Saturday, December 31, 2011

ဘာရယ်တော့မဟုတ်ပါဘူးဒါရယ်ပါ

           ပြောချင်တာက အရာအားလုံးဟာ နောက်ဆုံးတော့လည်း ပြီးဆုံးသွားတာပါပဲ ...ခက်ခဲမှုတွေ နဲ့ ကြုံတုန်းကတော့ ညည်းတွား
ဟစ်အော်မိပေမယ့်  အောင်မြင်မှု့တွေ ပွေ့ပိုက်မိကြတဲ့ အချိန်ရောက်တော့လည်း   အဲဒီအခက်အခဲလေးတွေကပဲ ကိုယ့်ကို
ချိုမြိန်မှု့ပေးတာဆိုတော့ .....အင်း လေ  ဒါဟာသဘာဝပဲဆိုတော့
ဒါကိုတော့ လက်ခံရမှာပဲပေါ့ .....အင်းတကယ်ပြောရရင်  အားလုံးဟာနောက်ဆုံးတော့လည်း အင်း   နောက်ဆုံးတော့လည်း

Wednesday, October 12, 2011

ချစ်အတ္တ

    ရင်ဘက်ကိုခါချလိုက်ရုံနဲ
ငါ့ချစ်ခြင်းတွေ ကွာကျလာမှာမဟုတ်ဘူး
နှလုံးသားမှာ သားရေကြပ် 
တစ်ဘ၀အတွက် ရည်စူးခဲ့တာနင်အသိ
  မလိမ်မိုး မလိမ်မာအပြုံးတစ်စက်နဲ့
တစ်ဘ၀ လုံးစာ ထိပ်တုန်းခတ်
နင်ပဲချစ်တက်အောင်သင်ပေးခဲ့တာလေ
 ဘ၀ချင်းမတူ အယူချင်းမမျှ
ဒါတွေက အလဟဿတမ်းချင်းတွေပါ
နင့်ရင်ထဲကို ငါဝင်ခဲ့တယ်
ငါ့ရင်ထဲမှာ နင်ရှိတယ်
ကဲဘာ လိုသေးလဲ
 ရာသီတွေ ဘယ်ကိုရွေ့ရွေ့
စက္ကန့်တွေ ဘယ်လောက်ဟောင်ဟောင်
တို့အချစ်တွေ မမှောင်ဖို့ပဲလိုတယ်မို့လား
 မိုက်တွင်းနက်တယ်ဆိုချင်ဆို
အမှောင်ဖုံးတယ်ပြောချင်ပြော
အနိစ္စ ချောက်ကမ်းပါးဘေးမှာ
တို့အချစ်တွေကို ပန္နက်ရိုက်မယ်
ကမ္ဘာတည်သရု ပေါ့............................
 




ငါ့ခေါင်းရင်းသစ်ကိုင်းပေါ်မှာ ငှက်လေးတစ်ကောင်ရှိတယ်

နှလုံးသွေးတွေ လက်ကို ပို့
ငါဟာ ချစ်ခြင်းတွေ စို့ နေတဲ့ဒဏ်ရာ
တိတ်ဆိတ်ငြိမ်သက်စွာ ရွာနေတုန်း
ငါ့ကို မမုန်းကြပါနဲ့
 သူတစ်ထူးကိုခင်တွယ်ဖို့
ငါ့ကိုယ်ငါချို့တဲ့ ပစ်လိုက်တယ်
တောင်ဂမူစာ တစ်ခု မဖြစ်ချင်ဘူးလေ
အပြုံးကို ဒေါသ ဆမ်းမထားခဲ့ပါဘူး
သူလိုနေတဲ့ အချိန်မှာ
အသုံးဝင် ပမွှားလေးတစ်စုံ ဖြစ်ချင်တာ
အမေ မှာတဲ့စကားသံ
ရင်ဘက်ထဲမှာ ညံနေဆဲ
ဘ၀ဆိုတာ အေးချမ်းခဲပါတယ်တဲ့
 အင်းနောက်ဆုံးတော့
နေ၀င်တော့လည်းမှောင်သွားရုံပါပဲ
အာရုံတက်တာနဲ့ ၀ီရိယတွေက ပူညံပူညံ ဖြစ်ဆဲ
သူပဲအေးတယ်
ညမှာလာလာအိပ်ပြီး
အာရုံတက်မှ ပြန်ပြန်သွားတယ်.........
(.......................................................)


အများပြောတဲ့ လပြည့်ည

   ကံကြမ္မာ ငြိုးချက်က
ပြတင်းနှစ်ချက်ကို စွဲဖွင့်ကြည့်တာတောင်
လမင်းကို မမြင်ရဘူး        
    မှာစရာရှိတာတွေမှာဖို့
ရင်ဘက်ကိုငုံ့ကြည့်နေတုန်း
တိမ်မည်းတစ်အုပ်က ဖုံးသွားတယ်  
 ရက်စက်တက်သူလို့သူပြောတုန်းက
 ကိုယ်ပြုံးပြခဲ့သေးတယ်
တကယ်တော့
တို့နှစ်ယောက် မမုန်းရင်ပြီးတာပဲလေဆိုပြီတော့ပေါ့
 ရင်ဘက်ကိုသက်အူကြပ်
ချစ်ခြင်းတွေ စီရီရီထပ်ထားခဲ့တာပါ
တို့တွေဒီထက် ပိုမဝေးစေဖို့ပေါ့
ခုတော့ကွယ်
ကြယ်မစုံ လမလင်း
ပြတင်းတွေပိတ်
မီးတွေမှိတ်လည်း
လမင်းကမသာ 
အမှာတွေကိုရင်မှာအပ်
ညဘက်ထွက်ကြည့်ရတာလည်းအခါခါ
သူများတွေပြောတဲ့ လပြည့်ညဆိုတာ 
တို့နှစ်ယောက်ကို ခြားစေတဲ့
ကံကြမ္မာ ကစားကွက်တစ်မျိုးပဲထင်တယ်.......
(၇င်






