Saturday, July 16, 2011

နားလည်မှု့

လူဆိုတာ မှားတက်တဲ့သတ္တ၀ါ တွေပါပဲ ...ဒါပေမယ့် ထပ်တလဲလဲ မှားနေတက်တဲ့ လူတစ်ယောက်အတွက်
တော့ သူတစ်ပါး တင်မကဘူး ကိုယ့်ကိုယ်ကိုအတွက်လည်း ပြ ဿနာ တစ်ခု ဖြစ်နေတက်ပါတယ်..
ပြန်နှုတ်ယူလို့မရ ပြန်ပြင်ဆငိလို့မရ တဲ့ မှားယွင်းမှု့တွေရှိသလို  ပြင် လို့ရတဲ့အမှားတွေလည်းရှိပါတယ်
ပြင်ဆင်ဖို့အခွင့်အရေးတွေရှိပါလျှက် စိတ်အလိုလိုက်ပြီးဆက်မှားနေမယ်ဆိုရင်တော့ ဒါဟာ ခွင့်လွှတ်ခြင်း
နားလည်ခြင်း တွေရဲ့ အဝေးကိုပြေးထွက် နေတာလို့ပြောရမှာပါပဲ..သေးဖွဲ သိမ်နုတ်တဲ့ အကြောင်းတရားလေးတွေအပေါ်မှာ အမြဲတမ်း အာရုံစိုက်နေခြင်းဟာလည်း တစ်ခါတစ်ရံ ကြီးမားတဲ့
အလုပ်တွေမှာ အနှောက်အယှ က်အဟန့်အတားတွေဖြစ်နေတက်ပါတယ်...ပြဿနာတစ်ခုကို ရင်ဆိုင်ဖြေ
ရှင်းစရာကြုံ လာတဲ့အခါ ပူပူလောင်လောင် ဆုံးဖြတ်လုပ်ကိုင်တက်သူဟာ ရာခိုင်နှုန်းတော်တော်များများမှား
နိုင်ပါတယ်...စေ့စပ်သေချာခြင်းဟာ ကောင်းတယ်လို့ ပြောကြပေမယ့် ဒါဟာတစ်ခါတစ်ရံမှာ အကြီးအကျယ် 
ပြဿနာတစ်ခု ဖြစ်နေတက်ပါတယ်..ဘာလို့လဲ ဆိုတော့ အရာ အားလုံးဟာ တရပ်စပ် ပြောင်းလဲနေတယ်
မဟုတ်လား..ပြောင်းလဲ ခြင်းတရားကို လက်ခံ ထားတယ်ဆိုရင်တော့တမျိုးပေါ့..မဟုတ်ရင် ဒါဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ တိကျမှု ကိုမျှော်လင့်ထားတာဖြစ်လို့ အင်မတန် ထိခိုက်ကြေကွဲ နိုင်တဲ့အဖြစ်မျိုးတွေ 
ကြုံတွေနိုင်လို့ပါပဲ...ကိုယ်ကစေ့စပ်သေချာသူဆိုတော့ သူတစ်ပါးကိုလည်း ကိုယ်လိုပဲ ဖြစ်စေချင်မှာပဲလေ
ဖြစ်မလာရင် ဘယ်သူ ပုလောင်ရမှာလဲ....ကိုယ်ဖြစ်ချင်တာကိုပဲ အလေးပေးမယ်ဆိုရင်လည်း  ကိုယ်က အတ္တ ကြီးတဲ့သူဖြစ်သွားမှာပေါ့...တကယ်တော့ ပြဿနာတစ်ခုကို ရင်ဆိုင်ရာမှာပဲ ဖြစ်ဖြစ် ဖြေရှင်းတဲ့ အခါမှာပဲ
ဖြစ်ဖြစ်  သူဘက်ကိုယ့်ဘက် မျှမျှတတ မြင်တက် ကြည့်တက်ဖို့ အရေးကြီးပါတယ်..တကယ်စိတ်ပျက်စရာ အ
ခြေအနေက သူတစ်ပါးကို နားလည်မှု့မပေးဘဲ ကိုဖြစ်ချင်တာကို ပဲ ကြည့်ပြီး အရမ်းကာရော အပြစ်တင်တက်
တဲ့ စိတ်ပဲ...ဆင်ခြင်သုံးသပ် မှု မရှိတဲ့ စိတ် နားလည်မှု မပေးနိုင်တဲ့စိတ်ကို ပိုင်ဆိုင်ထားခြင်းဟာ ကိုယ့် ကိုယ်
ကို တူးဖြို ပစ်နေခြင်း လို့ပြောရမှာပါပဲ...လောကမှာ အရာရာကို နားလည်မှု့ မပေးနိုင်သေးသရု တော့ ကိုယ်ကိုယ်တိုင်ရော သူတစ်ပါး တွေနဲ့ပါ ဘယ်တော့ မှ အဆင်ပြေမှာ မဟုတ်ပါဘူး...လူတွေလိုအပ်နေတယ်ဆိုတာကလည်း တစ်ဦးပေါ်တစ်ဦး အပြန်အလှန် နားလည်ခွင့်လွှတ်
နိုင်ခြင်းဆိုတာပါပဲ.............။ဒါဆိုရင် 

