Wednesday, January 4, 2012

စိတ်ဖိစီးမှု

        ဒီလောကကြီးထဲမှာ စိတ်သောက ဖြစ်စရာ ကိစ္စတွေဆိုတာ
 လူတိုင်းကြုံရတဲ့ အရာတွေပါ
 လူတိုင်းစိတ်ချမ်းသာ ချင်ကြတယ်ဆိုတာ ဧကန်မုချ မလွဲပါဘူး
 ဒါပေမယ့်  ပျော်ရွှင်မှု့ တစ်ခုတစ်လေက မေ့လောက်တဲ့ အချိန်ကြမှ
သာရောက်လာတက်တဲ့  ရွှေဧည့်သည်တစ်ဦးဖြစ်နေတယ်ဆိုတော့ 
နေ့စဉ် ပူးကပ် ထိုးသတ်နေရတာက  စိတ်မချမ်းသာ စရာကိစ္စတွေ
ပဲဆိုတော့ လူ့ဘ၀ ကြီးကို တစ်ခါတစ်လေ အရမ်းစိတ်ကုန်ရတဲ့ အခါတွေ
လည်းရှိတယ်..အားပျက်လက်လျှော့ပြီး ရေစုန်မျှောလိုက်ချင်တဲ့စိတ်
တွေလည်းပေါ် ပေါ်လာတက်တယ်.....
  အဲဒါတွေအားလုံးဟာ ကိုယ်တစ်ယောက်တည်းကြုံနေရတဲ့ အရာတွေ
မဟုတ်ဘူး လူတိုင်းကြုံနေရတာပါလားဆိုတာကိုဆိုတာနားမလည်နိုင်ကြဘူးလေ 
 ငါ့မှ ဖြစ်တက်လေခြင်းရယ်လို့  ကိုယ့်ကိုယ်ကို အပြစ်တွေတင်ပြီး
စိတ်သောကတွေရောက်နေကြတာ အတော်များပါတယ်
 ဒါတွေအားလုံးကို ပြေပျောက်နိုင်ဖို့ဆိုတာ ကတော့ မလွယ်ကူပါဘူး
လူ့ပတ်ဝတ်ဝန်း ကျင်လေးမှာ အဆင်ပြေပြေ စီးမျောသက်ဝင်နိုင်ရုံလေးဆိုရင်တော့ ပေးစရာ နည်းလမ်းလေးတစ်ခုရှိပါတယ်
အဲဒါကတော့  အရာရာအပေါ်မှာ အရှိကို အရှိအတိုင်း လက်ခံ နိုင်ဖို့ပါပဲ
 ငါစိတ်ညစ်တယ်  အင်းလေ လူ့လောကမှာ အမြဲတမ်းတော့ ပျော်ရွှင်စရာ
တွေဘယ်လို လုပ်ရနိုင်မှာလဲ....ငါ့အဖြစ်လောက်ဆိုးရွားတဲ့ အဖြစ်အပျက်
မျိုးရှိမယ်မထင်ပါဘူး   လို့တွေးပြီး ကြေကွဲနေမယ့်အစား  အရာအားလုံးဟာ ဖြစ်ချိန်တန် ဖြစ်နေမှာ ပဲ  ...ငါလည်းမတားနိုင်သလို...
ဘယ်လိုပုဂ္ဂိုလ်မျိုးမှ လည်း ပြောင်းလဲပေးနိုင်မှာလည်းမဟုတ်တာပဲ...ငါနဲ့ပိုဆိုးတဲ့ အခြေအနေတွေလည်း ရှိနေမှာ သေချာတယ်......ပြီးဆုံးပြီး  ပြန်ပြင်လို့မရနိုင်တော့တဲ့ အခြေအနေ ကို တမ်းတ ပူဆွေးနေရုံနဲ့ ဘာမှအကျိုးထူးလာမှာမဟုတ်ပါဘူးလို့ တွေးလိုက်ရင်ပဲ  တော်တော်လေး နေသာ ပြေလျော့သွားနိုင်ပါတယ်.....
အရာအားလုံးဟာ နောက်ဆုံးတော့ ပြီးဆုံးသွားတာပါပဲဘယ်သူမှ မတားဆီးနိုင်ပါဘူး....ဒါကြောင့် ဘယ်တော့မှ မပူဆွေးပါနဲ့
     နောက်ဆုံးတော့ အားလုံးဟာ ပြီးဆုံးသွားတာပါပဲ
      နောက်ဆုံးတော့  အင်း.....အားလုံးဟာ