Monday, August 22, 2011

လူ

      အတ္တဆိုတာ အသိတွေပိုများလာလေလေ
  ပိုကြီးမားလာလေလေပါပဲ..စစ်မှန်တဲ့အသိမျိုးကို
 မရသေးသရ်ုကာလပတ်လုံး ထွားကျိုင်းခွင့်ရနေဦးမှာမလွဲဘူး
 ပရိယာယ်ကြွယ်ဝတဲ့ ရှေ့နေလိုပဲ ဖြေရှင်းချက်တွေလည်းနေရာ
အပြည့်ရှိတယ်...

Saturday, August 20, 2011

သတ္တိရှိသူတို့ရဲ့နေရာ

  လူသားအားလုံး ကို သတ္တိရှိတဲ့လူတွေပါလို့ပြောရင် လက်ခံနိုင်ပါ့မလား
မသိဘူး...ဟုတ်ပါတယ် လူတိုင်းမှာ အနည်းနဲ့အများစွမ်းအားသတ္တိရှိကြ
တွေချည်းပါပဲ...တစ်ချို့က ယောက်ျာားတွေမှာသာ သတ္တိရှိတယ်လို တရားသေသတ်မှတ်ထားကြတာအဲဒါဟာမှားယွင်းတဲ့ အမြင်တွေပါ။
သတိရတုန်းပြန်ပြောပြချင်တာလေးတစ်ခုရှိတယ်...ဆရာကြီးအောင်သင်း
ပြောခဲ့တဲ့အကြောင်းလေးပါ...မိန်းမတွေမှာ ယောကျားတွေထက် ပိုပြီးသတ္တိရှိတယ်လို့ပြောရတာက ကိုယ်ဝန်ဆောင်ရဲတဲ့သတ္တိနဲ့ ခလေး
မွေးရဲတဲ့သတ္တိပါတဲ့...ပုံမှန်ယောက်ျားသားတစ်ယောက်ကို ဆယ်လအတွင်းမှာ တစ်နေ့ကို ငါးကျပ်သားခန့်ခန္ဓာကိုယ်ပေါ်မှာ အသားတွေ တိုးလာပါစေ ..ပြောချင်တာက ကိုယ်ဝန်ဆောင်တယ်ဆိုတာက ကြီးမားလေးလံတဲ့ သန္ဓေသားကို ၀မ်းဗိုက်ပေါ်မှာလွယ်ထားရတဲ့သတ္တိဟာ နည်းတဲ့သတ္တိမဟုတ်ဘူးဆိုတာပါပဲ...
ကမ္ဘာလောကကြီးက သတ္တိရှိသူတွေအတွက် တည်ဆောက်ထားတဲ့အရာပါ ...သတ္တိနည်းသူတွေအတွက် နေရာရဖို့မလွယ်ဘူးလေ.....ကြီးကြီးမားမား
ဖြစ်ချင်ရင် အကြီးကြီးတွေလုပ်ရမှာပဲ ...အဲဒီအခါလိုအပ်တာသတ္တိ.....မရှိမဖြစ်လိုအပ်တဲ့အရာပေါ့.......သတ္တိများ
များရှိတဲ့သူက သူရဲ့ပန်းတိုင်ကို ခိုင်ခိုင်မတ်မတ် တည်တည်ကြည်ကြည်ရောက်အောင်သွားနိုင်ပြီး...သတ္တိနည်းတဲ့သူတွေ
အတွက်ကတော့ လမ်းခုလတ်ကနေ လှည့်ပြန်ရတဲ့ အဖြစ်နဲ့ပဲအဆုံးသတ်ရလေ့ရှိပါတယ်....သတ္တိဆိုတာကိုဒီနေရာမှာသိသလောက်
ပြောရရင် ကာယသတ္တိနဲ့စိတ္တသတ္တိရယ်လို့ နှစ်မျိုးရှိတဲ့အထဲက ကာယ
သတ္တိဆိုတာမျိုးကလူတိုင်းနီးပါး ရှိနိုင်ပါတယ်....တကယ်လိုအပ်တဲ့
သတ္တိက စိတ်ပိုင်းဆိုင်ရာတိုးတက်မှုဆိုတဲ့ စိတ္တသတ္တိပါပဲ......
ကိုယ်နဲ့မထိုက်တန်တဲ့အရာကို ရပါလျှက်မယူပဲစွန့်လွှတ်နိုင်မှု့....မကောင်းမှန်းသိတဲ့အရာကို စွန့်ပယ်ဝံ့မှု့......တရားသဘောအနေနဲ့ပြောရရင် မကောင်းတဲ့ အတွေး၊အကြံစတာတွေကို ဦးနှောက်ထဲအ၀င်မခံပဲ မောင်းထုတ်ရဲ့တဲ့သတ္တိကို စိတ္တသတ္တိလို့ဆိုချင်ပါတယ်.....တစ်ဦးချင်း ၊တစ်မိသားစုချင်း၊တစ်မြို့ တစ်နိုင်ငံကိုတိုးတက်စေချင်ရင်တစ်ယောက်ချင်းစီရဲ့ စိတ်ဓါတ်စွမ်းအားတွေတိုးတက်နေမှသာဖြစ်နိုင်မည်ဟုတွေးထင်မိပါသည်။
အားလုံးမြင့်မားတဲ့စွမ်းရည်တွေပိုင်ဆိုင်ကြပြီး သတ္တိရှိသူတွေသာနေရာပေးတက်တဲ့ ကမ္ဘာလောကကြီးထဲမှာ ကောင်းမွန်တဲ့ဘ၀တွေနဲ့ရပ်တည်နိုင်ကြပါစေ
လူသားတိုင်းသတ္တိရှိပါသည်.....ဒါဟာသေချာမှု့တစ်ခုဖြစ်ပါသည်......
သင့်မှာလည်းသတ္တိများစွာရှိပါသည်....ဒါဟာတကယ့်အမှန်တရားဖြစ်ပါသည်........။