Friday, July 15, 2011

လွယ်ပြီးခက်တဲ့အရာ

စာရေးဆရာကြီးအောင်သင်းရဲ့စကားလေးပါ သူကပြောတယ် ဒီမှာကို့လူ ရိုးသားချင်သပ ဆိုရင် ကြိုက်သလောက်ရိုးသားလို့ရတယ် ..တခြားဘာအရည်အချင်းမှမလိုဘူး ..ဆယ်တန်းအောင်ဖို့မလိုဘူး..ကွန်ပျုတာသင်တန်းအောင်ဖို့မလိုဘူး ရုပ်ချောဖို့ ဗလကောင်းဖို့မလိုဘူး  ဒီထက်လွယ်တာဘာရှိသေးလဲ ဒါကြောင့် အလွယ်ဆုံးလို့ပြောလိုက်ရတာ...။
ဟုတ်ပါတယ်....ဟန်ဆောင်မှု့ တွေ များတဲ့ လောကကြီးမှာ ဟန်ဆောင်မှု့ကင်းခြင်းဟာ ချစ်စရာသိပ်ကောင်းပါတယ်..ဟန်ဆောင်မှု့မရှိခြင်းဆိုတာ လိမ်ငြာမှု ကင်းခြင်းလို့ပြောလို့ရတယ်..ကြိုက်ရင်ကြိုက်တယ်..ချစ်ရင်ချစ်တယ်...အိပ်ချင်အိပ်မယ်..စားချင်စားမယ်
သဘာဝအတိုင်း အလိုက်သင့်စီးမျောသွားရုံလေးပါပဲ..သို့ပေမယ့် လူတွေဟာဟန်ဆောင်မှုထဲမှာ အသား
ကျနေတဲ့သူတွေဖြစ်နေတော့ ခက်တယ်...ဂုဏ်မရှိပေမယ့် ဂုဏ်ရှိချင်ယောင်ဆောင်  ငွေမရှိပေမယ့်ရှိသယောင် ပညာမရှိပေမယ့် ပညာရှိယောင် မချစ်ပေမယ့်ချစ်သယောင် အဲဒီလို ယောင်..ပေါင်းများစွာ နဲ့ နေသားတကျ ဖြစ်နေပြီဆိုတော့
ပကတိရိုးသားမှု့ဆိုတာ ရှာလို့မတွေ့လောက်အောင်ကို ရှားနေတာဆိုတော့ တန်ဖိုးရှိရှား ပါးတဲ့ ရတနာဖြစ်နေတယ်...ဟန်လုပ်ရင်းနဲ့ ဟန်ကျသွားတယ်ဆိုတဲ့ စကားလေးတော့ကြားဖူးပါတယ်..
ဒါပေမယ့် ဟန်ကျတာထက် ဟန်ပျက်သွားတာ တွေကပိုများတာ ပဲ တွေ့နေရတယ်
စစ်မှန်တဲပ မူရင်းအဇ္ဈတ္တ ကိုကွယ်ပျောက်သွားစေတာဟာ မရိုးသားခြင်းဆိုတဲ့ တရားပါပဲ...
နောက်ဆုံးပြောရရင် အတုတွေရဲ့ ၀ါးမြိုခြင်းကိုခံ လိုက်ရတဲ့အတွက် အစစ်ဆိုတာ ကို မှတ်ကျောက်တင်
ပေးသလိုမျိုး လူတွေမှာ ရှားပါးပျောက်ကွယ် လုလုဖြစ်နေတဲ့ ရိုးသားမှု့ က တစ်နေ့ထက်တစ်နေ့ တန်
ဖိုးကြီးမားလေလေ ဖြစ်လာတာကိုတွေ့ရတယ်...ဒါကြောင့်ရိုးသားချင်သပ ဆိုရင် ပတ်ပတ်စက်စက် ရိုးသားကြပါလို့ ...........ပတ်ပတ်စက်စက်ရိုးသားရင် ပတ်ပတ်စက်စက် အောင်မြင်နိုင်ပါတယ်.....
ရိုးသားမှုနဲ့ အ  တာတော့ကွဲ ပြားပါစေပေါ့........ဆန္ဒပြုလျှက်.....................................................။

