ရွာချင်းတိုင်းရွာသွန်းပစ်လိုက်ဖို့
ငါဟာတိမ်တစ်အုပ်မဟုတ်ပါ....ဒါပေမယ့်
ကောင်းကင်ကို ပြန်လည် ရွာသွန်းပစ်ဖို့တာဆူနေတဲ့ ရေငွေ့လေး
တွေတော့ ဖြစ်ခွင့်ရှိပါတယ်.......
ငယ်စဉ်ကတည်းက အစုပ်လိုက် ကြဲပက်ထားတဲ့ အိပ်မက်ကိုပဲ
ရှင်သန်ကြီးထွားလာအောင် မနည်းပြုစု ပျိုးထောင်နေရတယ်....
အဖေ အမေတွေပေးတဲ့ နာမည်တစ်လုံးနဲ့ လည်း မလုံလောက်လို့လား
ခေါ်ချင်ရာ ခေါ်နေတဲ့ လူ့ပတ်ဝန်းကျင်မှာ ငါဟာ ခါးတောင်းကျိုက်တန်း
လန်းနဲ့ မျှော်လင့်တက်လာတာလေးတစ်ခုပဲ ချမ်းသာလာခဲ့တာ......
တစ်နေ့တာ အချိန်တွေကို တန်ဖိုးထားတက်တဲ့ မှုန်ဝါးဝါး အသိညာဏ်လေးတောင် ငါ့ခေါင်းမှာ မချိတ်မိခဲ့ဘူး.....နုံလွန်းတယ်လို့
ခဏခဏပြောခံရတဲ့ အသုံးမ၀င် လူသားသစ်ပင်တစ်ပင်ကို လက်ညှိုးထိုးပြပါ
ဆိုရင် အဲဒါ ငါပဲဖြစ်မယ်ထင်တယ်......ဒါပေမယ့် အချိုးကျွမ်းကျင်တဲ့
ကံကြမ္မာဆရာကြီးရဲ့ ဖဲချပ်တွေ ကြားထဲမှာ ငါဟာ အသုံးဝင် အချပ်
လေးတစ်ချပ်ဖြစ်တယ်လို့ သက်သေပြစရာ အပြောင်းအလဲလေးတစ်ခု
ကို လက်ခံရရှိလိုက်တယ်.....ငါဟာ ဘာမှမဟုတ်ပါဘူး....သို့သော်လည်း ငါ့ကိုယ့်ငါ ဘာမှမဟုတ်ပါဘူးလို့
သိလိုက်တာလေးကိုကပဲ လောကကြီးထဲမှာ နေတက်ဖို့ ဖြစ်လာခဲ့တယ်
အရိုး အပြိုင်းပြိုင်းကျနေတဲ့ ငါ့အိပ်မက်စိုက်ခင်းလေးကို ငါ မြတ်နိုး
တက်လာတယ်.....ငါဟာမရွာသွန်းနိုင်သေးတဲ့ မိုးတစ်ပေါက် နောက်ပြီးတော့ တိမ်တစ်အုပ် ပြီးတော့ ရေခိုးရေငွေ့လေး တစ်မြှူ ဖြစ်လာနိုင်ခွင့်တွေ ရှိမှန်း
သိလာတယ်....ငါအခုရပ်နေတာ ကမ္ဘာမြေကြီးပေါ်မှာ တစ်ချိန်မှာ
ငါ ကမ္ဘာမြေကြီးထဲကို ရောက်သွားရဦးမှာပဲ .....
ဒါပေမယ့် ငါ ကျေနပ်တယ်....ငါဟာဒီမြေပြင်ကြီးအတွက် အကျိုးပြုနိုင်မယ့် မြေသြဇာ တွေလည်းဖြစ်နိုင်သေးတယ်..
လောလောဆယ်တော့ ငါရဲ့ စိုက်ခင်းလေး စိမ်းစိုရှင်သန်အောင်
ရေလောင်းပေါင်းသင် ဂရုစိုက် ပျိုးထောင်နေရသေးတဲ့ကာလပဲရှိသေးတယ်.....
ငါ့ရဲ့ စိုက်ခင်းလေးက သီးပွင့်လာမယ့် အသီးအပွင့်တွေဟာငါ့အတွက် ချိုမြိန်မှု ပေးစွမ်းနိုင်သည် မပေးစွမ်းနိုင်သည် ငါမသိသေးဘူး...
ဒါပေမယ့် ငါ့ရင်ထဲမှာ စုဆောင်းထားတဲ့ ခံစားမှုတွေကတော့
ဒီစာမျက်နှာပေါ်မှာရွာချပစ်လိုက်မိပါပြီ
အို လောကကို ပိုင်စိုးသော ပုဂ္ဂိုလ် အပေါင်းတို့ ငါသည် လူသားတစ်
ယောက်ဖြစ်ချေ၏.....သို့အတွက်ကြောင့် လူသားတစ်ယောက်ပိုင်ဆိုင်ခွင့်ရှိသော စွမ်းအင်များပေးသနားတော်မူ
ပါလော့ ....ငါသည်ငါ့အတွက်မဟုတ် ကြောင်း ရွာသွန်းခြင်းဖြင့် သက်
သေပြပါမည်........ငါ့အား တစ်မိုးလုံးစာအတွက် မဟုတ်သော်ငြားလည်း
တစ်ပြိုက် နှစ်ပြိုက်စာ ခွန်အားများ ပေးတော်မူပါလော့.....
လောကကြီးထဲ မျှော်လင့်ချက်အိပ်မက်
တွေ အထူကြီးမက်ပြီး ပန်းတိုင်ဆီ ချီတက်
နေကြသော လူသားတို့အတွက် ရေးဖွဲရုံမျှသာဖြစ်ပါသည်......
စာရေးဆရာမဟုတ်တဲ့ အတွက် တစ်စုံတစ်ခုသောရသ ကို မပေးစွမ်း နိုင်ခြင်းမှာ စာရေးသူရဲ့ အားနည်းချက်ပင်ဖြစ်ပါသည်......
Thursday, March 8, 2012
Wednesday, March 7, 2012
စွမ်းအား
လောကကြီးအကျိုးကိုဆောင်ရွက်ဖို့
ဆွေမျိုးတွေ ကိုချီးမြှောက်ဖို့ အတွက်
ကိုယ့်အကျိုးကို အရင်ကြည့်ရမယ်..
ကိုယ့်အကျိုးဆိုတာ တိုက်ဆောက်နိုင်ဖို့
ကားစီးနိုင်ဖို့ ကိုယ့်အိပ်ထဲ ကိုယ်ထဲ့ဖို့ ကိုပြောတာမဟုတ်ဘူး...
ကိုယ့်အရည်အချင်းကို ပြည့်ဝအောင် ဖြည့်ဆည်းဖို့ကိုပြောတာ.....
