲ့ အလုပ်ဒဏ်တွေကြောင့် ရလာတဲ့လေးဘက်နာရောဂါက အမေ့ကိုလူကြားထဲမှာ ကြာကြာမနေနိုင်လောက်အောင်နှိပ်စက်နေလို့
ဝေဒနာကိုအံကျိတ်တင်းခံရင်း သားကိုလိုက်ပို့နှုတ်ဆက်တာ။သားကျောပြင်ကို ငေးကြည့်ရင်းကျန်ခဲ့မယ့်
အမေ့ပုံရိပ်တွေကို မှန်းဆပြီး သနားလိုက်တာအမေရယ်။အားကိုယ်းစရာ
သားကတစ်ယောက်ထဲရယ်။ဒါပေမယ့် အမေနဲ့အဝေးဆုံးမှာပဲရှိနေတယ်။ခုလည်းအဝေးကို ပျံပြေးပြန်ပြီလို့ အမေတွေးနေမှာသေချာပါတယ်လေ။မျက်ရည်တွေပြည့်နေတဲ့ အမေ့မျက်ဝန်းတွေကို သားမကြည့်ရဲဘူးအမေ။သားလုပ်ရက်တွေ မှန်သ
လားမှားသလားဆိုတာတောင် မဝေခွဲတက်လောက်အောင်ပါပဲ။
သားသမီးတွေဆိုတာ အရွယ်ရောက်လာရင်အဝေးကို ပျံသန်းထွက်ခွါကြ
မြဲပါအမေ။ဘ၀အတွက်ဆိုတဲ့ လောကဓံ ကြိုးဝိုင်းထဲမှာ အားကုန်နွှဲဖို့
ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ပေါ့။အမေကတော့ သားသမီးတွေနဲ့ အတူနေခဲ့ကြစဉ်က အိမ်အိုကြီးထဲမှာပဲ အလွမ်းတွေနဲ့ ငိုနေတော့မှာသေ
ချာပါတယ်။ အမေငိုနေမှာသေချာပါတယ်။ မငိုပါနဲ့ အမေရယ်။
မငိုပါနဲ့အမေရယ်။မငိုပါနဲ့......................................................။

အမေ့အိမ်လေး





 ကြည်လင်လိုက်၊နောက်ကျိလိုက်နဲ့ ပုံမှန် စီးဆင်းနေတဲ့ ချောင်းလေး အဲဒီချောင်းလေးဘေးမှာ ကျွန်တော်ကြီးပြင်းလာခဲ့ရတာ.....မိုးစက်မိုးပေါက်လေးတွေတစ်ဖျောက်
ဖျောက်လေးစကျလာခါစ ဆိုရင် သင်းပျံ့တဲ့မြေသင်းရနံ့လေးတွေကို
ရှုရှိုက်ရင်းကျွန်တော်အရွယ်ရောက်လာတာ....အမေ့အိမ်လေးက ဓနိမိုး
ထရံကာအိမ်လေးပါ...သေးငယ်တယ်ထင်ရပေမယ့် ကျွန်တော်တို့အတွက်တော့ နန်းတော်ကြီးလိုပါပဲ...မလုံတဲ့သက်ကယ်ပေါက်တွေက ကျလာတဲ့ မိုးရေ
စက်တွေကို ရှောင်ပြီး တစ်နေရာမှာစုပြုံတိုးဝှေ့ အိပ်ခဲ့ရတာကိုလည်း
ဒုက္ခလို့မထင်ခဲ့ဘူး...အမေပြောပြတဲ့ပုံပြင်ထဲက ရွှေနန်းတော်ကြီးကို
ပုံဖော်ရင်း ပျော်နေတက်ခဲ့တာ...အမေတိုင်ပေးတဲ့ သမ္ဗုဒ္ဓေ ဂါထာကို
ရွတ်ပြီးသရဲအကြောက်ဖြေခဲ့ရတာ...အမေချက်ကျွေးတဲ့ ဘယ်လိုဟင်းမျိုးမဆို စားလို့သိပ်ကောင်းခဲ့တာ....အမေချက်ကျွေးခဲ့တဲ့ ငပိချက်ဟင်းလေးရဲ့အရသာကို ပြန်တွေးကြည့်တိုင်း လွမ်းတယ်...
အမေ့ရဲ့လက်ရာ ပဲရေဖွလေး၊ ချဉ်ပေါင်ရွက်ဟင်းလေး၊ ဆားထောင်းလေး၊ ပြောနေရင်းတောင်သတိရတယ်။
မီးခိုးတွေတအူအူထွက်နေတဲ့အမေ့အိမ်လေးကိုအဝေးကမြင်နိုင်ပါတယ်။
အမေဘာတွေချက်နေတာလဲမသိဘူး။
မိုးတွေလာနေပြီအမေ။အိမ်ခေါင်မိုးက အပေါက်တွေ ဖာထေးပြီးပြီးလား။
ဟောပြောရင်းဆိုရင်းမိုးရွာလာပြီ။အမေရေ
အမေ့ကိုလွမ်းတယ်ဗျာ....................ဗိုက်လည်းဆာတယ်.......။

