Monday, August 22, 2011

လူ

      အတ္တဆိုတာ အသိတွေပိုများလာလေလေ
  ပိုကြီးမားလာလေလေပါပဲ..စစ်မှန်တဲ့အသိမျိုးကို
 မရသေးသရ်ုကာလပတ်လုံး ထွားကျိုင်းခွင့်ရနေဦးမှာမလွဲဘူး
 ပရိယာယ်ကြွယ်ဝတဲ့ ရှေ့နေလိုပဲ ဖြေရှင်းချက်တွေလည်းနေရာ
အပြည့်ရှိတယ်...

Saturday, August 20, 2011

သတ္တိရှိသူတို့ရဲ့နေရာ

  လူသားအားလုံး ကို သတ္တိရှိတဲ့လူတွေပါလို့ပြောရင် လက်ခံနိုင်ပါ့မလား
မသိဘူး...ဟုတ်ပါတယ် လူတိုင်းမှာ အနည်းနဲ့အများစွမ်းအားသတ္တိရှိကြ
တွေချည်းပါပဲ...တစ်ချို့က ယောက်ျာားတွေမှာသာ သတ္တိရှိတယ်လို တရားသေသတ်မှတ်ထားကြတာအဲဒါဟာမှားယွင်းတဲ့ အမြင်တွေပါ။
သတိရတုန်းပြန်ပြောပြချင်တာလေးတစ်ခုရှိတယ်...ဆရာကြီးအောင်သင်း
ပြောခဲ့တဲ့အကြောင်းလေးပါ...မိန်းမတွေမှာ ယောကျားတွေထက် ပိုပြီးသတ္တိရှိတယ်လို့ပြောရတာက ကိုယ်ဝန်ဆောင်ရဲတဲ့သတ္တိနဲ့ ခလေး
မွေးရဲတဲ့သတ္တိပါတဲ့...ပုံမှန်ယောက်ျားသားတစ်ယောက်ကို ဆယ်လအတွင်းမှာ တစ်နေ့ကို ငါးကျပ်သားခန့်ခန္ဓာကိုယ်ပေါ်မှာ အသားတွေ တိုးလာပါစေ ..ပြောချင်တာက ကိုယ်ဝန်ဆောင်တယ်ဆိုတာက ကြီးမားလေးလံတဲ့ သန္ဓေသားကို ၀မ်းဗိုက်ပေါ်မှာလွယ်ထားရတဲ့သတ္တိဟာ နည်းတဲ့သတ္တိမဟုတ်ဘူးဆိုတာပါပဲ...
ကမ္ဘာလောကကြီးက သတ္တိရှိသူတွေအတွက် တည်ဆောက်ထားတဲ့အရာပါ ...သတ္တိနည်းသူတွေအတွက် နေရာရဖို့မလွယ်ဘူးလေ.....ကြီးကြီးမားမား
ဖြစ်ချင်ရင် အကြီးကြီးတွေလုပ်ရမှာပဲ ...အဲဒီအခါလိုအပ်တာသတ္တိ.....မရှိမဖြစ်လိုအပ်တဲ့အရာပေါ့.......သတ္တိများ
များရှိတဲ့သူက သူရဲ့ပန်းတိုင်ကို ခိုင်ခိုင်မတ်မတ် တည်တည်ကြည်ကြည်ရောက်အောင်သွားနိုင်ပြီး...သတ္တိနည်းတဲ့သူတွေ
အတွက်ကတော့ လမ်းခုလတ်ကနေ လှည့်ပြန်ရတဲ့ အဖြစ်နဲ့ပဲအဆုံးသတ်ရလေ့ရှိပါတယ်....သတ္တိဆိုတာကိုဒီနေရာမှာသိသလောက်
ပြောရရင် ကာယသတ္တိနဲ့စိတ္တသတ္တိရယ်လို့ နှစ်မျိုးရှိတဲ့အထဲက ကာယ
သတ္တိဆိုတာမျိုးကလူတိုင်းနီးပါး ရှိနိုင်ပါတယ်....တကယ်လိုအပ်တဲ့
သတ္တိက စိတ်ပိုင်းဆိုင်ရာတိုးတက်မှုဆိုတဲ့ စိတ္တသတ္တိပါပဲ......
ကိုယ်နဲ့မထိုက်တန်တဲ့အရာကို ရပါလျှက်မယူပဲစွန့်လွှတ်နိုင်မှု့....မကောင်းမှန်းသိတဲ့အရာကို စွန့်ပယ်ဝံ့မှု့......တရားသဘောအနေနဲ့ပြောရရင် မကောင်းတဲ့ အတွေး၊အကြံစတာတွေကို ဦးနှောက်ထဲအ၀င်မခံပဲ မောင်းထုတ်ရဲ့တဲ့သတ္တိကို စိတ္တသတ္တိလို့ဆိုချင်ပါတယ်.....တစ်ဦးချင်း ၊တစ်မိသားစုချင်း၊တစ်မြို့ တစ်နိုင်ငံကိုတိုးတက်စေချင်ရင်တစ်ယောက်ချင်းစီရဲ့ စိတ်ဓါတ်စွမ်းအားတွေတိုးတက်နေမှသာဖြစ်နိုင်မည်ဟုတွေးထင်မိပါသည်။
အားလုံးမြင့်မားတဲ့စွမ်းရည်တွေပိုင်ဆိုင်ကြပြီး သတ္တိရှိသူတွေသာနေရာပေးတက်တဲ့ ကမ္ဘာလောကကြီးထဲမှာ ကောင်းမွန်တဲ့ဘ၀တွေနဲ့ရပ်တည်နိုင်ကြပါစေ
လူသားတိုင်းသတ္တိရှိပါသည်.....ဒါဟာသေချာမှု့တစ်ခုဖြစ်ပါသည်......
သင့်မှာလည်းသတ္တိများစွာရှိပါသည်....ဒါဟာတကယ့်အမှန်တရားဖြစ်ပါသည်........။