လမ်းတော့ရှိတယ်

      ဖြစ်ချင်တာတွေ ဖြစ်နိုင်ခွင့်ရှိဖို့  တစ်ခါတစ်လေ စွန့်လွှတ်လိုက်ရတာတွေက သိပ်များတယ်
ကျွနုပ်တို့ ဘ၀မှာ နေ့တိုင်းဆုံးရှုံးနေရတာက အချိန်တွေပါပဲ ..ထိုင်နေနေ ..အိပ်နေနေ..ဘာပဲလုပ်နေနေ
လက်လွတ်ဆုံးရှူံးခံလိုက်ကြရတာပါပဲ .. လောကတိုက်ပွဲ တွေ အလီလီ နွှဲပြီး အောင်မြင်မှုသရဖူကို 
ရယူဖို့ ကြိုးစားနေကြပေမယ့် အရှူံးနဲ့ စတင်လာခဲ့ ကြတဲ့ဝမှာ အရှူံးနဲ့ပြန်ထွက်သွားရမှာကတော့ 
အသေချာပါပဲ..ဒါဟာ လောကသားတစ်ယောက်အတွက် သဘာဝဓမ္မကြီးက ချမှတ်ပေးထားတဲ့ 
စည်းကမ်းပါပဲ...ကျွနုပ်တို့အားလုံး  တစ်ဦးပေါ်တစ်ဦး သာအောင်လူမှုရေး  စီးပွားရေး  ပညာရေး အချစ်ရေး
စတာတွေကို စွမ်းစွမ်းတမံ အားထုပ်လုပ်ကိုင်နေကြတာအချိန်တိုင်းလိုလိုပါပဲဒါတွေကိုအောင်ပွဲတစ်ခုသာယာနှစ်သက်နေကြပေမယ့်သဘာဝတရားကြီးရဲ့
ပင့်လက်သီးတွေကျွနုပ်တို့လူသားတွေရဲ့ အရှိုက်ကိုဘ၀င်ခိုက်အာင် ထိုးကြိတ်တိုက်ခိုက်နေကြတာကို သတိမထားမိကြပဲ
ပဒိုင်းသီးကို အားဆေးအထင်နဲ့ ကျေကျေနပ်နပ် မှားပြီး စားသောက်နေသလိုဖြစ်နေကြတယ်
သဘာဝဓမ္မဆိုတာ ကျွန်ုပ်တို့လူသားတွေ မဆိုထားနဲ့ ဘုရားရှင်တို့တောင်မှ လွန်ဆန်လို့မရတာဆိုတော့ 
အတက်ပညာတွေ   ဘယ်လောက်တက်တက်  ဘာတွေပဲ တီထွင်နိုင် တီထွင်နိုင်  ကမ္ဘာကြီးကို ခွစီးထားနိုင်တယ်ဆိုဦးတော့ ကျွန်ုပ်တို့အားလုံးဟာ အရှံးသမားတွေ ဆိုတာသေချာတယ်
အစကတည်းက အသက်ကို လောင်းကြေးထပ်ပြီးမှ ဘ၀ထဲ ကိုဝင်လာခဲ့ကြတာပဲလေ။
အနိုင်ယူချင်သပ ဆိုရင်တော့ နည်းလမ်းတွေတော့ရှိပါတယ်
ဒါကတော့ ဗုဒ္ဓရဲ့ သစ္စာလမ်းစဉ်ပါပဲ..............................။

