Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Wednesday, March 7, 2012

စွမ်းအား

 လောကကြီးအကျိုးကိုဆောင်ရွက်ဖို့ 
ဆွေမျိုးတွေ ကိုချီးမြှောက်ဖို့ အတွက် 
ကိုယ့်အကျိုးကို အရင်ကြည့်ရမယ်..
ကိုယ့်အကျိုးဆိုတာ တိုက်ဆောက်နိုင်ဖို့
ကားစီးနိုင်ဖို့ ကိုယ့်အိပ်ထဲ ကိုယ်ထဲ့ဖို့ ကိုပြောတာမဟုတ်ဘူး...
ကိုယ့်အရည်အချင်းကို ပြည့်ဝအောင် ဖြည့်ဆည်းဖို့ကိုပြောတာ.....
  လောကကြီးမှာ ကောင်းခြင်း ဆိုးခြင်းဆိုတဲ့ ဒီ အကြောင်းအရာ နှစ်မျိုး
လူတွေမှာယှဉ်တွဲ မှီကပ်လာရင် ဘယ်သူမဆို ကိုယ့်အတွက်သာကြည့်
ကြလေ့ရှိပါတယ်....ကောင်းခြင်းတရားတွေ ရမှာကိုမြင်ရင် ကိုယ့်အိတ်ထဲကို အရင်ဖြည့်ကြတယ်...ပိုမှသာ သူတစ်ပါးကို သတိရတက်ကြတာများတယ်...ဒါတောင်မှ စိတ်ကောင်းနှလုံးကောင်းရှိသူတွေမှသာ သူတစ်ပါးအတွက် အနည်းငယ်ကြည့်ပေးတက်တာမျိုး......အဲ မကောင်းမှု့ အန္တရာယ်နဲ့
ကြုံလာကြည့်ပါလား သူတစ်ပါးကို အရင်သတိပေးပြီးရှောင်ခိုင်းသလား
ကိုယ်ကဘေးလွတ်အောင် အရင်ပြေးသလား......အဲဒါပါပဲ လူဆိုတာ
ဘယ်သူကိုချစ်ချစ် မချစ်ချစ် ကိုယ့်ကိုယ်ကိုတော့ ချစ်ကြတာ ဓမ္မတာပဲ 
ဖြစ်ပါတယ်...ဥပမာအနေနဲ့ပြောရရင်ဗုဒ္ဓရှင်တော် ကိုယ်တိုင်ဘုရားဖြစ်တော်မူဖို့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ဆည်းတဲ့ ကာလတစ်လျှောက်လုံး စရိယ သုံးသွယ်ကို ကျင့်သုံးခဲ့တာပါပဲ....လောကအကျိုး ဆွေမျိုးညာတကာတွေရဲ့ အကျိုး
မိမိအကျိုးဆိုတဲ့ ဒီအကျိုးသုံးပါးလုံး ဖြည့်ကျင့်ခဲ့တာဟာ ပရိနိဗ္ဗာန်စံဝင် ကူးမြောက်သွားတဲ့ အထိပါပဲ.....ဒီစရိယသုံးပါးထဲမှာ ဗုဒ္ဓတ္ထစရိယ ဆိုတာ အရင်ဆုံးမိမိကိုယ်ကို ဘုရားဖြစ်တော်မူဖို့ ကျိုးစားအားထုတ်
ခြင်းကိုဆိုလိုပါတယ်...ဘုရားဖြစ်အောင်အရင်ဆုံး လုလ္လမပြုဘဲ သတ္တ
ဝါဝေနေယျတွေကို သံသရာ ၀ဲသြဃထဲက ကယ်မထုတ်ဆောင်နိုင်ဖို့
