Wednesday, October 12, 2011

ငါ့ခေါင်းရင်းသစ်ကိုင်းပေါ်မှာ ငှက်လေးတစ်ကောင်ရှိတယ်

နှလုံးသွေးတွေ လက်ကို ပို့
ငါဟာ ချစ်ခြင်းတွေ စို့ နေတဲ့ဒဏ်ရာ
တိတ်ဆိတ်ငြိမ်သက်စွာ ရွာနေတုန်း
ငါ့ကို မမုန်းကြပါနဲ့
 သူတစ်ထူးကိုခင်တွယ်ဖို့
ငါ့ကိုယ်ငါချို့တဲ့ ပစ်လိုက်တယ်
တောင်ဂမူစာ တစ်ခု မဖြစ်ချင်ဘူးလေ
အပြုံးကို ဒေါသ ဆမ်းမထားခဲ့ပါဘူး
သူလိုနေတဲ့ အချိန်မှာ
အသုံးဝင် ပမွှားလေးတစ်စုံ ဖြစ်ချင်တာ
အမေ မှာတဲ့စကားသံ
ရင်ဘက်ထဲမှာ ညံနေဆဲ
ဘ၀ဆိုတာ အေးချမ်းခဲပါတယ်တဲ့
 အင်းနောက်ဆုံးတော့
နေ၀င်တော့လည်းမှောင်သွားရုံပါပဲ
အာရုံတက်တာနဲ့ ၀ီရိယတွေက ပူညံပူညံ ဖြစ်ဆဲ
သူပဲအေးတယ်
ညမှာလာလာအိပ်ပြီး
အာရုံတက်မှ ပြန်ပြန်သွားတယ်.........
(.......................................................)


1 comment:

  1. သင်္ခါရတရားကိုသဘောပေါက်ပြီး လူလောကကြီးနဲ့ သင့်တင့်မျှတအောင်နေတက်ဖို့ ရည်ရွယ်ပါသည်

    ReplyDelete