ငါပိုင်တဲ့အရာလေး

်ငါကတော့ ဒီဘ၀မှာ တစ်ခါပဲ ဖြစ်ခွင့်ရှိတဲ့ သက်ရှိတစ်ကောင်ပေါ့...
ပန်လေးတွေကတော့ ကြွေတက်ဝေတက်ပြီး အဖန်ဖန် ဖြစ်ခွင့်ရှိတဲ့ 
သက်မဲ့လေးတွေပေါ့....ငါကတော့ အရေပါးပါးလေးတွေဝတ်ရုံထားနဲ့ 
ဝတ်ရုံထားပါတယ်...အတောင်ပံမရှိပေမယ့် လိုရာကို ပျံသန်းနိုင်ပါတယ်
ပန်းလေးတွေခမျာမှာတော့ ............
ဒီလိုနဲ့ တစ်တောဝင် တစ်တောထွက် အိပ်မက်တွေအဓမ္မ မက်ဖြစ်တယ်..
စိတ်ကူးတွေကို အနိုင်တိုင်း ကျင့်တယ်..မျှော်လင့်ချက်တွေကို ဓါးပြ တိုက်တက်လာတယ်
ဒါဟာလိုအင်တွေမဟုတ်သလို လိုချင်တာတွေမဟုတ်မှန်းသိပေမယ့် 
သူဝေခွဲရခက်စွာ ပြုံးတက်တယ်
အမြီးအမောက်မတည့် တဲ့ အထုပ္ပတ္တိ တစ်ပုဒ်ကို အော်ဖတ်ခိုင်းသလိုမျိုး
နားဝမှာခြင်တစ်ကောင် ပျံ ပြေးတယ်
အပြုံးချင်းဖလှယ်ဖို့ ပြန်ပြုံးပြ ရတာ ပါးတောင်တက်သော သူတွေအတွက် 
ဆေးမရှိသေးပါဘူး...းဒါပေမယ့်  သတ္တိကြောင် လူသားတစ်ယောက်အတွက်
ယက်မ မပါတဲ့ အိမ် မှာပဲ နေပေ့စေပေါ့ ..
ဒါပေမယ့်   ..တို့တွေကံကောင်းကြပါတယ် တို့မှာနာရီတွေရှိတယ်
တို့မှာညတွေရှိတယ်..ကဲဘာလိုသေးလဲ  ပြီးတော့ ဘယ်သူမှ ခိုးလို့မရတဲ့ 
အိပ်မက်တွေလည်းရှိသေးတယ်.............။
ကဲ...........................................................။

မသေချာခြင်းတွေထဲက သေချာမှု

ှု ဘာပဲပြောပြော သေချာတာတစ်ခုကတော့ သေခြင်းတရား ပဲ။ အားလုံးကိုကြည့်ဖူးကြမှာပါ။ လမင်းကြီးကိုသိကြတယ်။ဓူဝံကြယ်ကြီးကို သိကြတယ်။ဖျောက်ဆိပ်ကြယ်လေးတစ်စုကို သိကြတယ်။မှိန်တုတ်မှိန်တုတ် လင်းလက်နေကြတဲ့ အညတရ ကြယ်လေးတွေကို မြင်သာမြင်ကြပြီး နာမည်တွေကိုမသိကြဘူး။ ကျွနုပ်တို့တွေဟာ လည်းအလွန်သေးငယ်တဲ့ အစက်အပျောက်လေးတွေပါ။စကြာဝဠာရဲ့တစ်နေရာရာကနေ ကြည့်မယ်ဆိုရင်ပေါ့။မထင်မရှားနဲ့လင်းလက်ပြီး ဖြုတ်ခနဲ ကြွေကျသွားကြတဲ့ ကြယ်လေးတွေလိုနေမှာပဲ ။ ဓူဝံ ကြယ်ကြီးဖြစ်ချင်ရင်တော့ လမင်းကြီးဖြစ်ချင်ရင်တော့ ဖြစ်ခွင့်တော့ရှိပါတယ်။ ဒါပေမယ့် သေချာတာကတော့ ကာလတစ်ခုခုမှာ ကြာရှည်တည်တံ့ဖို့ ကတော့ လုံးဝမသေချာဘူးလေ။ ဒါဆိုရင်ကျွနုပ်တို့ ဝေးလံတဲ့ စကြာဝဠာတစ်နေရာ ရာကနေမကြည့်ဘဲ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း လေးမှာပဲ ဖြစ်ဖြစ်ပေါ့။ တပိုင်တနိုင် ထွန်းလင်းတောက်ပခွင့် ရှိကြပါတယ် ။ သေချာမှုခရီးတစ်ခုရဲ့ အဆုံးသတ်ကို မရောက်ခင်မှာ ကျွနုပ်တို့ ဘယ်အတိုင်းအတာအထိ လင်းလက်ပြနိုင်ကြမလဲ  ဘယ်လောက်အင်အားကြီးကြီးနဲ့ပေါ့။ ကိုယ့်မိသားစုရဲ့ မျှော်လင့်ချက်တွေ ကိုယ့်ပတ်ဝန်းကျင်ရဲ့ ကိုယ်းစားမှု့တွေ အားလုံးရဲ့ ထင်စားမှု့ တွေအပေါ် ဘယ်လောက်အထိ ဘယ်အတိုင်းအတာထိ ဆောင်ကြဉ်းပေးနိုင် မလဲ ။ သေချာတာကတော့ သေချာတယ်နော် တစ်နေ့နေ့ သင်ဟာ............................ဦးမှာလေ။။။။
                                                                                                  အနော်မာ

