Thursday, May 17, 2012

ရေနွေးကြမ်းတစ်ခွက်ကို မှုတ်သောက်ခြင်း

    အဲဒီကတည်းကိုက မှားခဲ့တာပါပဲ။““ ကျွန်ုပ်သိတာတစ်ခုပဲရှိတယ် အဲဒါဘာမှ မသိသေးဘူးဆိုတာပဲ” ဒီစကားလုံးလေးကို စတင်ကြားဖူးကတည်းက တော်တော်နှစ်ခြိုက်တက်ခဲ့တာ။ ဘယ်ပညာရှိ ဘယ်ကလောင်ဆရာရေးတယ်မသိပေမယ့်လည်း အင်း  ထားပါလေ အဲဒါကအရးမကြီးပါဘူး ။ လူ့လောကကြီးက ကြီးမားပြန့်ပြောလွန်းလှတယ်ဆိုတာ ပြောဖို့မလိုလောက်အောင် သိကြပါတယ်။ အဲဒီလို အပြောကျယ်လှပါတယ်ဆိုတဲ့ လောကကြီးထဲမှာ တော့ ကျွန်ုပ်တို့တစ်တွေကတော့ ပမွှားသိမ်နှုတ်သော မြူမှုံငယ်လေးတွေ မျှသာပါပဲ။ အဲဒီလို သေးမွှားသိမ်နှုတ်သော မြှူမှုံငယ်လေးတွေ ကိုယ်စီမှာလည်း ကြီးမားပြန့်ပြောသော ကိုယ်ပိုင်ဘ၀ ကိုယ်ပိုင်ခံစားချက်တွေ ကိုယ်စီရှိကြပါတယ်။  မိုးထုလုနီးပါး ဇိမ်ခံတိုက်ကြီးတွေဆီမှာမှ ဘ၀ဆိုတာရှိတာမဟုတ်သလို ခြွတ်ခြုံကျနေသော အိုဟောင်းစုတ်ပျက်နေသော သက်ကယ်တဲ အိုအိုလေးထဲမှာလည်း ဘ၀ဆိုတာရှိနေတာပါပဲ။ ကိုယ်တစ်ယောက်တည်းသာ ကောင်းဆိုးလောကဓံတွေ ခံစားနေရတယ်လို့တွေးနေလို့မရသလို ကိုယ်ခံစားနေရတဲ့ အချိန်နဲ့ တပြိုက်နက်တည်းမှာလည်း ကိုယ့်လို ကြေကွဲသောက ရောက်နေသူတွေလည်း ဒုနဲ့ဒေး ရှိနေတာ သေချာပါတယ်။ ကျွန်ုပ်တို့ လူလောကကြီးထဲကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ရောက်လာတယ်ဆိုတာ ကျွန်တော်တို့ ဘယ်သူမှ အစကတည်းက သိလာခဲ့ကြတာမဟုတ်ပါဘူး။ ကျွန်ုတို့ ဘယ်ကလာတယ်ဆိုတာလည်းမသိဘူး ဘယ်ကိုသွားမယ်ဆိုတာကိုလည်းမသိဘူး ရှေ့ဆက်ဘာတွေ ဖြစ်ဦးမှာလည်းဆိုတာကိုလည်း မသိကြဘူး။ ဒါဖြင့် လူ့လောကကြီးထဲမှာရှိနေခိုက် ကျွန်ုတို့ ဘာတွေ လုပ်သင့်သလဲ ဘာတွေကလူ့လောကရဲ့ အနှစ်သာရကဘာလဲ ဘယ်သို့သောအရာတွေက လူ့ဘ၀မှာအရေးကြီးတာလဲ အဲဒီလို လဲပေါင်း လားပေါင်းများစွာနဲ့ ရှုပ်ထွေးပွေလီလှတဲ့ မေးခွန်းတွေကို ဖြေနေရုံနဲ့ အဖြေရှာနေရုံနဲ့ ကောပြီးကောလား၊ ဗုဒ္ဓဂေါတမက စကြာဝဠာကြီးထဲမှာ ကျင်လည်ပြေးလွှားနေကြတဲ့ သတ္တ၀ါတွေတိုင်းဟာ မသိမှုအမှောင်ဓါတ်တွေကြောင့် ဘ၀တွေအသီးသီးမှာ ထပ်ခါထပ်ခါ ဖြစ်နေကြရတာပါတဲ့။ အဲဒီသံသရာစက်ဝိုင်းကြီးထဲက ရုန်းထွက်ဖို့ ရုန်းထွက်နိုင်အောင် ကြိုးစားပါမှ အေးငြိမ်းမှု့ အမတ တရားကိုတွေ့နိုင်မှာဖြစ်ပါတယ်ဆိုတာ ဟောကြားထားပါတယ်
သို့သော်ငြားလည်းအချို့သောလူသားတွေကတော့ဖြင့် အဲဒီလို သိရှိနားလည်နိုင်စွမ်းသော အသိဉာဏ်တွေနဲ့ ခိုက်ရန်ဖြစ်ထားကြတဲ့ အတွက်ကြောင့် သူတို့မှာ လစ်လပ်နေတာ ထိုကဲ့သို့သော အရာတွေဖြစ်နေတော့က အဘယ်မှာလျှင် သိရှိနားလည်းနိုင်ပါအံ့နည်း။ တကယ်တော့ ကျွန်ုတို့ တွေ လူလောကထဲကို စတင်ဝင်ရောက်လာကာစကတော့ ဘာမှ မသိသေးတဲ့ အခါဆိုတော့ ပျော်ရွှင်ခြင်း နဲ့ သောကတရားတွေရဲ့ အကြောင်းကောင်းကောင်းနားမလည်သေးတော့ လောကကြီးက နေ
ချင်စဖွယ် ပန်းဥယျဉ်ကြီးတစ်ခုပေါ့ ။ကျင်လည်ကျက်စားမှု့ ခရီးအတိုင်းအတာ ရှည်လျားလာတာနဲ့အမျှ ကျွန်တော်တို့တွေ သိလာတယ် ရိပ်မိလာတယ် ခံစားလာကြရတယ်။ ဘ၀ဆိုတာ အေးချမ်းမှုတစ်စုံတစ်ရာ ရဖို့အတွက် အပူတွေနဲ့ ယှဉ်ဖက်ပြီး ရုန်းကန်လှုပ်ရှားနေကြရတယ်ဆိုတာကိုပေါ့။ဒီနေရာမှာ ကြားဖူးတဲ့ ရယ်ဖွယ်ရာအဖြစ်အပျက်လေးတစ်ခုလောက်ပြောပြချင်တယ်။ တစ်ခါကတောရွာမှာနေတဲ့ဆရာတော်တစ်ပါးက သူ့တပည့်ကျောင်းသားလေးကို ရေးနွေးအိုး ကြိုဖို့ တာဝန်ပေးထားတယ်။ တစ်မနက်မှာတော့ ကျောင်းသားလေးဟာ ရေနွေးကြိုဖို့ မေ့နေတယ်။
အဲဒီအချိန်မှာပဲ ဘုန်းကြီးက “ဟေ့ ကျောင်းသား ရေးနွေးအိုး ယူခဲ့စမ်း”
အဲဒီလိုခိုင်းလိုက်တော့ ကျောင်းသားလည်း အဆူမခံရပြီးရောဆိုပြီး ရေနွေးအိုးထဲကို ရေအေးတွေထည်းပြီး ယူသွားတော့ ဘုန်းကြီးအဆူခံထိတာပေါ့။ အဲဒါနဲ့ ရေနွေးအိုးကိုဆူအောင်တည်ပြီး ဘုန်းကြီးဆီကိုသွားကပ်တယ် ဘုန်းကြီးက ရေနွေးအိုးထဲကို လက်ဘက်ခြောက်ခတ်ပြီး ပုဂံလုံးထဲကိုထည့်ပြီး ပူပူလောင်လောင်နဲ့ မှုတ်သောက်တာကို တွေ့တဲ့ ကျောင်းသားက ငေးမောတွေဝေနေတဲ့ အကြည့်နဲ့ ဘုန်းကြီးကိုကြည့်ပြီး မေးလိုက်တယ်။ ဘုန်းဘုန်းဘာဖြစ်လို့ နဂိုရ်က အေးနေတဲ့ ရေကို ပွက်ပွက်ဆူအောင်ကြိုခိုင်းပြီး ခုကြတော့ အေးအောင်လို့ ပြန်ပြီးမှုတ်သောက်နေတာလဲလို့ပေါ့ ။ဆရာဘုန်းကြီးလည်း ဘာပြန်ပြောရမယ်မှန်းမသိလောက်အောင်ဖြစ်သွားပါတယ်။ မေးတာက ကလေးဆိုတော့လေ။  ပုံပြင်လေးကတော့ ရယ်စရာလိုလိုနဲ့ပါပဲ။ဒါပေမယ့် တကယ်တွေးကြည့်တော့ ဒါဟာတွေးစရာလေးတစ်ခုပါနေတာကို သတိထားမိနိုင်ပါတယ်။လူ့လောကကြီးဆိုတာ လိုအင်တွေနဲ့ အမြဲပူလောင်နေတဲ့ ဒေသကြီးတစ်ခုပါ။ အဲဒီလိုပူလောင်နေတဲ့ လောကကြီးထဲမှာ အေးမြမှုဆိုတဲ့အရာတွေကို မရရှိသေးသမျှတော့ ကျွန်ပ်တို့တွေက ပူလောင်နေတဲ့ ရေနွေးကြမ်းနဲ့ တူတဲ့အရာတွေကို အားပါးတရ မှုတ်သောက်ပြီး အရသာခံနေကြရတာပါ။ တကယ်တော့ ပူပါတယ်။အဲဒီလို ပူနေတာကိုပဲ အရသာလေးရှိတယ်ထင်ပြီး သောက်နေကြတာပါ။ကျွန်ုပ်တို့ဟာ ဒီလောကကြီးနဲ့ စာရင် အစက်အပြောက် လေးမျှသာရှိပါတယ်။ လူတိုင်းမှာ ဘ၀ဆိုတာရှိပါတယ်။ ဘ၀တွေတိုင်းကတော့ များများပူတာရယ် နည်းနည်းပူတာရယ်ဆိုတာလောက်ပဲ ကွာခြားကြပါတယ်။ အဲဒီအပူကြီးတွေကိုပဲ မှုတ်သောက်နေကြသူတွေချည်းပါပဲ။ ဒါကြောင့် အပူတွေကို အရသာထင်နေကြသူချင်းသင့်တင့်မျှတစွာ  စာနာကူညီရိုင်းပင်းပြီး ချစ်ချစ်ခင်ခင်နေသွားကြမယ်ဆိုရင် လူ့ဘ၀ရဲ့ ငြစ်ညူးဖွယ် အာရုံဆိုး အမြင်ဆိုး အပြောဆိုး စတာတွေ ကနေ ထိုက်သင့်သလောက်ငြိမ်းအေးပြီး အပူတွေချည်းသောက်သုံးနေရသူချင်း တစ်ကြိုက်တစ်မော့ စာ အေးမြမှုလေးတွေ  ပေးစွမ်းနိုင်လိမ့်မယ်လို့ ယူဆရင်း ......။
    ( ဘာရယ်မဟုတ်ပေမယ့် တွေးမိသမျှ ရေးချခြင်းမျှသာဖြစ်လို့
ကောင်းခြင်းဆိုးခြင်း ဆိုတဲ့ ရသ ကို မပေးစွမ်းနိုင်ခဲ့လျှင် ခွင့်လွှတ်ပါလို့ 
တောင်းပန်းလျှက်)

