Sunday, March 4, 2012

ဘ၀တန်ဖိုးကိုဘယ်လိုရှာမလဲ?


 ဒီတစ်နေ့စာအတွက် စားလိုက်ရတာ အမြတ်
အိပ်လိုက်ရတာ အမြတ် တွေ့ချင်မြင်ချင်တဲ့ 
အာရုံ ကောင်းကောင်းလေးတွေကိုတွေ့ ပြီး 
ခံစားလိုက်ရတာ အမြတ်ပဲလို့ တွေးနေသေးရင်တော့ ဘ၀တန်ဖိုးဆို
တာကို တကယ်မသိသေးဘူးလို့ပဲ သတ်မှတ်ရမှာပဲ....
              လောကကြီးထဲမှာ လူတွေ အသဲအသန်ရုန်းကန်နေကြတာ
ဘာအတွက်လဲ ဘာကြောင့်လဲ လို့မေးရင် အားလုံးကဖြေကြမှာပဲ ချမ်း
သာချင်လို့ပါလို့....ဒါဖြင့်ဟုတ်ပါပြီ ချမ်းသာခြင်းဆိုတဲ့ အဓိပ္ပါယ်ကဘယ်လိုချမ်းသာခြင်းမျိုးကိုခေါ်တာပါလိမ့်...တိုးတက်နေတဲ့ 
ခေတ်နဲ့ အညီ ရုပ်ပိုင်းဆိုင်ရာ မြင့်မားချမ်းသာခြင်းကိုလား ဒါမမဟုတ်
ငြိမ်းအေးတဲ့ စိတ်လေးတွေကို ပိုင်ဆိုင်ခြင်တဲ့ ချမ်းသာခြင်းမျိုးလား...တကယ်တော့ လောကလူတော်တော်များများက

စားရေးဝတ်ရေးနေရေး ဆိုတဲ့ အရာဌာနတွေမှာမပူမပင် မကြောင့်မကျ နေထိုင်နိုင်ခြင်းကိုပဲ ချမ်းသာခြင်းအစစ်လို့ထင်နေကြတာများပါတယ်.....တကယ့်ချမ်းသာဆို
တာက ကောင်းကောင်းစားနိုင်ရမယ် ကောင်းတာတွေ ၀တ်နိုင်ရမယ်
တိုက်တာစည်းစိမ်အပြည့်နဲ့ ဒူးနှံ့ နေနိုင်ရမယ် စသဖြင့် မဆုံးနိုင်တဲ့
လူ့စည်းစိမ်တွေကို သရည်ရိုပြီး အားကုန်ကြိုးပမ်းနေကြတာပါပဲ....
အဲဒီလိုကြိုးပမ်းအားထုတ်ရင်းနဲ့ပဲ လူ့ဘ၀ကနေထွက်သွားရတဲ့ တိုင်အောင် ချမ်းသာအစစ်ကို ရှာဖွေမတွေ့သွားတဲ့သူတွေက တစ်ပုံ
ကြီးပါပဲ.... ပုထုဇဉ်တွေရဲ့ မျက်လုံးတွေထဲမှာတော့ လိုချင်တာတွေ
ရနေခြင်းကိုပဲ ချမ်းသာအစစ်လို့မြင်နေတက်ကြပါတယ်....လူတိုင်းလူ
တိုင်းဟာ '"တစ်နေ့တော့ ဖြစ်လာရမယ်"ဆိုတဲ့အတွေးနဲ့ မျှော်လင့်
ချက် အထုပ်အပိုးကြီးကို ထမ်းရွက်ရင်းရင့်ရော် အိုမင်း ပြီး နောက်ဆုံး
တော့လည်းသေမင်းနောက်ကို ကောက်ကောက်ပါအောင် ရောက်သွား
ကြရတာပါပဲ....အဲဒီလို ချမ်းသာအတုအယောင်တွေကို လက်တွေ့ 
ဖော်ထုတ်ပြသခဲ့ပြီး ချမ်းသာအစစ်ရှိရာလမ်းကို ပြသပေးခဲ့တဲ့ ရှင်တော်ဗုဒ္ဓကတော့ လူသားတွေအတွက် ဆိုတဲ့ရည်ရွယ်ချက်နဲ့ 
ဟောကြားဆုံးမခဲ့ပြီးဖြစ်ပါတယ်.....နှစ်ပေါင်း၂၅၀၀ ကျော်တိုင်အောင်
တည့်တံ့မယ့် ဓမ္မတွေကိုလည်း ထားခဲ့ပြီးပါပြီ....သိတဲ့ နားလည် တဲ့
လူတွေကတော့ တူးဖော် စားသုံးပြီး ချမ်းသာအမတ ကို ခံစားနေကြ
ပါပြီ....အတုကို အစစ်ထင်နေကြတဲ့ လူတွေကတော့ အတုနောက်ကို
ကောက်ကောက်ပါအောင်လိုက်နေကြဆဲရှိပါသေးတယ်.....ရုပ်ဝတ္ထု
ပစ္စည်းတွေ အတော်လေးတိုးတက်ပါတဲ့ဆိုတဲ့ အနောက်နိုင်ငံတွေ
ကတောင် ဗုဒ္ဓရဲ့ အမတလမ်းစဉ်ကို ထောက်ခံအားပေးရင်း စမ်းသပ် 
ကြိုးစားအားထုတ်နေကြပါပြီ......ဒါဟာဘာကိုပြောနေတာလဲဆိုရင်
ချမ်းသာခြင်းအစစ်က ပြင်ပ အရာတွေမဟုတ်ဘူး  စိတ်ပိုင်းဆိုင်ရာ
အေးငြိမ်းမှု့ကသာလျှင် တကယ့်အစစ်မှန်ဖြစ်ကြောင်း မီးမောင်းထိုး
ပြနေတယ်ဆိုတာပါပဲ.....ဒါကြောင့်ရွှေပုံပေါ်မှာထိုင်ပြီး ရွှေမှန်းမသိ
တန်ဖိုးကိုနားမလည် ဘူးဆိုရင် တော့ အေးချမ်းမှု့အမတနဲ့ ဝေးနေကြ
မဲ့အဖြစ်နဲ့ အတုအယောင်သံသရာထဲမှာပဲ နောက်ကောက်ကျနေကြ
ရဦးမယ့် အဖြစ်က ကင်းဝေးအောင် လူ့လောက အပူမီးတွေကို ငြိမ်း
သတ်ပေးနိုင်စွမ်းသော ဗုဒ္ဓရဲ့ဝိပဿနာ အမြိုက်တရားကို အားထုတ်
ရင်းချမ်းသာအစစ်ကို ရှာဖွေတွေ့ရှိ စေဖို့ ရည်ရွယ်ရင်း ဖြင့် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်.......
လူသားအားလုံး စိတ်ငြိမ်းချမ်းကြပါစေ.........လူ့ဘ၀ရဲ့တန်ဖိုးကို 
အချိန်မှီနားလည်သဘောပေါက်နိုင်ကြပါစေလို့ ဆုတောင်းရင်း.....
                 