ငါယုံကြည်ရမည့်သူ

     လောကမှာယုံကြည်မှုပေးမှ ယုံကြည်မှု့ပြန်ရတယ်ဆိုတဲ့စကား
ရှိတယ်...ဟုတ်ပါတယ် လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ
ခံစားချက်ခြင်းဖလှယ်နိုင်၊ တစ်ယောက်လျှို့ဝှက်ချက်ကို တစ်ယောက်က
ထိန်းသိမ်းထားပြီး သစ္စာရှိတဲ့လူတွေလည်းရှိပါတယ်။ဒါပေမယ့်ယုံကြည်
ထိုက်တဲ့လူဆိုတာ လောကမှာအင်မတန်းရှားတယ်ဆိုတာတော့လက်
ခံရပါမယ်။တကယ်တော့ ကိုယ့်ယုံကြည်မှုကို ဖောက်ဖျက်ရိုက်ချိုးနိုင်တဲ့
လူကလည်း ကိုယ်ယုံကြည်ရတဲ့လူပါပဲ။ လောကမှာ ဘာမှ ပုံသေတွက်ဆလို့မရပါဘူး ။လူ့စိတ်ဆိုတာလည်းခက်သားပဲလေ။
တကယ်ဆို အားလုံးဟာ ယုံကြည်မှုကိုလဲ လိုချင်တယ်။ကိုယ်ကိုယ်တိုင်
ရိုးသားဖို့တော့ အားမထုတ်ချင်ကြဘူးလေ။ ကျွန်တော်ကတော့ ဘယ်သူ့ကိုမှမယုံဘူးတကယ်ပြောတာကိုယ့်ကိုယ်ယုံတဲ့သူကိုပဲ ယုံမယ်။
ဒါကြောင့်ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရဦးမယ်။
ကျွန်တော်ရိုးသားရဦးမယ်။
ဟုတ်တယ်။ 
ပက်ပက်စက်စက်ရိုးသားရမယ်။..........................................။

ငွေ..မန်းနီး..အသပြာ...ပိုက်ဆံ...င၀ိုင်း...