Tuesday, January 3, 2012

မေတ္ဆာရဲ့အတိမ်အနက်

    လူတစ်ယောက်က အခြားတစ်ယောက်ပေါ်မှာ
  မေတ္တာစိတ်နဲ့ ခင်မင်တွယ်တာတယ်ဆိုတာ 
တကယ်စစ်မှန်တယ်ဆိုရင်  အဲဒီလူတစ်ယောက်ရဲ့
ကောင်းကွက်ဆိုးကွက်တွေကို သည်းခံခွင့်လွှတ်တက်ရမယ်
ပြီးတော့ အဲဒီလူရဲ့အကျိုးစီးပွားတွေ ဆုံးရှူံးမယ့်ဘေးက
ကာကွယ်စောက်ရှောက်နိုင်ရမယ်
တကယ်တော့လူ့လောကကြီးထဲမှာ လူတစ်ယောက်နဲ့တစ်
ယောက် စစ်မှန်တဲ့ မေတ္တာတရားရှိဖို့ ဆိုတာ တကယ်
မလွယ်ကူတဲ့အရာပါ...ကိုယ့်လိုချင်တာ ကသူများဆီက မေတ္တှာတရား
ဒါပေမယ့် ကိုယ်ကတော့သူများကို မပေးချင်ဘူး..ဒါဆိုရင်တော့ 
သေချာပါတယ် ..ဘယ်တော့မှ ရမှာမဟုတ်ဘူး 
ဒါဟာလူတစ်ဦးတစ်ယောက်တည်း အတွက် သာပြောနေတဲ့ မေတ္တာရဲ့
အကြောင်းလေ ....လူအများဆီက မေတ္တာတွေကို ရယူချင်တယ်ဆိုရင်တော့  လူအများအပေါ် မှာတက်နိုင်သလောက် 
မေတ္တာထားတက်ဖို့လိုတာပေါ့...
ဘုရားရှင်တို့လို သတ္တ၀ါ အားလုံးအပေါ် ထားတဲ့ မေတ္တာတရားမျိုးတော့ 
သွားပြီးနှိုင်းယှဉ်လို့မရဘူးလေ...စစ်မှန်တဲ့ မေတ္တာကို လိုချင်ရင်
စစ်မှန်တဲ့မေတ္တာ ထားတက်အောင်အရင် ကြိုးစားသင့်တာပေါ့လေ
  ကိုယ်စိုက်ပျိုးတဲ့ အပင်က သစ်သီးက အချိုဆိုရင်တော့ အချိုသီးကို
စားရမှာပဲ...............
အချဉ်ပင်စိုက်ပြီး  အချိုသီးစားချင်နေတက်တဲ့  လောဘတကြီး စိတ်ဓါတ်မျိုးနဲ့တော့  လူတိုင်းရင်ကို လွှမ်းမိုးနိုင်လိမ့်မယ် မထင်ပါဘူး
   လူသားအားလုံး မေတ္တာတရားနှင့်ယှဉ်တဲ့ ဆက်ဆံရေးတွေရရှိနိုင်ကြပါစေ
ကမ္ဘာကြီးတစ်ခုလုံးငြိမ်းချမ်းကြပါစေ



Saturday, December 31, 2011

ဘာရယ်တော့မဟုတ်ပါဘူးဒါရယ်ပါ

           ပြောချင်တာက အရာအားလုံးဟာ နောက်ဆုံးတော့လည်း ပြီးဆုံးသွားတာပါပဲ ...ခက်ခဲမှုတွေ နဲ့ ကြုံတုန်းကတော့ ညည်းတွား
ဟစ်အော်မိပေမယ့်  အောင်မြင်မှု့တွေ ပွေ့ပိုက်မိကြတဲ့ အချိန်ရောက်တော့လည်း   အဲဒီအခက်အခဲလေးတွေကပဲ ကိုယ့်ကို
ချိုမြိန်မှု့ပေးတာဆိုတော့ .....အင်း လေ  ဒါဟာသဘာဝပဲဆိုတော့
ဒါကိုတော့ လက်ခံရမှာပဲပေါ့ .....အင်းတကယ်ပြောရရင်  အားလုံးဟာနောက်ဆုံးတော့လည်း အင်း   နောက်ဆုံးတော့လည်း