Friday, August 19, 2011

နောက်ကွယ်ကဇာတ်လိုက်များ

      ဇာတ်လိုက်လုပ်တဲ့ လူကိုပဲ လူတွေကဇာတ်လိုက်လို့ ပဲအမြဲမြင်တက်ကြတက်တာ၊ လူကြမ်းလုပ်နေတဲ့လူတစ်ယောက်ကို လူ
ဆိုးတစ်ယောက်လို့ ထင်မြင်ယူဆတက်ကြတာ၊ ဟုတ်ပါတယ်...ဒါဟာလူတို့ရဲ့သဘာဝပါ...ငယ်ငယ်က အစ်ကိုတစ်
ယောက်နဲ့ စကားအငြင်းအခုန်ဖြစ်ခဲ့ဘူးတာလေးကို ပြန်အမှတ်ရမိတယ်
တစ်နေ့ ဘုရားဘ၀ဖြစ်စဉ်တစ်ခုနဲ့ ဆက်စပ်ပြီးစကားစပ်မိတုန်း မှာ ကျွန်
တော်က ပြောလိုက်မိပါတယ်....လူတစ်ယောက်တောက်ပရွှန်းလက်နိုင်
ဖို့ တစ်ယောက်ကတော့ ညစ်ပေပေးရတာ ဓမ္မတာပဲ..ဒီလိုပဲ ဒေ၀ဒတ်ကလည်း ဘုရားရှင်ရဲ့ အရောင်တွေပိုပြီးတောက်ပလာအောင် မိုက်မဲပေးရတာ တကယ်တော့ သနားစရာကောင်းတယ်လို့ပြောမိလိုက်တာကို အစ်ကိုကလက်မခံဘူးဆိုတော့ လူငယ်တွေထုံးစံအတိုင်းငြင်းလိုက်တာ ၅နာရီလောက်ကြာသွားတယ်...ဘယ်သူမှ အဖြေကိုရှာမတွေ့နိုင်ဘူးလို့
ဆိုရမှာပါပဲ....ခုရွယ်ရောက်မှစဉ်းစားမိတော့လည်း ကိုယ့်အတွေးနဲ့ကိုယ်
ကတော့ဟုတ်နေတာပါပဲ....ထူးမြတ်တဲ့ပုဂ္ဂိုလ်တိုင်းရဲ့နောက်ကွယ်မှာ
သူတို့အရောင်တောက်အောင် လုပ်ပေးနေတဲ့ သူတွေဟာရှိကြစမြဲပါ
သီချင်းကောင်းတစ်ပုဒ်ကိုသီဆိုနေတဲ့အဆိုတော်ကိုသာမြင်တက်ကြတဲ့
လောကမှာ အဲဒီသီချင်းကိုေ၇းတဲ့သူ၊ သံစဉ်တွေကိုတီးခတ်ပေးတဲ့သူတွေ၊ကိုသိမြင်ခံစားပေးတက်တဲ့ အမြင်မရှိရင်တော့လက်ခံပေးနိုင်မှာမဟုတ်ပါဘူး.....ကျွန်တော်အယူအဆ
ကတော့ ကိုယ့်ကိုယ်ကို ဇာတ်လိုက်တစ်ယောက်လို့ ထင်မှတ်ယူဆပြီး
သူတစ်ပါးကို အရံအနေနဲ့ သတ်မှတ်တက်တဲ့စိတ်ဓါတ်ကိုပါ.....