  It is said that for money you can have everything,
but you can not. you can buy food,but not appetite;
medicine,but not have: knowledge, but not not wisdom;
glitter,but not beauty; fun,but not joy;
acquaintances,but not friends; servant, but not faithfulness;
leisure, but not peace.you can have the husk of everything 
for money,but not the kind.
   ငွေပေးလျှင် ဘာမဆိုရသည်ဟု လူတွေပြောကြသည်။မဟုတ်ပါ။
ငွေဖြင့်စားစရာ ၀ယ်ရု ရနိုင်သည်။သို့သော် အရသာကို ၀ယ်ရု မရပါ။
ငွေဖြင့် ဆေးဝါးကိုဝယ်နိင်သည်။ ကျန်းမာခြင်းကိုဝယ်ရု မရပါ။ဗဟုသုတ
အချက်ကို ၀ယ်ရု ရသည်။ညာဏ်အမျှော်အမြင်ကိုဝယ်ရ်ုမရ။အရောင်
ပြိုးပြိုးပျက်ပျက်တွေကိုဝယ်ရ်ုရသည်။လှပမှုကိုဝယ်ရ်ုမရ။အပျော်အပါး
ကိုဝယ်ရ်ုရသည်။ချမ်းသာသုခကို ၀ယ်လို့မရ။အသိအကျွမ်းတွေကိုဝယ်
လို့ရသည်။မိတ်ဆွေအစစ်အမှန်ကိုဝယ်ရု မရ။အစေအပါးတွေဝယ်လို့ရသည်။သစ္စာရှိမှုကို ၀ယ်ရ်ုမရ။ အားလပ်ချိန်တွေဝယ်လို့ရသည်။ငြိမ်းချမ်းမှုကိုဝယ်လို့မရ။ငွေဖြင့် သင်သည် အလုံးစုံသော အရာတို့၏ အခွံအကာများကို ၀ယ်ရ်ုရနိုင်သည်။အတွင်းအနှစ်သာရကို ကား မရရှိနိုင်။။။။။။။။။။။။

ငါဘာကောင်လဲ

    ဦးတည်ရာက ဘယ်အရပ်လဲ
မျက်လုံးနှစ်လုံး စဖွင့်ကတည်းက ဘာတွေ စဉ်းစားမိလဲ
ကျန်ခဲ့တဲ့အတိတ်က ငါလက်လွတ်ဆုံးရှုံးခဲ့တဲ့ ငါးကြီး
ခုလက်ရှိ ငါးဖမ်းနေတာ ကအနာဂါတ် မျှော်လင့်မှု့
ခုတည့်တည့်မှာ ရပ်နေတုန်း ဘယ်ဘက်ကို လှည့်ရမယ်မှန်း
ဝေခွဲမရဘူး......
ငါတို့လာလည်တယ်....တစ်နေ့ငါတို့ပြန်ရမယ်မှန်းသိထားတယ်..
လိုချင်တာကို ရယူချင်တဲ့စိတ်က ရလာလေ ပိုလိုချင်ဖြစ်လာတယ်...
နောက်ဆုတ်မရတော့တဲ့လမ်းကိုလျှောက်ရင်း
ကိုလိုချင်တာဘာဆိုတာ သိပ်မကွဲပြားတော့ဘူး
နေထွက်တဲ့အရပ်ကို မျက်နှာမူပြီး
နေ၀င်ရာအရပ်ကို မျှော်ကြည့်တော့လည်း 
ငါဆိုတာမသဲကွဲတော့ဘူး
ဖြစ်ချင်တာဘာလဲ
ဘယ်အတိုင်းတာလဲ
ဘယ်ကိုသွားနေတာလဲ
သူများတွေကိုကြည့်ရင်း
သူများတွေကဘာလဲဆိုတာတွေး
ငါကကော ဘာကောင်လဲလို့တွေး
လုံးချာရိုက်နေတဲ့ အတွေးတွေနဲ့
တကယ်တော့ ဘာမှမသိသေးတဲ့
လူတစ်ယောက် ဘာဖြစ်ချင်မှန်းမသိသေးတဲ့လူတစ်ယောက်
ကမ္ဘာပေါ်မှာလမ်းလျှောက်နေတယ်ဆိုတာပါပဲ...............

