Thursday, March 15, 2012

လူပါးဝကြစို့

ဖျက်ကျော်ဖို့ မဟုတ်ဘူး
ချနင်းဖို့ မဟုတ်ဘူး 
ပါးပါးလှီးဖို့ မဟုတ်ဘူး
အမြှီးကျက် အမြှီးစား
ခေါင်းကျက်ခေါင်းစား
တစ်ကိုယ်စာ အတ္တနဲ့ 
လောင်ပြနေဖို့လည်းမဟုတ်ဘူး
     ပြောချင်တာပြော
လုပ်ချင်တာလုပ် 
တကယ်တော့
ဘ၀တစ်ပုဒ်လှဖို့ဆိုတာ
မင်းဘယ်လိုစုတ်ချက်တွေ 
ရေးဆွဲမလဲဆိုတာအပေါ်မှာ မူတည်တယ် ။
           ဒါဟာငါပဲ
ဒါပဲအမှန်
အပေါ်ယံဝတ်ရုံကို အသာခွာ
မင်းနှလုံးသားထဲမှာ စူးဝင်နေတဲ့ အတ္တ
သိပ်တော့မပြနဲ့ လူတွေအကြား
ခဏတော့ သိမ်းထား.....။
         ဘာလဲ...? ဘယ်လဲ.....?
လူတွေ မေးနေကြမေးခွန်း
ဘာပဲဖြစ်ဖြစ် တစ်ခွန်းတော့ ပြောခဲ့
တို့ရပ်နေတာ ကမ္ဘာမြေကြီး
အဲဒါတော့ တကယ်တွေး
ထပ်ပြောရင် ရှင်သန်မှု့ဆိုတာ
အောက်ဆီဂျင် မပြတ်တောက်ခင်လေးခဏပါ
      ကဲ
      ဘာတွေတွေးမလဲ...?
ဘာတွေ လုပ်မလဲ........?
ဘယ်ကိုပြေးမလဲ.........?
ဘာတွေ ချန်ထားခဲ့မလဲ........?
မစဉ်းစားရသေးရင် ခဏရပ်  ဒီနားမှာ
       ပြီးတော့
မင်းနေတက်ပြီလား..........?
မင်းကျေနပ်ပြီလား...........?
မင်းသေတက်ပြီလား.........? 
တစ်ခုတော့ရှိတယ် 
 မနေတက်သေးရင်  အသေကြပ်မယ်..။
မသေတက်သေးရင် အနေကြပ်မယ်...။
မကျေနပ်သေးရင် တော့ ထပ်လုပ်
         ဒါပေမယ့် အချိန်တော့ အဟုတ်တိုလွန်းတယ်.....။။။။