Friday, August 19, 2011

နောက်ကွယ်ကဇာတ်လိုက်များ

      ဇာတ်လိုက်လုပ်တဲ့ လူကိုပဲ လူတွေကဇာတ်လိုက်လို့ ပဲအမြဲမြင်တက်ကြတက်တာ၊ လူကြမ်းလုပ်နေတဲ့လူတစ်ယောက်ကို လူ
ဆိုးတစ်ယောက်လို့ ထင်မြင်ယူဆတက်ကြတာ၊ ဟုတ်ပါတယ်...ဒါဟာလူတို့ရဲ့သဘာဝပါ...ငယ်ငယ်က အစ်ကိုတစ်
ယောက်နဲ့ စကားအငြင်းအခုန်ဖြစ်ခဲ့ဘူးတာလေးကို ပြန်အမှတ်ရမိတယ်
တစ်နေ့ ဘုရားဘ၀ဖြစ်စဉ်တစ်ခုနဲ့ ဆက်စပ်ပြီးစကားစပ်မိတုန်း မှာ ကျွန်
တော်က ပြောလိုက်မိပါတယ်....လူတစ်ယောက်တောက်ပရွှန်းလက်နိုင်
ဖို့ တစ်ယောက်ကတော့ ညစ်ပေပေးရတာ ဓမ္မတာပဲ..ဒီလိုပဲ ဒေ၀ဒတ်ကလည်း ဘုရားရှင်ရဲ့ အရောင်တွေပိုပြီးတောက်ပလာအောင် မိုက်မဲပေးရတာ တကယ်တော့ သနားစရာကောင်းတယ်လို့ပြောမိလိုက်တာကို အစ်ကိုကလက်မခံဘူးဆိုတော့ လူငယ်တွေထုံးစံအတိုင်းငြင်းလိုက်တာ ၅နာရီလောက်ကြာသွားတယ်...ဘယ်သူမှ အဖြေကိုရှာမတွေ့နိုင်ဘူးလို့
ဆိုရမှာပါပဲ....ခုရွယ်ရောက်မှစဉ်းစားမိတော့လည်း ကိုယ့်အတွေးနဲ့ကိုယ်
ကတော့ဟုတ်နေတာပါပဲ....ထူးမြတ်တဲ့ပုဂ္ဂိုလ်တိုင်းရဲ့နောက်ကွယ်မှာ
သူတို့အရောင်တောက်အောင် လုပ်ပေးနေတဲ့ သူတွေဟာရှိကြစမြဲပါ
သီချင်းကောင်းတစ်ပုဒ်ကိုသီဆိုနေတဲ့အဆိုတော်ကိုသာမြင်တက်ကြတဲ့
လောကမှာ အဲဒီသီချင်းကိုေ၇းတဲ့သူ၊ သံစဉ်တွေကိုတီးခတ်ပေးတဲ့သူတွေ၊ကိုသိမြင်ခံစားပေးတက်တဲ့ အမြင်မရှိရင်တော့လက်ခံပေးနိုင်မှာမဟုတ်ပါဘူး.....ကျွန်တော်အယူအဆ
ကတော့ ကိုယ့်ကိုယ်ကို ဇာတ်လိုက်တစ်ယောက်လို့ ထင်မှတ်ယူဆပြီး
သူတစ်ပါးကို အရံအနေနဲ့ သတ်မှတ်တက်တဲ့စိတ်ဓါတ်ကိုပါ.....
လူတစ်ယောက်မှာ ဘ၀ဆိုတာရှိတယ်....အဲဒီဘ၀ကအခြေခံအားဖြင့်
ကျွန်တော်တို့တွေအားလုံးရဲ့ဘ၀နဲ့တူကြတာပါပဲ...လူတစ်ယောက်ကို 
လူတစ်ယောက်လို မတွေးပေးနိုင်တာကတော့ အတော်လေးကို နိမ့်ကျ
တဲ့ဦးနှောက်နဲ့လူမို့ပဲလို့ပြောရမှာပဲ....ဥပမာ သင်ဟာကျော်ကြားတဲ့လူ
တစ်ယောက်ဖြစ်တယ်ဆိုပါတော့ သင့်ရဲ့နောက်ကွယ်မှာ သင့်ကို ထွန်း
ပပေးတဲ့လူတွေ အများကြီးရှိတယ်ဆိုတာကိန်းသေလက်ခံ ရမှာပဲ
အခြေခံအားဖြင့် သင့်ကိုမွေးလိုက်တဲ့ မိဘ တွေကိုထောက်ပြရမှာပဲ....
ဒီအတွေးလေးကို ရံဖန်ရံခါဖြစ်ဖြစ်တွေးမိရင်တောင် ထောက်လွှားပကြွားတဲ့မာနတွေ
ကိုလျှော့နိုင်မှာသေချာတယ်....ငါရဲ့အောင်မြင်မှု့ ဟာ ငါတစ်ယောက်ထဲရဲ့ အားထုတ်မှုကြောင့် လို့တွေးတောမာန်တက်နေ
တဲ့လူတစ်ယောက်အတွက်တော့ ကျေးဇူးတရားဆိုတာကို နားလည်ပေးနိုင်တဲ့အသိက ၀င်လာနိုင်မယ်မဟုတ်ပါဘူး.........
ဘာပဲဖြစ်ဖြစ် အားလုံးရဲ့ပတ်ဝန်းကျင်မှာ ကိုယ့်အတွက် နောက်ကွယ်မှာ သူရဲကောင်းတွေရှိတယ်ဆိုတာလက်ခံ
နိုင်ကြဖို့ပါပဲ......ကျွန်တော်အတွေးကလည်း ဒေ၀ဒတ်ဟာလည်း သူရဲကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ အစ်ကိုကို ပြောပြချင်သေးတယ်......လူတိုင်းသတ်မှတ်ထားတဲ့ လူယုတ်မာဆိုတဲ့ ဒေ၀ဒတ်ကလည်း နောင်တစ်ချိန်မှာ ဘုရားငယ်တစ်
ဆူဖြစ်ဦးမှာဆိုတော့............အင်းအဲဒီအချိန်ကြရင်လည်းလူတွေက 
ဘယ်လိုထင်မြင်ချက်ပေးဦးမယ်ဆိုတာ စောင့်ပြီးကြည့်ခွင့်ရချင်တယ်
ဖြစ်နိုင်ရင်ပေါ့.................းးးးးးးးးးးးးး...............းးးး။။။

