Saturday, March 10, 2012

နောက်ဆုံးမဟုတ်တဲ့ နောက်ဆုံး

  လူတစ်ယောက်အတွက် သူ့ဘ၀ တစ်လျှောက်မှာရှင်သန်နေထိုင်နေစဉ်အတွင်း ဘာတွေလိုအပ်သလဲ
ဘာတွေလုပ်သင့်သလဲ.. ဘယ်လိုရည်ရွယ်ချက်တွေထားပြီး
ဘာလုပ်ရမှာလဲဆိုတာ ကံကြမ္မာက တစ်ချို့ တစ်ဝက်တော့ စီမံပြီးသား
ဖြစ်ပါတယ်....
   ဟုတ်ပါတယ် ...တစ်ခါတစ်လေကြတော့လည်း ကိုယ်ဖြစ်ချင်တဲ့ အရာတွေ ကိုယ်လုပ်မယ်လို့တွေးထားတဲ့ အရာတွေက ဖြစ်ချင်မှလည်း
ဖြစ်တက်ကြတာဆိုတော့ ကိုယ့်က စီမံရုံသာစီမံနိုင်ပြီး ကံကြမ္မာက တရား
သူကြီးတစ်ယောက်လို စီမံဆုံးဖြတ်တာကို ပဲရှောင်လွှဲမရခံနေရတယ်ဆိုတာ မငြင်းသာဘူးလေ.....တစ်ခါတစ်လေ
မမျှော်လင့်ထားတာတွေက  ၀ုန်းဒိုင်းကြဲ ရောက်လာတက်ပြီး
မျှော်လင့်ထားတာတွေက အငွေ့ပျံသလို အသာအယာလေး လွင့်ပါးပျောက်ကွယ်သွားတက်ပြန်ပါတယ်....ကံတရားရဲ့ ဆန်းကြယ်တဲ့ ပြောင်းလဲမှု့တွေကို နားလည်နိုင်စွမ်း ရှိဖို့ကတော့မလွယ်
ကူတဲ့ ဖြစ်စဉ်ပါပဲ....ဒါကြောင့် ကံတရားဆိုတာ အကျွမ်းကျင်ဆုံး မျက်
လှည့်ဆရာတစ်ယောက် ပြနေတဲ့ ပြကွက်ကိုငေးမောကြည့်နေတဲ့
လူမမယ် ကလေးလေးတစ်ယောက်လိုပါပဲ....သူ့အတွက်တော့ အရာ
အားလုံးဟာ အထူးဆန်းဆုံးချည်းတွေပဲ ထင်နေသလိုပါပဲ....တကယ်
တော့ ကံကြမ္မာရဲ့ အထူးဆန်းဆုံး ပြကွက်တွေကို ရှင်းရှင်းလင်းလင်း
သဘောပေါက်နားလည် နိုင်ဆုံး ပုဂ္ဂိုလ်ဆိုလို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးသာ လျှင် ဒီလောကမှာ ရှိပါတယ်...ကံတရားရဲ့ 
ပို့ဆောင်ပေးမှု့ကြောင့် ကျွန်ုပ်တို့တွေ ဒီလောကကြီးထဲကို ရောက်လာကြတယ်...ပြီးတော့ ကံတရားရဲ့ ပို့ဆောင်တဲ့နေရာမှာနေရတယ် ...ရှင်သန်ကြရတယ်...ကျွန်ုပ်တို့ 
ဘာတက်နိုင်မှာလဲ.....နောက်ပြီးတော့ ရှင်သန်နေထိုင်နေစဉ်အတွင်း
မှာ ကိုယ်က ဘာတွေလုပ်မယ် ..ဘယ်လိုရည်ရွယ်ချက်တွေထားမယ်
ကို ဆုံးဖြတ်ချက်တွေချ ပြီး နေထိုင်ကြပေမယ့် နောက်ဆုံးတော့ မလွန်ဆန်နိုင်တဲ့ ကံကြမ္မာတရားရဲ့ ဖန်တီးမှု့ကိုပဲ လက်ခံကြရတာပါပဲဆိုတာ ငြင်းပယ်မရတာအမှန်ပဲဖြစ်ပါတယ်....
ကံကိုယုံပြီး ဆူးပုံနင်းကြဖို့ ပြောဆိုခြင်းတော့မဟုတ်ပါဘူး.....လောကကြီးထဲမှာနေ
ထိုင်နေထိုင်နေစဉ်တော့ ကံကိုကြီးပဲ ပုံပြီး ယုံလို့တော့မရဘူးပေါ့...ကံ 
ညာဏ် ၀ီရိယ သုံးပါစလုံး ပြည့်စုံအောင် ကြိုးစားအားထုတ်ဖို့တော့ 
လိုတာပေါ့...ဒီနေရာမှာဆိုလိုချင်တာက ကိုယ်က တကယ်လည်းကြိုးစားအားထုတ်တယ် ညာဏ်နဲ့ လည်းချင့်ချိန်လုပ်ပါရက်ကယ်နဲ့ ပျက်ဆီးသွားရတဲ့ အခါကြတော့
ဒါဟာကံကြမ္မာရဲ့ ချယ်လှယ်မှုလို့ မပြောလို့ ဘယ်ရတော့မလဲလေ...
အထက်က ပြောခဲ့သလို ကျွန်ုပ်တို့လူသားတွေ ကံပစ်ချတဲ့ အတိုင်း
လူ့အဖြစ်နဲ့ လူလောကကြီးထဲကို ရောက်လာတယ် ...အဲ ဘ၀ရဲ့အစကနေအဆုံးအထိက အားလုံးသတ်မှတ် နေရာချထားပေး
လိုက်တာ ငြင်းလို့မရပါဘူး.....ကျွန်ုပ်တို့  မွေးဖွားလာကြတယ် ပြီးတော့ သေရမယ့်အချိန်ကို လည်း တစ်ခါတည်း သတ်မှတ်ပေးလိုက်
ကြတယ်....ကဲ ကျွန်ုပ်တို့ ဘယ်လိုငြင်းဆန် နိုင်ကြသလဲ....ဘယ်လို
တားဆီး နိုင်ကြသလဲ....နောက်ဆုံးတော့ ဒီလောက ဇာတ်ခုံပေါ်ကနေ
ပျောက်ဆုံးသွားတဲ့ အချိန်အထိ အားလုံးဟာ  ကံတရားရဲ့ ဇာတ်ညွန်း
အတိုင်း ကပြသွားရတာပါပဲ...ဒီဘ၀အတွက်တော့ အားလုံးဟာ
မွေးဖွားခဲ့ကြတယ် နောက်ဆုံးတော့ ကျွန်တော်တို့ အားလုံး သေကြရမယ်...ဒါဟာ ကံကြမ္မာက လူသားတွေအပေါ် ပေးအပ်ခဲ့တဲ့ ဆုလာဘ်လို့ပြောရမယ်...ဒါပေမယ့် ဒါဟာ ဒီဘ၀အတွက်တော့ အဆုံးသတ်ဖြစ်ချင်ဖြစ်မယ် ...ဒါပေမယ့်လည်း ဒီကံကြမ္မာက ပဲဘယ်ထိဆက်ပြီး ချယ်လှယ်နေဦးမယ်ဆိုတာကတော့ .......................

