Wednesday, October 12, 2011

ချစ်အတ္တ

    ရင်ဘက်ကိုခါချလိုက်ရုံနဲ
ငါ့ချစ်ခြင်းတွေ ကွာကျလာမှာမဟုတ်ဘူး
နှလုံးသားမှာ သားရေကြပ် 
တစ်ဘ၀အတွက် ရည်စူးခဲ့တာနင်အသိ
  မလိမ်မိုး မလိမ်မာအပြုံးတစ်စက်နဲ့
တစ်ဘ၀ လုံးစာ ထိပ်တုန်းခတ်
နင်ပဲချစ်တက်အောင်သင်ပေးခဲ့တာလေ
 ဘ၀ချင်းမတူ အယူချင်းမမျှ
ဒါတွေက အလဟဿတမ်းချင်းတွေပါ
နင့်ရင်ထဲကို ငါဝင်ခဲ့တယ်
ငါ့ရင်ထဲမှာ နင်ရှိတယ်
ကဲဘာ လိုသေးလဲ
 ရာသီတွေ ဘယ်ကိုရွေ့ရွေ့
စက္ကန့်တွေ ဘယ်လောက်ဟောင်ဟောင်
တို့အချစ်တွေ မမှောင်ဖို့ပဲလိုတယ်မို့လား
 မိုက်တွင်းနက်တယ်ဆိုချင်ဆို
အမှောင်ဖုံးတယ်ပြောချင်ပြော
အနိစ္စ ချောက်ကမ်းပါးဘေးမှာ
တို့အချစ်တွေကို ပန္နက်ရိုက်မယ်
ကမ္ဘာတည်သရု ပေါ့............................
 




2 comments:

  1. လူသားတစ်ယောက်ရဲ့ လူသားဆန်ဆန် ခံစားမှုလေးတစ်ခုမျှသာဖြစ်ပါတယ်
    ဘာရယ်တော့ မဟုတ်ပေမယ့် ဘာမှမဟုတ်တာတော့သေချာပါတယ်
    အင်းလူတွေရဲ့ ဖြစ်တက်တဲ့ သဘာဝလေးကို တင်ပြခြင်းသက်သက်
    ခံစားရေးဖွဲ့မိခြင်းရယ်ပါ..............

    ReplyDelete
  2. ဦးဇင်းကဗျာလေးကောင်းပါတယ်ဘု၇ား.တပည်.တော်shareချင်ပါတယ်ဘု၇ား.

    ReplyDelete