လောကကြီးမှာ ကောင်းခြင်း ဆိုးခြင်းဆိုတဲ့ ဒီ အကြောင်းအရာ နှစ်မျိုး
လူတွေမှာယှဉ်တွဲ မှီကပ်လာရင် ဘယ်သူမဆို ကိုယ့်အတွက်သာကြည့်
ကြလေ့ရှိပါတယ်....ကောင်းခြင်းတရားတွေ ရမှာကိုမြင်ရင် ကိုယ့်အိတ်ထဲကို အရင်ဖြည့်ကြတယ်...ပိုမှသာ သူတစ်ပါးကို သတိရတက်ကြတာများတယ်...ဒါတောင်မှ စိတ်ကောင်းနှလုံးကောင်းရှိသူတွေမှသာ သူတစ်ပါးအတွက် အနည်းငယ်ကြည့်ပေးတက်တာမျိုး......အဲ မကောင်းမှု့ အန္တရာယ်နဲ့
ကြုံလာကြည့်ပါလား သူတစ်ပါးကို အရင်သတိပေးပြီးရှောင်ခိုင်းသလား
ကိုယ်ကဘေးလွတ်အောင် အရင်ပြေးသလား......အဲဒါပါပဲ လူဆိုတာ
ဘယ်သူကိုချစ်ချစ် မချစ်ချစ် ကိုယ့်ကိုယ်ကိုတော့ ချစ်ကြတာ ဓမ္မတာပဲ
ဖြစ်ပါတယ်...ဥပမာအနေနဲ့ပြောရရင်ဗုဒ္ဓရှင်တော် ကိုယ်တိုင်ဘုရားဖြစ်တော်မူဖို့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ဆည်းတဲ့ ကာလတစ်လျှောက်လုံး စရိယ သုံးသွယ်ကို ကျင့်သုံးခဲ့တာပါပဲ....လောကအကျိုး ဆွေမျိုးညာတကာတွေရဲ့ အကျိုး
မိမိအကျိုးဆိုတဲ့ ဒီအကျိုးသုံးပါးလုံး ဖြည့်ကျင့်ခဲ့တာဟာ ပရိနိဗ္ဗာန်စံဝင် ကူးမြောက်သွားတဲ့ အထိပါပဲ.....ဒီစရိယသုံးပါးထဲမှာ ဗုဒ္ဓတ္ထစရိယ ဆိုတာ အရင်ဆုံးမိမိကိုယ်ကို ဘုရားဖြစ်တော်မူဖို့ ကျိုးစားအားထုတ်
ခြင်းကိုဆိုလိုပါတယ်...ဘုရားဖြစ်အောင်အရင်ဆုံး လုလ္လမပြုဘဲ သတ္တ
ဝါဝေနေယျတွေကို သံသရာ ၀ဲသြဃထဲက ကယ်မထုတ်ဆောင်နိုင်ဖို့
ဆိုတာ လွယ်ကူမယ် မဟုတ်ပါဘူး....မိမိကိုယ်တိုင် အားလုံးသောလောကလူသားတွေအပေါ် ကယ်တင်နိုင်ဖို့ ဆိုတာ
ပြည့်စုံလုံလောက်တဲ့ စွမ်းပကားရှိဖို့လိုပါတယ်.....မိမိကိုယ်တိုင်က ချည့်နဲ့ယိမ်းယိုင်နေတယ်ဆိုရင်တော့ သူတစ်ပါးကိုကယ်တင်ဖို့ဆိုတာ မရေရာ မသေချာတဲ့ အလုပ်ကြီးပါပဲ......လူ့လောကမှာတစ်ချို့လူတွေက ကိုယ်ကိုယ်တိုင်
ကတော့ စွမ်းပကားနဲ့ ပြည့်စုံပါရဲ့ ဒါပေမယ့် သူတစ်ပါးကို ကယ်မတက်ဖို့ကြတော့ ပြည့်ဝတဲ့ အသိညာဏ်နဲ့ ဝေးနေတက်ပြန်ပါတယ်....ဥပမာ အနေနဲ့ ပြောရရင်
များပြားလှတဲ့ ဆွေမျိုးတွေ ကြားထဲမှာ တစ်ဦးက ချမ်းသာနေတယ်ဆိုပါတော့...ကျန်တဲ့ ညီကိုမောင်နှမတွေက ဆင်းရဲ
နေတယ်....အဲဒီဆင်းရဲနေတဲ့ ညီအစ်ကိုမောင်နှမတွေကို ငွေထုတ်ကြီး ပစ်ပေးပြီး ပေးဝေ နှီးရင်း
လုပ်တက်ရုံနဲ့ ညာတကာနဉ္စသင်္ဂဟော ဖြစ်လိမ့်မယ်လို့တော့ မထင်ဘူး....ဘာကြောင့်လဲဆိုတော့ အစကတည်းက စီးပွားရေးမလုပ်တက်တဲ့ အတွက်ကြောင့်ဆင်းရဲပါတယ်ဆိုမှ လုပ်တက်လို့ကတော့ ချမ်းသာနေတာကြာလှပေါ့..ဆင်းရဲနေလို့ စားစရာမရှိတဲ့အချိန် ဒီငွေထုတ်ကြီး လာပေးလို့တော့ ကဲ အဲဒီလူ
ဘာလုပ်မယ်ထင်လဲ စားဖို့အတွက် အဲဒီငွေကို အရင်သုံးမှာပေါ့...
ဒါဟာသဘာဝပဲလေ.....ဒါကြောင့် ဒါကြောင့် သူတစ်ပါးကို ကယ်တင်
နိုင်တဲ့ပုဂ္ဂိုလ်မျိုးဆိုတာ အဲဒီလူကို လမ်းကြောင်းပေါ်ရောက်အောင်ခေါ်တင်ပေးရုံနဲ့ မလုံလောက်သေးဘူး....ဒီလမ်းကသွားရတယ် ဒီကသွားရင် ဒီကိုရောက်မယ်ဆိုတဲ့ ပန်းတိုင်ကိုပါညွန်ပြပေးနိုင်စွမ်းရှိဖို့လည်းလိုတယ်...ဒါမှ ကယ်တင်ရှင်ပီသပေမပေါ့..နို့မိုဆိုရင် တော့ ကိုယ်က သူတို့ကိုကုန်းပိုးခေါ်သလိုမျိုးဖြစ်သွားမှာပေါ့ ....ကိုယ်လည်းခရီးမတွင်သူလည်းအကျိုးမပြီး အားလုံးအချည်းအနှီးဖြစ်ကြပေမပေါ့...တစ်ခါစားရရုံ ဟင်းစားပေးမယ့်အစား ကွန်ချက်ပါ ပြပေးနိုင်ရင်တော့ မြင့်မြတ်သူတစ်ယောက်လို့တောင်ပြောနိုင်တာပေါ့......ရှင်တော်မြတ်
ဘုရားကလည်း အဲဒီလိုစွမ်းရည်တွေကို ပြည့်ဝအောင် မိမိကိုယ်
မှာ လိုအပ်တဲ့ ချပ်ဝတ်တန်ဆာ တွေကို တပ်ဆင်ပြီးကာမှသာ
အားလုံးသော သတ္တ၀ါတွေကို သံသရာရေယဉ်ကြောထဲက ထုတ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်....သကဲ့သို့ပဲ လောကလူသားတွေ
ဆွေမျိုးတွေ ကိုချီးမြှောက်ဖို့ အတွက်
ကိုယ့်အကျိုးကို အရင်ကြည့်ရမယ်..
ကိုယ့်အကျိုးဆိုတာ တိုက်ဆောက်နိုင်ဖို့
ကားစီးနိုင်ဖို့ ကိုယ့်အိပ်ထဲ ကိုယ်ထဲ့ဖို့ ကိုပြောတာမဟုတ်ဘူး...
ကိုယ့်အရည်အချင်းကို ပြည့်ဝအောင် ဖြည့်ဆည်းဖို့ကိုပြောတာ.....