Friday, March 9, 2012

delete လုပ်ဖို့မမေ့နဲ့

မိမိရဲ့ ဦးနှောက်ကို အဓိပ္ပါယ်မရှိတဲ့
မှတ်သားမှု့တွေကြောင့် မရှုပ်ထွေးပါစေနဲ့
ဖြစ်နိုင်ရင် နေ့တိုင်း *(delete)လုပ်ပစ်၊
*(cancel)လုပ်ပစ်...ကောင်းတဲ့ အရာတွေကို 
သိမ်းဆည်းထားဖို့အတွက်တော့ အပို ဟက်ဒစ် တွေတောင်
ဆောင်ထားသင့်ပါတယ်........
 ဟုတ်တယ်ဗျာ ...ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ...တစ်နေ့တစ်နေ့ 
လူတွေနဲ့ ဆက်ဆံရတဲ့အခါ ကောင်းတာတွေရော မကောင်းတဲ့အရာ
တွေရောရှုပ်ထွေးပွေလီ နေတာပဲ....လူဆိုတာ ထင်မြင်ချက် အမျိုးမျိုး
အယူအဆ အမျိုးမျိုး အတွေးအမျိုးမျိုး စုံလိုက်သမ အောချလောက်ပါ
ရဲ့...တစ်ချို့ အရာတွေက ကိုယ့်ဦးနှောက်အတွက် အဟာရ ပေးစွမ်း
နိုင်ပေမယ့် တစ်ချို့အရာတွေက အဆိပ်သင့်လောက်တဲ့ အထိ ဒုက္ခ
ပေးနိုင်စွမ်းရှိတယ်ဆိုတာ မယုံမရှိနဲ့.....တစ်ချို့ဆိုရင် အဲဒီလို အကျိုးမရှိတဲ့( data)တွေက ဦးနှောက်ထဲမှာ ဖရိုဖရဲ ကြဲပြန့် နေတဲ့ 
အတွက်ကြောင့် ပျော်ရွှင်မှု့နဲ့ဝေးပြီး အမြဲလိုလို စိတ်ညစ်နေကြရတာ
တော်တော်လေး တွေ့ခဲ့ရဘူးတယ်.....တစ်ချို့ကိစ္စတွေမှာဆို ကိုယ်
မြင်နေရတာက ဘာမှ မဟုတ်လောက်တဲ့ အရာလေးပဲ ဒါပေမယ့် 
သူတို့အမြင်မှာတော့ ဧရာမ အရေးကြီးတဲ့ ကိစ္စကြီးဖြစ်နေတက်တာ
တွေ့တွေ့နေရတယ်....အဲဒီလို အသေးအဖွဲလေးတွေက အစ ပူပန်
လောင်မြိုက်မှုတွေကို ခံစားနေရတော့ ကြီးမားတဲ့ ပြဿနာတွေနဲ့
များကြုံလိုက်ပြီဆိုရင်တော့လား အလူးအလဲ ခံစားကြရတာ မြင်ရသူအဖို့ မဆန်းတော့လောက်အောင်ပါပဲ....ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ရပ်ပေါ်မှာ လက်လွတ်စပယ် ပူပန်သောက ရောက်တက်လွန်းတော့လည်း ကိုယ့်ကိုယ်ကို ညှင်းပန်း
နှိပ်စက်ရာရောက်သွားရောပေါ့ဗျာ....အဲဒီလိုသောကတွေ မနိုင်မနင်း
နဲ့ လောကကြီးထဲ လျှောက်လှမ်းနေကြသူတွေက တော်တော်များပါတယ်
ပူပန်စရာကိစ္စတစ်ခုကို ပက်ပင်းကြုံတွေ့လိုက်တာနဲ့  ဒီအရာကို ဘယ်
လိုဖြေရှင်းမလဲဆိုတာကို ခေါင်းအေးအေးနဲ့ မစဉ်းစားပဲ ထစ်ခနဲ့ဆို
ပူပန်သောကရောက်နေကြရလို့လဲ အဲဒီလိုလူတွေရဲ့မျက်နှာဟာ
ပျော်ရွှင်မှု့ အရိပ်ရောင်လေးတောင် မမြင်တော့လောက်အောင် ကွယ်
ပျောက်နေတက်တာကိုတွေ့ရပါတယ်......မကြာခဏမြင်နေရတာက 
သူတို့တွေဟာ ယခုပဲဒီကမ္ဘာလောကကြီးထဲ မှာ အောက်ဆီဂျင်တွေ ပြတ်တောက် သွားပြီး တစ်ယောက်နဲ့တစ်ယောက် အသက်ကို လုရှု
ရမယ့်အချိန်ကိုရောက်နေပြီလို့များ ထင်နေကြသလားတော့မသိပါဘူး.....ဖြစ်ပေါ်လာသမျှ အာရုံတွေအားလုံးဟာ အရေးတကြီးပူပန်စရာတွေလို့ ထင်ပြီး သောကတွေကို  မိမိဦးနှောက်ထဲမှာ ထည့်ထားလို့ကတော့ 
ဘယ်တော့မှ ပေါ့ပါးသွက်လက်နေမှာ မဟုတ်ပါဘူး.....စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွနေဖို့ဆိုတာ
ပူပန်စရာတွေကို အတက်နိုင်ဆုံး နည်းပါးလျော့ကျ သွားအောင်ရှင်းလင်းနိုင်ကာမှ တော်ကာကျမှာပါ....ဥပမာအနေနဲ့ 