တိမ်မယောင်နဲ့ နက်

  လိုက်နာစရာ စည်းကမ်းတွေ များလွန်းတာကြောင့် သာသနာတော်မှ 
မပျော်ပိုက်ဖြစ်နေတဲ့ ရဟန်းတော်လေးကို မြတ်စွာဘုရားက စည်းကမ်းတွေ လျော့ပေးလိုက်တယ်....၂၂၇သွယ် အကျယ် ကုဋေ ၉၀၀၀ကျော်တဲ့ သိက္ခာပုဒ်တွေအစား ကာယကံ ၀စီကံ မနောကံ အမှုတွေနဲ့ မကောင်းမှုတွေကို မပြုမိဖို့ စောင့်ထိန်းဖို့ ဆိုတဲ့ သုံးခုတည်းသော စည်းမျဉ်းမျှသာ ပါပဲ.....
မြတ်ဘုရားရဲ့ နောက်ဆုံးပစ္ဆိမ၀စန ဖြစ်တဲ့ ''မကောင်းမှု့ရှောင် ကောင်းမှု့ဆောင် ဖြူအောင်စိတ်ကိုထား""
ဆိုတဲ့ စကားလေးပါ.....တစ်ခါတစ်လေကြရင် လူတွေက စည်းကမ်းတွေနဲ့ တင်းကြပ်ပိတ်လှောင်ထားခဲရတဲ့အခါ ချိုးဖောက်ချင်
ကြတယ် ....တစ်ခါတစ်လေကြတော့လည်း နည်းပရိယာယ်လေးနဲ့ 
ဆိုဆုံးမမှုတွေနဲ့ပဲ အဆင်ပြေနေတက်ကြပြန်ရော.......
     တကယ်တော့ လူနဲ့တကွ သတ္တ၀ါအားလုံး ကမ္ဘာလောကကြီးတစ်ခု
လုံး အေးချမ်းစေဖို့ကတော့ မကောင်းမှု့ဆိုတာဘာလဲဆိုတာ သိဖို့ အဲပြီးရင် အဲဒါကိုရှောင်ဖို့ ပါပဲ...လွယ်တယ်တော့မထင်လိုက်ပါနဲ့မကောင်းမှု့ကို သိဖို့ဆိုတာကို တစ်ခါက သီတဂူဆရာတော်ကြီးရဲ့တရားတော်ထဲမှာ နာလိုက်ရတယ် ဆရာတော်အမေရိကမှာ သီးတင်းသုံးတုန်းကထင်ပါရဲ့ အဲဒီက ပါမောက္ခတစ်ယောက်က ဆရာတော်ကိုမေးတာ မကောင်းမှု့ဆိုတာ
ဘာလဲ ကောင်းမှု့ဆိုတာဘာလဲဆိုပြီးမေးတာ...စဉ်းစားကြည့်လေ မိမိ
တို့တွေ ကံကောင်းလို့သာ သာသနာတော်ကြီးနဲ့ ကြုံလို ဘုရှာရှင်ရဲ့
တရားတော်တွေကို နာကြရ သင်ကြရ ကျင့်ကြရတာ ကောင်းမှုမကောင်းမှုကို တောင် မသိတဲ့ လူတွေ ဒီကမ္ဘာမှာအများကြီးပါ....အသေးစိတ်သိဖို့ဆိုတာ ဝေလာဝေးပေါ့....
ဒါပေမယ့် ကံကောင်းလွန်းတဲ့ ကျွန်ုပ်တို့တွေ ကောင်းမှု့ မကောင်မှု့တွေကို သိခွင့်ရ ကျင့်ခွင့်ရပေမယ့်လည်း မကျင့်သုံးနိုင်ကြလို့ ပြောနေတာတွေ ကြောင့် တင်းကြပ်တဲ့ ဂီဟိဝိနယ
တွေကို မကျင့်သုံးနိုင်ရင် မြတ်စွာဘုရားနောက်ဆုံးပြောတဲ့ စကားလေးကိုသာ လိုက်နာကျင့်ကြံသွားမယ်ဆိုရင် 
လည်းဖြစ်နိုင်ပါတယ်
အဲဒါကတော့ မကောင်းမှု့ကို မလုပ်မိ မပြောမိ မကြံမိအောင်ရှောင်ပါ
ကောင်းမှု့ဆိုရင် မဖြစ် ဖြစ်အောင်လုပ်ပါ.....ပြီးတော့ မိမိရဲ့စိတ်
ကလေးကို အတက်နိုင်ဆုံးဖြူစင်အောင်နေသွားမယ်ဆိုရင် ပဲ အကောင်းဆုံးအသက်ရှင်နေထိုင်မှု့ဖြစ်ပြီး မြတ်ဘုရားရဲ့အလိုကျ
ကျင်းသုံးနေထိုင်ခြင်းလို့ပဲ ပြောရမှာဖြစ်ပါတယ်....
...