လောကကြီးမှာ ကောင်းခြင်း ဆိုးခြင်းဆိုတဲ့ ဒီ အကြောင်းအရာ နှစ်မျိုးလူတွေမှာယှဉ်တွဲ မှီကပ်လာရင် ဘယ်သူမဆို ကိုယ့်အတွက်သာကြည့်
ကြလေ့ရှိပါတယ်....ကောင်းခြင်းတရားတွေ ရမှာကိုမြင်ရင် ကိုယ့်အိတ်ထဲကို အရင်ဖြည့်ကြတယ်...ပိုမှသာ သူတစ်ပါးကို သတိရတက်ကြတာများတယ်...ဒါတောင်မှ စိတ်ကောင်းနှလုံးကောင်းရှိသူတွေမှသာ သူတစ်ပါးအတွက် အနည်းငယ်ကြည့်ပေးတက်တာမျိုး......အဲ မကောင်းမှု့ အန္တရာယ်နဲ့
ကြုံလာကြည့်ပါလား သူတစ်ပါးကို အရင်သတိပေးပြီးရှောင်ခိုင်းသလား
ကိုယ်ကဘေးလွတ်အောင် အရင်ပြေးသလား......အဲဒါပါပဲ လူဆိုတာ
ဘယ်သူကိုချစ်ချစ် မချစ်ချစ် ကိုယ့်ကိုယ်ကိုတော့ ချစ်ကြတာ ဓမ္မတာပဲ
ဖြစ်ပါတယ်...ဥပမာအနေနဲ့ပြောရရင်ဗုဒ္ဓရှင်တော် ကိုယ်တိုင်ဘုရားဖြစ်တော်မူဖို့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ဆည်းတဲ့ ကာလတစ်လျှောက်လုံး စရိယ သုံးသွယ်ကို ကျင့်သုံးခဲ့တာပါပဲ....လောကအကျိုး ဆွေမျိုးညာတကာတွေရဲ့ အကျိုး
မိမိအကျိုးဆိုတဲ့ ဒီအကျိုးသုံးပါးလုံး ဖြည့်ကျင့်ခဲ့တာဟာ ပရိနိဗ္ဗာန်စံဝင် ကူးမြောက်သွားတဲ့ အထိပါပဲ.....ဒီစရိယသုံးပါးထဲမှာ ဗုဒ္ဓတ္ထစရိယ ဆိုတာ အရင်ဆုံးမိမိကိုယ်ကို ဘုရားဖြစ်တော်မူဖို့ ကျိုးစားအားထုတ်
ခြင်းကိုဆိုလိုပါတယ်...ဘုရားဖြစ်အောင်အရင်ဆုံး လုလ္လမပြုဘဲ သတ္တ
ဝါဝေနေယျတွေကို သံသရာ ၀ဲသြဃထဲက ကယ်မထုတ်ဆောင်နိုင်ဖို့
ဆိုတာ လွယ်ကူမယ် မဟုတ်ပါဘူး....မိမိကိုယ်တိုင် အားလုံးသောလောကလူသားတွေအပေါ် ကယ်တင်နိုင်ဖို့ ဆိုတာ
ပြည့်စုံလုံလောက်တဲ့ စွမ်းပကားရှိဖို့လိုပါတယ်.....မိမိကိုယ်တိုင်က ချည့်နဲ့ယိမ်းယိုင်နေတယ်ဆိုရင်တော့ သူတစ်ပါးကိုကယ်တင်ဖို့ဆိုတာ မရေရာ မသေချာတဲ့ အလုပ်ကြီးပါပဲ......လူ့လောကမှာတစ်ချို့လူတွေက ကိုယ်ကိုယ်တိုင်
ကတော့ စွမ်းပကားနဲ့ ပြည့်စုံပါရဲ့ ဒါပေမယ့် သူတစ်ပါးကို ကယ်မတက်ဖို့ကြတော့ ပြည့်ဝတဲ့ အသိညာဏ်နဲ့ ဝေးနေတက်ပြန်ပါတယ်....ဥပမာ အနေနဲ့ ပြောရရင်
များပြားလှတဲ့ ဆွေမျိုးတွေ ကြားထဲမှာ တစ်ဦးက ချမ်းသာနေတယ်ဆိုပါတော့...ကျန်တဲ့ ညီကိုမောင်နှမတွေက ဆင်းရဲ
နေတယ်....အဲဒီဆင်းရဲနေတဲ့ ညီအစ်ကိုမောင်နှမတွေကို ငွေထုတ်ကြီး ပစ်ပေးပြီး ပေးဝေ နှီးရင်း
လုပ်တက်ရုံနဲ့ ညာတကာနဉ္စသင်္ဂဟော ဖြစ်လိမ့်မယ်လို့တော့ မထင်ဘူး....ဘာကြောင့်လဲဆိုတော့ အစကတည်းက စီးပွားရေးမလုပ်တက်တဲ့ အတွက်ကြောင့်ဆင်းရဲပါတယ်ဆိုမှ လုပ်တက်လို့ကတော့ ချမ်းသာနေတာကြာလှပေါ့..ဆင်းရဲနေလို့ စားစရာမရှိတဲ့အချိန် ဒီငွေထုတ်ကြီး လာပေးလို့တော့ ကဲ အဲဒီလူ
ဘာလုပ်မယ်ထင်လဲ စားဖို့အတွက် အဲဒီငွေကို အရင်သုံးမှာပေါ့...
ဒါဟာသဘာဝပဲလေ.....ဒါကြောင့် ဒါကြောင့် သူတစ်ပါးကို ကယ်တင်
နိုင်တဲ့ပုဂ္ဂိုလ်မျိုးဆိုတာ အဲဒီလူကို လမ်းကြောင်းပေါ်ရောက်အောင်ခေါ်တင်ပေးရုံနဲ့ မလုံလောက်သေးဘူး....ဒီလမ်းကသွားရတယ် ဒီကသွားရင် ဒီကိုရောက်မယ်ဆိုတဲ့ ပန်းတိုင်ကိုပါညွန်ပြပေးနိုင်စွမ်းရှိဖို့လည်းလိုတယ်...ဒါမှ ကယ်တင်ရှင်ပီသပေမပေါ့..နို့မိုဆိုရင် တော့ ကိုယ်က သူတို့ကိုကုန်းပိုးခေါ်သလိုမျိုးဖြစ်သွားမှာပေါ့ ....ကိုယ်လည်းခရီးမတွင်သူလည်းအကျိုးမပြီး အားလုံးအချည်းအနှီးဖြစ်ကြပေမပေါ့...တစ်ခါစားရရုံ ဟင်းစားပေးမယ့်အစား ကွန်ချက်ပါ ပြပေးနိုင်ရင်တော့ မြင့်မြတ်သူတစ်ယောက်လို့တောင်ပြောနိုင်တာပေါ့......ရှင်တော်မြတ်
ဘုရားကလည်း အဲဒီလိုစွမ်းရည်တွေကို ပြည့်ဝအောင် မိမိကိုယ်
မှာ လိုအပ်တဲ့ ချပ်ဝတ်တန်ဆာ တွေကို တပ်ဆင်ပြီးကာမှသာ
အားလုံးသော သတ္တ၀ါတွေကို သံသရာရေယဉ်ကြောထဲက ထုတ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်....သကဲ့သို့ပဲ လောကလူသားတွေ
လည်း သူတစ်ပါးကို မြင့်တင်ပေးချင်ရင် မိမိကိုယ်မှာ လိုအပ်တဲ့ တန်ဆာပလာတွေကို အရင်တပ်ဖို့ အရေးကြီးတယ်ဆိုတာ မြတ်ဘုရားကိုတိုင် စရိယ သုံးသွယ်ကို ကျင့်သုံးခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ်....ကျွန်ုပ်တို့အားလုံးဟာဗုဒ္ဓရဲ့အဆုံးအမ တွေကို လက်ခံကျင့်သုံးနေကြတဲ့သူတွေဖြစ်လို့ ဗုဒ္ဓကိုယ်တော်တိုင် လက်တွေ့ကျင့်သုံးသွားတဲ့ စရိယသုံးသွယ်ကို ကျင့်သုံးရင်း လောကအကျိုး မိမိအကျိုး ဆွေမျိုးအကျိုးတွေကို စွမ်းစွမ်းတမံ အားထုတ်ဖြည့်ဆည်း လုပ်ကိုင်နိုင်ကြပါစေလို့ ဆုတောင်းလျက်..........