ပြောရရင် ကွန်ပျူတာတစ်လုံးထဲမှာ တွေ့ကရာ မြင်ကရာ တွေ
အားလုံးကို သိမ်းကြုံးပြီး သိမ်းဆည်းထားသလိုပါပဲ...ကောင်းမွန်အသုံးဝင်တဲ့ အချက်အလက်တွေဆိုရင်တော့ မဆိုသာပေမယ့် အကျိုးမဖြစ်လောက်
တဲ့အရာတွေ ကြီးပဲဖြစ်နေတယ်ဆိုရင် တော့ အဲဒီကွန်ပျူတာကလည်း စက်တွေလေးပြီး သုံးရတာ မသွက်တော့
သလို အလုပ်ကိုလည်း ပေါ့ပေါ့ပါးပါးဖြစ်အောင် စွမ်းဆောင်နိုင်တော့
မှာမဟုတ်ပါပဘူး....မိမိရဲ့စက်ကို ပေါ့ပါးသွက်လက်နေစေချင်ရင်
တော့ မလိုအပ်တာတွေကို delete လုပ်ပစ်လိုက်မှသာလျှင် သုံးရတာအဆင်ပြေ ချောမွေ့မှုရှိမှာဖြစ်ပါတယ်....အဲဒီလိုပါပဲ...တစ်
ယောက်စာလေးဖြစ်တဲ့ ကိုယ့်အကြောင်းလေးကိုတောင်မှ တွေးကြည့်ရင် မဆုံးနိုင်လောက်တဲ့သောကတွေနဲ့ ပြည့်နေတာကို အခြား အခြား
သော အရေးမကြီးသင့်တဲ့အရာတွေ အကြောင်းလက်ခံ စဉ်းစား 
ပူပန်နေမယ်ဆိုရင်တော့ ဘယ်တော့မှ ပျော်ရွှင်မှု့ကို ၀၀လင်လင် 
ခံစားရမှာမဟုတ်တာသေချာတယ်....လူ့ဘ၀ကြီးက တိုတောင်းလွန်း
လှပါတယ်....ကိုယ့်အတွက် တိုက်ရိုက် ပတ်သတ်ဆက်နွယ်နေတဲ့
အရာပေါင်းများစွာသောအရေးတွေတောင် မနည်းရှင်းနေရတာ
ဒါကြောင့် မလိုအပ်တာတွေကို မလိုအပ်ကြောင်းသိထားဖို့တော့
လိုပါတယ်....သို့ဂလိုမဟုတ်ရင် သင်ရော ကျွန်ုပ်ပါ အမြဲလိုလို ထိုင်းမှိုင်းလေးလံနေတဲ့ ဦးနှောက်ကြီးနဲ့ လူတွေနဲ့ဆက်ဆံနေရလိမ့်
မယ့် ....ကြည်လင်လန်းဆန်းတက်ကြွနေတဲ့ ဦးနှောက်နဲ့ ဆက်ဆံ
ပြောဆိုနေတဲ့ အခိုက်တောင်မှ လူတွေနဲ့ဆက်ဆံရတာ အဆင်မပြေ
ပါဘူးဆိုနေကာမှ အိုမင်းရွတ်တွနေတဲ့ ဂိလာန ဦးနှောက်ကြီးနဲ့ များ
ဆက်ဆံလိုက်မယ်ဆိုရင် လူ့ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်မှာမဟုတ်
တာတော့ လုံးဝသေချာသလောက်နီးပါးပါပဲ.....ဒါကြောင့် မလိုအပ်တာတွေကို ကိုယ့်ဦးနှောက်ထဲက ထုတ်ပစ်ပါ....သိပ်များများ
မတွေးပါနဲ့....မလိုတာတွေကို မလိုအပ်ကြောင်းသိပါ.....လူ့ဘ၀ကြီး
ကတိုတောင်းလွန်းပါတယ်....နေရတဲ့အခိုက် ပေါ့ပေါ့ပါးပါးနေပါ....လန်း
လန်းဆန်းဆန်း နေပါ......ဘယ်အရာမှ အရေးမကြီးပါဘူး....အားလုံးဟာ တစ်နေ့မှာ ပြီးဆုံးသွားမှာပါ.....
သဘာဝကြီးက သူ့အလုပ်သူလုပ်နေသလို ကိုယ်ကလည်း ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ.....အကောင်းဆုံးတွေကို လုပ်နေရင်း
ကြုံတွေ့လာမယ့်အရာတွေကို တည်ငြိမ်စွာ ရင်ဆိုင်ပါ......တည်ငြိမ်
စွာကျော်ဖြတ်ပါ....နောက်ဆုံးအနေနဲ့ပြောရရင် ဗုဒ္ဓရဲ့အဆုံးအမ အတိုင်းဆိုရင် ပစ္စုပ္ပန်တိုင်းမှာနေပြီး ပေါ်လာတဲ့ အာရုံတွေကို မြင်ရင်
မြင်တဲ့အတိုင်း ကြားရင်ကြားတဲ့အတိုင်း နံရင်နံတဲ့အတိုင်း စသဖြင့် 
ကြုံတွေ့လာသမျှတွေအပေါ် သတိလေးကပ်ဆင်ခြင် နေထိုင်သွားမယ်ဆိုရင်တော့ အရာအားလုံးဟာ အဆင်ပြေ အေးချမ်းသွားမှာပါ......
  ဒါကြောင့်ယနေ့ကနေစပြီးတော့ မလိုအပ်တာတွေ ဖျက်သိမ်းဖျောက်ဖျက်ပစ်လိုက်ပါ ....ခဏတိုင်းမှာနေပါ....ပေါ့ပါးလန်းဆန်းတဲ့ စိတ်ကိုပိုင်ဆိုင်ထားတဲ့သူ