လူတစ်ယောက်မှာ ဘ၀ဆိုတာရှိတယ်....အဲဒီဘ၀ကအခြေခံအားဖြင့်
ကျွန်တော်တို့တွေအားလုံးရဲ့ဘ၀နဲ့တူကြတာပါပဲ...လူတစ်ယောက်ကို 
လူတစ်ယောက်လို မတွေးပေးနိုင်တာကတော့ အတော်လေးကို နိမ့်ကျ
တဲ့ဦးနှောက်နဲ့လူမို့ပဲလို့ပြောရမှာပဲ....ဥပမာ သင်ဟာကျော်ကြားတဲ့လူ
တစ်ယောက်ဖြစ်တယ်ဆိုပါတော့ သင့်ရဲ့နောက်ကွယ်မှာ သင့်ကို ထွန်း
ပပေးတဲ့လူတွေ အများကြီးရှိတယ်ဆိုတာကိန်းသေလက်ခံ ရမှာပဲ
အခြေခံအားဖြင့် သင့်ကိုမွေးလိုက်တဲ့ မိဘ တွေကိုထောက်ပြရမှာပဲ....
ဒီအတွေးလေးကို ရံဖန်ရံခါဖြစ်ဖြစ်တွေးမိရင်တောင် ထောက်လွှားပကြွားတဲ့မာနတွေ
ကိုလျှော့နိုင်မှာသေချာတယ်....ငါရဲ့အောင်မြင်မှု့ ဟာ ငါတစ်ယောက်ထဲရဲ့ အားထုတ်မှုကြောင့် လို့တွေးတောမာန်တက်နေ
တဲ့လူတစ်ယောက်အတွက်တော့ ကျေးဇူးတရားဆိုတာကို နားလည်ပေးနိုင်တဲ့အသိက ၀င်လာနိုင်မယ်မဟုတ်ပါဘူး.........
ဘာပဲဖြစ်ဖြစ် အားလုံးရဲ့ပတ်ဝန်းကျင်မှာ ကိုယ့်အတွက် နောက်ကွယ်မှာ သူရဲကောင်းတွေရှိတယ်ဆိုတာလက်ခံ
နိုင်ကြဖို့ပါပဲ......ကျွန်တော်အတွေးကလည်း ဒေ၀ဒတ်ဟာလည်း သူရဲကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ အစ်ကိုကို ပြောပြချင်သေးတယ်......လူတိုင်းသတ်မှတ်ထားတဲ့ လူယုတ်မာဆိုတဲ့ ဒေ၀ဒတ်ကလည်း နောင်တစ်ချိန်မှာ ဘုရားငယ်တစ်
ဆူဖြစ်ဦးမှာဆိုတော့............အင်းအဲဒီအချိန်ကြရင်လည်းလူတွေက 
ဘယ်လိုထင်မြင်ချက်ပေးဦးမယ်ဆိုတာ စောင့်ပြီးကြည့်ခွင့်ရချင်တယ်
ဖြစ်နိုင်ရင်ပေါ့.................းးးးးးးးးးးးးး...............းးးး။။။