Wednesday, May 9, 2012

                                                        အိပ်မက်များနှင့် အိပ်စက်ခြင်း
အပင်ထက်က သက်ကြွေ ရွေ့လျောကျလာတဲ့ သစ်ရွက်လေးတွေအတွက်တော့ ငါဟာ တစ်ခါတစ်ရံ သံဝေဂတစ်ဝက်နဲ့ သဂြိ င်္ုလ်ပေးနေကြ နံနက်ခင်းတစ်ပါးပဲပေါ့၊
ဒီလိုနဲ့ ကော်ဖီတစ်ခွက်နဲ့ လေးတွဲကျနေတဲ့ ငါ့မျက်တောင်တွေကို မတားဆီးနိုင်ခဲ့တာ တစ်ရာသီတောင် ကျော်လွန်ခဲ့ပြီ ။
နံနက်ခင်းသတင်းတစ်ပုဒ်လောက်ဖတ်လိုက်ရမှ နေသာထိုင်သာရှိတဲ့ အသာနဲ့ အမြဲတမ်း ခံတွင်းချဉ်တက်တဲ့ ပါးစပ်ကို ကွမ်းတစ်ယာလောက်ကျွေးရင်း ငါနေတက်အောင်နေခဲ့တယ်။
တစ်ခါတစ်ခါ အလိုလို ပြည့်လာတဲ့ မြိုသိပ်ထားသော တိမ်အုပ်တစ်ချို့ကို ကီးဘုတ်ပေါ်မှာ အန်လိုက်တယ်။ တကယ်တော့ အန်ထုတ်လိုက်တော့လည်း နာတက်တဲ့ရင်ဘတ်အတွက်တော့ ကုစားဖို့ မတက်နိုင်သေးဘူး။ ပြောရရင် ဘယ်လိုကစားနည်းမျိုးကိုမှ မကျွမ်းကျင်တဲ့ ငါလိုလူတစ်ယောက်အတွက် မျက်နှာဖုံးအတု တပ်ဆင်ဖို့ဆိုတာ ဘယ်တော့မှာမှ ပိရိသေသပ်နေမှာမဟုတ်မှန်းလည်းသိနေပြန်တယ်။ သင်စရာတွေပေါတဲ့ လောကမှာ ငါနားမလည်တာ အိပ်မက်ကြိုးကြီးတန်းလန်းနဲ့ ငါနိုးထနေရတာကိုပဲ။
အမြင်မတူသူတွေကြားမှာ ငါဘယ်တော့မှ တူအောင်ကြိုးစားလိမ့်မယ်မဟုတ်မှန်းသိနေတဲ့ သူဆိုလို အမေတစ်ယောက်သာရှိမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ငါက အရည်ပြားပျော့တဲ့ ဦးခေါင်းနဲ့ ခေါင်းမာတက်သူတစ်ယောက်ဖြစ်နေလို့ပဲ။
ဒါကြောင့်လည်း မိုးသောက်လာတိုင်း ပြန်လည်းညှိနှိုင်းလို့ ခက်နေတာ ငါနဲ့ ငါ့ရဲ့အိပ်မက်တွေပဲ။ ငါကော်ဖီကိုတကယ်မကြိုက်တက်ပါဘူးဒါပေမယ့် တော်လှန်ဖီဆန်မြဲ အိပ်မက်ကို ပထုတ်ဖို့ကြိုးစားရင်း နံနက်ခင်းမှာ ကော်ဖီတစ်ခွက်သောက်ပြီး ပြန်ပြန်အိပ်တက်ခဲ့တာ။ သစ်ရွက်လေးတွေတော့ အားနာပါရဲ့။ နေရောင်ခြည်ကို ဦးခိုက်ခွင့်မပေးတက်တဲ့ အိပ်မက်တစ်ပိုင်း အိပ်စက်ခြင်းတစ်ပိုင်းနဲ့ လူသားတစ်ယောက်ရဲ့ မြည်တွန်တောက်တီး ခြင်းမှာ တစ်ဖန်သေဆုံးရပြန်သောကြောင့်ပဲဖြစ်ပါတယ်။
  (  ဘာရယ်မဟုတ်ပါဘူး ခံစားမိတာလေးတစ်ခုကို ရေးချခြင်းမျှသာ)