ဆိုတာ လွယ်ကူမယ် မဟုတ်ပါဘူး....မိမိကိုယ်တိုင် အားလုံးသောလောကလူသားတွေအပေါ် ကယ်တင်နိုင်ဖို့ ဆိုတာ 
ပြည့်စုံလုံလောက်တဲ့ စွမ်းပကားရှိဖို့လိုပါတယ်.....မိမိကိုယ်တိုင်က ချည့်နဲ့ယိမ်းယိုင်နေတယ်ဆိုရင်တော့ သူတစ်ပါးကိုကယ်တင်ဖို့ဆိုတာ မရေရာ မသေချာတဲ့ အလုပ်ကြီးပါပဲ......လူ့လောကမှာတစ်ချို့လူတွေက ကိုယ်ကိုယ်တိုင်
ကတော့ စွမ်းပကားနဲ့ ပြည့်စုံပါရဲ့ ဒါပေမယ့် သူတစ်ပါးကို ကယ်မတက်ဖို့ကြတော့ ပြည့်ဝတဲ့ အသိညာဏ်နဲ့ ဝေးနေတက်ပြန်ပါတယ်....ဥပမာ အနေနဲ့ ပြောရရင်
များပြားလှတဲ့ ဆွေမျိုးတွေ ကြားထဲမှာ တစ်ဦးက ချမ်းသာနေတယ်ဆိုပါတော့...ကျန်တဲ့ ညီကိုမောင်နှမတွေက ဆင်းရဲ
နေတယ်....အဲဒီဆင်းရဲနေတဲ့ ညီအစ်ကိုမောင်နှမတွေကို ငွေထုတ်ကြီး ပစ်ပေးပြီး ပေးဝေ နှီးရင်း
လုပ်တက်ရုံနဲ့ ညာတကာနဉ္စသင်္ဂဟော ဖြစ်လိမ့်မယ်လို့တော့ မထင်ဘူး....ဘာကြောင့်လဲဆိုတော့ အစကတည်းက စီးပွားရေးမလုပ်တက်တဲ့ အတွက်ကြောင့်ဆင်းရဲပါတယ်ဆိုမှ လုပ်တက်လို့ကတော့ ချမ်းသာနေတာကြာလှပေါ့..ဆင်းရဲနေလို့ စားစရာမရှိတဲ့အချိန် ဒီငွေထုတ်ကြီး လာပေးလို့တော့ ကဲ အဲဒီလူ
ဘာလုပ်မယ်ထင်လဲ စားဖို့အတွက် အဲဒီငွေကို အရင်သုံးမှာပေါ့...
ဒါဟာသဘာဝပဲလေ.....ဒါကြောင့် ဒါကြောင့် သူတစ်ပါးကို ကယ်တင်
နိုင်တဲ့ပုဂ္ဂိုလ်မျိုးဆိုတာ အဲဒီလူကို လမ်းကြောင်းပေါ်ရောက်အောင်ခေါ်တင်ပေးရုံနဲ့ မလုံလောက်သေးဘူး....ဒီလမ်းကသွားရတယ် ဒီကသွားရင် ဒီကိုရောက်မယ်ဆိုတဲ့ ပန်းတိုင်ကိုပါညွန်ပြပေးနိုင်စွမ်းရှိဖို့လည်းလိုတယ်...ဒါမှ ကယ်တင်ရှင်ပီသပေမပေါ့..နို့မိုဆိုရင် တော့ ကိုယ်က သူတို့ကိုကုန်းပိုးခေါ်သလိုမျိုးဖြစ်သွားမှာပေါ့ ....ကိုယ်လည်းခရီးမတွင်သူလည်းအကျိုးမပြီး အားလုံးအချည်းအနှီးဖြစ်ကြပေမပေါ့...တစ်ခါစားရရုံ ဟင်းစားပေးမယ့်အစား ကွန်ချက်ပါ ပြပေးနိုင်ရင်တော့ မြင့်မြတ်သူတစ်ယောက်လို့တောင်ပြောနိုင်တာပေါ့......ရှင်တော်မြတ်