ဟာ အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းသော နတ်သားတစ်ပါးပဲဖြစ်ပါတယ်...ဒါကြောင့် ရွှင်လန်းတဲ့ စိတ်အစဉ်နဲ့
မိမိနဲ့ လောကကြီးအတွက် လိုအပ်တာတွေကို ဖန်ဆင်းပေးနိုင်စွမ်းသော အကျိုးပြုလူသားများဖြစ်နိုင်ပါစေလို့
ဆန္ဒပြုလျက် မေတ္တာများစွာဖြင့်........ အနော်မာ

Thursday, March 8, 2012

ကျောင်းသား

  လောကမှာရှိတဲ့ လူသားတွေအားလုံးဟာ
  ကျောင်းသားတွေချည်းပါပဲ.....ဘယ်လိုဘွဲ့ဒီဂရီ
 ဘယ်လိုဂုဏ်ဒြပ်တွေနဲ့ မွမ်းမံ ခြယ်သထားပါစေ
သူဟာ သဘာဝတက္ကသိုလ်ကြီးဆီကနေ နေ့ညမပြတ်
သင်ယူနေကြရတဲ့ အတွက်ကြောင့် ကျောင်းသားပဲဖြစ်ပါတယ်....
     မွေးမေမေ ရဲ့ ၀မ်းတွင်းကနေ စတင်ထွက်ခဲ့တဲ့နေ့ကတည်းက သဘာဝ တရားတွေရဲ့ တောင်းဆိုမှု့ကြောင့် ဆာလောင်ခြင်းဆိုတာ
သိလာတယ်...သိလာတော့ ဆာလောင်မှု့ကို ပြေပျောက်စေဖို့  တောင်းဆိုမှု့နည်းလမ်းတွေကို
သဘာဝတရားကြီးက သင်ပေးတယ်...အဲဒါက ငိုပြီးတောင်းရင်ရတယ်
ဆိုတဲ့ ပညာပဲပေါ့...အဲဒီလိုနဲ့ သဘာဝတရားကြီးက အမျိုးမျိုးသော
လက်ချာ (lecture) တွေနဲ့ လူသားဆရာတွေ ဆီမှလည်းပညာတွေအမျိုးမျိုးကို သင်ယူရင်း အသက်ရှင် နေထိုင်နေခဲ့ကြပါတယ်.....သင်ယူဖွယ် အတက်ပညာအမျိုးကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူရင်းနဲ့ပဲ စား ၀တ်နေရေးဆိုတဲ့ အရေးကြီးသုံးမျိုးကို ဖြေရှင်းကြရပါတယ်...သင်ယူစရာပေါတဲ့ လောက
ကြီးထဲမှာ လူတိုင်းကတော့ အားလုံးကို တက်မြောက်နိုင်ဖို့ဆိုတာတော့
မဖြစ်နိုင်ဘူးပေါ့...သင်ယူစရာတိုင်းကို သင်ယူတက်မြောက်ဖို့ လည်းမလိုအပ်ဖူးလေ....ကိုယ့်အတွက်အသုံးဝင်တဲ့ ပညာရပ်တွေ ကိုသာ စူးစူးစိုက်စိုက် လေ့လာတက်မြောက်ဖို့ သာအရေးကြီးတာလည်း
တစ်ကြောင်းပေါ့.....လူတိုင်း လူတိုင်းကတော့ အတက်ပညာအားလုံးကို  အလိုလို တက်မြောက်လာတာတော့လည်း
မဟုတ်ပါဘူး....တစ တစ နဲ့ လောကနဲ့ လူသားတွေဆီကနေ မြင်တာ ကြားတာ တိုက်ရိုက်သင်ယူ တာတွေမှတဆင့် တက်မြောက်လာကြတာပါပဲ.......ငါသိထားတဲ့ ပညာတွေက ငါရထားတဲ့ ဘွဲ့တွေက ဘယ်လောက်များတာ ငါက သူများတွေထက်
ဘယ်လောက်ပိုတက်တာ စသဖြင့် မိမိကိုယ်ကိုယ် အထင်မြင်ကြီးပြီး
မာန်မာနတွေ ဘယ်လောက်ပင်ကြီးနေပါစေ....တကယ်တော့ ထိုလူဟာလည်း သင်ယူနေဆဲ ကျောင်းသားတစ်ယောက်ပါပဲ....
လူလောကကြီးထဲ အသက်ရှင်နေထိုင်နေသမျှ ကာလပတ်လုံး ကျောင်းသားတစ်ယောက်သာ ဖြစ်တဲ့အတွက်ကြောင့် ငါလိုလူဇမ္ဗူမှာရှိသေးလားဆိုတဲ့ အတွေးအမြင်မျိုးမထားသင့်ပါဘူး.....အဲကွန်းအခန်းထဲမှာအမြဲတမ်းကျက်စားနေတဲ့ကွန်ပျူတာ ပညာရှင်တစ်ယောက်ကို လယ်ထွန်ခိုင်းလို့ ဖြောင့်ဖြောင့်ထွန်တက်မှာ
မဟုတ်သလို့ပါပဲ......ခယောင်းမြေကို ဘယ်လိုညက်အောင်ထွန်ရမယ်
ဆိုတာ ကျွမ်းကျွမ်းကျင်ကျင် သိထားတဲ့ လယ်သမားတစ်ယောက်ကို 
ကွန်ပျူတာလေး သူ့ရှေ့မှာချပေးထားရင် မြင်သာမြင်နိုင်ပေမယ့် 
ဘာလုပ်ရမယ်မှန်း သူနားလည်မှာမဟုတ်ပါဘူး......ဒီလိုပါပဲ ကျွမ်းကျင်ရာလိမ္မာရာဆိုသလိုပေါ့....သူလည်း သူ့နယ်ပယ်မှာ သူတက်သင့်တာတွေကို သင်ယူထားလို့သာ သူကျွမ်းကျင်ပိုင်နိုင်နေတာပေါ့.....ဒီလိုပါပဲ လောကကြီးထဲမှာ လူသားတိုင်းဟာ ကိုယ်စီ ကိုယ်စီ အသက အသက အသီးသီး သင်ယူနေကြရတဲ့လူတွေချည်းပါပဲ....ဆရာဖြစ်တဲ့သူလည်း တပည့်ဖြစ်တာပဲ တပည့်ဆိုတာကလည်း ဆရာဖြစ်နေတာပဲ....ဒါဟာ
မဆုံးနိုင်တဲ့ လောကဓါတ် ကျောင်းကြီးပေါ်မှာ သင်ယူနေကြရတဲ့ လူသားတွေပါပဲ....ကမ္ဘာလောကကြီးထဲ ထပ်မံသင်ယူစရာတွေ မရှိ
လောက်အောင် ပြည့်ဝ ကုံလုံနေတာဆိုလို့ လောကသုံးပါးတို့ရဲ့ ကိုယ်းကွယ်ရာအစစ်ဖြစ်တော်မူသော သဗ္ဗညုညာဏ်တော်ပိုင် ရှင် 
ဘုရားရှင် ကိုယ်တော်မြတ်ကြီးသာလျှင်ရှိပါတယ်.......
ဒါကြောင့် ကျွန်ုပ်တို့လူသားအားလုံးဟာ မပြည့်ဝသေးတဲ့အတွက်သင်ယူစရာ ပညာရပ်တွေကိုသင်ကြားနေကြရတဲ့ ကျောင်းသားတွေဖြစ်တာကြောင့်
ဘယ်လိုအကြောင်းကြောင့်မှ မာန်မာနဆိုတဲ့ မကောင်းတဲ့ စေတသိတ်တွေ နှလုံးသားထဲမှာ မကိန်းစေဘဲ နှိမ်နှိမ်ချချ ရိုရိုကျိုးကျိုး နဲ့ နေထိုင်သွားကြရင်ဖြင့်
လောကကြီးထဲမှာ အားလုံးသာယာချမ့်မြေ့သွားနိုင်ပါတယ်ဆိုတာ 
တွေးဆရင်းဖြင့်...........
  