လူသားအားလုံး စွမ်းအားရှိတဲ့ သူများဖြစ်နိုင်ကြပါစေလို့ဆန္ဒပြုရင်း.....ဖြင့်......
Tuesday, March 6, 2012
ဆုံးမတာဖြစ်ပါစေ အမိန့်မပေးပါနဲ့
ဒေါက်တာဃောသိတ ရေးထားတဲ့ စာအုပ်လေးတစ်အုပ်ထဲက အကြောင်းအရာလေးတစ်ခု ကိုဖတ်လိုက်ရလို့ အတွေးလေးပေါ်လာတာကြောင့် ဒီစာလေးကိုရေးလိုက်တာပါ...လူဆိုတာ ကြမ်းတမ်းခက်ထန်မှု့ကို ရွံရှာ
စက်ဆုတ်တက်တဲ့ လူမျိုးဆိုတော့ အမိန့်ပေးတာတို့ ဆဲဆိုအပြစ်တင်တာမျိုးဆိုရင် မကြိုက်တက်ကြပါဘူး...ငါသိ ငါတက် ငါကဆရာကြီးဆိုတဲ့ ဟန်ပန်မျိုးနဲ့ လာပြောရင် ဘယ်သူမှ မကြိုက်တက်ကြပါဘူး...နားမလည်သူကို နားလည်အောင် မသိသူကိုသိအောင် ယဉ်ယဉ်ကျေးကျေးပြောတက်ဖို့လိုပါတယ်...ကြမ်းတမ်းမှုဆိုတာကို
လူတွေမဆိုထားနဲ့ တိရစ္ဆာန်တွေတောင် မကြိုက်တက်ကြပါဘူး...
သာမန်အနေအထားမှာတောင် ကိုယ့်အပေါ်ဆရာလုပ်တာကိုတောင် လူတွေကမကြိုက်လှပါဘူး....လူဆိုတာ စဉ်စားဆင်ခြင်တက်တဲ့ အသိညာဏ်ရှိပါတယ်...အိပ်ခြင်းစားခြင်း သွားလာခြင်း ကာမဂုဏ်ခံစားဆိုတာ လူမှာလည်းရှိပါတယ်..တိရစ္ဆာန်တွေမှာလည်းရှိပါတယ်...စဉ်းစားတွေး
ခေါ်တက်တဲ့ အသိညာဏ်တစ်ခုသည်သာလျှင် လူဟာ တရိစ္ဆာန်တွေနဲ့
ကွဲပြားသွားရခြင်းဖြစ်ပါတယ်..အသိညာဏ်ရှိတဲ့ လူတွေဖြစ်တဲ့အတွက် နားလည်သဘောပေါက်နိုင်စွမ်း ကိုယ်စီရှိကြတာမလွဲဧကန်ပါပဲ....ထိုကဲ့သို့သော လူသားတွေကို အမိန့်ပေးစေခိုင်းတာ အတင်းအဓမ္မပြောဆိုတာ စတဲ့ ကြမ်းတမ်းမှု့တွေကိုရွံရှာ တတ်တာ မဆန်းလှပါဘူး....လူဆိုတာ ကိုယ်
မကြိုက်တဲ့ အရာ ကိုယ်မနှစ်သက်တဲ့အပြုအမူမျိုးကို သူတစ်ပါးအပေါ်
မပြုမူသင့်ပါဘူး....သာမန်အသိညာဏ်လေးသာ ရှိတဲ့ ကလေးငယ်လေးတွေကလွဲရင် အရွယ်ရောက်လာသူတိုင်းက တော့ ခက်ထန်မာကျောတဲ့ အမိန့်တွေ ကို ဖီဆန်နေကြမှာပဲ ...လူတိုင်းက ကိုယ်သိကိုယ်တက် ဆိုတဲ့ အမြင်တွေရှိကြတာဆိုတော့ ဖြစ်နိုင်ရင်ငြင်
သာတဲ့ သိမ်မွေ့တဲ့ နည်းလမ်းတွေနဲ့ ပြောဆိုပြုမူတာကိုပဲ လက်ခံချင်
ကြတာချည်းပါပဲ....အဲဒါနဲ့ ပတ်သတ်လို့ ဦးဇင်းရဲ့ဆရာသမားတစ်ဦးအကြောင်းကို နည်းနည်းပြောချင်ပါတယ်.....သူက ဘာပဲလုပ်လုပ် ဖြစ်ကိုဖြစ်ရမယ်
သူခိုင်းတာကို ဖြစ်အောင်လုပ်မှလည်းကြိုက်တက်တယ်....ဒါပေမယ့်
မခိုင်းတက်တော့ တပည့်တွေရဲ့ငြိုငြင်မှု့ ကို ခံရပုံလေးပါ...တစ်ခါက ကျောင်းဝင်းထဲက အုန်းပင်တစ်ပင်လဲလို့ အဲဒါ ချောင်းရေဆင်းတံတားလုပ်ဖို့ အဲဒီအုန်းပင်ကို လဲကျတဲ့နေရာကနေ ချောင်းထဲကို ဆွဲချဖို့ တပည့်ကိုရင်တွေနဲ့ လုပ်နေတယ် ကိုရင်တွေကလည်း ၁၂ နှစ် ၁၃ နှစ်အရွယ်တွေ အပါးနှစ်ဆယ်လောက်နဲ့ပေါ့ .. အင်အားကများပေမယ့် အားအင်က နည်းနေလို့ ၁၅တာင်ကျော်အတောင်၂၀နီပါးရှိတဲ့ အုန်းပင်က လှုပ်ရုံရွေ့ရုံလောက်ပဲ တက်နိုင်တယ်...ဒါကို မစဉ်းစားဘဲ လုပ်ရင်ရရမယ်ဆိုတဲ့ စိတ်နဲ့ အတင်းရွေ့ခိုင်းတာ ကိုကလည်း ရပ်ကြည့်နေလို့ မရတာနဲ့ ၀င်ကူရတာပေါ့..ဒါပေမယ့်မရပါဘူး...အဲဒါကြောင့် အကျိုးအကြောင်း
လေးပြောပြလိုက်ပါတယ်...အုန်းပင်က ကြီးနေတယ် င်္ဒီအင်အားနဲ့ မရလောက်ဘူးလို့ ပြီးတော့ တွန်းချတဲ့နေရာနဲ့ ချောင်းနဲ့က သိပ်မဝေး
လို့ လူကြီး ၂ယောက်၃ယောက်လောက်ကို အကူအညီတောင်းဖို့ ပြီးတော့ ချောင်းရေတက်တဲ့ အချိန်ရောက်မှ လုပ်ဖို့ အဲဒါဆိုရင် သိပ်ပင်ပန်းစရာမလိုတော့ဘူးပေါ့ ...ခုတော့ ချောင်းစပ်ကနေရေရှိတဲ့နေရာကိုရောက်ဖို့ လတာပြင်ကျယ်ကြီးထဲမှာ မလွယ်ဘူးလို့ပြောလိုက်တယ် ...ဒါပေမယ့်
ရအောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်လိုက်တာ ကိုရင်တွေလည်း ဖက်ဖက်ကိုမောနေတာပဲ...ကုန်းပေါ်ကနေ ချောင်းထဲကိုရောက်အောင်