ဘုရားကလည်း အဲဒီလိုစွမ်းရည်တွေကို ပြည့်ဝအောင် မိမိကိုယ်
မှာ လိုအပ်တဲ့ ချပ်ဝတ်တန်ဆာ တွေကို တပ်ဆင်ပြီးကာမှသာ 
အားလုံးသော သတ္တ၀ါတွေကို သံသရာရေယဉ်ကြောထဲက ထုတ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်....သကဲ့သို့ပဲ လောကလူသားတွေ
လည်း သူတစ်ပါးကို မြင့်တင်ပေးချင်ရင် မိမိကိုယ်မှာ လိုအပ်တဲ့ တန်ဆာပလာတွေကို အရင်တပ်ဖို့ အရေးကြီးတယ်ဆိုတာ မြတ်ဘုရားကိုတိုင် စရိယ သုံးသွယ်ကို ကျင့်သုံးခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ်....ကျွန်ုပ်တို့အားလုံးဟာဗုဒ္ဓရဲ့အဆုံးအမ တွေကို လက်ခံကျင့်သုံးနေကြတဲ့သူတွေဖြစ်လို့  ဗုဒ္ဓကိုယ်တော်တိုင် လက်တွေ့ကျင့်သုံးသွားတဲ့ စရိယသုံးသွယ်ကို ကျင့်သုံးရင်း လောကအကျိုး မိမိအကျိုး ဆွေမျိုးအကျိုးတွေကို စွမ်းစွမ်းတမံ အားထုတ်ဖြည့်ဆည်း လုပ်ကိုင်နိုင်ကြပါစေလို့ ဆုတောင်းလျက်..........
လူသားအားလုံး စွမ်းအားရှိတဲ့ သူများဖြစ်နိုင်ကြပါစေလို့ဆန္ဒပြုရင်း.....ဖြင့်...... 

Tuesday, March 6, 2012

ဆုံးမတာဖြစ်ပါစေ အမိန့်မပေးပါနဲ့

 ဒေါက်တာဃောသိတ ရေးထားတဲ့ စာအုပ်လေးတစ်အုပ်ထဲက အကြောင်းအရာလေးတစ်ခု ကိုဖတ်လိုက်ရလို့ အတွေးလေးပေါ်လာတာကြောင့် ဒီစာလေးကိုရေးလိုက်တာပါ...လူဆိုတာ ကြမ်းတမ်းခက်ထန်မှု့ကို ရွံရှာ
စက်ဆုတ်တက်တဲ့ လူမျိုးဆိုတော့ အမိန့်ပေးတာတို့ ဆဲဆိုအပြစ်တင်တာမျိုးဆိုရင် မကြိုက်တက်ကြပါဘူး...ငါသိ ငါတက် ငါကဆရာကြီးဆိုတဲ့ ဟန်ပန်မျိုးနဲ့ လာပြောရင် ဘယ်သူမှ မကြိုက်တက်ကြပါဘူး...နားမလည်သူကို နားလည်အောင် မသိသူကိုသိအောင် ယဉ်ယဉ်ကျေးကျေးပြောတက်ဖို့လိုပါတယ်...ကြမ်းတမ်းမှုဆိုတာကို
လူတွေမဆိုထားနဲ့ တိရစ္ဆာန်တွေတောင် မကြိုက်တက်ကြပါဘူး...