ချစ်တက်အောင်သင်

      ကိုယ်နဲ့မဆိုင်ပါဘူးဆိုပြီး အသာနေ အသာနေဆိုတဲ့ တလွဲဆံပင်
ဘေးထိုင်ဘုပြောတက်တဲ့ အကျင့်တွေ ကျွန်ုပ်တို့ စိတ်တွေထဲကို ဘယ်တုန်းကတည်းက ပုန်းခိုဝင်ရောက်နေတာလည်းဆိုတာတောင် မသိတော့ဘူး....ဒါကြောင့်မို့လည်း ဘယ်နေရာရောက်ရောက် ကျွန်ုပ်တို့
လူမျိုးတွေ အသိအမှတ်ပြု မခံရတာ တော်တော်ကြာခဲ့ပြီ.....ဒီအကြောင်းတရားတွေရဲ့ အဓိက တရားခံက ကျွန်ုပါအထင်တော့ မချစ်တက်သေးလို့ ၊မချစ်တက်သေးလို့
ဆိုတာပါပဲ......ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုတကယ်ချစ်တက်ရင်
ကျွန်ုပ်တို့ အားလုံး ဘယ်နေရာရောက်ရောက်
စည်းလုံးကြရမယ်...တစ်ယောက်အခက်အခဲကို တစ်ယောက်ကူညီ ဖြေရှင်းပေးတက်တဲ့ ကောင်းမွန်တဲ့ အသိတရားတွေရှိကြရမယ်....ဖတ်ဖူးခဲ့တဲ့ စာအုပ်တစ်အုပ်ထဲကအတိုင်းပြောရရင် ကိုယ့်မိဘကိုတောင်မှ မချစ်တက်သေးရင် သူတစ်ပါးကို ချစ်တက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး....ကိုယ့်မိဘ ကိုယ့်ဆွေမျိုးတွေကိုမှ မချစ်တက်သေးရင်တော့ ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို ချစ်တက်ဖို့ဆိုတာ
ဝေလာဝေးပေါ့.....ကျွန်ုပ်တို့ ကိုယ့်နိုင်ငံမှာနေစဉ်တုန်းကတော့ ကိုယ့်တိုင်းပြည်ကို ကိုယ်မချစ်တက်ခဲ့ကြပါဘူး....အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြား
တိုင်းပြည်တစ်ခုခုကိုရောက်ကြမှသာ ကိုယ့်တိုင်းပြည်ကို ချစ်တက်တက်
စိတ်တွေ  ကိုယ်စီဝင်လာကြတာပါပဲ....ကနဦးတုန်းကတော့ ရပ်ဝေးမြေခြားမှာနေကြရလို့ တစ်ဦးပေါ်တစ်ဦး ကူညီရိုင်းပင်းတက်တဲ့ စိတ်ကလေးတွေ ရှိနေကြပါသေးတယ် ဒါပေမယ့်လည်း တဖြည်းဖြည်းနဲ့
နိုင်ငံရပ်ခြားတွေမှာ ကိုယ့်လူမျိုးတွေ များပြားလာတဲ့အခါကြတော့ တစ်ဦးကိုတစ်ဦးမနာလိုဝန်တိုမှုတွေဖြစ်ကြ ကိုယ့်ထက်သာရင် မရှူစိတ်နိုင်တဲ့ စိတ်တွေဖြစ်ကြ၊နောက်ဆုံးတော့ တစ်ဦးနဲ့ တစ်ဦး မသိသလို နေထိုင်ကြတဲ့အဆင့်ထိရောက်သွားကြတာတွေ့မြင်ကြရပါတယ်
သူတစ်ပါးနိုင်ငံသားတွေမှာ အများဆုံးတွေ့မြင်ကြရတာကတော့ သူ့တို့လူမျိုးကို သူတို့ချစ်ကြတဲ့ စိတ်ပါပဲ.....ဘယ်နေရာမှာပဲကြည့်ကြည့် သူတို့ဟာ သူတို့လူမျိုးကို အရေးထား တက်ကြတယ်....ချစ်ခင်ကြတယ်.....ပြောရမယ်ဆိုရင်တော့ ကျွန်ုပ်တို့လူမျိုးတွေ ချစ်ခင်စည်းရုံးမှု မရှိ ကွဲပြားနေတာ တော်တော်လေးကို ကြာခဲ့နေပါပြီ....တိုင်းပြည်စီးပွားရေးတွေ ချွတ်ခြုံကျနေတာက လည်းတစ်ကြောင်း အုပ်ချုပ်သူတွေဘက်က လိုအပ်ချက်တွေကတစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့်လို့စွတ်စွဲပြောဆိုနေပေမယ့် အဓိက အဖြစ်ကတော့ စာရိတ္တ သတ္တိတွေ ပပျောက်နေတာကြောင့်ပါပဲ....လူတွေကို မဆိုထားပါနဲ့ သာသနာ့တွင်းသားပုဂ္ဂိုလ်တွေမှာတောင် ထိုကဲ့သို့ စိတ်မျိုးတွေ ရှိနေပါတယ်လို့ပြောရင် ကိုယ်ပေါင်ကိုယ်လှန်ထောင်းဆိုတဲ့ အဖြစ်လို
ဖြစ်နေမှာပါ...တကယ်လည်းရှိပါတယ်....တော်တော်များများတွေ့ရ
မြင်ရတာတွေကတော့ ဂိုဏ်းစွဲ ပါတီစွဲ အဖွဲ့စွဲတွေကြောင့်ဖြစ်ရတယ်လို့ထင်ပါတယ်....သေးသိမ်တဲ့ စိတ်ဓါတ်တွေ ဘယ်လိုကြောင့်များ သန့်ရှင်းမြင့်မြတ်တဲ့ သာသနာထဲကိုရောက်လာသလဲဆိုတာတော့ မတွေးတက်ပါဘူး.....မိမိတို့နှုတ်ဖျားကနေ တိုင်းပြည်ကို ချစ်ဖို့ လူမျိုးဘာသာ သာသနာကိုချစ်တက်ဖို့ ဘယ်လောက်ပဲ ပြောဆိုရေရွတ်နေပါစေ...ပင်ကိုယ်စိတ်ဓါတ်က ဖြူစင်မှုမရှိရင် ဘယ်တော့မှအရေးပါအရာရောက်လာမှာမဟုတ်ပါဘူး..ကိုယ်လုပ်နေသမျှ ကိုယ့်အတွက်သာ သူတစ်ပါးဆိုတာ ငါမဟုတ်ဘူး ငါနဲ့မဆိုင်ဘူးဆိုပြီး
ဘေးမှာရပ်ကြည့်နေတက်တဲ့ စိတ်မျိုးနဲ့ကတော့ ချစ်တက်တယ်လို့အော်ပြောနေလည်း အားညောင်းရုံပဲရှိမှာပါပဲ....အဲဒါကြောင့် မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးက စိတ်ကောင်းရှိဖို့သာ ပထမလို့ ပြောခဲ့တာဖြစ်မယ်