Tuesday, May 1, 2012

သိခြင်းတရားရဲ့ နောက်ကွယ်က

   

 အတ္တဆိုသည်မှာ  အချိန်မရွေး ထိရှပြတ်တောက်လွယ်သော ထက်မြသော ဓါးတစ်လက်ဖြစ်ချေ၏။ ဘယ်လိုသော ပုဂ္ဂိုလ်မျိုးမဆိုထို အတ္တဆိုသော ဓါးနှင့် ထိခိုက်မိသည်နှင့် တပြိုက်နက် ဆိုးရွားသော နာကျင်ထိခိုက်မှု့ တစ်မျိုးမျိုးကို ရရှိတက်လေ့ရှိပါသည်။ ဟုတ်ပါတယ် လူနဲ့လူချင်းဆက်ဆံ ပေါင်းသင်းတဲ့ နေရာမှာ တစ်ဦးနဲ့ တစ်ဦး နားလည်သဘောပေါက်မှု့ လေးစားတန်ဖိုးထားမှု့ရှိဖို့အင်မတန် အရေးကြီးလှပါတယ်။ ကြီးတဲ့သူက ကြီးတဲ့အလျောက် ငယ်ရွယ်တဲ့ သူတွေအနေနဲ့ကလည်း ငယ်ရွယ်တဲ့ အလျောက် သင့်တင့်လျောက်ပတ်တဲ့ အသိဉာဏ်တရားတော့ ရှိဖို့လိုပါသည်။သို့မဟုတ်လျှင် လူနဲ့ လူချင်းဆက်ဆံတဲ့နေရာမှ ထိခိုက်ပွန်းရှမှု့ တွေနဲ့  အတူ နှစ်ဦးသားတို့ကြားမှာခလုတ်ကန်သင်းအနေအားဖြင့် လည်းကောင်း၊ဂမုကဒစ်တစ်ခုသဖွယ်ဖြစ်နေမှာပါပဲ။ပျော်ရွှင်ဖွယ်

 ပေါင်းသင်းဆက်ဆံရေးတစ်ခုတော့ဖြစ်လာမှာမဟုတ်တာသေချာ

သလောက်ပါပဲ။ကျွန်ုတို့ ပေါင်းသင်းဆက်ဆံနေထိုင်ရာ လူ့ပတ်ဝန်းကျင်မှာ တစ်ဦးနဲ့တစ်ဦးအမြဲတမ်းကောင်းမွန်သောဆက်ဆံရေးဖြစ်နိုင်ဖို့ကတော့ မလွယ်ကူပါဘူး။သို့သော်လည်း အတက်နိုင်ဆုံးတော့ အေးချမ်းတည်ငြိမ်သော အနေထားတစ်ရပ်ကို 

ပုံမှန်တည်ဆောက်သွားနိုင်ဖို့ကိုပဲ အောက်ထစ်ဆုံးမျှော်လင့်ကြရတာပါပဲ။

မနုဿတစ်ယောက်ရဲ့ ပိုင်ဆိုင်မှု့တရားတွေဖြစ်တဲ့ လောဘ ဒေါသ မောဟ မာန်မာနတရားတွေ ကိုယ်စီရှိနေကြတဲ့အတွက်ကြောင့် ဘာပဲပြောပြော အားလုံးကို ကောင်းဖို့တော့ မျှော်လင့်လို့ မဖြစ်နိုင်ပါဘူး။ သို့သော်လည်း လူသားတစ်ယောက်ဟာ လူသားဆန်ဆန် လူပီပီသသ သမမျှတသော စိတ်ဓါတ်တွေနဲ့ လှပတဲ့ နှလုံးသားတစ်ခု ကို အတက်နိုင်ဆုံး ပြုစုပျိုးထောင် နိုင်မယ်ဆိုရင်တော့ ဘာပဲပြောပြော အတိုင်းထက်အလွန်ပေါ့။

လောကမှ ဘာတွေအရေးကြီးဆုံးလဲ ၊ဘာတွေက လူတွေရဲ့တန်ဖိုးကိုဖြတ်ပေးနိုင်သလဲ။ မေးခွန်းပေါင်းမြောက်များစွာနဲ့ ရှုပ်ထွေးတွေဝေနေမယ့် အစား ကျွန်ုတို့ လုသားတစ်ယောက်အနေနဲ့ လူသားဆန်စွာ ဘယ်လိုနေထိုင်ရမလဲ၊ဘယ်လိုပြုမူရမလဲ၊ဘယ်လိုပြောဆိုရမလဲစတဲ့ 

အခြေခံတရားတွေကို အရင်ဆုံးလေ့လာသင်ယူပြီး ကိုယ့်ပတ်ဝန်းကျင်မှာ အားလုံးနဲ့ သဟဇာတဖြစ်အောင် သာယာသော အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ဖို့ပဲ အရင်ဆုံးလိုအပ်လှပါတယ်။ အဲဒါကြောင့် လူနဲ့လူချင်း ဆက်ဆံပေါင်းသင်းတဲ့ နေရာမှာ မိမိကိုယ်ကို အတ္တတွေ ဘယ်လောက်ထုံမွှမ်းထားသလဲဆိုတာ ပြန်ပြီးကြည့်ရပါမယ်။ တစ်ဖက်လူနဲ့ ဆက်ဆံတဲ့နေရာမှာ ငါ့နှလုံးသားက ဘယ်လောက်ဖြူစင်သလဲဆိုတာကို အမြဲလိုလို စမ်းစစ်ပြီး မှတ်ကျောက်ကောင်းတွေ ရနိုင်ဖို့အတွက် အစဉ်ကြိုးစားနေဖို့လိုအပ်ပါတယ်။ နှလုံးသားလှတယ် မလှဘူးဆိုတာ တစ်ခြားသူတွေ သိသည်မသိသည် အပထား မိမိကိုယ်တိုင်က အရင်ဆုံးသိတာဆိုတော့ မိမိရဲ့ နှလုံးသားကလှပတယ်ဆိုရင် မိမိကိုယ်ကို လိပ်ပြာသန့်စွာနဲ့ လူ့ပတ်ဝန်းကျင်မှာ ရဲဝံ့တည်ကြည်စွာ နေနိုင်မှာပါ သို့မဟုတ်ရင်တော့ နောက်ကွယ်မှာ ပဲ တိမ်ငုတ် သိမ်ငယ်စွာနဲ့ နေကြရမှာမလွဲပါဘူး။ ဒါကြောင့် လူနဲ့ လူချင်း ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ မိမိတို့ နှလုံးသားတွေ ဘယ်လောက် ဖြူစင်သလဲဆိုတာ ပြရင်း ကောင်းမွန်တဲ့ လူမှု့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ကြပါစို့လို့ ရည်ရွယ်ရင်းဖြင့်........။