Thursday, August 18, 2011

ငါအစစ်

      ဘာမျက်နှာဖုံးမှတပ်မထားလောကကြီးထဲ
တကယ်တော့ တို့တွေကမျက်နှာများသူတွေလို ၀ံ့ကြွားဖို့မလိုဘူးထင်တယ်းးးးအရိုးရှင်းဆုံးတွေတောင်မှ
ရှုပ်ထွေးနေကြတဲ့ ကာလကြီးမှာ ကမ္ဘာကြီးနေကောင်းနေဖို့ပဲတောင်းဆို
ချင်တယ်...ဘယ်ပန်းတိုင်ကို သွားရမယ်ဆိုတာထက် 
ပန်းတိုင်မရောက်ခင် ငါပိုင်ချင်တာ ငါစိတ်ကိုပါပဲ
နွေဦးတွေလည်း အခါခါဖြတ်ကျော်ခဲ့ပြီးပြီ
ငါစားသုံးခဲ့တဲ့ အဟာရတွေကလည်း မနည်းတော့ဘူး
ဒါတောင်မှ ငါဦးနှောက်တွေ မပြည့်ဝသေးဘူး
ဘေးနားကို မယောင်မလည်ကြည့်မိတော့လည်း အားလုံးက နေသားတကျ
ကာလတစ်ခုလောက် ရပ်ဆိုင်းထားလို့ရရင် ကောင်းမယ်
အဲဒါမှ ခဏတာသက်သာမှုရမယ်ထင်ရဲ့
ပန်းတွေဖူးပွင့်ကြတယ်
ကမ္ဘာမြေကြီးက ကျန်းမာလျက်ပါပဲ
လူတွေရဲ့နင်းပြားဖြစ်နေပေမယ့် ကမ္ဘာမြေကြီးက ပြုံးနေနိုင်သေးတာ
အားကျမိတယ်
စားသုံးထားသမျှ ငါပြည့်ဝချင်တယ်
နားမလည်တဲ့စကားတွေပြောရင်း လူအမဖြစ်ချင်တော့ဘူး
ဒါဟာ ငါနားလည်ထားတဲ့ တောင့်တမှု့တစ်ခုဖြစ်တယ်
နေ့သစ်တွေကို လက်ခံပါတယ်
ဖောက်ပြန်နေတဲ့ ရာသီတွေကို နားမလည်တာတော့ခက်တယ်
ဘ၀ချင်းတူပြီးကောင်းကင်တွေကွဲပြားနေတာလည်း အသိရခက်တယ်
ပြန်မပြောချင်တော့ဘူး
လိုတာတွေများနေလွန်းတော့
ကိုယ်လိုတာကို အတိအကျ နားမလည်တော့ဘူး
မှန်ထဲက ငါဟာ ငါမနိုင်သေးတဲ့ အတ္တတစ်ကောင်ဆိုတာ
အချိန်မှီသဘောပေါက်ပြီး
သရုပ်ခွဲနိုင်ဖို့ပဲ တောင့်တာနေတော့မယ်
တကယ်တော့ငါဟာ
စေတန်တစ်ကောင်မဟုတ်တာတော့သေချာတယ်ဆိုတာပါပဲးးးးးးးးးးး၊