အိပ်မက်သို့မဟုတ်တမ်းချင်း

 ရွာချင်းတိုင်းရွာသွန်းပစ်လိုက်ဖို့
ငါဟာတိမ်တစ်အုပ်မဟုတ်ပါ....ဒါပေမယ့်
ကောင်းကင်ကို ပြန်လည် ရွာသွန်းပစ်ဖို့တာဆူနေတဲ့ ရေငွေ့လေး
တွေတော့ ဖြစ်ခွင့်ရှိပါတယ်.......
 ငယ်စဉ်ကတည်းက အစုပ်လိုက် ကြဲပက်ထားတဲ့ အိပ်မက်ကိုပဲ 
ရှင်သန်ကြီးထွားလာအောင် မနည်းပြုစု ပျိုးထောင်နေရတယ်....
အဖေ အမေတွေပေးတဲ့ နာမည်တစ်လုံးနဲ့ လည်း မလုံလောက်လို့လား
ခေါ်ချင်ရာ ခေါ်နေတဲ့ လူ့ပတ်ဝန်းကျင်မှာ ငါဟာ  ခါးတောင်းကျိုက်တန်း
လန်းနဲ့ မျှော်လင့်တက်လာတာလေးတစ်ခုပဲ ချမ်းသာလာခဲ့တာ......
တစ်နေ့တာ အချိန်တွေကို တန်ဖိုးထားတက်တဲ့ မှုန်ဝါးဝါး အသိညာဏ်လေးတောင် ငါ့ခေါင်းမှာ မချိတ်မိခဲ့ဘူး.....နုံလွန်းတယ်လို့
ခဏခဏပြောခံရတဲ့ အသုံးမ၀င် လူသားသစ်ပင်တစ်ပင်ကို လက်ညှိုးထိုးပြပါ
ဆိုရင် အဲဒါ ငါပဲဖြစ်မယ်ထင်တယ်......ဒါပေမယ့် အချိုးကျွမ်းကျင်တဲ့ 
ကံကြမ္မာဆရာကြီးရဲ့ ဖဲချပ်တွေ ကြားထဲမှာ  ငါဟာ အသုံးဝင် အချပ်
လေးတစ်ချပ်ဖြစ်တယ်လို့ သက်သေပြစရာ အပြောင်းအလဲလေးတစ်ခု
ကို လက်ခံရရှိလိုက်တယ်.....ငါဟာ ဘာမှမဟုတ်ပါဘူး....သို့သော်လည်း ငါ့ကိုယ့်ငါ ဘာမှမဟုတ်ပါဘူးလို့ 
သိလိုက်တာလေးကိုကပဲ  လောကကြီးထဲမှာ နေတက်ဖို့ ဖြစ်လာခဲ့တယ်
အရိုး အပြိုင်းပြိုင်းကျနေတဲ့ ငါ့အိပ်မက်စိုက်ခင်းလေးကို ငါ မြတ်နိုး
တက်လာတယ်.....ငါဟာမရွာသွန်းနိုင်သေးတဲ့ မိုးတစ်ပေါက် နောက်ပြီးတော့ တိမ်တစ်အုပ် ပြီးတော့ ရေခိုးရေငွေ့လေး တစ်မြှူ ဖြစ်လာနိုင်ခွင့်တွေ ရှိမှန်း
သိလာတယ်....ငါအခုရပ်နေတာ ကမ္ဘာမြေကြီးပေါ်မှာ တစ်ချိန်မှာ
ငါ ကမ္ဘာမြေကြီးထဲကို ရောက်သွားရဦးမှာပဲ .....
ဒါပေမယ့် ငါ ကျေနပ်တယ်....ငါဟာဒီမြေပြင်ကြီးအတွက် အကျိုးပြုနိုင်မယ့် မြေသြဇာ တွေလည်းဖြစ်နိုင်သေးတယ်..
လောလောဆယ်တော့ ငါရဲ့ စိုက်ခင်းလေး စိမ်းစိုရှင်သန်အောင်
ရေလောင်းပေါင်းသင် ဂရုစိုက် ပျိုးထောင်နေရသေးတဲ့ကာလပဲရှိသေးတယ်.....
ငါ့ရဲ့ စိုက်ခင်းလေးက သီးပွင့်လာမယ့် အသီးအပွင့်တွေဟာငါ့အတွက် ချိုမြိန်မှု ပေးစွမ်းနိုင်သည် မပေးစွမ်းနိုင်သည် ငါမသိသေးဘူး...
ဒါပေမယ့် ငါ့ရင်ထဲမှာ စုဆောင်းထားတဲ့ ခံစားမှုတွေကတော့
ဒီစာမျက်နှာပေါ်မှာရွာချပစ်လိုက်မိပါပြီ
အို လောကကို ပိုင်စိုးသော ပုဂ္ဂိုလ် အပေါင်းတို့ ငါသည် လူသားတစ်
ယောက်ဖြစ်ချေ၏.....သို့အတွက်ကြောင့် လူသားတစ်ယောက်ပိုင်ဆိုင်ခွင့်ရှိသော စွမ်းအင်များပေးသနားတော်မူ
ပါလော့ ....ငါသည်ငါ့အတွက်မဟုတ် ကြောင်း ရွာသွန်းခြင်းဖြင့် သက်
သေပြပါမည်........ငါ့အား တစ်မိုးလုံးစာအတွက် မဟုတ်သော်ငြားလည်း 
တစ်ပြိုက် နှစ်ပြိုက်စာ ခွန်အားများ ပေးတော်မူပါလော့.....
     လောကကြီးထဲ မျှော်လင့်ချက်အိပ်မက်
တွေ အထူကြီးမက်ပြီး ပန်းတိုင်ဆီ ချီတက်
နေကြသော လူသားတို့အတွက် ရေးဖွဲရုံမျှသာဖြစ်ပါသည်......
     စာရေးဆရာမဟုတ်တဲ့ အတွက် တစ်စုံတစ်ခုသောရသ ကို မပေးစွမ်း နိုင်ခြင်းမှာ စာရေးသူရဲ့ အားနည်းချက်ပင်ဖြစ်ပါသည်......