လူတစ်ယောက် ဘယ်နေရာမှာ ဘာတွေပဲလုပ်လုပ် စိတ်ဓါတ်သာ
မကောင်းလို့ကတော့ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး
နောက်ပြီး လူသားတွေရဲ့ ချစ်ခင်လေးစားမှုကိုရနိုင်မှာမဟုတ်ဘူး..
ဥပမာအနေနဲ့ ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းတို့လို တစ်နိုင်ငံလုံးက
ဝိုင်းချစ်ကြသလိုမျိုး ချစ်ခင်လေးစားမှု့ကို ရနိုင်ဖို့ဆိုတာ မူရင်းစိတ်ဓါတ်ကိုက ရိုးသားဖြူစင်ဖို့လိုတာအမှန်ပါပဲ......အဲဒါဟာ ဘာကြောင်င့်္လဲဆိုရင် ဗိုလ်ချုပ်ရဲ့ ချစ်တက်တဲ့ စိတ်ဓါတ်ကြောင့်ပါပဲ..
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို တော်စေချင် တက်စေချင် မြင့်မားစေ
ချင်တဲ့ ချစ်တဲ့စိတ်က သစ္စာတရားဖြစ်နေတာကြောင့် ထိပ်ကို မရောက်ရောက်အောင် ပို့ပေးလိုက်တာပါပဲ......
ပြောရမယ်ဆိုရင် လူတွေက ကိုယ့်အပေါ်ကို ချစ်ခင် လေးစား မြတ်နိုး
လာစေချင်တယ်ဆိုရင် ကိုယ်က တစ်ကယ်ချစ်ပြဖို့တော့လိုတယ်
အပေါ်ယံရွေမှုန်ကြဲ သလိုမျိုးတော့ သဘာဝတရားကြီးက သင့်အပေါ်
ထောက်ခံအားပေးမှာမဟုတ်တာတော့ သေချာတယ်...သတ္တ၀ါအားလုံးရဲ့
ကိုယ်းစားယုံကြည်ရာဖြစ်တော်မူသော မြတ်စွာဘုရား ကို လူတွေ ဘာကြောင့်ဆည်းကပ်ရိုသေကြတာလဲဆိုတော့ အဆိုးအကောင်း အားလုံးသောသတ္တ၀ါတွေ အပေါ်မှာ တန်းတူညီတူ ထားနိုင်တဲ့ မေတ္တာတရားကြောင့်ပါပဲ...သက်ရောက်မှု့တိုင်းမှာ
တန်ပြန်သက်ရောက်မှု့ရှိတယ်ဆိုတဲ့ နယူတန်ရဲ့ နိယာမ အတိုင်းဆိုရင်လည်း ကိုယ်က ဘာမှမပေးဘဲနဲ့တော့  ဘာမှ ပြန်ရမှာ
မဟုတ်တာတော့ သေချာတယ်.....ကိုယ်ကအတ္တတရားတွေနဲ့ လူတွေကို မချစ်တက်ရင် လူတွေကလည်း ပြန်ချစ်တက်မှာမဟုတ်ပါဘူး......အဲဒီလို တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ စိတ်ဝမ်းတွေကွဲ ကိုယ်နဲ့မဆိုင် သလို နေထိုင်ပြုမူနေသမျှတော့ ကျွန်ုပ်တို့တွေ ပါးစပ်က ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်တယ်လို့ ပြောနေပါစေ အဲဒါ
ရယ်စရာဟာသတစ်ပုဒ်ဖြစ်နေမှာပါပဲ......စွန့်ရဲမှ စားရမယ်ဆိုတဲ့စကားလို ကိုယ်ကဘယ်လောက်အထိ တစ်ဘက်သားအပေါ် အနစ်နာခံပြီး ချစ်နိုင်သလဲ ၊ ပေးဆပ်နိုင်သလဲ၊ 
ကူညီစောင်မနိုင်သလဲဆိုတာ အပေါ်မှာချစ်တက်တယ်ဆိုတဲ့ မှတ်ကျောက်ကို ပေးနိုင်မှာပဲဖြစ်ပါတယ်......ပြောရမယ်ဆိုရင် လူတိုင်းဟာ ကိုယ့်ကိုယ်ကိုအရင်ချစ်တက်ဖို့ နောက်ပြီး ကိုယ့်ဆွေမျိုး
ကိုယ့်အသိုင်းအ၀ိုင်းကို ချစ်တက်ဖို့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်တက်ဖို့ စာရေးဆရာတစ်ယောက်ပြောသလို အသာနေ အသာနေ
ဆိုပြီ နေကြ  တစ်နေ့ကြရင် အားလုံးအသေနာ ကြလိမ့်မယ် ဆိုသလို
ပဲ ကျွန်ုပ်တို့တွေ ကိုယ်နဲ့မဆိုင်ဘူး ဆိုပြီး ဘေးကနေရပ်မကြည့်နေကြပါနဲ့ ..ကိုယ်တိုင်းပြည် ကိုယ့်လူမျိုး
ကို အားလုံးဝိုင်းချစ်ကြပါ ....အမျိုးဘာသာ သာသနာကြီးကို ရေရှည်တည်တံအောင် စောင့်ရှောက်ကြပါ....
နောက်ဆုံးအနေနဲ့ပြောရရင် ကျွန်ုပ်တို့ ခေါင်းတွေထဲမှာ တော်တော်ကြာကိန်းအောင်းနေတဲ့ ငါ့ဘို့
ငါ့ဘို့ ဆိုတဲ့ ထုထည်ကြီးမားနေတဲ့ အတ္တတံတိုင်းကြီးကို ဖြိုချကြပါ....
လူရော ရှင်ရော အားလုံးကောင်းပါမှ ကျွန်ုပ်တို့တိုင်းပြည်ကြီး အေးချမ်းမှာဖြစ်လို့ အားလုံးချစ်တက်တဲ့
စိတ်တွေ ချမ်းသာကြပါစေ ၊ စိတ်ကောင်းစိတ်မြတ်လေးတွေ ဆထက်တပိုး မွေးမြူပျိုးထောင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ...
        (ရွာတိုင်း ရပ်တိုင်း မြို့နယ်တိုင်း မှာ အများအပေါ် ချစ်တက်တဲ့
နှလုံးသားပိုင်ရှင်တွေ များများပေါ်ထွက်ကြပါစေ၊ ငါ့အတွက် ငါ့အတွက် ဆိုတဲ့ တစ်ဘို့ထဲ သမားတွေ ပပျောက်ပါစေ၊ ချစ်တက်
တဲ့ သူတွေပေါများတဲ့ လူ့အသိုင်းအ၀ိုင်း မှာကျင်လည်နိုင်ကြပါစေ
လို့ တောင်းဆုယူလျက်)