လောဘ

 လောဘအရမ်းကြီးလွန်းရင်
မင်းပိုင်ဆိုင်ထားတာတွေ ဆုံးရှုံးသွားနိုင်တယ်....
    သာမန်ထက် ပိုလွန်တဲ့ အရာတွေက ကောင်းကျိုးထက်ဆိုးကျိုး
ကိုပိုဖြစ်စေတက်ပါတယ်....ဗုဒ္ဓရဲ့လမ်းစဉ်ဖြစ်တဲ့ အလယ်အလတ်
လမ်းစဉ်ကတော့ နေရာတိုင်းမှာ အသုံးချ လို့ရတဲ့ တရားမျိုးဖြစ်ပါတယ်....အဲလိုမဟုတ်ပဲ လွန်လွန်ကဲကဲ ဖြစ်လာတဲ့ 
အခါကြတော့ ကိုယ့်အထုပ်ကိုယ်ဖြေပြသလို ဖြစ်တက်ကြတာကို 
သတိမထားမိတက်ကြပါဘူး.....လူဆိုတာ စရိုက်သဘာဝအရ အမျိုး
မျိုးရှိကြတာဆိုတော့ အသိညာဏ် ပညာနဲ့ ထိန်းချုပ်မမောင်းနှင်နိုင်
လို့ကတော့  အမှားတွေကို ကျူးလွန်းပြီးရင်း ကျူးလွန်ဆိုတာမျိုး
ဖြစ်နေတက်ပါတယ်...လူဆိုတာ ကိုယ်စီကိုယ်ငှ လောဘ ဒေါသ မော
ဟ ၀တ်ရုံတွေ ၀တ်ဆင်ထားတဲ့ သူတွေဆိုတော့  အမှားနဲ့ကင်းပြီးနေ
လို့မရတဲ့သူတွေပါပဲ....ဒါပေမယ့် အတိုင်းထက်အလွန် ပိုကဲသွားရင်တော့ သူတစ်ပါးတို့ အမြင်မှာ အထင်မြင်သေးတာခံရဖို့
တော့ သေချာသွားပြီပေါ့ ...ဒါကြောင့် ဘယ်အရာမှ ပိုလွန်ကဲမောက်
တာမကောင်းတာတော့သေချာပါတယ်...ဒီနေရာမှာ ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ခုကိုပြောပြချင်ပါတယ်...ရယ်စရာလည်းကောင်းလို့ပါ...
" "တစ်နေ့ ခွေးလေးတစ်ကောင်ဟာ  အသားငါးတွေရောင်းတဲ့ဆိုင်ရဲ့ မှန်ပြတင်းတွေကနေ အတွင်းကို ကြည့်ပြီး အသားတွေကပ်နေတဲ့ နီ
ရဲနေတဲ့ အရိုးကြီးတစ်ချောင်းကိုတွေ့သွားပါတယ်...အဲဒါနဲ့ဆိုင်တွင်းကို 
ဝင်ပြီး အဒီအရိုးကြီးကို ပြေးပြီးခုန်ဆွဲကာ ထွက်ပြေးတော့တာပေါ့...
ဆိုင်ပိုင်ရှင်ကလည်း အော်ပြီးလိုက်တားပေမယ့် မမှီတော့ဘူးလေ..အဲ
ဒီလောဘကြီးတဲ့ ခွေးလေးလည်း အမဲရိုးကိုချီပြီး  မြစ်တစ်စင်းအပေါ်ကိုဖြတ်ဆောက်ထားတဲ့ တံတားတစ်ခုကိုရောက်လာတယ်...အဲဒီလို တံတားကို ဖြတ်သွားတဲ့
အခိုက်သူဟာ ကြည်လင်နေတဲ့ရေထဲကို ငုံ့ကြည့်ရင်း သူခဏရပ်နေ
လိုက်တယ်..ရေထဲမှာ မြင်ရတာက သူ့လိုပဲ အမဲရိုး ချီထားတဲ့ ခွေးတစ်ကောင်ကိုမြင်လိုက်ရတယ်...အဲဒီခွေးကိုက်ထားတဲ့
အမဲရိုးက ပိုးကြီးတယ်လို့ သူကထင်လိုက်တယ် ..ဒါကြောင့်လောဘ
ကြီးတဲ့ခွေးလေးက  အဲဒါကိုလည်းလိုချင်ပြန်တာကြောင့် သူ့ခေါင်းကို 
ရေပြင်နဲ့ ပိုနီးအောင် ငုံ့လိုက်တယ်...ပြီးတော့ ဒေါသတကြီး ဟောင်
လိုက်တယ်..အဲဒီအချိန် မှာသူကိုက်ထားတဲ့ အမဲရိုးက ရေထဲကို ပလုံ
ဆိုပြီးကျသွားတယ်...ရထားတာထက် ပိုလိုချင်တဲ့ လောဘ စိတ်ကြောင့် ရပြီးသားပိုင်ဆိုင်ပြီးသား အရာလေး ပြန်ဆုံးရှူံး သွားရတာပေါ့ .....ဒီလိုပါပဲံ အသိပညာ သတိစတာတွေနဲ့ နှိုင်းချိန်
ဝေဖန်ပြီး တော်သင့်ရုံ မျှတရုံ  ချင့်ချိန်နိုင်စွမ်းမရှိရင်တော့ ကိုယ်ပိုင်ဆိုင်ထားတာတွေ ပြန်လည်ဆုံးရှုံ့းတက်ပါတယ်...လောဘ
ကြီးလွန်းလို့ ရူးသွပ်သေဆုံးသွားတဲ့ ဒေ၀ဒတ်အလောင်း ရွဲကုန်သည်
လို မဖြစ်ကြစေဖို့ အကောင်းဆုံးနည်းကတော့ ဗုဒ္ဓရဲ့ အလယ်အလတ်
လမ်းကို ကျင်သုံးတက်ကြဖို့ပါပဲ....လေ....
By being too greedy you may lose what you have.
   