Wednesday, March 7, 2012

စွမ်းအား

 လောကကြီးအကျိုးကိုဆောင်ရွက်ဖို့ 
ဆွေမျိုးတွေ ကိုချီးမြှောက်ဖို့ အတွက် 
ကိုယ့်အကျိုးကို အရင်ကြည့်ရမယ်..
ကိုယ့်အကျိုးဆိုတာ တိုက်ဆောက်နိုင်ဖို့
ကားစီးနိုင်ဖို့ ကိုယ့်အိပ်ထဲ ကိုယ်ထဲ့ဖို့ ကိုပြောတာမဟုတ်ဘူး...
ကိုယ့်အရည်အချင်းကို ပြည့်ဝအောင် ဖြည့်ဆည်းဖို့ကိုပြောတာ.....
  လောကကြီးမှာ ကောင်းခြင်း ဆိုးခြင်းဆိုတဲ့ ဒီ အကြောင်းအရာ နှစ်မျိုး
လူတွေမှာယှဉ်တွဲ မှီကပ်လာရင် ဘယ်သူမဆို ကိုယ့်အတွက်သာကြည့်
ကြလေ့ရှိပါတယ်....ကောင်းခြင်းတရားတွေ ရမှာကိုမြင်ရင် ကိုယ့်အိတ်ထဲကို အရင်ဖြည့်ကြတယ်...ပိုမှသာ သူတစ်ပါးကို သတိရတက်ကြတာများတယ်...ဒါတောင်မှ စိတ်ကောင်းနှလုံးကောင်းရှိသူတွေမှသာ သူတစ်ပါးအတွက် အနည်းငယ်ကြည့်ပေးတက်တာမျိုး......အဲ မကောင်းမှု့ အန္တရာယ်နဲ့
ကြုံလာကြည့်ပါလား သူတစ်ပါးကို အရင်သတိပေးပြီးရှောင်ခိုင်းသလား
ကိုယ်ကဘေးလွတ်အောင် အရင်ပြေးသလား......အဲဒါပါပဲ လူဆိုတာ
ဘယ်သူကိုချစ်ချစ် မချစ်ချစ် ကိုယ့်ကိုယ်ကိုတော့ ချစ်ကြတာ ဓမ္မတာပဲ 
ဖြစ်ပါတယ်...ဥပမာအနေနဲ့ပြောရရင်ဗုဒ္ဓရှင်တော် ကိုယ်တိုင်ဘုရားဖြစ်တော်မူဖို့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ဆည်းတဲ့ ကာလတစ်လျှောက်လုံး စရိယ သုံးသွယ်ကို ကျင့်သုံးခဲ့တာပါပဲ....လောကအကျိုး ဆွေမျိုးညာတကာတွေရဲ့ အကျိုး
မိမိအကျိုးဆိုတဲ့ ဒီအကျိုးသုံးပါးလုံး ဖြည့်ကျင့်ခဲ့တာဟာ ပရိနိဗ္ဗာန်စံဝင် ကူးမြောက်သွားတဲ့ အထိပါပဲ.....ဒီစရိယသုံးပါးထဲမှာ ဗုဒ္ဓတ္ထစရိယ ဆိုတာ အရင်ဆုံးမိမိကိုယ်ကို ဘုရားဖြစ်တော်မူဖို့ ကျိုးစားအားထုတ်
ခြင်းကိုဆိုလိုပါတယ်...ဘုရားဖြစ်အောင်အရင်ဆုံး လုလ္လမပြုဘဲ သတ္တ
ဝါဝေနေယျတွေကို သံသရာ ၀ဲသြဃထဲက ကယ်မထုတ်ဆောင်နိုင်ဖို့
ဆိုတာ လွယ်ကူမယ် မဟုတ်ပါဘူး....မိမိကိုယ်တိုင် အားလုံးသောလောကလူသားတွေအပေါ် ကယ်တင်နိုင်ဖို့ ဆိုတာ 
ပြည့်စုံလုံလောက်တဲ့ စွမ်းပကားရှိဖို့လိုပါတယ်.....မိမိကိုယ်တိုင်က ချည့်နဲ့ယိမ်းယိုင်နေတယ်ဆိုရင်တော့ သူတစ်ပါးကိုကယ်တင်ဖို့ဆိုတာ မရေရာ မသေချာတဲ့ အလုပ်ကြီးပါပဲ......လူ့လောကမှာတစ်ချို့လူတွေက ကိုယ်ကိုယ်တိုင်
ကတော့ စွမ်းပကားနဲ့ ပြည့်စုံပါရဲ့ ဒါပေမယ့် သူတစ်ပါးကို ကယ်မတက်ဖို့ကြတော့ ပြည့်ဝတဲ့ အသိညာဏ်နဲ့ ဝေးနေတက်ပြန်ပါတယ်....ဥပမာ အနေနဲ့ ပြောရရင်
များပြားလှတဲ့ ဆွေမျိုးတွေ ကြားထဲမှာ တစ်ဦးက ချမ်းသာနေတယ်ဆိုပါတော့...ကျန်တဲ့ ညီကိုမောင်နှမတွေက ဆင်းရဲ
နေတယ်....အဲဒီဆင်းရဲနေတဲ့ ညီအစ်ကိုမောင်နှမတွေကို ငွေထုတ်ကြီး ပစ်ပေးပြီး ပေးဝေ နှီးရင်း
လုပ်တက်ရုံနဲ့ ညာတကာနဉ္စသင်္ဂဟော ဖြစ်လိမ့်မယ်လို့တော့ မထင်ဘူး....ဘာကြောင့်လဲဆိုတော့ အစကတည်းက စီးပွားရေးမလုပ်တက်တဲ့ အတွက်ကြောင့်ဆင်းရဲပါတယ်ဆိုမှ လုပ်တက်လို့ကတော့ ချမ်းသာနေတာကြာလှပေါ့..ဆင်းရဲနေလို့ စားစရာမရှိတဲ့အချိန် ဒီငွေထုတ်ကြီး လာပေးလို့တော့ ကဲ အဲဒီလူ
ဘာလုပ်မယ်ထင်လဲ စားဖို့အတွက် အဲဒီငွေကို အရင်သုံးမှာပေါ့...
ဒါဟာသဘာဝပဲလေ.....ဒါကြောင့် ဒါကြောင့် သူတစ်ပါးကို ကယ်တင်
နိုင်တဲ့ပုဂ္ဂိုလ်မျိုးဆိုတာ အဲဒီလူကို လမ်းကြောင်းပေါ်ရောက်အောင်ခေါ်တင်ပေးရုံနဲ့ မလုံလောက်သေးဘူး....ဒီလမ်းကသွားရတယ် ဒီကသွားရင် ဒီကိုရောက်မယ်ဆိုတဲ့ ပန်းတိုင်ကိုပါညွန်ပြပေးနိုင်စွမ်းရှိဖို့လည်းလိုတယ်...ဒါမှ ကယ်တင်ရှင်ပီသပေမပေါ့..နို့မိုဆိုရင် တော့ ကိုယ်က သူတို့ကိုကုန်းပိုးခေါ်သလိုမျိုးဖြစ်သွားမှာပေါ့ ....ကိုယ်လည်းခရီးမတွင်သူလည်းအကျိုးမပြီး အားလုံးအချည်းအနှီးဖြစ်ကြပေမပေါ့...တစ်ခါစားရရုံ ဟင်းစားပေးမယ့်အစား ကွန်ချက်ပါ ပြပေးနိုင်ရင်တော့ မြင့်မြတ်သူတစ်ယောက်လို့တောင်ပြောနိုင်တာပေါ့......ရှင်တော်မြတ်
ဘုရားကလည်း အဲဒီလိုစွမ်းရည်တွေကို ပြည့်ဝအောင် မိမိကိုယ်
မှာ လိုအပ်တဲ့ ချပ်ဝတ်တန်ဆာ တွေကို တပ်ဆင်ပြီးကာမှသာ 
အားလုံးသော သတ္တ၀ါတွေကို သံသရာရေယဉ်ကြောထဲက ထုတ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်....သကဲ့သို့ပဲ လောကလူသားတွေ
လည်း သူတစ်ပါးကို မြင့်တင်ပေးချင်ရင် မိမိကိုယ်မှာ လိုအပ်တဲ့ တန်ဆာပလာတွေကို အရင်တပ်ဖို့ အရေးကြီးတယ်ဆိုတာ မြတ်ဘုရားကိုတိုင် စရိယ သုံးသွယ်ကို ကျင့်သုံးခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ်....ကျွန်ုပ်တို့အားလုံးဟာဗုဒ္ဓရဲ့အဆုံးအမ တွေကို လက်ခံကျင့်သုံးနေကြတဲ့သူတွေဖြစ်လို့  ဗုဒ္ဓကိုယ်တော်တိုင် လက်တွေ့ကျင့်သုံးသွားတဲ့ စရိယသုံးသွယ်ကို ကျင့်သုံးရင်း လောကအကျိုး မိမိအကျိုး ဆွေမျိုးအကျိုးတွေကို စွမ်းစွမ်းတမံ အားထုတ်ဖြည့်ဆည်း လုပ်ကိုင်နိုင်ကြပါစေလို့ ဆုတောင်းလျက်..........
လူသားအားလုံး စွမ်းအားရှိတဲ့ သူများဖြစ်နိုင်ကြပါစေလို့ဆန္ဒပြုရင်း.....ဖြင့်...... 