Thursday, August 18, 2011

ငါအစစ်

      ဘာမျက်နှာဖုံးမှတပ်မထားလောကကြီးထဲ
တကယ်တော့ တို့တွေကမျက်နှာများသူတွေလို ၀ံ့ကြွားဖို့မလိုဘူးထင်တယ်းးးးအရိုးရှင်းဆုံးတွေတောင်မှ
ရှုပ်ထွေးနေကြတဲ့ ကာလကြီးမှာ ကမ္ဘာကြီးနေကောင်းနေဖို့ပဲတောင်းဆို
ချင်တယ်...ဘယ်ပန်းတိုင်ကို သွားရမယ်ဆိုတာထက် 
ပန်းတိုင်မရောက်ခင် ငါပိုင်ချင်တာ ငါစိတ်ကိုပါပဲ
နွေဦးတွေလည်း အခါခါဖြတ်ကျော်ခဲ့ပြီးပြီ
ငါစားသုံးခဲ့တဲ့ အဟာရတွေကလည်း မနည်းတော့ဘူး
ဒါတောင်မှ ငါဦးနှောက်တွေ မပြည့်ဝသေးဘူး
ဘေးနားကို မယောင်မလည်ကြည့်မိတော့လည်း အားလုံးက နေသားတကျ
ကာလတစ်ခုလောက် ရပ်ဆိုင်းထားလို့ရရင် ကောင်းမယ်
အဲဒါမှ ခဏတာသက်သာမှုရမယ်ထင်ရဲ့
ပန်းတွေဖူးပွင့်ကြတယ်
ကမ္ဘာမြေကြီးက ကျန်းမာလျက်ပါပဲ
လူတွေရဲ့နင်းပြားဖြစ်နေပေမယ့် ကမ္ဘာမြေကြီးက ပြုံးနေနိုင်သေးတာ
အားကျမိတယ်
စားသုံးထားသမျှ ငါပြည့်ဝချင်တယ်
နားမလည်တဲ့စကားတွေပြောရင်း လူအမဖြစ်ချင်တော့ဘူး
ဒါဟာ ငါနားလည်ထားတဲ့ တောင့်တမှု့တစ်ခုဖြစ်တယ်
နေ့သစ်တွေကို လက်ခံပါတယ်
ဖောက်ပြန်နေတဲ့ ရာသီတွေကို နားမလည်တာတော့ခက်တယ်
ဘ၀ချင်းတူပြီးကောင်းကင်တွေကွဲပြားနေတာလည်း အသိရခက်တယ်
ပြန်မပြောချင်တော့ဘူး
လိုတာတွေများနေလွန်းတော့
ကိုယ်လိုတာကို အတိအကျ နားမလည်တော့ဘူး
မှန်ထဲက ငါဟာ ငါမနိုင်သေးတဲ့ အတ္တတစ်ကောင်ဆိုတာ
အချိန်မှီသဘောပေါက်ပြီး
သရုပ်ခွဲနိုင်ဖို့ပဲ တောင့်တာနေတော့မယ်
တကယ်တော့ငါဟာ
စေတန်တစ်ကောင်မဟုတ်တာတော့သေချာတယ်ဆိုတာပါပဲးးးးးးးးးးး၊