Saturday, March 24, 2012

ဘယ်လိုအပင်မျိုးစိုက်မှာလဲ



     As you sow the seed so shall you reap the fruit.
ကိုယ်စိုက်ပျိုးတဲ့ အတိုင်း ကိုယ်ပြန်ရိတ်သိမ်းရမှာပဲ.....
     ကိုယ်ကအခါးပင်စိုက်ပြီးတော့ အချိုသီးစားချင်နေတာကတော့ လွန်တာပေါ့။  သဘ၀ဓမ္မဥပဒေ ဆိုတာ လူတွေ ချမှတ်ထားတဲ့ စည်းကမ်း
ဥပဒေတွေလို ပေါ့စေ လေးစေ ဆိုပြီး ပြုပြင်ပြောင်းလဲလို့လည်း မရတဲ့ အရာပါ..ကိုယ်က ဘယ်လိုအကြောင်းကောင်းတွေ ပြုလုပ်ခဲ့တယ်ဆိုတာ
က မျက်မှောက်မှာ အထင်အရှားသက်သေပြနေတာပါပဲ....လူချင်းအတူ
တူ တစ်ဦးကဆင်းရဲဆိုတာမသိလောက်အောင် ချမ်းသာနေချိန်မှာ တစ်ဦး
က စားရမဲ့ ၀တ်ရမဲ့ နေစရာမဲ့နဲ့ စုတ်ပျက်နေတာတွေ ဒါတွေကို တန်းတူညှိယူဖို့ ဆိုတာ တကယ်တော့ အခက်ခဲဆုံးအရာပါ။ သုဘလုလင်ကိုယ်တိုင် ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီးဘုရားရှင်ကို မေးထားတဲ့ မေးခွန်းတွေ ကို သုဘသုတ်မှာတွေ့နိုင်ပါတယ်...လူချင်းအတူတူ တစ်ချို့ က အသက်ရှည်ပြီးတစ်ချို့ ကအသက်တိုကြတာ တစ်ချို့ကချမ်းသာပြီး တစ်ချို့က ဆင်းရဲတာဘာကြောင့်လဲစတဲ့မေးခွန်းတွေပါ..
ဘုရားရှင်ကိုယ်တိုင်တိကျ သေချာစွာ ရှင်းပြထားတာ တွေ့ရပါတယ်...
ကံတရားနဲ့ ပတ်သတ်ပြီး ရေရာပိုင်နိုင်စွာ သိနိုင်တဲ့ ဘုရားရှင်တို့သာ 
ကံတရားရဲ့ ချယ်လှယ်ဖန်တီးနိုင်စွမ်းကို သိတဲ့အတွက် ကြောင့် ကံတရား
ကသာလျှင် လူသားတွေကို ဖန်တီးနေတယ်ဆိုတာ သေချတိကျ ဟောပြနိုင်တာပါ။ ဒါကြောင့်ကောင်းတဲ့ အကြောင်းတရားတွေ ကို ပြုလုပ်လျှင်ကောင်းတဲ့ အကျိုးတရားတွေ ဖြစ်လာမယ်လို့ အာမခံ ဟောကြားနိုင်တာပေါ့ ။
တစ်ချို့တွေကတော့ မျက်မှောက်မှာ မကောင်းတဲ့ အကြောင်းတွေ လုပ်နေပါလျက် တင့်တယ်မြင့်မားနေတာတွေကို မြင်ပြန်တော့ ကံတရားကို ယုံကြည်မှု့ မရှိဖြစ်သွားတက်ကြပါသေးတယ်။ ဒါတွေကလည်းကံတရားရဲ့ အရှိန်အဟုန်တွေကြောင့်ပါပဲ။ 
ဆန်းကြယ်တဲ့ ကံဇာတ်ဆရာကြီးရဲ့ အလိုကို မသိနိုင်တဲ့ လူသားတွေ အတွက်တော့ ကံအကြောင်းကိုတိတိကျကျနားလည်ဖို့ အားထုတ်ကြိုးပမ်း
နေမယ့်အစား လောကကြီးအကြောင်း ကံတရားအကြောင်း ပိုင်နိုင်တိကျ
ဟောပြခဲ့တဲ့ ဗုဒ္ဓရဲ့ သဗ္ဗညုတဉာဏ်တော်ကြီးကို ကြည်ညိုလေးစားသော
သဒ္ဓါတရားနဲ့ ယုံကြည်ကျင့်သုံးလိုက်ရုံလေးနဲ့ ယခုမျက်မှောက်မှာရော
လာမည့်ဘ၀တွေမှာပါ အကျိုးတရားကောင်းတွေ ပိုင်ဆိုင်နိုင်ပါမယ်..
ဒါကြောင့် ဘာမှန်းမသိရမ်းလုပ်နေမယ့်အစား ဘုရားရှင် အလိုကျ ဒါကကောင်းတဲ့ အရာ လုပ်ရမယ်ဆိုရင် လုပ်နိုင်အောင်ကျိုးစားလိုက်ရုံလေးပါပဲ..ဒါကတော့ မကောင်းတဲ့ အလုပ်
ရှောင်ကြဉ်ရမယ့်အရာလို့ သိရင်ရှောင်ကြဉ်လိုက်ရုံလေးပါပဲ...
ဒါကြောင့်ဘာပဲလုပ်လုပ် ကိုယ်စိုက်ပျိုးတာ ကိုယ်ပြန်ရိတ်သိမ်းရတယ်ဆိုတာလေးသာ မိမိတို့စိတ်ထဲမှာ တွေးတိုင်း 
ပြောတိုင်း ကြံတိုင်း လုပ်တိုင်း သတိရဆင်ခြင်တက်မယ်ဆိုရင် မကောင်းတဲ့ မျိုးစေ့တွေကို စိုက်ပျိုးမိဖို့ဆိုတာ အတော်လေး နည်းပါးသွားမှာပါ...အဲဒီလို မကောင်းတာတွေကို မလုပ်မိဘဲ ကောင်းတာလေးတွေ ပိုမို အားစိုက် ကြိုးပမ်းလိုက်မယ်ဆိုရင်တော့ အနာဂါတ်မှာ ကောင်းတာတွေ ရိတ်သိမ်းရမှာမုချမလွဲပါဟု ဆိုလိုက်ချင်ပါသည်........
 