Thursday, March 1, 2012

လူဆိုတာလူမှု့ရေးသတ္တ၀ါ

   လူဆိုတာ ပေါင်းသင်းဆက်ဆံရေးဆိုတဲ့ လူ့အဖွဲ့အ
စည်းထဲကနေ သင်းကွဲတစ်ကောင်လို ခွဲထွက်နေလို့မဖြစ်နိုင်ပါဘူး
လူမှန်ရင် လူ့ကျင့်ဝတ် လူ့စည်းကမ်းတွေကိုတော့ မုချနားလည်
ထားဖို့တော့လိုပါတယ်....လူတွေနဲ့ဆက်ဆံပေါင်းသင်းတဲ့နေရာမှာ
ကိုယ့်ဆန္ဒကိုယ့် တ္တကိုအမြဲတမ်းရှေ့တန်းတင်ထားတက်တဲ့လူတွေ
ဟာ လူတိုင်းနဲ့ သင့်တင့်လျှောက်ပတ်စွာ နေနိုင်ဖို့ဆိုတာ မလွယ်ကူ
နိုင်ပါဘူး....လူတိုင်းကိုယ်စီဟာ ကိုယ်ပိုင်အကျင့်စရိုက်တစ်ခုစီ ရှိကြ
တဲ့အတွက် ကိုယ်ဖြစ်ချင်တာ ကိုယ်ပြောချင်တာ ကိုယ်လုပ်ချင်တာတွေ
ချည်းပဲ ရှေ့တန်းတင်ထားမယ်ဆိုရင် အဲဒါဟာ မိမိဟာ တစ်ကိုယ်ကောင်းသမားတစ်ယောက်ဖြစ်တယ်ဆိုတာ ဖော်ပြနေတာ
နဲ့အတူတူပါပဲ.....တစ်ယောက်နဲ့တစ်ယောက် အတ္တချင်းထိခိုက်မှုဘေး
ကနေရှောင်လွှဲနိုင်မှ သာလျှင် အဆင်ပြေတဲ့ ပေါင်းသင်းဆက်ဆံရေး
ဆိုတာဖြစ်နိုင်မှာပါ..ဒီလိုမှမဟုတ်ရင် အသေးစား ပဋိပက္ခနေ အကြီးမား
ဆုံးတင်းမာမှု့တွေ မုချ မသွေ ဖြစ်လာနိုင်ပါတယ်.....လူဆိုရင် ဘယ်
သူမှ သဲလဲစင် ခြောက်ပြစ်ကင်းတဲ့ သူဆိုတာ မရှိပါဘူး....အဲဒါကို
မဆင်ခြင်ဘဲ ကိုယ်ပဲ အမြဲမှန်နေတယ်လို့ ယူဆနေမယ်ဆိုရင်တော့
လူတိုင်းနဲ့ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး......
ပြီးတော့ လူတိုင်းဟာ ကိုယ်ကိစ္စနဲ့ ကိုယ်အရေးကြီးနေကြသူတွေ
ချည်းပါပဲ..ငါသာ ငါတစ်ယောက်တည်းသာ အရေးကြီးနေတယ်ထင်ပြီး
သူတစ်ပါးကိုကြတော့ ခပ်ပေါ့ပေါ့လေး တွေးတက်ကြတယ်....ခက်တာကလောကကြီးမှာ 
ကိုယ့်အကြောင်းပဲ ကိုယ်တွေးနေတက်ကြတဲ့ သူတွေကြောင့်ပဲ လူ့ပတ်
ဝန်းကျင်မှာ ခက်နေကြရတာလို့ ထင်ပါတယ်....ငါမှန်တယ် ငါဘယ်သူ့ကို ဂရုစိုက်ရမှာလဲ ငါက ဘယ်လိုကောင် ငါကတစ်ယောက်တည်းနေလို့ဖြစ်တယ် ဘယ်သူမှ အားကိုယ်းစရာမ
လိုဘူး စသဖြင့် အတ္တကြီးသူတစ်ယောက်ရဲ့ အမူအကျင့်တွေကအများကြီးပါပဲ့ပြောမယ်ဆိုရင် စာဖွဲ့လို့ ကုန်နိုင်မယ် မထင်ပါဘူး.....လူတွေဆိုတာကလည်း ကိုယ်သာ အတ္တကြီးရင်သာ
ကြီးမယ် သူတစ်ပါးရဲ့အတ္တကိုတော့ ရှုတ်ချ အပြစ်တင်တက်တဲ့
လူမျိုးဆိုတော့ ခက်တယ်လို့ပြောရမှာပဲ....ဘာပဲဖြစ်ဖြစ် တစ်ကိုယ်
ကောင်းသမားကိုဘယ်လိုလူက မှ အပေါင်းအသင်းမလုပ်ချင်ကြတာ
သဘာဝပါ......အမုန်းတရားဆိုတာ တစ်ကိုယ်ကောင်းသမားတွေ
ရဲ့မွေးရာပါ ဗီဇ တစ်ခုပါပဲ...ကိုယ်မှန်တယ်လို့ အမြဲတစေထင်နေ
မှတော့ သူတစ်ပါးက အလိုလို မှားနေတယ်လို့ သူတို့တွေးတာ
မဆန်းတော့သလိုပါပဲ.....လူတစ်ဦးတစ်ယောက်ချင်းရဲ့ ချစ်ခင်လေးစားမှု့တွေ လူ့အဖွဲ့စည်းတွေရဲ့ ပေါင်းစည်းမှု့တွေ တိုင်းပြည်တစ်ပြည် ကမ္ဘာကြီးတစ်ခု ရဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်တော်
တော်များများဟာ လူတစ်ယောက်ရဲ့အတ္တကနေ စတင်ဖြစ်ပျက်ရတာ
ချည်းပါပဲ ....အဖွဲ့အစည်းတစ်ခုမှာ အဲဒီလို တစ်ကိုယ်ကောင်းသမား
တစ်ယောက်ပါရင် ပြိုကွဲဖို့ တာဆူနေပြီလို့ ယူဆထားရမလောက်
သူတို့ရဲ့ အစွမ်းက ကြီးမားလှပါတယ်......ဒါကြောင့် သင်လည်း
အတ္တရှိတယ် ..ခုစာရေးနေတဲ့ ကျွနုပ်ကိုယ်တိုင်လည်း အတ္တရှိတယ်
ဒါပေမယ့် ကိုယ့်မျက်ချေးကိုကိုယ်ပြန်ကြည့် ကာဆင်ခြင် သုံးသပ်ပြီး 
လူ့မှု့ဆက်ဆံရေးသတ္တ၀ါတွေဖြစ်တဲ့ အတိုင်း လူတွေနဲ့ သင့်တင့်
မျှတစွာပေါင်းသင်းနေနိုင်မယ်ဆိုရင် လူ့လောကကြီးဟာ အဆိုးတရားတွေဆီဦးတည်မသွားတော့ဘဲ သာယာသော အသိုက်
အ၀န်းလေးဆီကို ရှေးရှုသွားနိုင်ပါတယ်ဆိုတာတင်ပြလိုက်ရပါတယ်.......................