တော့ လုပ်လို့ရတာပေါ့ လတာပြင်ပေါ်လည်းရောက်ရော ကုန်းပေါ်က ကျတဲ့ အရှိန်နဲ့ အုန်းတုံးကရွှံ့ထဲမှာနစ်နေတယ် အဲဒါကိုမရ ရအောင်လုပ်တာ ၃နာရီကျော်ကျော်လောက်ကြာတယ်...မရဘူး...အဲဒီလိုနဲ့ရေလည်းတက်လာတော့
မှ အုန်းတုန်းက ရွံ့ထဲမှာနစ်နေတယ်...စောစောကပြောသလို ရေတက်မှ မသာလေးလှိမ့်ချလိုက်ပြီး လိုချင်တဲ့နေရာကို အသာလေး ရေနဲ့မျှောပြီးယူသွားရင် ရနိုင်ပါလျက် အတင်းကြီး ရကိုရ ရမယ်ဆိုတဲ့ စိတ်နဲ့ ခိုင်းတော့ အားလုံးအချိန်ကုန်လူပမ်းဖြစ်ရတာပေါ့
တပည့်တွေလည်း ငြူစူကြတာပေါ့ ....ပြီးတော့ မဖြစ်နိုင်တာမရှိဘူး
လို့ပြောတဲ့ လူကိုယ်တိုင်က ဘယ်နေရာမှ မပါဝင် မလုပ်ကိုင်တော့
အားလုံးရဲ့စိတ်ထဲမှာ ဘယ်လိုနေမလဲ စဉ်းသာစဉ်းစားကြည့်ပေတော့
ဒါကြောင့်ကိုယ်ကိုယ်တိုင် က မလုပ်ကြည့်ပဲ လုပ်သာလုပ် ဖြစ်ကိုဖြစ်
ရမယ်ဆိုပြီး အတင်းခိုင်းတာဟာ လူသားတွေအတွက်တော့ ခါးသီး
မှု့တစ်ခု ဖြစ်သွားတက်ပါတယ်....လေးစားမှု့တွေလည်း ပျောက်သွားနိုင်ပါတယ်
နိဂုံးချုပ်အနေနဲ့ပြောရရင် လူနဲ့လူချင်း ကစလို့ အားလုံးသောသတ္တ၀ါ
တွေ အပေါ် နူးညံ့ညင်သာတဲ့ ဆက်ဆံမှုတွေနဲ့ ဆက်ဆံနိုင်ကြပါစေ
လူနဲ့လူချင်း မေတ္တာတရားတွေ ထားနိုင်ကြပါစေ
ကောင်းမွန်တဲ့ ဆိုဆုံးမမှု့မျိုးတွေ ပေးတက်ကြပါစေ
ကိုယ်ချင်းစာတက်ကြပါစေ
လူကိုလူလို့မြင်တက်ကြပါစေ

ပေးဆပ်ခြင်းတစ်မျိုး
သင်လည်းလူသားတစ်ဦးပေပဲ
ဒါကြောင့်သင်လည်း တစ်နေ့အိုရဦးမယ်
သင်လည်းသားသမီးဖြစ်ခဲ့တယ်
ဒါကြောင့် သင်လည်း မိဘဖြစ်ရဦးမှာမလွဲ
ဒါကြောင့် မိဘတွေကို ပစ်မထားပါနဲ့....
ဦးဇင်းနေထိုင်ရာ သီရိလင်္ကာနိုင်ငံ ဟောမဂါမ ကျောင်းမှာတွေ့ရတဲ့ ကိုရင်ကြီးတစ်ပါးအဖြစ်ကို မြင်မိလို့ ဒီစာလေးကို ရေးဖြစ်တာပါ
ဒီကိုရင်ကြီးက ဦးဇင်းဒီကျောင်းကို မရောက်ခင် ခြောက်လလောက်က
ရောက်နေတယ်ပြောပါတယ်...သားသမီးတွေလည်း ရှိပါတယ်....အိုးပိုင်
အိမ်ပိုင် ကားပိုင်လည်းရှိပြီး အသင့်အတင့် ချမ်းသာတယ်လို့ ပြောနိုင်တာပေါ့.....သို့သော်လည်း ကျေးဇူးမသိတက်တဲ့
သားသမီးတွေက ပစ်ထားတဲ့အတွက် အိုကြီးအိုမ ဖြစ်မှ လမ်းဘေးရောက်နေရတဲ့အဖြစ်ကို မကြည့်ရက်တဲ့ လူတစ်ဦးက ကျောင်းကိုလာပို့လို့ ကျောင်းထိုင်ဘုန်းကြီးက သနားလို့ ကိုရင်ကြီးဝတ်ပေးထားခဲ့တာပါ.....ဒီသီရိလင်္ကာနိုင်ငံမှာ လူတွေ အသက်ကြီးလာရင် ဖြစ်တက်တဲ့ ရောဂါတွေကို ဦးဇင်းဆွမ်းစား ကြွတိုင်းသတိထားမိလေ့ရှိပါတယ်...အမျိုးသမီးတွေဆိုရင် လမ်းမလျှောက်နိုင်တဲ့ အတွက် တွဲချီ တွဲမ မှ ထူရ ထိုင်ရ ပြီး အမျိုးသားတွေ တော်တော်များများ ဖြစ်တာကတော့ ခြေထောက်တွေ
ယောင်ကိုင်းပြီး အနာတွေ ပေါက်တာပဲဖြစ်ပါတယ်...ဘာရောဂါလဲဆိုတာကတော့ သေချာ
မသိဘူး.....ခုလည်း အဲဒီကိုရင်ကြီးက ခြေထောက်တွေ ရောင်ရမ်းပြီးမထနိုင် မလျှောက်နိုင်တဲ့ အဖြစ်ကြောင့် ဆေးရုံဆေးခန်းကို အမြဲသွားရပြီး သောက်ရတဲ့ ဆေးတွေရဲ့ ပြင်းထန်တဲ့ အာနိသင်ကြောင့် သတိတွေမေ့ ဆွမ်းစားရင်းတောင် အိပ်ပျော်သွားတာတွေ ဖြစ်နေတယ်...နောက်ဆုံးရောဂါက ပြင်းထန်လွန်းတာ ကြောင့် သတိလစ်သွားလို့ ဆေးရုံပို့လိုက်ရတဲ့ အခြေအနေကိုရောက်သွားတာပဲ....အဲဒါနဲ့ မေးကြည့်တော့ သားသမီး
တွေကို ဖုန်းဆက်တယ်တဲ့ ဖုန်းမကိုင်ကြဘူးတဲ့ ..သားသမီးတွေလည်း
တစ်ယောက်မှ မလာကြဘူးတဲ့...ကျောင်းက ရှိတဲ့ ကိုရင်ဦးဇင်းတွေပဲ
သွားကြည့် ပြုစုနေရတာပါလို့ပြောတယ်..... တစ်ပတ်လောက်ကြာတော့ မသက်သာတဲ့အပြင် ဦးနှောက်တွေ မူမမှန်ဖြစ်ပြီး ကျောင်းကို ပြန်ရောက်လာတယ် ...သို့သော်လည်း ပြန်လာတော့ ကျောင်းထိုင်ဘုန်းကြီးက ပထမ အဲဒီကိုရင်ကြီးနေတဲ့နေရာကို မထားတော့ဘူး...ထားလို့လဲမဖြစ်ဘူးလေ သူနေတဲ့နေရာက ဆွမ်းစား