ရိုးရာ

    ကျွနုပ်တို့အတွေးတွေ ဘာကြောင့်မလွတ်လပ်ကြသေးတာလဲမသိဘူး
ထိန်းချုပ်ခံဦးနှောက်နဲ့ တုတ်နှောင်ထားတဲ့ ကြိုးတွေက သမရိုးကျ နေ့တစ်နေ့လိုမျိုး စီးမျောသက်ဝင်နေသလိုခံစားမိပါတယ်
လွတ်လပ်တဲ့ အမြင်တွေ ၊လွတ်လပ်တဲ့ အတွေးတွေ၊လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်တွေနဲ့ ဝေဖန်ပိုင်ခွင့်တွေ ဘာကြောင့်ပျောက်ဆုံးနေတာလဲ.....ဥပမာတစ်ခုပြောရရင် သင်အနေနဲ့
အများယူဆထားတဲ့ ရှေးရိုးစွဲ အယူအဆတစ်ခု ကို သင်ဝေဖန်မိပြီဆိုပါတော့ သင့်ကို အမြင်တစ်မျိုးနဲ့ ကြည့်တာကို ပထမဦးဆုံးကြုံရမှာမလွဲပါဘူး....ပြီးတော့ သင်ကို ဘယ်လောက်တော်လို့ တက်လို့လဲဆိုတဲ့ အကြည့်နဲ့ပစ်ပေါက်ခံရမယ်
ဒါဟာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာကြုံနေကြဓမ္မတာတစ်ခုပဲဖြစ်ပါတယ်
ဒါဟာမထူးဆန်းပါဘူး....ထူးဆန်းတာက ကျွန်တော်တို့မလွတ်လပ်တဲ့ ဦးနှောက်ကို ပိုင်ဆိုင်နေခြင်းပါ....တစ်ခါတစ်ရံ ဘာကိုမှ ၀င်မဆွေးနွေးခြင်းဟာ မသိတဲ့လူတစ်ယောက်လိုဖြစ်နေမှာပါပဲ...အဲဒီလို
အခြေအနေက ပိုကောင်းပါတယ်.....လူတွေအားလုံးမှာ ယုံကြည်ချက်တွေရှိကြပါတယ်.....ကိုယ့်ယုံကြည်ချက်တွေကို အများကြောင့်စွန့်လွှတ်ရတဲ့အဖြစ်အပျက်တွေရှိသလို ယုံကြည်ချက်ကို
ဆုပ်ကိုင်ရင်း အသက်စွန့်သွားကြတဲ့သူတွေလည်းရှိပါတယ်....
ကိုယ့်ယုံကြည်ချက်ကို ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်ဖက်တွယ်နိုင်တဲ့သူတွေကတော့
အားကျအတုယူဖွယ်ကောင်းပါတယ်....ယုံကြည်ချက် တစ်ခုက ဓလေ့ထုံးစံတွေကို ပယ်နုတ်ရဲတဲ့၊ အစဉ်အလာတွေကို တွန်းလှန်ရဲတဲ့၊
ဝေဖန်ရဲတဲ့သတ္တိနဲ့၊အားကျလောက်စရာ စွမ်းအားတွေရှိတယ်ဆိုတာလောက်တော့လက်ခံပေးရမှာဖြစ်ပါတယ်
အမှန်တရားကိုရှာဖွေတဲ့နေရာမှာ ကျွနုပ်တို့ဟာ မှားယွင်းမှုတွေကို
အမှားလို့ပြောရဲတဲ့သတ္တိတွေရှိအောင်ကြိုးစားကြရဦးမည်ဖြစ်ပါသည်။။