Friday, March 23, 2012

နိုင်ချင်လို့ပါ

သည်းခံတက်တယ်
 ခွင့်လွှတ်တက်တယ်ဆိုတာ
 တကယ်တော့ 
မလွယ်ပါဘူး၊
ကိုယ့်အပေါ်
မတရားပြောဆို 
ပြုမူတာတွေ
ကို ခြေသုတ်ပုဆိုးမြွေဆွယ်ကျိုးဆိုသလို ခွန်းတုံ့ပြန်မှု့မပြုဘဲနဲ နေနိုင်တာကို ဆိုလိုတာဖြစ်ပါတယ်။ သူတစ်ပါးမှားနေပါမှန်း သိပါလျှက် ကိုယ်ပြန်ပြောလိုက်လို့ သူ့ဂုဏ်သိက္ခာ
လူပုံအလယ်မှာ ကျသွားမှာ စာနာလို့ စိတ်ကောင်းထားပြီး ပြန်လည်မပြောဆိုတာ ကောင်းမွန်တဲ့ စိတ်ထားပါ။သို့သော်လည်း လူဆိုတာက မပြောရင်လည်းမပြီး မတီးလည်းမြည်ဆိုသလို တစ်ဘက်လူက စာနာနားလည်ပေးပြီး ခေါင်းငုံ့ခံနေခြင်းအပေါ် အခွင့်ကောင်းယူတက်ကြပြန်ပါတယ်။ သို့ပေမယ့်လည်း သူတော်ကောင်းတရားကိုကျင့်တဲ့ သူဆိုတာကတော့ ကိုယ့်အတွက် ဘယ်လောက်ပဲ နစ်နာပါစေ သူတစ်ဘက်သား ကျေနပ်ပါစေ၊ ဒီလိုသူပြောလိုက်လို့ သူစိတ်ချမ်းသာသွားရင် ငါသည်းခံရကျိုးနပ်ပါတယ်ဆိုပြီး တွေးလိုက်တာပါပဲ၊ တကယ်တော့ သည်းခံခြင်းခွင့်လွှတ်ခြင်းဆိုတဲ့ တရားက တကယ်မဟာ မလွယ်ကူသော အလုပ်တွေပါ။ အဲဒီလိုမလွယ်ကူတဲ့ အလုပ်ကို လုပ်နိုင်ကြလို့လဲ သူတော်ကောင်း တို့သွားရာလမ်းကို မပင်မပန်းလှမ်းနိုင်ကြတာပဲဖြစ်ပါတယ်။ စာရေးသူ ကိုယ်တိုင်က အရင်က
ဒေါသအင်မတန်ကြီးတဲ့ သူဖြစ်ပါတယ်။မဟုတ်မခံစိတ် တွေက ဒေါသကို ပင့်မြောက်ပေးလိုက်တော့ သည်းခံလို့ရတဲ့ ကိစ္စှတွေမှာ သည်းမခံပဲ ၀ုန်းဒိုင်းကြဲ အပြုအမူတွေ မကြာခဏ ပြုလုပ်မိပါတယ်...ပြီးသွားပြီဆိုရင်တော့ အော် ငါလုပ်လိုက်တာ မှားသွားပြီ ငါနိုင့်ထက်အလွန် ပြောဆိုမိတာ လွန်သွားပြီ စသဖြင့် ပြန်လည်နောင်တ ရနေတက်ပြန်ပါတယ်...သို့သော်လည်း လွန်သွားသောအရာဆိုတာ ဘယ်တော့မှ ပြန်လည်သိမ်းဆည်းလို့မရတဲ့ အရာဆိုတော့ နောင်တရ ရုံကလွဲပြီးဘာတက်နိုင်ဦးမှာလဲ.....ကိုယ့်ဘက်က မှန်နေတာလည်းဖြစ်ပါလျက်ကယ်နဲ့  ကိုယ်ကဒေါသတရားနဲ့ သည်းခံစိတ်မမွေးပဲ အဆွယ်ကိုဖော်ပြလိုက်သလိုဖြစ်သွားတော့ ကိုယ့်ဘက်က မှန်နေပါလျက် သူတစ်ပါး အမြင်မှာ ကြမ်းတမ်းရိုင်းပျသူတစ်ယောက်လို့ လည်း အမြင်ခံရတာ ထပ်တိုးနေသေးတယ်.....အသက်အရွယ်လေးလည်းရလာ စဉ်းစားဆင်ခြင်တက်တဲ့ စိတ်လေးလဲ ရှိလာတော့ ဒေါသထွက်ရမှာကြောက်လာတယ်...အတက်နိုင်ဆုံး ငါသည်းခံမယ်လို့လည်းဆုံးဖြတ်မိတယ်...တစ်ခါသား ဒေါသပြင်းထန်နေတဲ့ 
သူနှစ်ယောက် ထိပ်တိုက်ဆုံကြတဲ့ ပွဲကို မိမိကိုယ်တိုင် မျက်မြင် တွေ့လိုက်ရတော့မှ ပိုပြီးထိတ်လန့်သွားမိတယ်...လူဆိုတာ ကြမ်းတမ်းခက်ထန်မှု့ကို ဘယ်သူမှ မကြိုက်ကြဘူးဆိုတာကိုပေါ့။
အလွန်ဒေါသကြီးတဲ့ သူငယ်ချင်းမိတ်ဆွေတစ်ယောက်ကို တွေ့ဘူးတယ်
သူကမှ ကိုယ့်ထက်ပိုပြီး ဒေါသထန်သေးတယ်...တပည့် ဆွေးမျိုး မိတ်ဆွေဘာသော ညာသောမထားဘူး ဒေါသထွက်လာလို့ကတော့။ ကိုယ်လည်း သူနဲ့ ပေါင်းပြီးမှ တော်တော်လေး ကို သံဝေဂရမိတယ် သူ့ကိုသင်ခန်းစာယူရင် ကိုယ်လည်းဒေါသတွေတော်တော်လေး လျော့ပါးအောင် လေ့ကျင့်ပျိုး
ထောင် တက်လာတယ်...သည်းခံလို့ရတာကို သည်းမခံပဲ စိတ်ထင်တိုင်းကြဲတက်ခြင်းဟာ တကယ်တော့ သူတစ်ပါးကို ထိခိုက်သည် မထိခိုက်သည်တော့မသိ ပထမဦးဆုံးမိမိကို အပြင်းထန်ဆုံး ထိခိုက်စေတက်တာတော့ အမှန်ပါပဲ....ဒါကြောင့် ဘုရားဖြစ်တော်မူဖို့ ကျင့်ရတဲ့ ပါရီမီ ဆယ်ပါးထဲမှာခန္တီပါရမီဆိုတာ ပါတာဖြစ်ပါတယ်...တကယ်မလွယ်ကူတဲ့ အရာပါ....မြင့်မြတ်တဲ့ စိတ်ရှိသူတို့သာ ပြည့်ပြည့်၀၀ ဖြည့်ကျင့်နိုင်တဲ့ အရာမျိုးပါ....တစ်ချို့က ပြောကြတယ် မနိုင်လို့သည်းခံတာပါကွာတဲ့...မှားပါတယ် ဒေါသထွက်လာရင် လူဆိုတာ ဘာသော ညာသော ဘာကောင်သော ညာကောင်သော သိပ်တွေးတက်တဲ့ အမျိုးမဟုတ်ဘူး  ဒါကြောင့်မို့လဲ မှုခင်းသတင်းတွေထဲမှာ လူသတ်မှုတွေ မကြခဏတွေ့နေကြရတာပေါ့။
ခွင့်လွှတ်နိုင်တဲ့ စိတ်မရှိလို့လဲ သူ့အပေါ်အပြစ်တင် မောင်းမဲတာတွေ ကြိမ်းမောင်းပြောဆိုတာတွေ ကို ဒေါသမာန်ပါပါ ပြုလုပ်နေကြတာဖြစ်ပါတယ်။ အဲဒေါသအထွတ်အထိပ်လည်းရောက်ရော လူကိုပါ သတ်မိတဲ့အထိ 
အမှားကြီးကို ကျူးလွန်လိုက်ကြတာပဲဖြစ်ပါတယ်။တကယ်တော့ မကောင်းပါဘူး...မကောင်းမှန်းကိုလည်း အသိဉဏ် ရှိသူလူတိုင်းလည်း
သိကြပါတယ် သို့သော်လည်း တစ်ခဏလေးသော အချိန်လေးကို တားဆီး ထိန်းချုပ်နိုင်စွမ်း မရှိလို့သာ သည်းခံစိတ်မဲ့ ပရမ်းပတာ လုပ်မိလိုက်တက်ကြတာပါ..အဲလိုသည်းခံခွင့်လွှတ်ခြင်းအကြောင်းကို ပြောနေ
လို့ စာရေးနေတဲ့ မင်းကရော ဘယ်လောက် သည်းခံနေနိုင်ပြီလဲလို့ မေးမှာပေါ့။ဟုတ်ကဲ့ပါ ဖြေပါ့မယ် အခုမှ ကျင့်နေဆဲပါ..အတက်နိုင်ဆုံးကြိုးစားနေဆဲပါ..ဒေါသအမျက်ကို ထစ်ခနဲ ထွက်ခဲ့လို့ ဆိုးကျိုးတွေ ရခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ကြုံရင်လည်း ရေးပါဦးမယ်...လောလောဆယ်တော့ သည်းမခံနိုင်ခြင်း
ခွင့်မလွတ်နိုင်ခြင်းဟာ လူ့ပတ်ဝန်းကျင်မှာ အင်မတန်ရုပ်ဆိုးတဲ့ အဖြစ်အပျက်ဖြစ်တဲ့အကြောင်း မိမိကိုယ်ခန္ဓာမှာလည်း ဒေါသတရားရဲ့လောင်ကျွမ်းမှု့ကြောင့် မည်မျှတူးဖြို မိနေသလဲဆိုတဲ့ အကြောင်းလေးလောက်သာတင်ပြရုံလေးပါပဲ။ကြည်လင်နေတဲ့ မိမိရုပ်အဆင်း မည်းညစ် သွားအောင်လုပ်နိုင်တာလည်း ဒေါသပဲဖြစ်
ပါတယ်...လူနှစ်ဦးကြားမှာ အမုန်းတရားတွေ တာရှည်သွားအောင်လုပ်တာလည်း ဒေါသပါပဲ....အမှန်အမှား ချင့်ချိန်နိုင်စွမ်းမရှိ ဧရာမ အမှားကြီးတွေ ကျူးလွန်တက်တာလည်းဒေါသပါပဲ...
ဒီလောက်ကောင်းကျိုးမပေးတဲ့ ဒေါသကို မိမိနှလုံးသားထဲမှာ ဘာကြောင့်နေရာပေးထားသင့်မှာလဲ...သူလည်းမှားတက် ကိုယ်လည်းမှားတက် သူချင်း အချင်းချင်း နားလည်းခွင့်လွှတ်ပြီး သည်းခံစိတ်လေးနဲ့ ပေါင်းသင်းနေထိုင်သွားမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ တွေးကြည့်ပေါ့.....
 ဒီနေရာမှာ ဆရာတော်ဦးဇောတိကရေးထားတဲ့ စာပိုဒ်လေးကိုဖော်ပြချင်ပါတယ်...
   ခွင့်လွှတ်တယ်ဆိုတာ
စိတ်ဓါတ်ရော အသိဉာဏ်ပါ
ကြီးမားမြင့်မြတ်သူရဲ့ လုပ်ရပ်ဖြစ်တယ်။....။
 လူတစ်ယောက်ရဲ့ မြင့်မြတ်တဲ့ စိတ်ဓါတ်ကို စမ်းစစ်ကြည့်ဖို့ရာ သူဘယ်လောက် သည်းခံနိင်သလဲ...သူတစ်ပါးပေါ်ကို ဘယ်လောက်ခွင့်လွှတ်နိုင်စွမ်းရှိသလဲဆိုတဲ့ အပေါ်မှာ ယေဘုယျ ကောက်ချက်ချကြည့်နိုင်ပါတယ်.....
ဒါဟာ မေတ္တာတရားဖြစ်ပေါ်လာဖို့အတွက် အခြေခံ အကြောင်းတရားတွေဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး....
လူသားတွေအားလုံးတစ်ဦးပေါ်တစ်ဦး ကြည်သာရွှင်ပြုံးစွာဆက်ဆံ ပြောဆိုနေနိုင်ကြမယ်ဆိုရင် တစ်ဦးချင်းတစ်ယောက်ချင်းကနေ တစ်ကမ္ဘာလုံးအေးချမ်းသာယာရှိနိုင်ပါတယ်ဆိုတာ တင်ပြရင်း.....။။။....။။