ကျောင်းဖြစ်လို့ လူတွေအမြဲလာနေတာဆိုတော့ မသင့်တော်ဘူးပေါ့...ပြီးတော့ သင်္ကန်းတောင်မ၀တ်နိုင်ဘူး ချေးတွေ သေးတွေလည်း မနိုင်တော့ဘူး
အဲဒါနဲ့ ဦးဇင်းနေတဲ့ အဆောင်ကို ပို့လိုက်ကြတယ်...ညဘက်မှာဆိုလည်း ပြောချင်တာတွေ အော်ဟစ်ပြော
နေတော့တာပါပဲ...ဘုန်းကြီးတွေကလည်း သူ့ကိုအမြဲဘယ်ကြည့်နေနိုင်ကြမှာလဲလေ ...အလုပ်ကိုယ်စီရှိနေကြတာဆိုတော့ ပြီးတော့ ချေးတွေသေးတွေ
လည်းဒီအတိုင်းပါချနေတော့ အနံ့အသက်တွေကလည်း မကောင်းတော့ ပိုဆိုးတာပေါ့....ခြေထောက်က နာရှာလွန်းလို့ "အားရို့ အားရို့"ဆိုပြီး ငိုလိုက်ရယ်လိုက်ပေါ့...ဦးနှောက်က မူမမှန်ပေမယ့် သူ့ပါးစပ်က အမြဲရွတ်နေတာက ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ ဆိုပြီး ရွတ်နေတာဆိုတော့ အဆိုးထဲက အကောင်းလို့ပြောရမှာပဲ....သားဆိုးသမီးဆိုးတွေက လာမကြည့်ကြပေမယ့် ဘားမှသွေးသားမတော်စပ်တဲ့ ကျောင်းထိုင်ဘုန်းကြီးရဲ့ ဒရိုင်ဘာလေး
က ကြင်ကြင်နာနာ ပြုစုပေးတာကိုတွေ့ရပြန်တော့ ၀မ်းသာမှုလေးဖြစ်ရသေးတယ်.....ဦးဇင်းကတော့ တစ်ဆောင်ထဲ အတူနေရတာဆိုတော့ သားသမီးတွေများလာမလားဆိုပြီး မျှော်နေမိ
တယ်...သနားစရာ ဇရာရဲ့ ထိုးနှက်ချက်တွေနဲ့ ဒီကိုရင်ကြီး ရဲ့ ဘ၀မျိုးတွေ
ကမ္ဘာပေါ်မှာဘယ်လောက်ရှိနေကြသလဲ.....အိုကြီးအိုမတွေဖြစ်တဲ့ မိဘတွေကို ပစ်ပယ်ထားပြီး ကျောခိုင်းနေနိုင်တဲ့ နှလုံးသား အေးစက်
နေတဲ့သားသမီးတွေဟာ သူတို့ကိုသူတို့တစ်နေ့ မအိုကြတော့ဘူးလို့များတွေးနေကြသလား....ငါတို့များဒီလိုအဖြစ်မျိုးတွေ
နဲ့ကြုံလာခဲ့ရင်လို့များ ကိုယ်ချင်းလေးစာဖို့တောင် မေ့နေရော့သလား.....ငါတို့ ငယ်ငယ်တုန်းက အဲဒီမိဘတွေရဲ့ ရင်ခွင်ထဲမှာ ချီးယိုလိုက် သေးပေါက်လိုက် ရင်ကိုခြေနဲ့ ကန်လို့ကန် နေချင်သလိုနေပြီး ဆိုးချင်သလိုဆိုးခဲ့တာ မိဘတွေက
စိတ်မဆိုးတဲ့အပြင် အချစ်တွေတောင် ပိုးတိုးခဲ့သေးတာပဲဆိုတာတွေ၊
ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် အရွယ်ကနေ အိမ်ထောင်ရက်သားကျပြီးတဲ့အထိ နှစ်ပေါင်းများစွာ ကျွေးမွေးလာတဲ့
အစားအစာတွေရဲ့ကျေးဇူးတရားတွေ ပြောမယ်ဆိုရင်တော့ ဆပ်မကုန်နိုင်တဲ့ ဒီကျေးဇူးတရားတွေကို အိုကြီးအိုမ အရွယ်ရောက်မှ
စွန့်ပစ်လိုက်ကြခြင်းဆိုတဲ့ ဆပ်ခြင်းမျိုးနဲ့ ဆပ်လိုက်ကြတာများလား..သြော်............ ဇရာ ........ဇရာ
သြော်....... သားသမီးတွေ ..........သားသမီးတွေ
Sunday, March 4, 2012
ဘ၀တန်ဖိုးကိုဘယ်လိုရှာမလဲ?
ဒီတစ်နေ့စာအတွက် စားလိုက်ရတာ အမြတ်
အိပ်လိုက်ရတာ အမြတ် တွေ့ချင်မြင်ချင်တဲ့
အာရုံ ကောင်းကောင်းလေးတွေကိုတွေ့ ပြီး
ခံစားလိုက်ရတာ အမြတ်ပဲလို့ တွေးနေသေးရင်တော့ ဘ၀တန်ဖိုးဆို
တာကို တကယ်မသိသေးဘူးလို့ပဲ သတ်မှတ်ရမှာပဲ....
လောကကြီးထဲမှာ လူတွေ အသဲအသန်ရုန်းကန်နေကြတာ
ဘာအတွက်လဲ ဘာကြောင့်လဲ လို့မေးရင် အားလုံးကဖြေကြမှာပဲ ချမ်း
သာချင်လို့ပါလို့....ဒါဖြင့်ဟုတ်ပါပြီ ချမ်းသာခြင်းဆိုတဲ့ အဓိပ္ပါယ်ကဘယ်လိုချမ်းသာခြင်းမျိုးကိုခေါ်တာပါလိမ့်...တိုးတက်နေတဲ့
ခေတ်နဲ့ အညီ ရုပ်ပိုင်းဆိုင်ရာ မြင့်မားချမ်းသာခြင်းကိုလား ဒါမမဟုတ်
ငြိမ်းအေးတဲ့ စိတ်လေးတွေကို ပိုင်ဆိုင်ခြင်တဲ့ ချမ်းသာခြင်းမျိုးလား...တကယ်တော့ လောကလူတော်တော်များများက
တာက ကောင်းကောင်းစားနိုင်ရမယ် ကောင်းတာတွေ ၀တ်နိုင်ရမယ်
တိုက်တာစည်းစိမ်အပြည့်နဲ့ ဒူးနှံ့ နေနိုင်ရမယ် စသဖြင့် မဆုံးနိုင်တဲ့
လူ့စည်းစိမ်တွေကို သရည်ရိုပြီး အားကုန်ကြိုးပမ်းနေကြတာပါပဲ....