 

Wednesday, March 14, 2012

ကမောက်ကမ သဘာဝ

I hope for the best
but I am prepare for the worst.
''အကောင်းဆုံးကိုလည်း မျှော်လင့်ထားတယ်
ဒါပေမယ့်လည်း အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားတယ်...''
ဒီစာကြောင့်လေးဟာတကယ်တော့ ရေရာတိကျမှု့မရှိတဲ့ သဘာဝရားကြီးအကြောင်း ဆင်ခြင်တက်ဖို့ ပြောပြနေတယ်လို့ ခံစားမိပါတယ် ....
         ငယ်ငယ်က စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးခဲ့စဉ်ကတည်းက 
ခေါင်းထဲမှာ သံမှိုနှက်သလို စွဲနေတဲ့ စာသားလေးပါ .....
အင်္ဂလိပ်စာကျက်ရမှာ တော်တော်လေးကြောက်ရွံ့ခဲ့စဉ်အချိန်ကတည်း
အဲဒီစာကြောင်းလေးကို မြန်မာ အင်္ဂလိပ် နှစ်မျိုးနဲ့ ကျက်ထား ပြီး
နောက်အရွယ်လေး နဲနဲ ရောက်လာတော့မှ သေသေချာချာ သဘောပေါက်တော့လည်း ကြိုက်လွန်းလို့ အဲဒီအတိုင်းပဲ နေရာတော်တော်များများ ကျင့်သုံးခဲ့တာ ခုထက်ထိတိုင်
အောင်ပါပဲ...ဒီစကားလုံးတွေရဲ့ မူရင်းပိုင်ရှင်ကတော့ သိပ်မမှတ်မိတော့
ပါဘူး....သေချာတာတစ်ခုကတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ပတ်သတ်တဲ့ စာအုပ်တစ်အုပ်ထဲက ဗိုလ်ချုပ်ကိုယ်တိုင် သုံးစွဲခဲ့တာကို
တော့ မှတ်မှတ်ရရ မှတ်ထားမိတယ်......ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့ တာ ဇီးထုပ်၊ လျှောက်သီးဆေးပြားတွေမှာ ပါတဲ့ပုံတွေရဲ့နောက်ကျော ကကဗျာတွေမှအစ နောက်ပိုင်းဖတ်မှတ်ခဲ့တဲ့ စာအုပ်တွေမှာပါတဲ့ 
ကိုယ်ကြိုက်နှစ်သက်တဲ့ ဆောင်ပုဒ်တွေ စာပိုဒ်တွေကို ရေးမှတ်ခဲ့တာ
အခုချိန်ထိပါပဲ....ဘ၀မှာ ဒီအချိန်ရောက်တဲ့ အထိ စွဲစွဲမြဲမြဲ လုပ်ခဲ့တာ
ဆိုလို့ စာဖတ်တာရယ် စာအုပ်ဝယ်တာရယ် ဒီနှစ်ခုပဲရှိတယ်ဆိုရလောက်အောင် ပိုင်ဆိုင်တာဆိုလို့ စာအုပ်တွေပဲရှိခဲ့
ပါတယ်....တစ်ချိန်ကြရင် အေးအေးဆေးဆေး စာဖတ်နိုင်တဲ့ နေရာလေးတစ်ခုရယ် စာအုပ်တွေရယ်သာဦးနှောက်ထဲမှာအနာဂါတ် အတွက် ရည်မှန်းချက်
ရှိခဲ့ဖူးတာပါ ...ဒါပေမယ့်လည်း ကံကြမ္မာရဲ့ လှည့်ကွက် ဘ၀ရဲ့ တိုက်တွန်းစေစားချက်တွေကြောင့်  လောကဓံ လှိုင်းအလှုပ်မှာ 
ဘ၀တွေလည်း မြုပ်ချည် ပေါ်ချည် ၊ အဲဒီလို လောကဓံတရားတွေ
ရဲ့  ပီပြင်တဲ့ ကစားကွက်တွေထဲမှာ အကောင်းအဆိုးတရားတွေနဲ့
ယှဉ်လာတိုင်း ကြုံလာတိုင်း ကိုယ့်ကိုတည့်မတ်ထိန်းကျောင်းပေးနိုင်
ခဲ့တာ စာပေရဲ့ ကျေးဇူးက ၉၀ ရာခိုင်နှုန်းပါလို့ ပြောရင် လွန်မယ်မထင်ပါဘူး......အထက်က ဖော်ပြခဲ့တဲ့ စာပိုဒ်လေးကတော့ 