Wednesday, August 17, 2011

လက်ခံလိုက်စမ်းပါ

      လက်ခံသင့်တဲ့အရာကို လက်ခံရမှာပဲ...ဒါဟာငြင်းဆန်လို့မရတဲ့ အကြောင်းတွေရှိပါတယ်...သင်ကအခြားလူတစ်ယောက်နဲ့ အမြင်တူအောင်လိုက်ညှိယူလို့မရလို့ စိတ်သောကဖြစ်နေတာလား
ဒါဆိုရင် တစ်ခုခုတော့သေချာပေါက်မှားနေပြီလို့ဆိုရမှာပဲ...ဘာကြောင့်
လဲဆိုရင်လူအများနဲ့ အမြင်တူဖို့ဆိုတာ ခက်ခဲသောအရာဖြစ်တယ်ဆိုတာ ကို သင်
မေ့နေလို့များလား? ဒါမှမဟုတ် သင်ကြိုးစားမှုကြောင့် ဖြစ်လာလိမ့်မည်လိုယူဆထားလို့လား ....တကယ်တော့ဒါဟာ ဖြစ်တောင့်ဖြစ်ခဲအရာတွေပါ.....သင့်အယူအဆတွေကို လူတွေလက်ခံ
လာနိုင်အောင်လုပ်နိုင်တဲ့ အရာကတော့ကိုယ်ယူဆချက် လက်ခံနိုင်ဖို့ ကြိုးစားခြင်းပါပဲ.....ဒီလိုမဟုတ်ဘဲ စိတ်တိုဒေါသထွက်နေရုံနဲ့တော့ သင်
ဟာသင့်ရဲ့အမြင်တွေကို လူတွေဘယ်တော့မှ လက်ခံလာလိမ့်မှာ မဟုတ်
တာတော့သေချာပါတယ်....အားလုံးဟာ ကိုယ်ပိုင်သဘောထားကွဲလွဲ
ခွင့်တွေရှိပါတယ်....ဒါကိုသဘောပေါက်ရပါမယ်....သင့်ရဲ့စည်းရုံးသိမ်း
သွင်းနိုင်စွမ်းတွေ ဘယ်လောက်ပေါက်ရောက်နိုင်တယ်ဆိုတာကလည်း
သင့်လုပ်ရပ်ကို လူတွေက လက်ခံ နိုင်မယ့် အတိုင်းအတာပေါ်မှာလည်း
တည်မှီနေသေးတယ်ဆိုတာလည်းမေ့ထားလို့မဖြစ်ပေဘူး...ဒါကြောင့်ကို
လိုချင်တာကို မဖြစ်တာအတွက်ကြောင့်ပဲ သူတစ်ပါးကို အပြစ်တင် 
နေမယ်ဆိုရင် သင်ဟာရူးသွပ်မှုသပ်သပ်သာ ဖြစ်နေပါလိမ့်မယ်
 လက်ခံရမယ်လက်ခံပါ.... သင်လိုပဲအခြားသူတွေလည်း လူတိုင်းနဲ့ 
အမြင်မတူတဲ့အခြေအနေပေါ်မှာ ကသိကအောက်ဖြစ်နေရတာချည်းပါပဲ
ဒီလိုမှမဟုတ်ရင်တော့ သင်ဟာသင်းကွဲတစ်ယောက်ဖြစ်သွားလိမ့် မယ်လေ....
လူတွေကို လူတွေလို့မြင်တက်ရင် ဒီပြဿနာက အေးဆေးဖြစ်သွားမှာပါ....မစိုးရိမ်ပါနဲ့ ....အားလုံးအေးဆေးပါ....စိုးရိမ်သင့်တာက သင်ကိုယ်တိုင်ပါ
ပြန်စမ်းစစ်ဖို့မမေ့ပါနှင့်...
ကျေးဇူးတင်ပါတယ်..

Tuesday, August 16, 2011

ဇာတ်လိုက်

      ဟိုဘက်ကို ရွှေ့ ပေးလိုက်ရတာ ဟာ မခံချည့် မခံသာဖြစ်စရာပဲပေါ့..
ဒါပေမယ့် အေးချမ်းပါတယ် ရေရှည်မှာ အပူသက်သာစေဖို့ အကောင်းဆုံးကာကွယ်နည်းဆိုတာ ဘေးကိုဆင်းရပ်ပေးလိုက်ခြင်းပါပဲ..
သို့သော်လည်း ဒါကိုလူတိုင်းတော့လက်ခံမှာ မဟုတ်ပါဘူး..ဘာကြောင့်လဲဆိုတော့ လူတိုင်းက ဖြောင့်ဖြူးတဲ့လမ်းပေါ်
ကနေ ဆင်းပေးရမှာ ကို အတွေးထဲမှာတောင် တွေးဖို့ အတွေးတွေဆင်း
ရဲနေလို့ပါပဲ...အနစ်နာခံ ခြင်း သည်းခံခြင်းဆိုတဲ့ သစ်ပင်က စိုက်ပျိုးရတာခက်ခဲသလို အသီးအပွင့်တွေ စားသုံးရမယ့်အချိန်ကိုလည်း
မခန့်မှန်း မတွက်ဆနိုင်လို့ပါ...ဒါကြောင့် စောစောစိုက်ပြီး စောစောရိတ်
သိမ်းရတဲ့ အတ္တသစ်ပင်ကို ပဲ အလုအယက်စုက်ပျိုးနေကြတာပဲဖြစ်ပါ
တယ်...ကမ္ဘာလောကကြီးထဲမှာ ကိုယ်ကျိုးစွန့် အနစ်နာခံ ခဲ့ကြတဲ့လူတွေဟာ အားလုံးရဲ့အထက်မှာကြည်ညိုခံရ အကိုယ်းကွယ်ခံ
ရတဲ့ လူထူးလူမြတ်တွေအဖြစ် သမိုင်းဝင်ခဲ့ကြတာကို တွေ့ရပါတယ်..
သူတို့တွေဟာ အဲဒီလိုနေရာကို ၀င်လုပြီးရခဲ့ကြတာမဟုတ်ပါဘူး...
စွန့်လွှတ်မှုတစ်ပုံတစ်ပင်နဲ့ ရင်းနှီးခဲ့ကြရတာပါ....သူတို့လျှောက်ခဲ့တဲ့လမ်းက ကတ္တီဘာခင်းထားတဲ့
လမ်းလည်းမဟုတ်ပါဘူး......လမ်းဘေးကိုလည်း ဆင်းလျှောက်ခဲ့ရတယ်
ခြေထိုးလည်းခံခဲ့ရတာပဲ...အတိုက်ခိုက်တွေတစ်ပုံတစ်ပင်ကြီးပါပဲ.....
ဒါပေမယ့် အားလုံးကို ကျော်ဖြတ်နိုင်ခဲ့တာဟာ သူတို့ရဲ့ အနစ်နာခံ
သည်းခံနိုင်စွမ်းတွေနဲ့ ဇွဲလုလ္လ စွမ်းပကားတွေကြောင့်ပါပဲ......
ကြီးမားတဲ့ အလုပ်ကိုလုပ်မယ့်သူတစ်ယောက်မှာ အနစ်နာခံစိတ်ဆိုတဲ့ အခြေခံ စိတ်လေးကမရှိမဖြစ်လိုအပ်လှပါတယ်
ပြီးတော့ကိုယ်ကျိုးမဖတ်တဲ့ စိတ်ဓါတ်လည်း လိုအပ်ပါတယ်
ကျွနုပ်တို့ဟာ တစ်ဦးချင်းစီအတွက်တော့ မိမိကိုယ်တိုင်က သူရဲကောင်းလို့ထင်မှတ်နေကြတာပါ ...ကိုယ့်ဇာတ်လမ်းမှာ ကိုယ်တိုင်
မင်းသားတစ်လက်လို့ ထင်ကြသူချည်းပါပဲ....
ဒါကြောင့် ကိုယ့်ဇာတ်လမ်းကို လှပ အောင်ရေးကြဖို့ကတော့ ကိုယ့်တာ
ဝန်ပဲဖြစ်တယ်ဆိုတာ အမှတ်ရဖို့ပါ....
မိမိကဘယ်လိုသစ်ပင်မျိုးစိုက်မှာလဲဆိုတာတော့ ...............