Saturday, February 18, 2012

ကျောက်ကောင်းတစ်စေ့ဖြစ်ဖို့

ပွင့်ပွင့်လင်းလင်းဆက်ဆံပြောဆိုခြင်းက
အ၀င်ဆိုးတဲ့ ဆေးတစ်ခွက်ဖြစ်ချင်ဖြစ်မယ်
လက်တလောရောဂါကိုတော့ ပျောက်ကင်းနိုင်စွမ်းရှိတယ်......
တစ်ခါတစ်ခါကြတော့လည်း လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ
ဂမုဂဒစ်တွေပေါတဲ့ လမ်းပေါ် ဆိုင်ကယ်စီးရသလိုပဲ 
ဟဲဟဲ ဥပမာကဆန်းတော့ဆန်းတယ်နော်...တကယ်ပါ ပဲ ...အမြဲတမ်း
ပေါင်းသင်းဆက်ဆံရေးမှာ ပြေပြစ်ချောမွေ့နေဖို့ဆိုတာတော့မလွယ်ဘူး
ပေါ့...လူတွေရဲ့ အကဲ့ရဲ့ပြစ်တင် ဝေဖန်မှု့တွေကနေ ရှောင်တခင်ထွက်
ပြေးဖို့ဆိုတာလည်း မလွယ်ပါဘူး...မပြောဘဲနေပြန်တော့လည်း မပြော
လို့ ၊ များများပြောမိပြန်ရင်လည်း ငပေါကြီး ဖြစ်သွားတက်ပြန်တယ်၊
လိုအပ်သလောက်ပြောပြန်တော့လည်း ဘ၀င်တစ်ခွဲသားနဲ့ စသဖြင့် 
ပြောကြဝေဖန်တက်ကြပါတယ်...တစ်ချို့ကြတော့ မအီမလယ် ပြောဆို
ဆက်ဆံတက်ကြတယ်...တစ်ချို့တစ်လေကြတော့လည်း ပွင့်ပွင့်လင်းလင်း ဆက်ဆံတက်ကြတယ်....ဘာပဲဖြစ်ဖြစ် လူဆိုတာ
ဆက်ဆံရေးသတ္တ၀ါတွေဆိုတော့က မဆက်ဆံလို့ကလည်း မဖြစ်ဆိုတော့ ကိုယ့်စရိုက်သဘာဝတွေ အတိုင်း ပြုမူဆက်ဆံ နေကြ
ရမှာပဲပေါ့...တစ်ချို့တစ်လေကြတော့လည်း ကိုယ်မှန်တယ်ထင်တိုင်း
စွတ်ပြောတက်လေ့ရှိတက်ပြန်ပါတယ်...ငါတို့ကတော့ ပွင့်ပွင့်လင်းလင်း
ပဲဟေ့ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး စသဖြင့် ပြောတက်ကြတယ်
ဟုတ်ပါတယ် ...အမှန်တရားဆိုတာ အချိန်တန်တော့ နွားပိန်ကန်လာ
မှာပေါ့ ဆိုပြီးပြောချင်ပြောလို့ရပေမယ့်
ကိုယ့်စကားတစ်ခွန်းကြောင့်သူတစ်ပါး အရှက်တကွဲ မဖြစ်စေဖို့တော့
ဂရုစိုက်ကြရမှာပေါ့.....သစ္စာတရားဆိုတာ ဘယ်တော့မှ ဖောက်လွဲဖောက်ပြန်ဖြစ်ရိုးဓမ္မတာမရှိစကောင်းဆိုတော့
ငါမှန်တာပဲရယ်လို့တော့ ငါ့စကားနွားရ ပြောတာမျိုးတော့ ရှောင်ရမှာ
ပါပဲ.....ဗိုလ်ချုပ်အောင်ဆန်းလို ပွင့်လင်းပြတ်သားစွာ ပြောတက်တဲ့
သူရဲကောင်းတွေလည်း ကမ္ဘာပေါ်မှာ များစွာရှိကြပါတယ်...အမှန်တရားအတွက် အသက်ပင်သေသေ 
ပြောရဲဆိုရဲခြင်းဟာ တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ပါးပါ.....
သို့ဖြစ်လင့်ကစား ငါပြောတာအမှန် ငါလုပ်တာအဟုတ်ဆိုပြီး
ထင်ရာကြဲတက်တဲ့ ပုံစံမျိုးတော့ မဖြစ်စေဖို့လိုပါတယ်....လူသားတွေ
ဆိုတာ အမြဲတမ်းမှန်ကန်တည့်မတ်နေနိုင်တာ မဟုတ်တဲ့အတွက်
အမှန်တရားဆီကို ချီတက်နေတဲ့လမ်းမှာကိုယ်စီ ကိုယ်စီ အမှားတွေ
တော့ ကြုံဖူးကြမှာပဲ...မှားတက်တဲ့ သတ္တ၀ါတွေဖြစ်တဲ့ အလျှောက်
သည်းခံတက်ခြင်း ခွင့်လွတ်ပေးတက်ခြင်းဆိုတဲ့ တရားတွေနဲ့ ဒွန်တွဲ
ပြီး ပွင်းလင်းရိုးသားစွာပြောတက်ဆိုတက်တယ်ဆိုရင်တော့
အတိုင်းမသိတန်ဖိုးရှိလှတဲ့ ကျောက်ကောင်းတစ်စေ့ဖြစ်လာမှာမုချ
မလွဲပါဟု စဉ်းစားရင်း....................................။