ရိုးရာ

    ကျွနုပ်တို့အတွေးတွေ ဘာကြောင့်မလွတ်လပ်ကြသေးတာလဲမသိဘူး
ထိန်းချုပ်ခံဦးနှောက်နဲ့ တုတ်နှောင်ထားတဲ့ ကြိုးတွေက သမရိုးကျ နေ့တစ်နေ့လိုမျိုး စီးမျောသက်ဝင်နေသလိုခံစားမိပါတယ်
လွတ်လပ်တဲ့ အမြင်တွေ ၊လွတ်လပ်တဲ့ အတွေးတွေ၊လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်တွေနဲ့ ဝေဖန်ပိုင်ခွင့်တွေ ဘာကြောင့်ပျောက်ဆုံးနေတာလဲ.....ဥပမာတစ်ခုပြောရရင် သင်အနေနဲ့
အများယူဆထားတဲ့ ရှေးရိုးစွဲ အယူအဆတစ်ခု ကို သင်ဝေဖန်မိပြီဆိုပါတော့ သင့်ကို အမြင်တစ်မျိုးနဲ့ ကြည့်တာကို ပထမဦးဆုံးကြုံရမှာမလွဲပါဘူး....ပြီးတော့ သင်ကို ဘယ်လောက်တော်လို့ တက်လို့လဲဆိုတဲ့ အကြည့်နဲ့ပစ်ပေါက်ခံရမယ်
ဒါဟာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာကြုံနေကြဓမ္မတာတစ်ခုပဲဖြစ်ပါတယ်
ဒါဟာမထူးဆန်းပါဘူး....ထူးဆန်းတာက ကျွန်တော်တို့မလွတ်လပ်တဲ့ ဦးနှောက်ကို ပိုင်ဆိုင်နေခြင်းပါ....တစ်ခါတစ်ရံ ဘာကိုမှ ၀င်မဆွေးနွေးခြင်းဟာ မသိတဲ့လူတစ်ယောက်လိုဖြစ်နေမှာပါပဲ...အဲဒီလို
အခြေအနေက ပိုကောင်းပါတယ်.....လူတွေအားလုံးမှာ ယုံကြည်ချက်တွေရှိကြပါတယ်.....ကိုယ့်ယုံကြည်ချက်တွေကို အများကြောင့်စွန့်လွှတ်ရတဲ့အဖြစ်အပျက်တွေရှိသလို ယုံကြည်ချက်ကို
ဆုပ်ကိုင်ရင်း အသက်စွန့်သွားကြတဲ့သူတွေလည်းရှိပါတယ်....
ကိုယ့်ယုံကြည်ချက်ကို ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်ဖက်တွယ်နိုင်တဲ့သူတွေကတော့
အားကျအတုယူဖွယ်ကောင်းပါတယ်....ယုံကြည်ချက် တစ်ခုက ဓလေ့ထုံးစံတွေကို ပယ်နုတ်ရဲတဲ့၊ အစဉ်အလာတွေကို တွန်းလှန်ရဲတဲ့၊
ဝေဖန်ရဲတဲ့သတ္တိနဲ့၊အားကျလောက်စရာ စွမ်းအားတွေရှိတယ်ဆိုတာလောက်တော့လက်ခံပေးရမှာဖြစ်ပါတယ်
အမှန်တရားကိုရှာဖွေတဲ့နေရာမှာ ကျွနုပ်တို့ဟာ မှားယွင်းမှုတွေကို
အမှားလို့ပြောရဲတဲ့သတ္တိတွေရှိအောင်ကြိုးစားကြရဦးမည်ဖြစ်ပါသည်။။