Tuesday, March 6, 2012

ဆုံးမတာဖြစ်ပါစေ အမိန့်မပေးပါနဲ့

 ဒေါက်တာဃောသိတ ရေးထားတဲ့ စာအုပ်လေးတစ်အုပ်ထဲက အကြောင်းအရာလေးတစ်ခု ကိုဖတ်လိုက်ရလို့ အတွေးလေးပေါ်လာတာကြောင့် ဒီစာလေးကိုရေးလိုက်တာပါ...လူဆိုတာ ကြမ်းတမ်းခက်ထန်မှု့ကို ရွံရှာ
စက်ဆုတ်တက်တဲ့ လူမျိုးဆိုတော့ အမိန့်ပေးတာတို့ ဆဲဆိုအပြစ်တင်တာမျိုးဆိုရင် မကြိုက်တက်ကြပါဘူး...ငါသိ ငါတက် ငါကဆရာကြီးဆိုတဲ့ ဟန်ပန်မျိုးနဲ့ လာပြောရင် ဘယ်သူမှ မကြိုက်တက်ကြပါဘူး...နားမလည်သူကို နားလည်အောင် မသိသူကိုသိအောင် ယဉ်ယဉ်ကျေးကျေးပြောတက်ဖို့လိုပါတယ်...ကြမ်းတမ်းမှုဆိုတာကို
လူတွေမဆိုထားနဲ့ တိရစ္ဆာန်တွေတောင် မကြိုက်တက်ကြပါဘူး...
သာမန်အနေအထားမှာတောင် ကိုယ့်အပေါ်ဆရာလုပ်တာကိုတောင်  လူတွေကမကြိုက်လှပါဘူး....လူဆိုတာ စဉ်စားဆင်ခြင်တက်တဲ့ အသိညာဏ်ရှိပါတယ်...အိပ်ခြင်းစားခြင်း သွားလာခြင်း ကာမဂုဏ်ခံစားဆိုတာ လူမှာလည်းရှိပါတယ်..တိရစ္ဆာန်တွေမှာလည်းရှိပါတယ်...စဉ်းစားတွေး
ခေါ်တက်တဲ့ အသိညာဏ်တစ်ခုသည်သာလျှင် လူဟာ တရိစ္ဆာန်တွေနဲ့
ကွဲပြားသွားရခြင်းဖြစ်ပါတယ်..အသိညာဏ်ရှိတဲ့ လူတွေဖြစ်တဲ့အတွက် နားလည်သဘောပေါက်နိုင်စွမ်း ကိုယ်စီရှိကြတာမလွဲဧကန်ပါပဲ....ထိုကဲ့သို့သော လူသားတွေကို အမိန့်ပေးစေခိုင်းတာ အတင်းအဓမ္မပြောဆိုတာ စတဲ့ ကြမ်းတမ်းမှု့တွေကိုရွံရှာ တတ်တာ မဆန်းလှပါဘူး....လူဆိုတာ ကိုယ်
မကြိုက်တဲ့ အရာ ကိုယ်မနှစ်သက်တဲ့အပြုအမူမျိုးကို သူတစ်ပါးအပေါ်
မပြုမူသင့်ပါဘူး....သာမန်အသိညာဏ်လေးသာ ရှိတဲ့ ကလေးငယ်လေးတွေကလွဲရင် အရွယ်ရောက်လာသူတိုင်းက တော့ ခက်ထန်မာကျောတဲ့ အမိန့်တွေ ကို ဖီဆန်နေကြမှာပဲ ...လူတိုင်းက ကိုယ်သိကိုယ်တက် ဆိုတဲ့ အမြင်တွေရှိကြတာဆိုတော့ ဖြစ်နိုင်ရင်ငြင်
သာတဲ့ သိမ်မွေ့တဲ့ နည်းလမ်းတွေနဲ့ ပြောဆိုပြုမူတာကိုပဲ လက်ခံချင်
ကြတာချည်းပါပဲ....အဲဒါနဲ့ ပတ်သတ်လို့ ဦးဇင်းရဲ့ဆရာသမားတစ်ဦးအကြောင်းကို နည်းနည်းပြောချင်ပါတယ်.....သူက ဘာပဲလုပ်လုပ် ဖြစ်ကိုဖြစ်ရမယ်
သူခိုင်းတာကို ဖြစ်အောင်လုပ်မှလည်းကြိုက်တက်တယ်....ဒါပေမယ့်
မခိုင်းတက်တော့ တပည့်တွေရဲ့ငြိုငြင်မှု့ ကို ခံရပုံလေးပါ...တစ်ခါက ကျောင်းဝင်းထဲက အုန်းပင်တစ်ပင်လဲလို့ အဲဒါ ချောင်းရေဆင်းတံတားလုပ်ဖို့ အဲဒီအုန်းပင်ကို လဲကျတဲ့နေရာကနေ ချောင်းထဲကို ဆွဲချဖို့ တပည့်ကိုရင်တွေနဲ့ လုပ်နေတယ် ကိုရင်တွေကလည်း ၁၂ နှစ် ၁၃ နှစ်အရွယ်တွေ အပါးနှစ်ဆယ်လောက်နဲ့ပေါ့ .. အင်အားကများပေမယ့် အားအင်က နည်းနေလို့ ၁၅တာင်ကျော်အတောင်၂၀နီပါးရှိတဲ့ အုန်းပင်က လှုပ်ရုံရွေ့ရုံလောက်ပဲ တက်နိုင်တယ်...ဒါကို မစဉ်းစားဘဲ လုပ်ရင်ရရမယ်ဆိုတဲ့ စိတ်နဲ့ အတင်းရွေ့ခိုင်းတာ ကိုကလည်း ရပ်ကြည့်နေလို့ မရတာနဲ့ ၀င်ကူရတာပေါ့..ဒါပေမယ့်မရပါဘူး...အဲဒါကြောင့် အကျိုးအကြောင်း
လေးပြောပြလိုက်ပါတယ်...အုန်းပင်က ကြီးနေတယ် င်္ဒီအင်အားနဲ့ မရလောက်ဘူးလို့ ပြီးတော့ တွန်းချတဲ့နေရာနဲ့ ချောင်းနဲ့က သိပ်မဝေး
လို့ လူကြီး ၂ယောက်၃ယောက်လောက်ကို အကူအညီတောင်းဖို့ ပြီးတော့ ချောင်းရေတက်တဲ့ အချိန်ရောက်မှ လုပ်ဖို့ အဲဒါဆိုရင် သိပ်ပင်ပန်းစရာမလိုတော့ဘူးပေါ့ ...ခုတော့ ချောင်းစပ်ကနေရေရှိတဲ့နေရာကိုရောက်ဖို့ လတာပြင်ကျယ်ကြီးထဲမှာ မလွယ်ဘူးလို့ပြောလိုက်တယ် ...ဒါပေမယ့်
ရအောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်လိုက်တာ ကိုရင်တွေလည်း ဖက်ဖက်ကိုမောနေတာပဲ...ကုန်းပေါ်ကနေ ချောင်းထဲကိုရောက်အောင်
တော့ လုပ်လို့ရတာပေါ့   လတာပြင်ပေါ်လည်းရောက်ရော ကုန်းပေါ်က ကျတဲ့ အရှိန်နဲ့ အုန်းတုံးကရွှံ့ထဲမှာနစ်နေတယ် အဲဒါကိုမရ ရအောင်လုပ်တာ ၃နာရီကျော်ကျော်လောက်ကြာတယ်...မရဘူး...အဲဒီလိုနဲ့ရေလည်းတက်လာတော့
မှ အုန်းတုန်းက ရွံ့ထဲမှာနစ်နေတယ်...စောစောကပြောသလို ရေတက်မှ မသာလေးလှိမ့်ချလိုက်ပြီး  လိုချင်တဲ့နေရာကို အသာလေး ရေနဲ့မျှောပြီးယူသွားရင် ရနိုင်ပါလျက် အတင်းကြီး ရကိုရ ရမယ်ဆိုတဲ့ စိတ်နဲ့ ခိုင်းတော့ အားလုံးအချိန်ကုန်လူပမ်းဖြစ်ရတာပေါ့
တပည့်တွေလည်း ငြူစူကြတာပေါ့ ....ပြီးတော့ မဖြစ်နိုင်တာမရှိဘူး
လို့ပြောတဲ့ လူကိုယ်တိုင်က ဘယ်နေရာမှ မပါဝင် မလုပ်ကိုင်တော့ 
အားလုံးရဲ့စိတ်ထဲမှာ ဘယ်လိုနေမလဲ စဉ်းသာစဉ်းစားကြည့်ပေတော့
ဒါကြောင့်ကိုယ်ကိုယ်တိုင် က မလုပ်ကြည့်ပဲ လုပ်သာလုပ် ဖြစ်ကိုဖြစ်
ရမယ်ဆိုပြီး အတင်းခိုင်းတာဟာ လူသားတွေအတွက်တော့ ခါးသီး
မှု့တစ်ခု ဖြစ်သွားတက်ပါတယ်....လေးစားမှု့တွေလည်း ပျောက်သွားနိုင်ပါတယ်
နိဂုံးချုပ်အနေနဲ့ပြောရရင် လူနဲ့လူချင်း ကစလို့ အားလုံးသောသတ္တ၀ါ
တွေ အပေါ် နူးညံ့ညင်သာတဲ့ ဆက်ဆံမှုတွေနဲ့ ဆက်ဆံနိုင်ကြပါစေ
လူနဲ့လူချင်း မေတ္တာတရားတွေ ထားနိုင်ကြပါစေ
ကောင်းမွန်တဲ့ ဆိုဆုံးမမှု့မျိုးတွေ ပေးတက်ကြပါစေ
ကိုယ်ချင်းစာတက်ကြပါစေ
လူကိုလူလို့မြင်တက်ကြပါစေ


 