ကိုယ်ကိုယ်တိုင် ခုချိန်ထိ ကျင့်သုံးလိုက်နာ ခဲ့တာဖြစ်တွက်အတွက်ကြောင့် အင်မတန်မှ မှန်ကန်လေးနက်ပြီး
ကိုယ့်အတွက် အားတက်ဖွယ်ရာကို ပေးစွမ်းနိုင်တာတော့ တကယ်ပါပဲ.... လူတွေဟာ ကိုယ်လုပ်တဲ့ အလုပ်တွေမှန်သမျှအကောင်းဆုံးကို မျှော်မျှာ်လင့်ပြီး လုပ်ကြတာပါပဲ...သို့သော်လည်း ကိုယ်အကောင်းဆုံး မျှော်လင့်ထားတဲ့ အရာတွေက တစ်ခါတစ်လေ 
လုံးဝ ဖြစ်မလာတဲ့ အခါ ငါးရံ့ ပြာလူး ဆတ်ဆတ်လူးသည့်နှယ် ခံစားကြေကွဲ
ကြရတက်ပါတယ်...အဲဒါဟာ အကောင်းဆုံးကိုသာ တွေးဆ ထားတက်တာကြောင့် အဆိုးဆုံးကို လုံးဝ ကြိုတွေးမထားခြင်းရဲ့ရလဒ်ပါပဲ.....လောကကြီးမှာ ဘယ်အရာမှ ချောမွေ့ လွယ်ကူနေမှာမဟုတ်တာတော့ သေချာပါတယ်...ဒါကို လူတွေမသိ
မဟုတ် သိပါတယ်....သို့သော်လည်း တိုက်ရိုက် မတွေ့မကြုံသေးလေ
တော့ ပေါ့ပေါ့တန်တန် သဘောထားကြတာပဲ ဖြစ်မယ်ထင်ပါတယ်...
   လောကဖြစ်စဉ်သဘောတရားတွေအရကတော့ အရာအားလုံးဟာပုံမှန်စီးဆင်း သက်ဝင် လှုပ်ရှားနေကြတာပါပဲ....
တားဆီးချုပ်ကိုင် လို့ လည်းမရပါဘူး.....နေထွက်လာတယ် အဲဒါဟာ
နေ၀င်ရာအရပ်ဆီကို သွားနေတာပါ.....ကျွန်ုပ်တို့ လူသားတွေ အားလုံး မွေးဖွားလာတယ် ဒါဟာလည်း သေခြင်းဆီကို ချီတက်နေကြတာပါပဲ......အစကနေဆုံးတဲ့အထိ သဘာဝတရားကြီး
က ပုံမှန်ကပြနေတာပါ....သင့်မှာ ပြဿနာတစ်စုံတရာနဲ့ ကြုံတွေနေပြီဆိုပါတော့ ဒီပြဿနာကို သင်ကိုယ်တိုင် ဖြေရှင်းလိုက်သည်သော်လည်းကောင်း ဒါမှမဟုတ် တစ်ခြားသူရဲ့ ကူညီဖြေရှင်းမှု့ကြောင့်လည်းကောင်း တစ်နည်းမဟုတ်တစ်နည်းနည်းနဲ့တော့ ပြီးဆုံးသွားမှာကတော့ သေချာပါတယ်.....ဒါဟာ ဘယ်တော့မှ ရပ်တန့် နေမှာမဟုတ်တဲ့ သဘာဝ ရေအလျဉ်ကြီးပါပဲ....သို့ပေမယ့်
ကျွန်ုပ်တို့တွေက သဘာဝ တရားကြီးရဲ့ အကြောင်းတွေကို ထိုက်သင့်
သရွေ့တော့ နားလည် သဘောပေါက်ဖို့တော့ လိုတာပေါ့....
ယခုခေတ် တိုးတက်လာတယ်ဆိုတဲ့ ကမ္ဘာကြီးထဲမှာ မယုံကြည်နိုင်လောက်စွာ ဆန့်ကျင်ပြောင်းလဲမှုတွေကို တွေ့မြင်နေကြတာပါပဲ ...သဘာဝတရားကြီးနဲ့ ဆန့်ကျင်စွာပေါ့....ဥပမာ ဖန်ပြွန်သန္ဓေသားလုပ်တာတို့ ယောက်ျားကနေ မိန်းမဖြစ်အောင် ပြောင်းလဲပစ်တာတို့ ယောက်ျားစစ်စစ်ကနေ ကိုယ်ဝန်
ဆောင်ပြီး ကလေးမွေးတာတို့ စသဖြင့် သဘာဝတရားကြီးနဲ့ ဆန့်ကျင်ပြီး လုပ်တာတွေလည်း ပေါမှ ပေါ.......ဘယ်လောက်ပဲ သဘာဝတရားကြီးနဲ့ ဆန့်ကျင်ပြီး လုပ်နိုင်ပါတယ်လို့ သက်သေပြကြပါစေ....သဘာဝတရားကြီးရဲ့ ဒဏ်ခတ်မှုတစ်ခုခုကို တော့ မလွဲမသွေ ကြုံကြရမှာတော့ မလွဲဧကန်ပါပဲ....