အဲဒီလိုကြိုးပမ်းအားထုတ်ရင်းနဲ့ပဲ လူ့ဘ၀ကနေထွက်သွားရတဲ့ တိုင်အောင် ချမ်းသာအစစ်ကို ရှာဖွေမတွေ့သွားတဲ့သူတွေက တစ်ပုံ
ကြီးပါပဲ.... ပုထုဇဉ်တွေရဲ့ မျက်လုံးတွေထဲမှာတော့ လိုချင်တာတွေ
ရနေခြင်းကိုပဲ ချမ်းသာအစစ်လို့မြင်နေတက်ကြပါတယ်....လူတိုင်းလူ
တိုင်းဟာ '"တစ်နေ့တော့ ဖြစ်လာရမယ်"ဆိုတဲ့အတွေးနဲ့ မျှော်လင့်
ချက် အထုပ်အပိုးကြီးကို ထမ်းရွက်ရင်းရင့်ရော် အိုမင်း ပြီး နောက်ဆုံး
တော့လည်းသေမင်းနောက်ကို ကောက်ကောက်ပါအောင် ရောက်သွား
ကြရတာပါပဲ....အဲဒီလို ချမ်းသာအတုအယောင်တွေကို လက်တွေ့
ဖော်ထုတ်ပြသခဲ့ပြီး ချမ်းသာအစစ်ရှိရာလမ်းကို ပြသပေးခဲ့တဲ့ ရှင်တော်ဗုဒ္ဓကတော့ လူသားတွေအတွက် ဆိုတဲ့ရည်ရွယ်ချက်နဲ့
ဟောကြားဆုံးမခဲ့ပြီးဖြစ်ပါတယ်.....နှစ်ပေါင်း၂၅၀၀ ကျော်တိုင်အောင်
တည့်တံ့မယ့် ဓမ္မတွေကိုလည်း ထားခဲ့ပြီးပါပြီ....သိတဲ့ နားလည် တဲ့
လူတွေကတော့ တူးဖော် စားသုံးပြီး ချမ်းသာအမတ ကို ခံစားနေကြ
ပါပြီ....အတုကို အစစ်ထင်နေကြတဲ့ လူတွေကတော့ အတုနောက်ကို
ကောက်ကောက်ပါအောင်လိုက်နေကြဆဲရှိပါသေးတယ်.....ရုပ်ဝတ္ထု
ပစ္စည်းတွေ အတော်လေးတိုးတက်ပါတဲ့ဆိုတဲ့ အနောက်နိုင်ငံတွေ
ကတောင် ဗုဒ္ဓရဲ့ အမတလမ်းစဉ်ကို ထောက်ခံအားပေးရင်း စမ်းသပ်
ကြိုးစားအားထုတ်နေကြပါပြီ......ဒါဟာဘာကိုပြောနေတာလဲဆိုရင်
ချမ်းသာခြင်းအစစ်က ပြင်ပ အရာတွေမဟုတ်ဘူး စိတ်ပိုင်းဆိုင်ရာ
အေးငြိမ်းမှု့ကသာလျှင် တကယ့်အစစ်မှန်ဖြစ်ကြောင်း မီးမောင်းထိုး
ပြနေတယ်ဆိုတာပါပဲ.....ဒါကြောင့်ရွှေပုံပေါ်မှာထိုင်ပြီး ရွှေမှန်းမသိ
တန်ဖိုးကိုနားမလည် ဘူးဆိုရင် တော့ အေးချမ်းမှု့အမတနဲ့ ဝေးနေကြ
မဲ့အဖြစ်နဲ့ အတုအယောင်သံသရာထဲမှာပဲ နောက်ကောက်ကျနေကြ
ရဦးမယ့် အဖြစ်က ကင်းဝေးအောင် လူ့လောက အပူမီးတွေကို ငြိမ်း
သတ်ပေးနိုင်စွမ်းသော ဗုဒ္ဓရဲ့ဝိပဿနာ အမြိုက်တရားကို အားထုတ်
ရင်းချမ်းသာအစစ်ကို ရှာဖွေတွေ့ရှိ စေဖို့ ရည်ရွယ်ရင်း ဖြင့် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်.......
လူသားအားလုံး စိတ်ငြိမ်းချမ်းကြပါစေ.........လူ့ဘ၀ရဲ့တန်ဖိုးကို
အချိန်မှီနားလည်သဘောပေါက်နိုင်ကြပါစေလို့ ဆုတောင်းရင်း.....
လောဘ
လောဘအရမ်းကြီးလွန်းရင်
မင်းပိုင်ဆိုင်ထားတာတွေ ဆုံးရှုံးသွားနိုင်တယ်....
သာမန်ထက် ပိုလွန်တဲ့ အရာတွေက ကောင်းကျိုးထက်ဆိုးကျိုး
ကိုပိုဖြစ်စေတက်ပါတယ်....ဗုဒ္ဓရဲ့လမ်းစဉ်ဖြစ်တဲ့ အလယ်အလတ်
လမ်းစဉ်ကတော့ နေရာတိုင်းမှာ အသုံးချ လို့ရတဲ့ တရားမျိုးဖြစ်ပါတယ်....အဲလိုမဟုတ်ပဲ လွန်လွန်ကဲကဲ ဖြစ်လာတဲ့
အခါကြတော့ ကိုယ့်အထုပ်ကိုယ်ဖြေပြသလို ဖြစ်တက်ကြတာကို
သတိမထားမိတက်ကြပါဘူး.....လူဆိုတာ စရိုက်သဘာဝအရ အမျိုး
မျိုးရှိကြတာဆိုတော့ အသိညာဏ် ပညာနဲ့ ထိန်းချုပ်မမောင်းနှင်နိုင်
လို့ကတော့ အမှားတွေကို ကျူးလွန်းပြီးရင်း ကျူးလွန်ဆိုတာမျိုး
ဖြစ်နေတက်ပါတယ်...လူဆိုတာ ကိုယ်စီကိုယ်ငှ လောဘ ဒေါသ မော
ဟ ၀တ်ရုံတွေ ၀တ်ဆင်ထားတဲ့ သူတွေဆိုတော့ အမှားနဲ့ကင်းပြီးနေ
လို့မရတဲ့သူတွေပါပဲ....ဒါပေမယ့် အတိုင်းထက်အလွန် ပိုကဲသွားရင်တော့ သူတစ်ပါးတို့ အမြင်မှာ အထင်မြင်သေးတာခံရဖို့
တော့ သေချာသွားပြီပေါ့ ...ဒါကြောင့် ဘယ်အရာမှ ပိုလွန်ကဲမောက်
တာမကောင်းတာတော့သေချာပါတယ်...ဒီနေရာမှာ ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ခုကိုပြောပြချင်ပါတယ်...ရယ်စရာလည်းကောင်းလို့ပါ...
" "တစ်နေ့ ခွေးလေးတစ်ကောင်ဟာ အသားငါးတွေရောင်းတဲ့ဆိုင်ရဲ့ မှန်ပြတင်းတွေကနေ အတွင်းကို ကြည့်ပြီး အသားတွေကပ်နေတဲ့ နီ
ရဲနေတဲ့ အရိုးကြီးတစ်ချောင်းကိုတွေ့သွားပါတယ်...အဲဒါနဲ့ဆိုင်တွင်းကို
ဝင်ပြီး အဒီအရိုးကြီးကို ပြေးပြီးခုန်ဆွဲကာ ထွက်ပြေးတော့တာပေါ့...
ဆိုင်ပိုင်ရှင်ကလည်း အော်ပြီးလိုက်တားပေမယ့် မမှီတော့ဘူးလေ..အဲ
ဒီလောဘကြီးတဲ့ ခွေးလေးလည်း အမဲရိုးကိုချီပြီး မြစ်တစ်စင်းအပေါ်ကိုဖြတ်ဆောက်ထားတဲ့ တံတားတစ်ခုကိုရောက်လာတယ်...အဲဒီလို တံတားကို ဖြတ်သွားတဲ့
အခိုက်သူဟာ ကြည်လင်နေတဲ့ရေထဲကို ငုံ့ကြည့်ရင်း သူခဏရပ်နေ
လိုက်တယ်..ရေထဲမှာ မြင်ရတာက သူ့လိုပဲ အမဲရိုး ချီထားတဲ့ ခွေးတစ်ကောင်ကိုမြင်လိုက်ရတယ်...အဲဒီခွေးကိုက်ထားတဲ့
အမဲရိုးက ပိုးကြီးတယ်လို့ သူကထင်လိုက်တယ် ..ဒါကြောင့်လောဘ
ကြီးတဲ့ခွေးလေးက အဲဒါကိုလည်းလိုချင်ပြန်တာကြောင့် သူ့ခေါင်းကို
ရေပြင်နဲ့ ပိုနီးအောင် ငုံ့လိုက်တယ်...ပြီးတော့ ဒေါသတကြီး ဟောင်
လိုက်တယ်..အဲဒီအချိန် မှာသူကိုက်ထားတဲ့ အမဲရိုးက ရေထဲကို ပလုံ
ဆိုပြီးကျသွားတယ်...ရထားတာထက် ပိုလိုချင်တဲ့ လောဘ စိတ်ကြောင့် ရပြီးသားပိုင်ဆိုင်ပြီးသား အရာလေး ပြန်ဆုံးရှူံး သွားရတာပေါ့ .....ဒီလိုပါပဲံ အသိပညာ သတိစတာတွေနဲ့ နှိုင်းချိန်
ဝေဖန်ပြီး တော်သင့်ရုံ မျှတရုံ ချင့်ချိန်နိုင်စွမ်းမရှိရင်တော့ ကိုယ်ပိုင်ဆိုင်ထားတာတွေ ပြန်လည်ဆုံးရှုံ့းတက်ပါတယ်...လောဘ
ကြီးလွန်းလို့ ရူးသွပ်သေဆုံးသွားတဲ့ ဒေ၀ဒတ်အလောင်း ရွဲကုန်သည်
လို မဖြစ်ကြစေဖို့ အကောင်းဆုံးနည်းကတော့ ဗုဒ္ဓရဲ့ အလယ်အလတ်
လမ်းကို ကျင်သုံးတက်ကြဖို့ပါပဲ....လေ....