Thursday, July 14, 2011

စွမ်းအားဖြည့်ကြမယ်

လောကကြီးမှာ အောင်မြင်မှူ့ဆိုတာ လူတိုင်လိုချင်တပ်မက်ကြတဲ့ အရာပါ..အောင်မြင်မှူ့ရဖို့အတွက် နည်းလမ်း
ပေါင်းများစွာ အသုံးပြုပြီးလုပ်ကိုင်းနေကြတာကိုလည်း တွေ့မြင်နေကြရပါတယ်။ အဲဒီလို အောင်မြင်မှူ့ဆီကိုသွား
ကြရာမှာ တစ်ချို့ တွေဟာ မှားယွင်းတဲ့လမ်းကြောင်းပေါ်ကို ရောက်မှန်းမသိ ရောက်သွားတက်ကြပါတယ်။
အောင်မြင်မှူ့ရဖို့ အတွက်ပထမဆုံး လိုအပ်တဲ့အရာက သဒ္ဓါတရားပါ ..ယုံကြည်မှူ့ပါပဲ ဘယ်အရာမဆို ယုံယုံကြည်ကြည် ရဲရဲရင့်ရင့် လုပ်ဆောင်သွားမယ်ဆိုရင် အောင်မြင်ဖို့(၇၀%)နှုန်းသေချာပြီလို့ပြောလို့ရပါတယ်။
ဒီနေရာမှာပြောချင်တာက ဘ၀ တက်ကျမ်းကို မဟုတ်ပါဘူး။ အောင်မြင်ဖို့ကြိုးစားနေတဲ့အခိုက် စိတ်စွမ်းရည်
တိုးတက်ကောင်မွန်စေတဲ့ ဗုဒ္ဓကိုပူဇော်တဲ့ ဂါထာလေးတစ်ပုဒ် လက်ဆောင်ပေးချင်တာပါ။
ဒီဂါထာကို ဖော်ထုတ်ပြခဲ့သူကတော့ ဗန်းမော်ဆရာတော်ကြီးပါ။သာသနာလောကမှာနေလို လလို ထင်ရှားကျော်ကြားခဲ့တဲ့ ၀တ်ချက်မင်းကျောင်းဆရာတော်ကြီးနဲ့ ရသေ့ကြီးဦးခန္တီတို့ တစ်ဘ၀လုံးရွတ်ဆိုပူဇော်ခဲ့ကြတဲ့ ဂါထာပါ ။ ဂါထာပေးတေးဖြစ်ဆိုသလို ဖြစ်သွားမှာကိုလည်းစိုးရိမ်းမိပါတယ်။ကိုယ်တိုင်ရွတ်ဖတ်ကြည့်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။
အံ့ဖွယ်အကျိုးတရားတွေကို ပြောပြနေရင် ယုံကြည်မှူ့ အားနည်းနေမှာစိုးလို့ ပါ။ဂါထာက လေးပါဒ ထဲပါ။
                   အရဟံ  ဗဟိ အန္တဇယျံ သုဂတံ
                   အမိတံ ၀ိရဇံ လလိတံ အတုလံ
                   စရဏံ တိဘ၀ူပသမံ သုခဒံ
                   ယမကံ သရဏံ ပဏာမာမိဇိနံ။
အရဟံ-လူမင်းနတ်မင်းဗြဟ္မာမင်းတို့၏၀ပ်ဆင်းကော်ရော်ပုဇော်အထူးကို ခံယူတော်မူထိုက်ပါပေထသော။
ဗဟိ အန္တဇယံသ-အတွင်းရန် အပြင်ရန်တို့ကို အတန်တန်အောင်တောင်မူပါပေထသော။
သုဂတံ-ကောင်းသောနိဗ္ဗာန်သို့ ပို့ဆောင်တော်မူပါပေထသော။
အမိတံ-မနှိုင်းယှဉ်အပ်သော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူပါပေထသော။
ဝိရဇံ-ရာဂအစရှိသောကိလေသာ အပူမီးတို့ကို ငြိမ်းတော်မူတက်ပါပေထသော။
လလိတံ-ရောင်ခြည်တော်ခြောက်သွယ်ဖြင့် ကွန့်မြူးစံပယ် တင့်တယ်တော်မူတက်ပါပေထသော။
အတုလံ-သီလအစရှိသော ဂုဏ်တော်တို့ကြောင့် တစ်စုံတစ်ယောက်သောသူနှင့် တူတော်မမူပါပေထသော။
စရဏံ-ကိုယ်ကျင့်တရားနှင့် ပြည့်စုံတော်မူပါပေထသော။
တိဘ၀ူပသမံ-ဘ၀သုံးပါးဘုံသုံးပါတို့ဉ် ငြိမ်းအေးတော်မူပါပေထသော။
ယမကံ-ရေမီးအစုံ တန်ခိုးပြာဋိဟာတို့ကို ပြစွမ်းတော်မူပါပေထသော။
သရဏံ-လူ နတ် နဂါး သိကြား ဗြဟ္မာ သတ္တ၀ါဝေနေ များဗိုလ်လူတို့ ကိုးကွယ်ရာအစစ်ဖြစ်တောမူသော။
ဇိနံ-မာန်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရားကို ။
အဟံ- ဘုရားတပည့်တော်သည် ။
ပဏာမမိ-ရိုသေမြတ်နိုး လက်စုံမိုးရ်ျ် ရှိခိုးပါ၏ မြတ်စွာဘုရား။
၎င်းဂါထာကို မည်သည့်နေရာ မည်သည့်အချိန်မဆို ရွတ်ဖတ်နိုင်ပါသည်။အနက်အဓိပ္ပါယ် ကိုသိအောင်ဖတ်ထားပြီး ဂါထာ ကို မိမိတို့စွမ်းနိုင်သလောက် သဒ္ဓါစွမ်းအားရှိသလောက် ပူဇော်နိုင်ကြပါသည်။ 
အကျိုးတရားဟူသမျှသည် အကြောင်းတရားတို့အပေါ်သာတည်မှီနေကြပါသည်။ထိုကြောင့်.................။
ကုသိုလ်စွမ်းအားဖြည့်ကြပါလို့ဆန္ဒပြုလိုက်ပါတယ်။   .... ။  ။