ကြုံလာခဲ့ရင်

        တကယ်တော့ လူ့လောကကြီးထဲမှာ တွေ့ကြုံရတဲ့ အဖြစ်အပျက်တိုင်းဟာ အံ့သြနဘန်း ဖြစ်လောက်စရာ ဘာမှ မရှိပါဘူး၊
အားလုံးဟာ လောကဓံတရားရှစ်ပါးထဲက ကျော်လွန်ပြီး ပိုမောက်လွန်ကဲဖြစ်စရာလည်း မရှိပါဘူး ။  လာဘော အလာဘော ယသော အယသော နိန္ဒံ ပသန္နံ သုခံ ဒုက္ခံ ဆိုတဲ့ လောကဓံ တရားရှစ်ပါးတို့ရဲ့ဘောင်ထဲမှာပဲ လုံးချာလိုက် စီးမျောသက်ဝင်နေကြရတာ။  လဘ်လာဘ ပေါများကြွယ်ဝလာတဲ့အခါ ပျော်မယ်ဗျာ၊ ဆုံးရှုံးပျက်စီးသွားတဲ့အခါ ၀မ်းနည်းပူဆွေးမယ်၊ ကိုယ့်မှာခြွေရံ အပေါင်းအသင်းတွေနဲ့ ပြည့်ပြည့်စုံစုံနေရတဲ့အခါ ၀မ်းသာမယ်ဗျာ၊ကိုယ့်ဆီကနေမိတ်ဆွေ အပေါင်းအသင်း ခြွေရံသင်းပင်းတွေ ဖယ်ရှားဆုတ်ခွါသွားပြန်တော့
တစ်ထီးတည်း ကြေကွဲမယ်၊ တစ်ခါတစ်လေ ကိုယ်ကအောင်မြင်မှု့တွေ
ရလာတဲ့အခါ အများရဲ့ ချီးကျူးဂုဏ်ပြုတာကို ပျော်ပျော်ပါးပါး ခံယူမယ်၊
 အဲကိုယ်က အမှားတွေ ပြုမိပြောမိ လုပ်မိတဲ့အခါ ကဲ့ရဲ့မယ် ရှုတ်ချမယ် အပြစ်တင်မယ် အဆင်မသင့်ရင် အဆဲအဆိုပါခံရတက်သေးတယ်။
ရှင်းပါတယ် လောကမှာချမ်းသာခြင်း ဆင်းရဲခြင်းဒီနှစ်ခုကတော့ လူတိုင်းတွေ့ကြုံရတဲ့ သဘာဝဓမ္မဆိုတော့က သတ္တ၀ါမှန်သမျှ အတွက်
နေမြဲဘုံဌာနတစ်ခုလို့ ဆိုရမလောက်ပါပဲ...။
  ဒီတရားတွေက ဘယ်သူမဆိုကြုံကြရ ဆုံကြရမှာမလွဲဘူး..
ခုနေတော့ပျော်နေတယ် အဲသိပ်မကြာဘူး ၀မ်းနည်းကြေကွဲစရာတွေ က 
ဖြုတ်ခနဲရောက်လာရော....ဒီလိုမျိုးကိစ္စတွေက ငါတစ်ယောက်တည်းသာကြုံရတာ ငါကံဆိုးလေခြင်းဆိုပြီးတော့ တွေးပြီး ပူပန်ဆင်းရဲတော့ မနေပါနဲ့ လူ့ဘ၀ကတိုပါတယ်....နေရာတုန်းအခိုက် ငါဘာလုပ်သင့်သလဲဆိုတာကိုပဲ အဖြေရှာသင့်ပါတယ်.... ဒီလိုအဖြစ်အပျက်မျိုး ငါတင်မကဘူး တစ်လောကလုံးမှာရှိတဲ့သတ္တ၀ါတွေတိုင်း ကြုံတွေ့ရတက်တဲ့ အရာတွေ
လို့ တွေးပြီးဖြေဖျောက်မယ်ဆိုရင်တောင် နဲနဲတော့ သက်သာဦးမယ်....
ပြီးတော့ ဒီလို သောကရောက်စရာ အကြောင်းတွေနဲ့ ကြုံလာရင် ထိုက်သင့်သလောက် သက်သာအေးချမ်းစေနိုင်မယ့် နည်းလမ်းတွေ မရှိဘူးလား ဒါကိုအဖြေရှာတက်ဖို့လိုတယ်။ ဒီနေရာမှာ သက်သာရာရမယ့်နည်းလမ်းကို ညွန်ပြရရင် ဗုဒ္ဓရဲ့ ဒုက္ခလွတ်ကြောင်းတရားတွေပဲ ညွန်ပြရမှာပဲ..သို့သော်လည်း လူဆိုတာက တရားဆိုတဲ့ အသံကိုကြားတာနဲ့ ငြည်းငွေ့ပျင်းရိသွားတက်ကြတာ များတယ်...ဒါကြောင့်မို့လည်း မြတ်ဘုရားက ပါပသ္မိံ ရမတိမနော လို့ဟောခဲ့တာဖြစ်ပါတယ်...စိတ်ဆိုတာ ကောင်းတဲ့ဘက်မှာကျက်စားပျော်ဝင်
စေဖို့ အတော်ခက်ခဲတာပဲ  မကောင်းတာကို လုပ်ဖို့ဆိုရင် လန်းဆန်းတက်ကြွနေတက်ကြတာ။ မြတ်ဘုရားရဲ့တရားတော်တွေဆိုတာ လာလှည့် ရှူ့လှည့် ဆိုတဲ့ ဧဟိပဿိက ဂုဏ်တော်နဲ့ ပြည့်စုံတဲ့တရားတွေဆိုတော့ အဝေးကနေ လူပြော သူပြော နဲ့ နားထောင်နေရုံနဲ့တော့ အေးချမ်းတဲ့ အရသာကို ခံစားနိုင်မှာ မဟုတ်ပါဘူး.... အဲကိုယ်စိတ်နှစ်ဖြာ အေးချမ်းစေဖို့ကတော့ 
ဘုရားဟောတရားတွေကို သိအောင်လုပ် သိရင် နဲနဲလေးဖြစ်ဖြစ် စပြီးတော့ကျင့် အများကြီးမဟုတ်ဘူး...ဘုရားရှင်ရဲ့ တရားတော်တွေဆိုတာ တကယ်အဟုတ်မကျင့်ဘဲ ရွတ်ဖတ်ပွားများနေစဉ်မှာတောင် တကယ်ငြိမ်းချမ်းစေတက်တာ အမှန်ပါပဲ...ဒီနေရာမှာ တရားအားထုတ်ဖို့ ခက်ခဲအခြေအနေ ခက်ခဲတဲ့ နေရာမှာရောက်နေတယ်ဆိုရင် သင်တို့လောလောလတ်လတ်
ခကြုံနေရတဲ့ သောကတွေ တခဏတာ ငြိမ်းချမ်းစေဖို့ နည်းလမ်းလေးတစ်ခုတော့ ပေးချင်ပါတယ်....ယခုသင်သောကတွေရောက်နေတယ်
စိတ်ဆင်းရဲနေတယ်ဆိုတာ ခနလေး တကယ့်ခနလေး မေ့ထား လန်းဆန်းသွားအောင် ရေချိုးပစ်လိုက် ပြီးရင် ကောင်းမွန်တင့်တယ်တဲ့ အ၀တ်အစားတွေကို ၀တ်ပြီး သင်ကြည်ညိုကိုးကွယ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူဆူ သို့မဟုတ် ပုံတော် တစ်ဆူရှေ့မှာ သန့်ရှင်းကြည်လင်တဲ့ သောက်တော်ရေ တစ်ခွက် သို့မဟုတ်သုံးခွက် ကို ရိုရိုသေသေ ကပ်ပြီး ကိုယ်ရတဲ့ ကန်တော့ချိုးတစ်ခုခုနဲ့ ပူဇော်လိုက်ပါ....သင်ပူဇော်လို့ပြီးသွားရင် နာရီဝက်လောက်တော့ အချိန်တော့ ပေးရမယ်  ပုတီးစိပ်နေကြ သူအတွက်တော့ မိမိ စိပ်နေကြ 
ဂုဏ်တော်တစ်ခုခုကို ပုတီးအလုံးရေ ရဖို့ ရှေ့တန်းမတင်ဘဲ ဘုရားရှင်ရဲ့ ဂုဏ်တော်ကို ပေါ်လွင်အောင် မိမိအာရုံမှာ အာရုံပြုပြီး ပူဇော်ပါ....ပုတီးမရှိသူအတွက်လည်း မိမိအာရုံမှာပဲ စူးစူးစိုက်စိုက် နဲ့ အာရုံပြုပူဇော်ပါ...အဲဒီလိုမှတ်ရတာအဆင်မပြေရင် မိမိလက်ကလေးများကို ချိုးရေတွက်ခြင်းမျိုးနဲ့လည်း ပူဇော်နိုင်ပါတယ်...