  ကျွန်ုပ်တို့လူသားတွေတော်တော်များများက ကောင်းတာတွေကို
ဖြစ်ဖို့ချည်းသာ တွေးတောမျှော်လင့် ကြတာများပါတယ်....ဒီအလုပ်တစ်ခုကို လုပ်ရင် ကောင်းတာတွေ
ဘယ်လောက်ရမှလဲ ဘယ်လောက် အကျိုးတရားတွေဖြစ်ထွန်းမှာလဲ
စသဖြင့် အကောင်းဘက်ကနေပြီးတွေးတက် လုပ်တက်ကြပါတယ်...ကိုယ်လုပ်လိုက်တဲ့ အလုပ်ကဘေးထွက်ဆိုးကျိုးတွေ ဘယ်လောက်ဖြစ်နိုင်သလဲ ဆိုတာတွေ  ဘယ်လောက် သက်ရောက်မှု ပြင်းထန်နိုင်သလဲဆိုတာတွေက ဂရုမမူတက်ကြပါဘူး......တလောက
 facebook စာမျက်နှာတွေပေါ်မှာ အတော်လှတဲ့ ကောင်မလေးပုံနှစ်ပုံ
တင်ထားတာတွေ့လိုက်ရတယ်.....သို့သော်လည်း အောက်မှာရေးထား
တဲ့ စာကြောင်းလေးကို ဖတ်လိုက်ရတော့မှ တော်တော်အံ့သြမိသွားတယ်...ရေးထားတာက 
lady boy တဲ့ တကယ်မထင်နိုင်လောက်အောင်ပါပဲ....နောက်တစ်ခါ
ဖတ်လိုက်မိတာတစ်ခုက လှပတဲ့ မိန်းခလေးပုံတွေ အများကြီးထဲမှာ
ယောက်ျားကနေ မိန်းမပြောင်းထားတဲ့ ပုံတွေကို ရွေးခိုင်းတာ
ကိုယ်ကလည်း ဒါလေးလောက်တော့ ရွေးတက်တယ်ဆိုပြီး ရွေးကြည့်
လိုက်ပါတယ် ...ဟဲဟဲ နောက်ဆုံးတော့ ရွေးခိုင်းတဲ့ ပုံတွေ အားလုံးက lady boyတွေ အားလုံးဖြစ်နေတာသိရတယ်....အဲဒီ ဖြစ်ရပ်နှစ်ခုလုံးထိုင်းနိုင်ငံမှာ ဖြစ်တာတွေချည်းပါပဲ....သဘာဝကို ဆန့်ကျင့်တဲ့ အရာတွေတိုင်းကတော့ အံ့သြ မှင်သက်ဖြစ်ရင်ဖြစ်မယ်
ဒါပေမယ့် ရေရှည်မှာ ကောင်းကျိုးတွေ ဖြစ်လာနိုင် မဖြစ်လာနိုင်ဆိုတာကတော့ တွေးဆကြည့်ရင်သိနိုင်ပါတယ်.....ဖြစ်ချင်တဲ့
သသူတွေက လုပ်ကြ အားပေးတဲ့ သူတွေက လည်း အားပေးကျ လတ်တလော ထင်ပေါ်မှုလေးတစ်ခုနဲ့ သာကျေနပ်ပျော်ရွင်နေကြတာ
နောင်တစ်ချိန်ဘာဖြစ်လာနိုင်တယ်ဆိုတဲ့ အဆိုးဘက်ကို ထည့်မတွေး
 ထားကြတဲ့ အတွက် နောင်တစ်ချိန် မှာ သဘာဝတရားကြီးရဲ့ ဘယ်လိုဘယ်ပုံ ဒဏ်ခတ်မှုတွေ ကြုံလာမယ်ဆိုတာကတော့ သဘာဝ
တရားကြီးက လွဲရင် ဘယ်သူမှ သိနိုင်မည် မဟုတ်ပါချေ.....ဒါကြောင့်ကျွန်ုပ်တို့ လူသားတွေ အားလုံး လုပ်ကိုင်
နေသမျှသော အလုပ်တွေမှာ အကောင်းဆုံးကို မျှော်လင့်ပြီးလုပ်ဖို့ လိုသလို အဆိုးဆုံးအတွက်လည်း ကြိုတင် ပြင်ဆင်ထားနိုင်ကြပါစေ....ဒါမှသာလျှင် ကြုံတွေ့လာမယ့် အခက်အခဲ အတားအဆီးတွေကို ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်ဆိုတာ တွေးမိသမျှ ရေးမိလိုက်ပါတယ်......