ရောထိုင်မချလိုက်ပါနဲ့

အားနာလို့ဆိုတဲ့စကားလေးနဲ့ပဲ 
မှန်ကန်မှု့စည်းထဲကနေချော်လဲကျမသွားစေနဲ့ပေါ့.....
      တစ်ခါတစ်လေတော့လည်း အားနာခြင်းဆိုတဲ့ အဂတိလမ်းမပေါ်
ချွတ်ချော်ရောက်သွားရတဲ့ အဖြစ်တွေလည်းရှိတက်ပါတယ်..
ဆုံးဖြတ်ရခက်ခဲတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ၊အားနာခြင်း
ကြောင့် ဆုံးရှံးသွားရတဲ့ အခွင့်အရေးတွေ အားနာလို့ အလိုလိုက်မိ
ခြင်းဆိုတာတွေ အမှတ်မထင်ပဲဖြစ်ဖြစ် မှတ်မှတ်ရရ ပဲဖြစ်ဖြစ် ကြုံဖူးကြ
မယ်ထင်ပါတယ်...ရင်းနှီးကျွမ်းဝင်တဲ့ သူငယ်ချင်းနှစ်ယောက်ကြားမှာ
ပဲဖြစ်ဖြစ် အခြားသူစိမ်း တို့ကြားမှာပဲဖြစ်ဖြစ် တစ်ခါတစ်ခါ မဖြစ်မနေ
ကြားဝင်ပါရတဲ့ အခါတွေမှာဆိုလည်း ဒီလိုအခက်အခဲတွေနဲ့ကြံရတက်
လေ့ရှိပါတယ်...လူတိုင်းကတော့ အမြဲတစေ မှန်ကန်မှု့ ဘက်ကနေ
ရပ်တည်ဖို့ဆိုတာ မလွယ်ပေမယ့် တစ်ခါတစ်လေတော့လည်းဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် တစ်ဘက်ဘက်ကို
ယိမ်းယိုင်မိသွားတက်ကြပါတယ်....ဒါဟာလူ့သဘာဝပေပဲ...သို့သော်
ငြားလည်း အသေးအဖွဲ စနောက်ရုံ ကိစ္စလေးတွေဆို မသိသာပေမယ့်
လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေ နဲ့ပတ်သတ်လာတဲ့ ကိစ္စတွေမှာဆို
ရင် အင်မတန်အခက်ကြုံရတဲ့ အနေအထားမျိုးဆိုတော့ ကိုယ့်ရဲ့ အား
နာတက်တဲ့စိတ်ကြောင့် ကသိကအောက် ဖြစ်ရတက်တာ ကိုယ်တစ်
ယောက်ထဲရယ်လို့ မထင်စေခြင်ဘူးအဲဒီအချိန်မှာပဲ ကိုယ်နဲ့အတူ အခြားတစ်ယောက်
ပါ ဒီလိုမျိုးခံစားနေရတယ်ဆိုတာ သိစေခြင်ပါတယ်.....ဒီလိုဖြစ်ရုံတင်
မကသေးဘူး ကိုယ့်ကိုယ်တောင်မှ မုန်းတီးကောင်းမုန်းတီးသွားနိုင်ပါတယ်
တစ်ချို့လူတွေဆိုရင် အားနာတက်လွန်းလို့ ကိုယ့်အကျိုးစီးပွားတွေ
တောင် ပျက်ရတဲ့ အထိ ဖြစ်တက်ကြပါတယ်....တကယ်တော့ အားနာ
တက်တယ်ဆိုတာ ပင်ကိုယ်က သဘောထားနူးညံ့တဲ့ စိတ်ရှိသူတွေ
ဆိုတာငြင်းလို့ရနိုင်မယ်မထင်ပါဘူး...ကိုယ့်အားနာတက်မှု့ကို အလွဲ
သုံးစားလုပ်ပြီး ချနင်းသွားတက်တဲ့ လူမျိုးတွေနဲ့ဆိုရင် ကိုယ်အားနာတက်မှုကြောင့် ကိုယ့်ဒုက္ခကိုယ်ရှာသလိုမျိုးဖြစ်နေတာမျိုး
ဆိုရင်တော့ မကောင်းဘူးပေါ့
တကယ်တော့ အားနာတက်ခြင်းဟာ သူတစ်ဦးထဲ လွှတ်ထားရင်
အမှန်တရားရဲ့ စည်းရိုးထဲကနေ ခုန်ထွက်ဖို့ကြိုးစားနေတဲ့ သားလိမ္မာ
တစ်ယောက်လိုပါပဲ...အပေါင်းအသင်းမှားရင် လမ်းလွဲကိုရောက်သွား
ဖို့ ရာခိုင်နှုန်းတော်တော်များပါတယ်...ဒီလိုပါပဲ အားနာတက်ခြင်းဆိုတဲ့သားလိမ္မာလေးကို မှန်ကန်ရိုးသားခြင်းဆိုတဲ့
မိတ်ကောင်းဆွေကောင်းနဲ့ ပေါင်းဖော်စေမှ သာလျှင် လမ်းမှန်ကိုေ
ရာက်နိုင်မှာပါ....ဒါ့ကြောင့် တစ်ဖက်သားကို အားနာတဲ့ နေရာမှာ
အဂတိ လမ်းကြောင်း(ကိုယ့်ကိုယ်ရော  သူတစ်ပါး)အပေါ်မှာမှားယွင်း
စွာ အားမနာလိုက်မိဖို့ ပါပဲ....ကိုယ်က အမှန်တရားကို ကျောခိုင်းမိပြီ
ဆိုရင်တော့ အဲဒါဟာ လမ်းကြောင်းအလွဲကြီးပေါ်ကို နင်းမိရက်သားဖြစ်သွားပြီဆိုတာ ဂရုပြုစေချင်ပါတယ်
ဘယ်တော့မဆို ကိုယ့်ရဲ့အားနာတက်တဲ့ စိတ်နဲ့ ချောလဲရောထိုင်
မဖြစ်မိကြစေဖို့ ဆန္ဒပြုရင်း........................။