ဘာမာနလဲ

       ငါဘာကောင်လဲ?  ငါဘာလဲ? ငါဘာလုပ်မှာလဲ?ငါဘာတွေလုပ်နေလဲ?
လောကမှာ အနိမ့်ဆုံး သူတောင်းစားတွေတောင်မှ မာနဆိုတာရှိတယ်
ရုပ်လှတာနဲ့မာနကြီးစရာလား? 
ဥစ္စာပေါတာနဲ့မာနကြီးရောလား?
အမျိုးမြတ်တာ ဘာဖြစ်လဲ?
ပညာတက်တာ နဲ့ မာနကပါလားရရောလား?
ဆင်းရဲသူကကော မာနပိုကြီးလေသတဲ့လား?ဲ
လူတိုင်းမှာ မာနရှိတယ်လား?
ဘာအတွက်မာနကြီးတာလဲ?
ဘာကြောင့်မာနကြီးတာလဲ?
ဘယ်သူကမာနကြီးတာလဲ?
ဘာလို လို့မာနကြီးတာလဲ?
မာနကြီးလို့ အများကချစ်မှာလား?
မာနကြီးလို့ကော မုန်းကြမှာလား?
လူတွေကဘယ်လိုတွေပြောကြမယ်တော့မသိဘူး...
မာနတွေ ဘာကြောင့်ကြီးနေကြတာလည်းဆိုတာ
ကျွန်တော်အခုထိ သဘောမပေါက်သေးဘူး...
စဉ်းစားလို့ကိုမရဘူး.....
အော်လူဆိုတာရူးတက်တဲ့ သတ္တ၀ါတစ်မျိုးပဲဆိုတာတော့သိထားတယ်...
အသက်၁၀၀ အတွင်းမှာ စိတ်ကြိုက်ရူးခွင့်လေးတော့ ကန်ထရိုက်
ဆွဲထားတာပဲဖြစ်မယ်နော်.....
သြော်.....မာန......မာန........မာန.......
 

မီးနှင့်ရေ

         ပူလောင်အိုက်စက်နေတဲ့အခါ အေးမြတဲ့လေပြည်လေညှင်းလေး
တွေက ချစ်စဖွယ်ပါ...အေးစက်ခိုက်တုန်နေတဲ့အခိုက် နွေးထွေးတဲ့
နေရာလေးက ကျေနပ်စရာပါ.....ဆာလောင်မွတ်သိပ်နေသူတစ်ယောက်
အတွက်တော့ အစားအစာလေးကလည်း ခွန်အားကိုဖြစ်စေပြန်တယ်...
လူတိုင်း လူတိုင်းဟာ ကောင်းတဲ့အရာတွေကိုပဲ တောင့်တကြတယ်..
တွေးလေ့ရှိကြတယ်...မျှော်လင့်တက်ကြတယ်...ဒါဟာကောင်းတော့ကောင်း
ပါတယ်..တစ်ခါတစ်ရံမှာတော့ အဆိုးတရားတွေနဲ့ ပက်ပင်းကြုံ တဲ့အခါ
ထိခိုက်ကြေကွဲ စရာ တွေ တွေ့လာရတဲ့ အခါ မှာ လည်း မရှုနိုင်မကယ်နိင်
ဖြစ်တက်ကြပါတယ်....ဒါဟာလောကဓံရဲ့ကြည်စားမှု့ ဒါမှမဟုတ်
သွေးတိုးစမ်းမှုလေးတွေပါပဲ...အကောင်းတွေခံစားတုန်းကလိုမျိုး
တော့ နှစ်သက်ဖွယ် ရှိမှာမဟုတ်တာတော့သေချာပါတယ်..ဒါဆိုရင်ဘာလုပ်သင့်သလဲဆိုရင်
ကျွနုပ်တို့တွေ လောကဓံ ကို ကြံ့ကြံ့ခံ နိုင်ဖို့ အကောင်းဆုံးတွေကို
မျှော်လင့်ကြသလို အဆိုးဆုံးတွေအတွက်လည်း ပြင်ဆင်ထားဖို့လိုတယ်
ဆိုတာပါပဲ....
ကျွနုပ်တို့ကြားဖူးနေကြ စာသားလေးပါပဲ..ဒါပေမယ့် တကယ်ကျင့်ကြည့်
ဖို့တော့လိုတာပေါ့နော.....
I hope for the best but I am prepare for the worst.