အဖြည့်ခံ နှလုံးသားပိုင်ရှင်

သားသမီးတွေကို ပညာသင်ပေးခြင်းဟာ သူတို့တွေကို မိမိတို့မိဘတွေရဲ့ ရင်ခွင်ထဲကနေ
 အဝေးဆုံးကို ပျံသန်းထွက်ခွါသွားနိုင်အောင်လို့ အတောင်ပံ တက်ပေးခြင်းလို့ဆို ကြတယ်..
နှလုံးသားကို ဆွဲနှူတ်ခြေမွှခံ လိုက်ရသလို ဟာလာဟင်းလင်း ဖြစ်သွားနိုင်တဲ့ နာကျင်မှူ့ကို
ခံစားကြရပေမယ့်  သူတို့ကတော့  သူတို့ရဲ့သားသမီးတွေကို လှပ ပြည့်စုံတဲ့ အတောင်ပံ
လေးတွေကို တပ်ဆငိပေးဖို့ပဲ ရင်ထဲ မှာဆန္ဒရှိကြတယ်...လောကမှာ ကိုယ့်ရင်ကို အကွဲခံ 
ပြီး အနာကျင်ခံပြီး သားသမီးတွေအတွက် ပေးဆပ် ကာ သူတို့ဘ၀ကို မြှင့်တင်ပေးတက်
တဲ့ မိဘ တွေကိုမှ အဖြည့်ခံ နှလုံးသားပိုင်ရှုင်လို့ မပြောရင် .................................................။