Wednesday, August 17, 2011

လက်ခံလိုက်စမ်းပါ

      လက်ခံသင့်တဲ့အရာကို လက်ခံရမှာပဲ...ဒါဟာငြင်းဆန်လို့မရတဲ့ အကြောင်းတွေရှိပါတယ်...သင်ကအခြားလူတစ်ယောက်နဲ့ အမြင်တူအောင်လိုက်ညှိယူလို့မရလို့ စိတ်သောကဖြစ်နေတာလား
ဒါဆိုရင် တစ်ခုခုတော့သေချာပေါက်မှားနေပြီလို့ဆိုရမှာပဲ...ဘာကြောင့်
လဲဆိုရင်လူအများနဲ့ အမြင်တူဖို့ဆိုတာ ခက်ခဲသောအရာဖြစ်တယ်ဆိုတာ ကို သင်
မေ့နေလို့များလား? ဒါမှမဟုတ် သင်ကြိုးစားမှုကြောင့် ဖြစ်လာလိမ့်မည်လိုယူဆထားလို့လား ....တကယ်တော့ဒါဟာ ဖြစ်တောင့်ဖြစ်ခဲအရာတွေပါ.....သင့်အယူအဆတွေကို လူတွေလက်ခံ
လာနိုင်အောင်လုပ်နိုင်တဲ့ အရာကတော့ကိုယ်ယူဆချက် လက်ခံနိုင်ဖို့ ကြိုးစားခြင်းပါပဲ.....ဒီလိုမဟုတ်ဘဲ စိတ်တိုဒေါသထွက်နေရုံနဲ့တော့ သင်
ဟာသင့်ရဲ့အမြင်တွေကို လူတွေဘယ်တော့မှ လက်ခံလာလိမ့်မှာ မဟုတ်
တာတော့သေချာပါတယ်....အားလုံးဟာ ကိုယ်ပိုင်သဘောထားကွဲလွဲ
ခွင့်တွေရှိပါတယ်....ဒါကိုသဘောပေါက်ရပါမယ်....သင့်ရဲ့စည်းရုံးသိမ်း
သွင်းနိုင်စွမ်းတွေ ဘယ်လောက်ပေါက်ရောက်နိုင်တယ်ဆိုတာကလည်း
သင့်လုပ်ရပ်ကို လူတွေက လက်ခံ နိုင်မယ့် အတိုင်းအတာပေါ်မှာလည်း
တည်မှီနေသေးတယ်ဆိုတာလည်းမေ့ထားလို့မဖြစ်ပေဘူး...ဒါကြောင့်ကို
လိုချင်တာကို မဖြစ်တာအတွက်ကြောင့်ပဲ သူတစ်ပါးကို အပြစ်တင် 
နေမယ်ဆိုရင် သင်ဟာရူးသွပ်မှုသပ်သပ်သာ ဖြစ်နေပါလိမ့်မယ်
 လက်ခံရမယ်လက်ခံပါ.... သင်လိုပဲအခြားသူတွေလည်း လူတိုင်းနဲ့ 
အမြင်မတူတဲ့အခြေအနေပေါ်မှာ ကသိကအောက်ဖြစ်နေရတာချည်းပါပဲ
ဒီလိုမှမဟုတ်ရင်တော့ သင်ဟာသင်းကွဲတစ်ယောက်ဖြစ်သွားလိမ့် မယ်လေ....
လူတွေကို လူတွေလို့မြင်တက်ရင် ဒီပြဿနာက အေးဆေးဖြစ်သွားမှာပါ....မစိုးရိမ်ပါနဲ့ ....အားလုံးအေးဆေးပါ....စိုးရိမ်သင့်တာက သင်ကိုယ်တိုင်ပါ
ပြန်စမ်းစစ်ဖို့မမေ့ပါနှင့်...
ကျေးဇူးတင်ပါတယ်..