ဥပမာ မိမိက အရဟံ ဂုဏ်တော်ကို ပွားမယ်ဆိုပါတော့ အရဟံ -ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရားဆိုပြီး အာရုံရရ ပူဇော်နိုင်ပါတယ်....ဒါဟာ သက်သောင့်သက်သာ နဲ့ မိမိတို့စိတ်သောကတွေကို အထိုက်အလျောက် သက်သာစေနိုင်တဲ့ အခြေခံ နည်းလမ်းလေးပါပဲ......ပြောရမယ်ဆိုရင်တော့ အဲဒီလို အခြေခံ နည်းလမ်းတွေ တော်တော်များပါတယ်...အသေးစိတ်ပြောမယ်ဆိုရင် လည်းပြောလို့ရပါသေးတယ်....သို့သော်လည်း ဒီလောက်နဲ့ တစ်ခဏတာ စိတ်သောကတွေကို ပြေပျောက်စေတဲ့ နည်းလေးကိုပဲ ကျင့်ပြီး အေးချမ်းမှု့ ကို ရယူနိုင်ပါစေလို့ ဒီနေရာကနေမျှဝေလိုက်ပါတယ် ...နောင်ကိုလည်း မိမိတို့ရဲ့ အဇ္ဈာသယ နဲ့ ကိုက်ညီမယ့် စိတ်ပူပန်မှု့များ သက်သာစေမည့်နည်းလမ်းများကို လည်း သိသမျှတင်ပြပေးပါဦးမယ်...မေတ္တာဖြင့် 
             အနော်မာ(taymi)