သာမန်အနေအထားမှာတောင် ကိုယ့်အပေါ်ဆရာလုပ်တာကိုတောင်  လူတွေကမကြိုက်လှပါဘူး....လူဆိုတာ စဉ်စားဆင်ခြင်တက်တဲ့ အသိညာဏ်ရှိပါတယ်...အိပ်ခြင်းစားခြင်း သွားလာခြင်း ကာမဂုဏ်ခံစားဆိုတာ လူမှာလည်းရှိပါတယ်..တိရစ္ဆာန်တွေမှာလည်းရှိပါတယ်...စဉ်းစားတွေး
ခေါ်တက်တဲ့ အသိညာဏ်တစ်ခုသည်သာလျှင် လူဟာ တရိစ္ဆာန်တွေနဲ့
ကွဲပြားသွားရခြင်းဖြစ်ပါတယ်..အသိညာဏ်ရှိတဲ့ လူတွေဖြစ်တဲ့အတွက် နားလည်သဘောပေါက်နိုင်စွမ်း ကိုယ်စီရှိကြတာမလွဲဧကန်ပါပဲ....ထိုကဲ့သို့သော လူသားတွေကို အမိန့်ပေးစေခိုင်းတာ အတင်းအဓမ္မပြောဆိုတာ စတဲ့ ကြမ်းတမ်းမှု့တွေကိုရွံရှာ တတ်တာ မဆန်းလှပါဘူး....လူဆိုတာ ကိုယ်
မကြိုက်တဲ့ အရာ ကိုယ်မနှစ်သက်တဲ့အပြုအမူမျိုးကို သူတစ်ပါးအပေါ်
မပြုမူသင့်ပါဘူး....သာမန်အသိညာဏ်လေးသာ ရှိတဲ့ ကလေးငယ်လေးတွေကလွဲရင် အရွယ်ရောက်လာသူတိုင်းက တော့ ခက်ထန်မာကျောတဲ့ အမိန့်တွေ ကို ဖီဆန်နေကြမှာပဲ ...လူတိုင်းက ကိုယ်သိကိုယ်တက် ဆိုတဲ့ အမြင်တွေရှိကြတာဆိုတော့ ဖြစ်နိုင်ရင်ငြင်
သာတဲ့ သိမ်မွေ့တဲ့ နည်းလမ်းတွေနဲ့ ပြောဆိုပြုမူတာကိုပဲ လက်ခံချင်
ကြတာချည်းပါပဲ....အဲဒါနဲ့ ပတ်သတ်လို့ ဦးဇင်းရဲ့ဆရာသမားတစ်ဦးအကြောင်းကို နည်းနည်းပြောချင်ပါတယ်.....သူက ဘာပဲလုပ်လုပ် ဖြစ်ကိုဖြစ်ရမယ်
သူခိုင်းတာကို ဖြစ်အောင်လုပ်မှလည်းကြိုက်တက်တယ်....ဒါပေမယ့်
မခိုင်းတက်တော့ တပည့်တွေရဲ့ငြိုငြင်မှု့ ကို ခံရပုံလေးပါ...တစ်ခါက ကျောင်းဝင်းထဲက အုန်းပင်တစ်ပင်လဲလို့ အဲဒါ ချောင်းရေဆင်းတံတားလုပ်ဖို့ အဲဒီအုန်းပင်ကို လဲကျတဲ့နေရာကနေ ချောင်းထဲကို ဆွဲချဖို့ တပည့်ကိုရင်တွေနဲ့ လုပ်နေတယ် ကိုရင်တွေကလည်း ၁၂ နှစ် ၁၃ နှစ်အရွယ်တွေ အပါးနှစ်ဆယ်လောက်နဲ့ပေါ့ .. အင်အားကများပေမယ့် အားအင်က နည်းနေလို့ ၁၅တာင်ကျော်အတောင်၂၀နီပါးရှိတဲ့ အုန်းပင်က လှုပ်ရုံရွေ့ရုံလောက်ပဲ တက်နိုင်တယ်...ဒါကို မစဉ်းစားဘဲ လုပ်ရင်ရရမယ်ဆိုတဲ့ စိတ်နဲ့ အတင်းရွေ့ခိုင်းတာ ကိုကလည်း ရပ်ကြည့်နေလို့ မရတာနဲ့ ၀င်ကူရတာပေါ့..ဒါပေမယ့်မရပါဘူး...အဲဒါကြောင့် အကျိုးအကြောင်း