ပေးဆပ်ခြင်းတစ်မျိုး


 သင်လည်းလူသားတစ်ဦးပေပဲ 
ဒါကြောင့်သင်လည်း တစ်နေ့အိုရဦးမယ်
သင်လည်းသားသမီးဖြစ်ခဲ့တယ်
ဒါကြောင့် သင်လည်း မိဘဖြစ်ရဦးမှာမလွဲ
ဒါကြောင့် မိဘတွေကို ပစ်မထားပါနဲ့....
  ဦးဇင်းနေထိုင်ရာ သီရိလင်္ကာနိုင်ငံ ဟောမဂါမ ကျောင်းမှာတွေ့ရတဲ့ ကိုရင်ကြီးတစ်ပါးအဖြစ်ကို မြင်မိလို့ ဒီစာလေးကို ရေးဖြစ်တာပါ 
ဒီကိုရင်ကြီးက ဦးဇင်းဒီကျောင်းကို မရောက်ခင် ခြောက်လလောက်က 
ရောက်နေတယ်ပြောပါတယ်...သားသမီးတွေလည်း ရှိပါတယ်....အိုးပိုင်
အိမ်ပိုင် ကားပိုင်လည်းရှိပြီး အသင့်အတင့် ချမ်းသာတယ်လို့ ပြောနိုင်တာပေါ့.....သို့သော်လည်း ကျေးဇူးမသိတက်တဲ့
 သားသမီးတွေက ပစ်ထားတဲ့အတွက် အိုကြီးအိုမ ဖြစ်မှ လမ်းဘေးရောက်နေရတဲ့အဖြစ်ကို မကြည့်ရက်တဲ့ လူတစ်ဦးက ကျောင်းကိုလာပို့လို့ ကျောင်းထိုင်ဘုန်းကြီးက သနားလို့ ကိုရင်ကြီးဝတ်ပေးထားခဲ့တာပါ.....ဒီသီရိလင်္ကာနိုင်ငံမှာ လူတွေ အသက်ကြီးလာရင် ဖြစ်တက်တဲ့ ရောဂါတွေကို ဦးဇင်းဆွမ်းစား ကြွတိုင်းသတိထားမိလေ့ရှိပါတယ်...အမျိုးသမီးတွေဆိုရင် လမ်းမလျှောက်နိုင်တဲ့ အတွက် တွဲချီ တွဲမ မှ ထူရ ထိုင်ရ ပြီး အမျိုးသားတွေ တော်တော်များများ ဖြစ်တာကတော့ ခြေထောက်တွေ 
ယောင်ကိုင်းပြီး အနာတွေ ပေါက်တာပဲဖြစ်ပါတယ်...ဘာရောဂါလဲဆိုတာကတော့ သေချာ
မသိဘူး.....ခုလည်း အဲဒီကိုရင်ကြီးက ခြေထောက်တွေ ရောင်ရမ်းပြီးမထနိုင် မလျှောက်နိုင်တဲ့ အဖြစ်ကြောင့် ဆေးရုံဆေးခန်းကို အမြဲသွားရပြီး သောက်ရတဲ့ ဆေးတွေရဲ့ ပြင်းထန်တဲ့ အာနိသင်ကြောင့် သတိတွေမေ့ ဆွမ်းစားရင်းတောင် အိပ်ပျော်သွားတာတွေ ဖြစ်နေတယ်...နောက်ဆုံးရောဂါက ပြင်းထန်လွန်းတာ ကြောင့် သတိလစ်သွားလို့ ဆေးရုံပို့လိုက်ရတဲ့ အခြေအနေကိုရောက်သွားတာပဲ....အဲဒါနဲ့ မေးကြည့်တော့ သားသမီး
တွေကို ဖုန်းဆက်တယ်တဲ့ ဖုန်းမကိုင်ကြဘူးတဲ့ ..သားသမီးတွေလည်း
တစ်ယောက်မှ မလာကြဘူးတဲ့...ကျောင်းက ရှိတဲ့ ကိုရင်ဦးဇင်းတွေပဲ
သွားကြည့် ပြုစုနေရတာပါလို့ပြောတယ်..... တစ်ပတ်လောက်ကြာတော့ မသက်သာတဲ့အပြင် ဦးနှောက်တွေ မူမမှန်ဖြစ်ပြီး ကျောင်းကို ပြန်ရောက်လာတယ် ...သို့သော်လည်း ပြန်လာတော့ ကျောင်းထိုင်ဘုန်းကြီးက ပထမ အဲဒီကိုရင်ကြီးနေတဲ့နေရာကို မထားတော့ဘူး...ထားလို့လဲမဖြစ်ဘူးလေ သူနေတဲ့နေရာက ဆွမ်းစား
ကျောင်းဖြစ်လို့ လူတွေအမြဲလာနေတာဆိုတော့ မသင့်တော်ဘူးပေါ့...ပြီးတော့ သင်္ကန်းတောင်မ၀တ်နိုင်ဘူး ချေးတွေ သေးတွေလည်း မနိုင်တော့ဘူး
အဲဒါနဲ့ ဦးဇင်းနေတဲ့ အဆောင်ကို ပို့လိုက်ကြတယ်...ညဘက်မှာဆိုလည်း ပြောချင်တာတွေ အော်ဟစ်ပြော
နေတော့တာပါပဲ...ဘုန်းကြီးတွေကလည်း သူ့ကိုအမြဲဘယ်ကြည့်နေနိုင်ကြမှာလဲလေ ...အလုပ်ကိုယ်စီရှိနေကြတာဆိုတော့ ပြီးတော့ ချေးတွေသေးတွေ
လည်းဒီအတိုင်းပါချနေတော့ အနံ့အသက်တွေကလည်း မကောင်းတော့ ပိုဆိုးတာပေါ့....ခြေထောက်က နာရှာလွန်းလို့ "အားရို့ အားရို့"ဆိုပြီး ငိုလိုက်ရယ်လိုက်ပေါ့...ဦးနှောက်က မူမမှန်ပေမယ့် သူ့ပါးစပ်က အမြဲရွတ်နေတာက ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ ဆိုပြီး ရွတ်နေတာဆိုတော့ အဆိုးထဲက အကောင်းလို့ပြောရမှာပဲ....သားဆိုးသမီးဆိုးတွေက လာမကြည့်ကြပေမယ့် ဘားမှသွေးသားမတော်စပ်တဲ့ ကျောင်းထိုင်ဘုန်းကြီးရဲ့ ဒရိုင်ဘာလေး
က ကြင်ကြင်နာနာ ပြုစုပေးတာကိုတွေ့ရပြန်တော့ ၀မ်းသာမှုလေးဖြစ်ရသေးတယ်.....ဦးဇင်းကတော့ တစ်ဆောင်ထဲ အတူနေရတာဆိုတော့ သားသမီးတွေများလာမလားဆိုပြီး မျှော်နေမိ
တယ်...သနားစရာ ဇရာရဲ့ ထိုးနှက်ချက်တွေနဲ့ ဒီကိုရင်ကြီး ရဲ့ ဘ၀မျိုးတွေ 
ကမ္ဘာပေါ်မှာဘယ်လောက်ရှိနေကြသလဲ.....အိုကြီးအိုမတွေဖြစ်တဲ့ မိဘတွေကို ပစ်ပယ်ထားပြီး ကျောခိုင်းနေနိုင်တဲ့ နှလုံးသား အေးစက်
နေတဲ့သားသမီးတွေဟာ သူတို့ကိုသူတို့တစ်နေ့ မအိုကြတော့ဘူးလို့များတွေးနေကြသလား....ငါတို့များဒီလိုအဖြစ်မျိုးတွေ
နဲ့ကြုံလာခဲ့ရင်လို့များ ကိုယ်ချင်းလေးစာဖို့တောင် မေ့နေရော့သလား.....ငါတို့ ငယ်ငယ်တုန်းက အဲဒီမိဘတွေရဲ့ ရင်ခွင်ထဲမှာ ချီးယိုလိုက် သေးပေါက်လိုက်  ရင်ကိုခြေနဲ့ ကန်လို့ကန် နေချင်သလိုနေပြီး ဆိုးချင်သလိုဆိုးခဲ့တာ မိဘတွေက
စိတ်မဆိုးတဲ့အပြင် အချစ်တွေတောင် ပိုးတိုးခဲ့သေးတာပဲဆိုတာတွေ၊
ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် အရွယ်ကနေ အိမ်ထောင်ရက်သားကျပြီးတဲ့အထိ နှစ်ပေါင်းများစွာ ကျွေးမွေးလာတဲ့
အစားအစာတွေရဲ့ကျေးဇူးတရားတွေ ပြောမယ်ဆိုရင်တော့ ဆပ်မကုန်နိုင်တဲ့ ဒီကျေးဇူးတရားတွေကို အိုကြီးအိုမ အရွယ်ရောက်မှ
စွန့်ပစ်လိုက်ကြခြင်းဆိုတဲ့ ဆပ်ခြင်းမျိုးနဲ့ ဆပ်လိုက်ကြတာများလား..သြော်............ ဇရာ ........ဇရာ 
   သြော်....... သားသမီးတွေ ..........သားသမီးတွေ