Wednesday, March 21, 2012

တစ်မနက်စာ လူ့ဘဝ

ပုပ္ဖာနိ ဟေဝ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။
 အတိတ္တညေဝ ကာမေသု၊ အန္တကော ကုရုတေ ဝသံ။
  ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသောသူကဲ့သို့ ကာမဂုဏ်တို့ကို ဆွတ်ခူးလျက် မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာ ကပ်ငြိသည့် စိတ်ရှိသော ကာမဂုဏ်တို့၌ မရောင့်ရဲနိုင်သောသူကို သေမင်းယုတ်သည် မိမိအလိုအတိုင်း ပြုနိုင်၏
     ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော်  ပုပ္ဖ၀ဂ် ပဋိပူဇိက ကုမာရီဝတ္ထုကိုဖတ်ပြီး ခံစားမိတာနဲ့ ဒီအကြောင်းလေးကို ရေးလိုက်ရခြင်းပဲဖြစ်ပါတယ်....တကယ်တော့ လူ့ဘ၀ဆိုတာ အင်မတန်တိုတောင်းလွန်းလှတာကိုလူတွေကမေ့နေကြလို့သာ စားကာအိပ်ကာ ပျော်ရွှင်ကာနေနိုင်ကြတာပါ...ပဋိပူဇိကနတ်သမီးလေးအ
ကြောင်းကို အတိုချုပ်ပြောရမယ်ဆိုရင် တစ်နေ့ သောအခါ တာဝတိံသာနတ်ပြည်မှာ ပဋိပူဇိကာ အပါအ၀င် နတ်သမီးအယောက်ငါးရာ ဥယျာဉ်တော်မှာ သူတို့ အရှင်သခင်နတ်သားအတွက် ပန်းတွေခူးနေခိုက် ပဋိပူဇိက နတ်သမီး စုတိစိတ်ကျလို့ ဖြုတ်ခနဲ သေဆုံးသွားတယ်....မကြာသောအချိန်လေးမှာပဲ လူပြည့်ရဲ့ ချမ်းသာသော အမျိုးမှာ သွားဖြစ်တယ်..ပဋိပူဇိက နတ်သမီးအလောင်း
ကလေးမလေးဟာ သူဟာ ဘယ်ဘ၀ကလာတယ်ဆိုတာ မှတ်မိတဲ့ ဇာတိဿရ ဉာဏ်ကိုလည်းရတော့ သူ့ရဲ့အရင်ဘ၀ကို ပြန်လည်လိုချင်တာကြောင့် လူ့ဘ၀မှာ ရှိနေတဲ့ အခိုက် ကုသိုလ်ကောင်းမှု့တွေကို အားကျိုးမာန်တက် ကြိုးစားပြုတာပေါ့...
ဗုဒ္ဓဝေယျာဝေစ္စ ဓမ္မဝေယျာဝေစ္စ သံဃာ့ဝေယျဝေစ္စတွေ ကို မလစ်ဟင်းရအောင်ပြုရင် ကျင့်ဝတ်သီလနဲ့လည်းပြည့်စုံစေပါသတဲ့ အဲဒီလို ကောင်းမှု့ကို ပြုပြီးတိုင်းမှာလည်း သူဟာဆုတောင်းမှု့တစ်ခုကိုတစိုက်မတ်မတ် ပြုလေ့ရှိတယ်..အဲဒါကတော့ ဒီလိုပြုလုပ်ရတဲ့ကောင်းမှု့ကြောင့် အရင်ဘ၀က သူ့လင်တော်မောင် နတ်သားရှိတဲ့ တာဝတိံသာနတ်ပြည်မှာ ဖြစ်ရပါလို၏လို့ အမြဲလိုလိုဆုတောင်းပါသတဲ့...အဲဒီလိုနဲ့ အရွယ်ရောက်လို့ အိမ်ထောင်ကျပြီး ကလေးလေးယောက်ရပြီးတဲ့နောက် အသက်၅၀ လောက်မှာ ကွယ်လွန် အနိစ္စရောက် လို့ သူဆုတောင်းတဲ့အတိုင်းနတ်ပြည်မှာ ပြန်ဖြစ်တယ်...ခဏတာပျောက်သွားတာကို သတိထားမိတဲ့ နတ်သားက စောစောက ဘယ်ပျောက်သွားတာလဲလို့ မေးတော့ သူက ဒီနတ်ပြည်ကနေ စုတိရွေ့လျောပြီး လူ့ပြည်မှာလူသွားဖြစ်တယ်ဆိုတာပြောပြတယ်...အဲဒီမှာ နတ်သားက အင်မတန်အံ့သြပြီး လူ့ဘ၀ဆိုတာ ဒီလောက်တောင်မှ အသက်တမ်းတိုတောင်းလွန်းလှပါတကားလို့ သံဝေဂ ပွားမိသွားတယ်...ဒါနဲ့ နတ်သမီးကိုမေးတယ် ....ဒီလောက်သက်တမ်းတိုတောင်းတဲ့ လူ့ဘ၀မှာ လူတွေဟာ ကုသိုလ်ကောင်းမှုတွေကို အားကျိုးမာန်တက်လုပ်နေကြသလားလို့ပေါ့ ....နတ်သမီးကဖြေတယ်
လူတွေက ကုသိုလ်ကောင်းမှု့တစိုက်မတ်မတ်ကိလုပ်တဲ့သူအင်မတန်ရှားပါးကြောင်း
စားကာအိပ်ကာပျော်ရွှင်ကာသာ နေကြတဲ့အကြောင်းပြောပြတယ်...တာဝတိံသာနတ်ပြည်ရဲ့တစ်
မနက်စာလောက်သာရှိတဲ့ လူ့ဘ၀အချိန်လေးအတွင်းမှာ လူတွေဟာ ကုသိုလ်တရားတွေပြုဖို့မေ့နေကြတဲ့ အတွက် အဲဒီလူ့ဘ၀ကနေ ပျက်ရွှေ့ကွယ်လွန်တဲ့အခါ ကောင်းမွန်တဲ့ ဘ၀တွေကိုမရပဲ အပါယ်လေးဝကို ဆင်းသွားတဲ့သူတွေက များတယ်ဆိုတာ ဒီနေရာမှာ ဖော်ပြချင်တာပါ.....စားရေး ၀တ်ရေး နေရေး ဆိုတဲ့ ရေးပေါင်းများစွာနဲ့ လူ့ဘ၀ကြီးမှာအချိန်ကုန်ရင်းကောင်းမှု့ပြုရမယ်မှန်းမသိ ပျော်ရွှင်ယစ်မူး
နေကြတာ သံဝေဂ ယူစရာကောင်းပါတယ်....ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ မိမိကိုယ်ကို အမြဲတမ်းအသက်ရှင်တည်ရှိနေမယ်လို့
ထင်မြင်ပြီး အေးအေးဆေးဆေး နေနေကြတာ တကယ်တော့ လူ့ဘ၀ဆိုတာ အင်မတန်တိုတောင်းလွန်းတဲ့ ကာလအတွင်း အသက်ရှင်နေနေကြရတယ်ဆိုတာ နားလည်သဘောပေါက်သင့်လှပါတယ်
  ရခဲလှတဲ့လူ့ဘ၀ ၊ကြားနာခဲလှတဲ့ ဗုဒ္ဓတရားတွေကို နာကြားခွင့်ရခိုက်မှာ မိမိတို့ အနေနဲ့ မေ့လျော့ပေါ့ဆ မနေဘဲ ကုသိုလ်တရားတွေကို ဆည်းပူးဖြည့်ကျင်ကြဖို့ လိုအပ်လှပါတယ်...အဲဒီလိုမှမဟုတ်ပဲ ပေါ့တီးပေါ့ဆ နေထိုင်ရင်း လူ့ဘ၀ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီး ပစ်လိုက်မယ်ဆိုရင်တော့  မိုက်မဲရာ ကျမှာဖြစ်ပြီး မိမိကိုယ်ကို တူးဖြို
ဖျက်ဆီးပစ်ရာရောက်သွားမှာဖြစ်ပါတယ်......ယနေ့ခေတ်ကြီးမှာ လူတွေရဲ့သက်တမ်းဟာ အင်မတန် တိုတောင်းသွားပါပြီ...
အသက်ရာကျော်နေနိုင်တဲ့ သူဆိုတာ အင်မတန်ရှားသွားပါပြီ
ဒီလို အသက်ရှင် နေစဉ်အတွင်း အရေးပေါင်းများစွာနဲ့ မေ့လျော့ ပေါ့ဆမနေသင့်တော့ပါဘူး.....ဒါကြောင့် 
ကိုယ့်ဘ၀ ရိက္ခာထုပ်ကို တစ်ခြားဘယ်သူမှ ကူညီထုပ်ပိုးပေးလို့ မရပါဘူး မိမိအတွက် မိမိကိုယ်တိုင် ထုပ်ပိုးပြင်ဆင်ထားနိုင်မှသာလျှင်မိမိဘ၀အတွက် စိတ်ချလက်ချ နေနိုင်မှာဖြစ်ပါတယ်....ဒါကြောင့်တစ်မနက်စာ လူ့ဘ၀လေးကို တန်ဖိုးရှိရှိ အသုံးချရင်း ကောင်းမွန်တဲ့ ဘ၀တွေကို ပိုင်ဆိုင်နိုင်ဖို့ အတွက် အားလုံးသောအရေးတွေထက် မိမိဘ၀အတွက် 
ကောင်းမှု့ တရားတွေကို ဖြည့်ဆည်း ထုပ်ပိုးနိုင်ကြဖို့လိုအပ်လှပါကြောင်း တင်ပြရင်း........။