ပါဝါ

ခေတ်မှီအောင်နေနိုင်တယ်
ခေတ်မှီတဲ့ ပညာတွေသင်နိုင်တယ်
ခေတ်မှီတဲ့ အတွေးတွေတွေးနိုင်တယ်
ဘယ်နေရာမှာမဆို ခေတ်နဲ့လျှော်ညီစွာ နေနိုင်ပြောနိုင်လုပ်ကိုင်နိုင်ပါတယ်
ဒါပေမယ့် စိတ်ထားကတော့ ဧကန်မုချ ရိုးသားဖို့တော့လိုတယ်.....
ပညာတွေဘယ်လောက်တက်တက် ရိုးသားပွင့်လင်းတဲ့
စိတ်တွေခေါင်းပါးနေမယ်ဆိုရင် အဲဒီလူဟာ မကောင်းသေးဘူး
လောကမှာ ဘာတွေပဲ လုပ်လုပ် အခြေခံစိတ်ဓါတ် နိမ့်ပါးသေးသိမ်နေ
သေးသမျှ သူ့ကိုလူကောင်းလို့ မခေါ်ဆိုထိုက်ဘူး
စိတ်ထားကောင်းဖို့က လောကစစ်မြေပြင်မှာ အရေးကြီးဆုံးအဆင်တန်
ဆာတစ်ခုဖြစ်တယ်ဆိုတာ ရှေးဘုရားအလောင်းသူတော်ကောင်းတွေနဲ့
ပညာရှိတွေရဲ့ အဆိုအမိန့်တွေမှာအထင်အရှားတွေ့နိုင်ပါတယ်
စိတ်ဓါတ်ကောင်းပြီးရိုးသားတဲ့လူတစ်ယောက်နဲ့ 
ပညာတွေအများကြီးတက်ပြီးကောက်ကျစ်နေတဲ့လူတစ်ယောက်ကို
ပေါင်းပါဆိုရင် သင်ဘယ်သူ့ကိုပေါင်းသင်းဆက်ဆံမှာလဲ..
စိတ်ဓါတ်ကောင်းတဲ့လူက ပညာဆိုတဲ့ ချပ်ဝတ်တန်ဆာကိုသာထပ်
မံ ဆင်သလိုက်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့
လောကကြီးမှာ ရေရှည်တည်တံ့ နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ရိုးသားမှု့ဂုဏ်ရည်ပါပဲ
ဒါကြောင့် ဘာအကြောင်းကြောင့်မှ ကိုယ့်ရဲ့ရိုးသားမှု့စည်းဝိုင်းထဲက
နေ ခုန်ထွက်ဖို့ မကြိုးစားပါနဲ့ 
ဒါဟာ အရာအားလုံးအတွက် အောင်မြင်ရေးပန်းတိုင်ဖြစ်ပါတယ်
စွမ်းအားရှိသမျှ ရိုးသားပါ
အစွမ်းကုန်ရိုးသားပါ
ရိုးသားမှု့ကနေ ပေးအပ်တဲ့ ဆုလဒ်ကို
သင်မုချ ခံစားရမယ်လို့ အာမခံရဲပါတယ်
အဲဒါသဘာဝတရားကြီးက ပေးအပ်တဲ့
အကောင်းဆုံးလက်ဆောင်ပါ
ယုယထွေးပိုက်ဖို့ သင့်ကို စောင့်ကြိုနေတယ်ဆိုတာသတိရပါ......