Monday, August 15, 2011

တဒင်္ဂရူးသွပ်ခြင်း

          ကြာလာတော့ပြောစရာတွေ ရှားလာတယ်
   စကားလုံးတွေက လည်ချောင်းဝမှာ ခြေစုံရပ်တန့်
  တစ်ခါတစ်ရံ ပင့်သက်တွေအဖြစ် ထွက်ခွါ 
  တစ်ခါတစ်ရံ 
  မိုးစက်တွေလို ကြဲပြန့် 
  အနားသပ်မရှိတဲ့ စိတ်စေရာကိုလွင့်မျော
  ဘ၀မှော်ရုံတောထဲမှာ ခဏခဏလည်း မောရတယ်
  အက်ကြောင်းထပ် နံနက်ခင်းတွေထဲ
  သက်လုံကောင်းရုံ ရှူသွင်းလိုက်တဲ့လေထုက
  ဆာလောင်မှု့ကို အသက်သွင်းပြန်တယ်
  အဲဒီလိုနဲ့
  အသိတွေကို စုစည်းကျားကန်
  နောက်ထပ်တစ်ပွဲ ကန်ရပြန်ရော
  ရှေ့ခြေထောက်ကို အမှီလိုက်ဖို့
  ဦးနှောက်က ကတိုက်ကရိုက် လိုက်ရပြန်တယ်
  မောတယ်လို့ ညည်းနေဖို့
 ဘ၀က ခွင့်မပြုတော့လည်း
 အာရုံတက်ဆို အိပ်မက်တွေမက်ပြန်ရော
 ချာလပတ်ရိုက် အိပ်မှုံစုံမွှားနဲ့ 
 နာရီတွေကို အနိုင်ပေးရင်း
 တစ်နေ့တာ နေ၀င်တာ စောလွန်းတယ်ထင်နေမိတဲ့ အတွေးကို
လွတ်လွတ်လပ်လပ် အနားပေးရင်း
 ငါပြတင်းတွေပိတ်လိုက်တယ်
 မှောင်မိုက်နေတဲ့ညကိုကြိုဆိုဖို့
အလင်းကလိုတယ်လေ
ဒီလိုပါပဲ
လိုအပ်မှုတွေကို မထိန်းချုပ်နိုင်သေးလို့
လိုအပ်တဲ့နံနက်တွေရှိနေတာဖြစ်မယ်
ဒီတော့ လိုအပ်စွာပဲ ရူးသွပ်လိုက်တယ်
 နေ့နဲ့ညတွေ သင့်မြတ်ကြပါစေလို့
ဆုတောင်းရင်းဖြင့်......................
(ရူးသွပ်ခြင်းသာဖြစ်ပါသည်)
 