Wednesday, October 12, 2011

ချစ်အတ္တ

    ရင်ဘက်ကိုခါချလိုက်ရုံနဲ
ငါ့ချစ်ခြင်းတွေ ကွာကျလာမှာမဟုတ်ဘူး
နှလုံးသားမှာ သားရေကြပ် 
တစ်ဘ၀အတွက် ရည်စူးခဲ့တာနင်အသိ
  မလိမ်မိုး မလိမ်မာအပြုံးတစ်စက်နဲ့
တစ်ဘ၀ လုံးစာ ထိပ်တုန်းခတ်
နင်ပဲချစ်တက်အောင်သင်ပေးခဲ့တာလေ
 ဘ၀ချင်းမတူ အယူချင်းမမျှ
ဒါတွေက အလဟဿတမ်းချင်းတွေပါ
နင့်ရင်ထဲကို ငါဝင်ခဲ့တယ်
ငါ့ရင်ထဲမှာ နင်ရှိတယ်
ကဲဘာ လိုသေးလဲ
 ရာသီတွေ ဘယ်ကိုရွေ့ရွေ့
စက္ကန့်တွေ ဘယ်လောက်ဟောင်ဟောင်
တို့အချစ်တွေ မမှောင်ဖို့ပဲလိုတယ်မို့လား
 မိုက်တွင်းနက်တယ်ဆိုချင်ဆို
အမှောင်ဖုံးတယ်ပြောချင်ပြော
အနိစ္စ ချောက်ကမ်းပါးဘေးမှာ
တို့အချစ်တွေကို ပန္နက်ရိုက်မယ်
ကမ္ဘာတည်သရု ပေါ့............................
 




ငါ့ခေါင်းရင်းသစ်ကိုင်းပေါ်မှာ ငှက်လေးတစ်ကောင်ရှိတယ်

နှလုံးသွေးတွေ လက်ကို ပို့
ငါဟာ ချစ်ခြင်းတွေ စို့ နေတဲ့ဒဏ်ရာ
တိတ်ဆိတ်ငြိမ်သက်စွာ ရွာနေတုန်း
ငါ့ကို မမုန်းကြပါနဲ့
 သူတစ်ထူးကိုခင်တွယ်ဖို့
ငါ့ကိုယ်ငါချို့တဲ့ ပစ်လိုက်တယ်
တောင်ဂမူစာ တစ်ခု မဖြစ်ချင်ဘူးလေ
အပြုံးကို ဒေါသ ဆမ်းမထားခဲ့ပါဘူး
သူလိုနေတဲ့ အချိန်မှာ
အသုံးဝင် ပမွှားလေးတစ်စုံ ဖြစ်ချင်တာ
အမေ မှာတဲ့စကားသံ
ရင်ဘက်ထဲမှာ ညံနေဆဲ
ဘ၀ဆိုတာ အေးချမ်းခဲပါတယ်တဲ့
 အင်းနောက်ဆုံးတော့
နေ၀င်တော့လည်းမှောင်သွားရုံပါပဲ
အာရုံတက်တာနဲ့ ၀ီရိယတွေက ပူညံပူညံ ဖြစ်ဆဲ
သူပဲအေးတယ်
ညမှာလာလာအိပ်ပြီး
အာရုံတက်မှ ပြန်ပြန်သွားတယ်.........
(.......................................................)


အများပြောတဲ့ လပြည့်ည

   ကံကြမ္မာ ငြိုးချက်က
ပြတင်းနှစ်ချက်ကို စွဲဖွင့်ကြည့်တာတောင်
လမင်းကို မမြင်ရဘူး        
    မှာစရာရှိတာတွေမှာဖို့
ရင်ဘက်ကိုငုံ့ကြည့်နေတုန်း
တိမ်မည်းတစ်အုပ်က ဖုံးသွားတယ်  
 ရက်စက်တက်သူလို့သူပြောတုန်းက
 ကိုယ်ပြုံးပြခဲ့သေးတယ်
တကယ်တော့
တို့နှစ်ယောက် မမုန်းရင်ပြီးတာပဲလေဆိုပြီတော့ပေါ့
 ရင်ဘက်ကိုသက်အူကြပ်
ချစ်ခြင်းတွေ စီရီရီထပ်ထားခဲ့တာပါ
တို့တွေဒီထက် ပိုမဝေးစေဖို့ပေါ့
ခုတော့ကွယ်
ကြယ်မစုံ လမလင်း
ပြတင်းတွေပိတ်
မီးတွေမှိတ်လည်း
လမင်းကမသာ 
အမှာတွေကိုရင်မှာအပ်
ညဘက်ထွက်ကြည့်ရတာလည်းအခါခါ
သူများတွေပြောတဲ့ လပြည့်ညဆိုတာ 
တို့နှစ်ယောက်ကို ခြားစေတဲ့
ကံကြမ္မာ ကစားကွက်တစ်မျိုးပဲထင်တယ်.......
(၇င်