By being too greedy you may lose what you have.

Thursday, March 1, 2012
လူဆိုတာလူမှု့ရေးသတ္တ၀ါ
လူဆိုတာ ပေါင်းသင်းဆက်ဆံရေးဆိုတဲ့ လူ့အဖွဲ့အ
စည်းထဲကနေ သင်းကွဲတစ်ကောင်လို ခွဲထွက်နေလို့မဖြစ်နိုင်ပါဘူး
လူမှန်ရင် လူ့ကျင့်ဝတ် လူ့စည်းကမ်းတွေကိုတော့ မုချနားလည်
ထားဖို့တော့လိုပါတယ်....လူတွေနဲ့ဆက်ဆံပေါင်းသင်းတဲ့နေရာမှာ
ကိုယ့်ဆန္ဒကိုယ့် တ္တကိုအမြဲတမ်းရှေ့တန်းတင်ထားတက်တဲ့လူတွေ
ဟာ လူတိုင်းနဲ့ သင့်တင့်လျှောက်ပတ်စွာ နေနိုင်ဖို့ဆိုတာ မလွယ်ကူ
နိုင်ပါဘူး....လူတိုင်းကိုယ်စီဟာ ကိုယ်ပိုင်အကျင့်စရိုက်တစ်ခုစီ ရှိကြ
တဲ့အတွက် ကိုယ်ဖြစ်ချင်တာ ကိုယ်ပြောချင်တာ ကိုယ်လုပ်ချင်တာတွေ
ချည်းပဲ ရှေ့တန်းတင်ထားမယ်ဆိုရင် အဲဒါဟာ မိမိဟာ တစ်ကိုယ်ကောင်းသမားတစ်ယောက်ဖြစ်တယ်ဆိုတာ ဖော်ပြနေတာ
နဲ့အတူတူပါပဲ.....တစ်ယောက်နဲ့တစ်ယောက် အတ္တချင်းထိခိုက်မှုဘေး
ကနေရှောင်လွှဲနိုင်မှ သာလျှင် အဆင်ပြေတဲ့ ပေါင်းသင်းဆက်ဆံရေး
ဆိုတာဖြစ်နိုင်မှာပါ..ဒီလိုမှမဟုတ်ရင် အသေးစား ပဋိပက္ခနေ အကြီးမား
ဆုံးတင်းမာမှု့တွေ မုချ မသွေ ဖြစ်လာနိုင်ပါတယ်.....လူဆိုရင် ဘယ်
သူမှ သဲလဲစင် ခြောက်ပြစ်ကင်းတဲ့ သူဆိုတာ မရှိပါဘူး....အဲဒါကို
မဆင်ခြင်ဘဲ ကိုယ်ပဲ အမြဲမှန်နေတယ်လို့ ယူဆနေမယ်ဆိုရင်တော့
လူတိုင်းနဲ့ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး......
ပြီးတော့ လူတိုင်းဟာ ကိုယ်ကိစ္စနဲ့ ကိုယ်အရေးကြီးနေကြသူတွေ
ချည်းပါပဲ..ငါသာ ငါတစ်ယောက်တည်းသာ အရေးကြီးနေတယ်ထင်ပြီး
သူတစ်ပါးကိုကြတော့ ခပ်ပေါ့ပေါ့လေး တွေးတက်ကြတယ်....ခက်တာကလောကကြီးမှာ
ကိုယ့်အကြောင်းပဲ ကိုယ်တွေးနေတက်ကြတဲ့ သူတွေကြောင့်ပဲ လူ့ပတ်
ဝန်းကျင်မှာ ခက်နေကြရတာလို့ ထင်ပါတယ်....ငါမှန်တယ် ငါဘယ်သူ့ကို ဂရုစိုက်ရမှာလဲ ငါက ဘယ်လိုကောင် ငါကတစ်ယောက်တည်းနေလို့ဖြစ်တယ် ဘယ်သူမှ အားကိုယ်းစရာမ
လိုဘူး စသဖြင့် အတ္တကြီးသူတစ်ယောက်ရဲ့ အမူအကျင့်တွေကအများကြီးပါပဲ့ပြောမယ်ဆိုရင် စာဖွဲ့လို့ ကုန်နိုင်မယ် မထင်ပါဘူး.....လူတွေဆိုတာကလည်း ကိုယ်သာ အတ္တကြီးရင်သာ
ကြီးမယ် သူတစ်ပါးရဲ့အတ္တကိုတော့ ရှုတ်ချ အပြစ်တင်တက်တဲ့
လူမျိုးဆိုတော့ ခက်တယ်လို့ပြောရမှာပဲ....ဘာပဲဖြစ်ဖြစ် တစ်ကိုယ်
ကောင်းသမားကိုဘယ်လိုလူက မှ အပေါင်းအသင်းမလုပ်ချင်ကြတာ
သဘာဝပါ......အမုန်းတရားဆိုတာ တစ်ကိုယ်ကောင်းသမားတွေ
ရဲ့မွေးရာပါ ဗီဇ တစ်ခုပါပဲ...ကိုယ်မှန်တယ်လို့ အမြဲတစေထင်နေ
မှတော့ သူတစ်ပါးက အလိုလို မှားနေတယ်လို့ သူတို့တွေးတာ
မဆန်းတော့သလိုပါပဲ.....လူတစ်ဦးတစ်ယောက်ချင်းရဲ့ ချစ်ခင်လေးစားမှု့တွေ လူ့အဖွဲ့စည်းတွေရဲ့ ပေါင်းစည်းမှု့တွေ တိုင်းပြည်တစ်ပြည် ကမ္ဘာကြီးတစ်ခု ရဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်တော်
တော်များများဟာ လူတစ်ယောက်ရဲ့အတ္တကနေ စတင်ဖြစ်ပျက်ရတာ
ချည်းပါပဲ ....အဖွဲ့အစည်းတစ်ခုမှာ အဲဒီလို တစ်ကိုယ်ကောင်းသမား
တစ်ယောက်ပါရင် ပြိုကွဲဖို့ တာဆူနေပြီလို့ ယူဆထားရမလောက်
သူတို့ရဲ့ အစွမ်းက ကြီးမားလှပါတယ်......ဒါကြောင့် သင်လည်း
အတ္တရှိတယ် ..ခုစာရေးနေတဲ့ ကျွနုပ်ကိုယ်တိုင်လည်း အတ္တရှိတယ်
ဒါပေမယ့် ကိုယ့်မျက်ချေးကိုကိုယ်ပြန်ကြည့် ကာဆင်ခြင် သုံးသပ်ပြီး
လူ့မှု့ဆက်ဆံရေးသတ္တ၀ါတွေဖြစ်တဲ့ အတိုင်း လူတွေနဲ့ သင့်တင့်
မျှတစွာပေါင်းသင်းနေနိုင်မယ်ဆိုရင် လူ့လောကကြီးဟာ အဆိုးတရားတွေဆီဦးတည်မသွားတော့ဘဲ သာယာသော အသိုက်
အ၀န်းလေးဆီကို ရှေးရှုသွားနိုင်ပါတယ်ဆိုတာတင်ပြလိုက်ရပါတယ်.......................

Subscribe to:
Posts (Atom)