Saturday, March 10, 2012

အေးချမ်းတိတ်ဆိတ်တဲ့ နေရာလေး

အေးချမ်းတိတ်ဆိတ်တဲ့

နေရာလေးမှာနေချင်တယ်

 



သူများတွေက တန်ဖိုးရှိတဲ့ အရာလေးတစ်ခု 

ကိုယ့်ကိုပေးလိုက်တဲ့အခါ 
ကိုယ်က ပျော်ရတယ်လေ 
ကိုယ်ကရော သူတစ်ပါးတွေကို 
ဘယ် နှစ်ကြိမ်လောက်
ပျော်ရွှင်စေခဲ့ဖူးပါသလဲ?

ရင်ဖွင့် ခွင့်

ကိုယ်နေချင်တဲ့ နေရာလေးမှာနေပြီး 
ရင်ထဲမှာ ခံစားမိတာလေးတွေကို 
ရင်ဖွင့် ခွင့် 
ရရုံလေးသက်သက်ရယ်ပါ...


 

 












ဘ၀ဆိုတာ ကံကြမ္မာ 
တိုက်စစ်မှုးက စိတ်တိုင်းကျ ကန်နေတာကို
ခံနေရတဲ့ ဘောလုံးတစ်လုံးလိုပါပဲ...
ပြီးတော့ သံသရာ ခရီးသည်တွေဖြစ်တဲ့ 
ကစားဖော်ကစားဘက်လူတွေနဲ့ ဆက်ဆံရတာက 
ပင်နယ်တီကန်ပြီး အနိုင်အရှုံးခွဲ ရသလိုပဲ 
ရင်ခုန်ဖို့လည်းကောင်းတယ်

တန်ခိုးကြီး ဘုရားများ