Tuesday, August 16, 2011

ဇာတ်လိုက်

      ဟိုဘက်ကို ရွှေ့ ပေးလိုက်ရတာ ဟာ မခံချည့် မခံသာဖြစ်စရာပဲပေါ့..
ဒါပေမယ့် အေးချမ်းပါတယ် ရေရှည်မှာ အပူသက်သာစေဖို့ အကောင်းဆုံးကာကွယ်နည်းဆိုတာ ဘေးကိုဆင်းရပ်ပေးလိုက်ခြင်းပါပဲ..
သို့သော်လည်း ဒါကိုလူတိုင်းတော့လက်ခံမှာ မဟုတ်ပါဘူး..ဘာကြောင့်လဲဆိုတော့ လူတိုင်းက ဖြောင့်ဖြူးတဲ့လမ်းပေါ်
ကနေ ဆင်းပေးရမှာ ကို အတွေးထဲမှာတောင် တွေးဖို့ အတွေးတွေဆင်း
ရဲနေလို့ပါပဲ...အနစ်နာခံ ခြင်း သည်းခံခြင်းဆိုတဲ့ သစ်ပင်က စိုက်ပျိုးရတာခက်ခဲသလို အသီးအပွင့်တွေ စားသုံးရမယ့်အချိန်ကိုလည်း
မခန့်မှန်း မတွက်ဆနိုင်လို့ပါ...ဒါကြောင့် စောစောစိုက်ပြီး စောစောရိတ်
သိမ်းရတဲ့ အတ္တသစ်ပင်ကို ပဲ အလုအယက်စုက်ပျိုးနေကြတာပဲဖြစ်ပါ
တယ်...ကမ္ဘာလောကကြီးထဲမှာ ကိုယ်ကျိုးစွန့် အနစ်နာခံ ခဲ့ကြတဲ့လူတွေဟာ အားလုံးရဲ့အထက်မှာကြည်ညိုခံရ အကိုယ်းကွယ်ခံ
ရတဲ့ လူထူးလူမြတ်တွေအဖြစ် သမိုင်းဝင်ခဲ့ကြတာကို တွေ့ရပါတယ်..
သူတို့တွေဟာ အဲဒီလိုနေရာကို ၀င်လုပြီးရခဲ့ကြတာမဟုတ်ပါဘူး...
စွန့်လွှတ်မှုတစ်ပုံတစ်ပင်နဲ့ ရင်းနှီးခဲ့ကြရတာပါ....သူတို့လျှောက်ခဲ့တဲ့လမ်းက ကတ္တီဘာခင်းထားတဲ့
လမ်းလည်းမဟုတ်ပါဘူး......လမ်းဘေးကိုလည်း ဆင်းလျှောက်ခဲ့ရတယ်
ခြေထိုးလည်းခံခဲ့ရတာပဲ...အတိုက်ခိုက်တွေတစ်ပုံတစ်ပင်ကြီးပါပဲ.....
ဒါပေမယ့် အားလုံးကို ကျော်ဖြတ်နိုင်ခဲ့တာဟာ သူတို့ရဲ့ အနစ်နာခံ
သည်းခံနိုင်စွမ်းတွေနဲ့ ဇွဲလုလ္လ စွမ်းပကားတွေကြောင့်ပါပဲ......
ကြီးမားတဲ့ အလုပ်ကိုလုပ်မယ့်သူတစ်ယောက်မှာ အနစ်နာခံစိတ်ဆိုတဲ့ အခြေခံ စိတ်လေးကမရှိမဖြစ်လိုအပ်လှပါတယ်
ပြီးတော့ကိုယ်ကျိုးမဖတ်တဲ့ စိတ်ဓါတ်လည်း လိုအပ်ပါတယ်
ကျွနုပ်တို့ဟာ တစ်ဦးချင်းစီအတွက်တော့ မိမိကိုယ်တိုင်က သူရဲကောင်းလို့ထင်မှတ်နေကြတာပါ ...ကိုယ့်ဇာတ်လမ်းမှာ ကိုယ်တိုင်
မင်းသားတစ်လက်လို့ ထင်ကြသူချည်းပါပဲ....
ဒါကြောင့် ကိုယ့်ဇာတ်လမ်းကို လှပ အောင်ရေးကြဖို့ကတော့ ကိုယ့်တာ
ဝန်ပဲဖြစ်တယ်ဆိုတာ အမှတ်ရဖို့ပါ....
မိမိကဘယ်လိုသစ်ပင်မျိုးစိုက်မှာလဲဆိုတာတော့ ...............