လေးပြောပြလိုက်ပါတယ်...အုန်းပင်က ကြီးနေတယ် င်္ဒီအင်အားနဲ့ မရလောက်ဘူးလို့ ပြီးတော့ တွန်းချတဲ့နေရာနဲ့ ချောင်းနဲ့က သိပ်မဝေး
လို့ လူကြီး ၂ယောက်၃ယောက်လောက်ကို အကူအညီတောင်းဖို့ ပြီးတော့ ချောင်းရေတက်တဲ့ အချိန်ရောက်မှ လုပ်ဖို့ အဲဒါဆိုရင် သိပ်ပင်ပန်းစရာမလိုတော့ဘူးပေါ့ ...ခုတော့ ချောင်းစပ်ကနေရေရှိတဲ့နေရာကိုရောက်ဖို့ လတာပြင်ကျယ်ကြီးထဲမှာ မလွယ်ဘူးလို့ပြောလိုက်တယ် ...ဒါပေမယ့်
ရအောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်လိုက်တာ ကိုရင်တွေလည်း ဖက်ဖက်ကိုမောနေတာပဲ...ကုန်းပေါ်ကနေ ချောင်းထဲကိုရောက်အောင်
တော့ လုပ်လို့ရတာပေါ့   လတာပြင်ပေါ်လည်းရောက်ရော ကုန်းပေါ်က ကျတဲ့ အရှိန်နဲ့ အုန်းတုံးကရွှံ့ထဲမှာနစ်နေတယ် အဲဒါကိုမရ ရအောင်လုပ်တာ ၃နာရီကျော်ကျော်လောက်ကြာတယ်...မရဘူး...အဲဒီလိုနဲ့ရေလည်းတက်လာတော့
မှ အုန်းတုန်းက ရွံ့ထဲမှာနစ်နေတယ်...စောစောကပြောသလို ရေတက်မှ မသာလေးလှိမ့်ချလိုက်ပြီး  လိုချင်တဲ့နေရာကို အသာလေး ရေနဲ့မျှောပြီးယူသွားရင် ရနိုင်ပါလျက် အတင်းကြီး ရကိုရ ရမယ်ဆိုတဲ့ စိတ်နဲ့ ခိုင်းတော့ အားလုံးအချိန်ကုန်လူပမ်းဖြစ်ရတာပေါ့
တပည့်တွေလည်း ငြူစူကြတာပေါ့ ....ပြီးတော့ မဖြစ်နိုင်တာမရှိဘူး
လို့ပြောတဲ့ လူကိုယ်တိုင်က ဘယ်နေရာမှ မပါဝင် မလုပ်ကိုင်တော့ 
အားလုံးရဲ့စိတ်ထဲမှာ ဘယ်လိုနေမလဲ စဉ်းသာစဉ်းစားကြည့်ပေတော့
ဒါကြောင့်ကိုယ်ကိုယ်တိုင် က မလုပ်ကြည့်ပဲ လုပ်သာလုပ် ဖြစ်ကိုဖြစ်
ရမယ်ဆိုပြီး အတင်းခိုင်းတာဟာ လူသားတွေအတွက်တော့ ခါးသီး
မှု့တစ်ခု ဖြစ်သွားတက်ပါတယ်....လေးစားမှု့တွေလည်း ပျောက်သွားနိုင်ပါတယ်
နိဂုံးချုပ်အနေနဲ့ပြောရရင် လူနဲ့လူချင်း ကစလို့ အားလုံးသောသတ္တ၀ါ
တွေ အပေါ် နူးညံ့ညင်သာတဲ့ ဆက်ဆံမှုတွေနဲ့ ဆက်ဆံနိုင်ကြပါစေ
လူနဲ့လူချင်း မေတ္တာတရားတွေ ထားနိုင်ကြပါစေ
ကောင်းမွန်တဲ့ ဆိုဆုံးမမှု့မျိုးတွေ ပေးတက်ကြပါစေ
ကိုယ်ချင်းစာတက်ကြပါစေ
လူကိုလူလို့မြင်တက်ကြပါစေ