Friday, February 17, 2012

အမှတ်ရနေသင့်သောအရာ

  ကျေးဇူးတရားဆိုတာ နှလုံးသားမှာ 
သိမ်းထားပြီး ပြန်လည်အမှတ်ရဖို့
ဦးနှောက်ကို လှုံ့ဆော်ပေးနေသင့်တဲ့ အရာပါ ။
 ဟောဒီလောကကြီးပေါ်မှာ နေထိုင်အသက်ရှင်နေကြသူတိုင်း
ကျေးဇူးတရားဆိုတဲ့ စကားလုံးနဲ့ ကင်းပြီးနေနိုင်တဲ့သူဆိုမရှိပါဘူး
လူတစ်ဦးဟာ အခြားတစ်ယောက်အတွက် အမြဲတမ်းလိုလို ကျေးဇူးခံ
ဖြစ်နေတဲ့ အချိန်မှာ အခြားတစ်ဘက်မှာလည်းကျေးဇူးစား ဖြစ်နေနိုင်
ပါတယ်။ ဘယ်လိုမှ ငြင်းချက်ထုတ်လို့ မရတဲ့သူတွေကတော့
မိဘဆရာသမားတွေပါပဲ...ဟုတ်ပါပြီ လူတိုင်းဟာ မိမိကျေးဇူးတင်ရမည့်သူရှိနေတယ်ဆိုတာ လက်ခံတက်ဖို့ လက်ခံနိုင်
တဲ့ အသိတရားရှိဖို့ ပြီးတော့ ပြန်လည်တုန့်ပြန်ဆပ်တက်ဖို့ လည်းရှိဖို့
လိုပါသေးတယ်...လူတော်တော်များများဟာ မိမိက ကူညီဆောင်ရွက်
ပေးတဲ့ သူတွေအပေါ်မှာ ငါကသူတို့အတွက် ကျေးဇူးရှင်ဖြစ်တယ်
ငါကူညီပေးလိုက်လို့သာ သူတို့အဆင်ပြေတာ ဒါနဲ့တောင်မှ ဒီကောင်
ကျေးဇူးတရားကို နားမလည်ဘူး စသဖြင့် တွေးတက် ပြောတက်ကြပါတယ်...ဒါဟာလည်း မှန်သင့်သလောက်တော့မှန်ပါတယ်...ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့သူ
တွေက တကယ့်ကို ကျေးဇူးတရားကို နားမလည်တက်ကြလို့ ပါပဲ..
ဒါပေမယ့်လည်း ကျေးဇူးတရားဆိုတာ အတင်ခံရသူအတွက်ရော
ပြန်လည်ပေးဆပ်ရသူအတွက်ပါ ခက်ခဲတဲ့အရာပါ..
ကိုယ့်အပေါ် တင်ရှိနေတဲ့ ကျေးဇူးတရားကို ပြန်ဆပ်ဖို့ဆိုတာ ဘယ်လို
နည်းနဲ့ ဆပ်မှ ကျေမှာလဲ..တန်ရာတန်ဖိုးကို ပြန်ပေးလိုက်ရုံနဲ့ ကျေသွား
ရောလား ...ပြီးတော့ ကျေးဇူးရှင် ပုဂ္ဂိုလ်အနေနဲ့လည်း ဘယ်အတိုင်းအတာနဲ့ဆပ်မှ ကျေနပ်မှာလဲဆိုတာ အင်မတန်တွေး
ရခက် ဖြေရှင်းရခက်တဲ့ ပြဿနာတစ်ခုပါ့....
တကယ်တော့ ထမင်းတစ်လုပ်မျှလောက်သော ကျေးဇူးတရားကိုတောင် ကျေအောင်
ပြန်ပေးဆပ်နိုင်ဖို့ တောင်မလွယ်ပါဘူး..ဘာလို့လည်းဆိုတော့ 
တစ်မင်းတစ်လုပ်ရဲ့သက်ရောက်မှု့က တစ်ခဏတာ ၀မ်းဝရုံလေး
အတွက်မျှသာမဟုတ်လို့ပါပဲ...အဲဒီကရလာတဲ့ အာဟာရက သွေး
ကြောတွေကနေတစ်ဆင့် အသက်ဆက်ရှင်သန်နိုင်လောက်တဲ့ 
အာဟာရကိုပေးစွမ်းနိုင်တဲ့အထိ တစ်ကိုယ်လုံးကို ပျံ့နှံ့ စီးမျောသက်
ဝင်ခဲ့ပြီးဖြစ်နေခဲ့လို့ပါပဲ....ဒါကြောင့်မို့ ဘုရားရှင်က မိဘတို့ရဲ့ကျေးဇူး
ကိုကျေအောင် ဆပ်ဖိုခက်တယ်လို့ဟောခဲ့တာပဲဖြစ်ပါတယ်...ပြီးတော့
ခင်ပွန်းကြီးဆယ်ပါးထဲမှာလည်း တစ်မင်းတစ်လုပ်ရေတစ်မှုတ်
စာမျှ ကျေးဇူးရှိခဲ့ဖူးသူကို ထည့်သွင်းရေတွက်ခဲ့တာပဲဖြစ်ပါတယ်..
ပြောရမယ်ဆိုရင် ကိုယ်နေထိုင်ရာဝန်းကျင် ဆက်ဆံရတဲ့ ၀န်းကျင်မှာ
လူတစ်ဦးတစ်ယောက်အတွက်တော့ ကျေးဇူးတရားနဲ့ ကင်းပြီးနေနိုင်
တဲ့လူဆိုတာ မရှိပါဘူး...တစ်မျိုး မဟုတ်တစ်မျိုး ဆက်စပ်နေကြတဲ့
အတွက်ကြောင့် ငါဟာဒီလူ့ အပေါ်မှာကူညီထားဖူးတဲ့ အတွက်ကြောင့် ငါက ကျေးဇူးရှင်ပဲ..စသဖြင့် ပြောနေဖို့ မသင့်လျော်ပါဘူး ငါလည်း ပြန်လည်ပေးဆပ်ရမယ့်ကျေးဇူးရှင်တွေ
ရှိတယ်ဆိုတာလည်း သတိရသင့်ပါတယ်...ဒါကြောင့်မို့လို့ ကျေးဇူးတရားနဲ့ ကင်းလို့မရ
တဲ့ လူတွေဖြစ်နေကြတဲ့အတွက်ကြောင့် သူတစ်ပါးအပေါ်မှာ ကျေးဇူးရှိခဲ့ဖူးတယ်ဆိုရင် ကိုယ့်ရင်ထဲမှာပဲသိမ်း
ထားတာပဲပိုသင့်လျော်မယ်ထင်ပါတယ်....ကျေးဇူးတရားကို နားလည်တယ်နားမလည်းဘူးဆိုတာက အဲဒီလိုလူတွေရဲ့ ကိုယ်ပိုင်
အရေးဖြစ်တယ်လို့ တွေးပေးတက်ဖို့ပါပဲ.....တကယ်တော့ကျေးဇူးတရား
ဆိုတဲ့ စကားလုံးကို နှုတ်ကနေတ ဖွဖွရေရွတ်နေဖို့ မဟုတ်ဘူးဆိုတာကိုပြောချင်တာပါပဲ....ကျေးဇူးတရားဆိုတာ အခွင့်ကြုံလာရင် ဆပ်တက်ဖို့ ကိုယ့်နှလုံးသားထဲမှာ အမှတ်ရနေဖို့
ပြီးတော့ ပြန်ပေးဆပ်ဖို့ ဆိုတာကို အမြဲတမ်း နှလုံးသားထဲမှာ ရှိနေမယ်ဆိုရင် လူ့လောက ပတ်ဝန်းကျင်မှာ နေရတာ အဆင်ပြေ
ချောမွေ့နိင်သွားမှာပါ......