အလွမ်း

    အချိန်တွေကပုံမှန်ရထားတစ်စင်းသို့နှယ်ခုတ်မောင်းနေဆဲ
ခါသီးမှု့တွေလည်း အတိတ်မှာကျန်ခဲ့ ပြီ
ချိုမြိန်မှု့တွေလည်း ဘယ်ဆီပြေးသွားခဲ့မှန်းမသိတော့ဘူး
ငယ်ရွယ်နုပျိုမှုတွေကလည်း အိုမင်းရင့်ရော်မှု့တွေနဲ့အတူမှုန်ရီဝေေ၀လွင့်ပါးပျောက်ကွယ်ခဲ့ပြီ
ငိုကြွေးခဲ့ရတဲ့ မျက်ရည်တွေ
ရယ်ရွှင် ပျော်ပါးခဲ့ရတဲ့ ကြည်နူးစရာတွေ
ကကွက်စုံ တို့ဘ၀တွေကို ပြန်တွေးတိုင်းဝိုးတ၀ါးဖြစ်နေခဲ့ရပြီ
တို့တွေ ခမ်းနားမှုတွေကို ရလိုဇောတွေနဲ့ ခရီးထွက်ခဲ့တယ်
အဲဒီကတည်းက ပျော်ရွှင်လွတ်လပ်မှုတွေကို လောင်းကြေးထပ်ခဲ့ကြတာ
အဝေးကို ရောက်လေလေ လိုချင်တာတွေ ပိုများလေလေ
လိုချင်တာတွေပိုများလာတော့ လည်း တို့တွေ ထပ်ပြီးစွန့်လွှတ်စရာတွေ
နဲ့ ရင်းနှီးရပြန်ရော
အလွမ်းဆိုတာ ရယ်စရာ ပျက်လုံးတစ်ခုတော့မဟုတ်ပါဘူး
လူတိုင်းလွမ်းတက်ကြတာပါပဲ
အမေရိကန်မှာရှိတဲ့ ကမ္ဘာ့အချမ်းသားဆုံးသူဌေးကြီးတွေကို အင်တာဗျူး
တဲ့အခါ ယခုချိန်မှာ ဘ၀ကို အစကပြန်စ လို့ရရင်ခင်ဗျားတို့ ဘာကို
လုပ်မယ်လို့စိတ်ကူးလဲလို့ မေးတော့......သားသမီးတွေနဲ့အတူ နွေးထွေး
တဲ့မိသားစု လေးနဲ့ကိုပြန်ပြီးတည်ဆောက်ယူမယ်လို့ပြောကြတယ်
ဟုတ်ပါတယ်....သံယောဇဉ်မကုန်သေးတဲ့ ကျွန်ပ်တို့လူသားတွေအတွက် တော့လူ့ဘ၀မှာနေတဲ့အခိုက် အေးချမ်းပျော်ရွှင်တဲ့ ဘဝ
လေးကို မက်မောကြတာချည်းပါပဲလေ....ဘ၀ကို လှပဖို့တည်ဆောက်ရင်း ဘ၀ ရဲ့သာယာပျော်ရွှင်မှုတွေ ဆုံးရှုံးမသွားဖို့တော့ ဂရုစိုက်ရမှာပေါ့.....လွမ်းလို့အကောင်းဆုံးကတော့ ကျန်ခဲ့တဲ့အတိတ်ပါပဲ....ဒါကြောင့် လွမ်းလို့ကောင်းတဲ့အတိတ်လေးဖြစ်အောင် တက်နိုင်သလောက် ခုလောလောဆယ်ကြိုးစားရမှာပေါ့....

အလွမ်းဆိုတာ လူသားအားလုံးရဲ့မူပိုင် ခံစားမှုဆိုတော့
အားလုံး ဆွတ်ပျံ့ကြည်နူးဖွယ်အတိတ်ကို လှလှပပ လွမ်းနိုင်ကြပါစေ...သောကထွေထွေ နဲ့ မလှပတဲ့ အလွမ်းတွေကိုလည်း ဖြေသိမ့်တွေးတောကာ လွမ်းနိုင်ကြပါစေ....







 

Saturday, August 13, 2011

ဆုပ်မထားပါနှင့်

    proverbs are the daughters of daily experience.
    Experience is the mistress of fools.
စကားပုံတွေဆိုတာ နေ့စဉ်အတွေ့အကြုံ တို့ရဲ့ သမီးပျိုလေးများပါ...
အတွေ့အကြုံတွေဆိုတာကတော့ မိုက်မဲမှုတို့ရဲ့ သခင်မပေါ့....
       လောကမှာ ဆန့်ကျင်ဘက်ဆိုတာ နေရာတိုင်းမှာရှိပါတယ်...
ပုံသေခွက်ထဲမှာ ထည့်ပြီး တိုင်းတာလို့မရပါဘူး....လောကမှာ သင်ယူ
စရာတွေ များပါတယ်...အမြဲတမ်းသင်ပေးနေကြဆရာကြီးကတော့သ
ဘာဝတရားကြီးပါပဲ...လူတွေဟာနေ့စဉ် မိမိတို့ကြုံတွေ့နေ ကြအဖြစ်အပျက်တွေ ထဲက မှကောင်းတာတွေကို ဘ၀အတွက်သင်ခန်း
စာယူခဲ့ကြသလို မကောင်းတဲ့ အဖြစ်အပျက်တွေမှလည်း သင်ခန်းစာယူ
ကြရတာပါပဲ...ချိုမြိန်တဲ့သင်ခန်းစာတွေရှိသလို ခါးသီးတဲ့အတွေ့အကြုံတွေလည်းရှိကြတာပါပဲ...သင်ယူစရာပေါများလှတဲ့
လောကကြီးထဲမှာ တရားသေ အယူအဆတွေ ကိုဆုပ်ကိုင်မထားဖို့တော့
လိုပါတယ်...အားလုံးဟာ ပြောင်းလဲနေလို့ ပြောင်းလဲမှု့နဲ့ လိုက်လျောညီ
ထွေနေတက်ဖို့လည်း လိုပါတယ်....ငါတကော ကောပြီး ငါလုပ်တာ  ငါပြောတာအမှန်ချည်းပဲလို့ ယူဆထားသူအတွက်ကတော့ မှန်ကန်မှု
ကနေ သွေဖည်နေဦးမှာ မလွဲပါဘူး.....သိထားရမှာ ကအားလုံးပြောင်းလဲနေပါတယ်...စက္ကန့် မိနစ် မလပ်ပြောင်းလဲနေပါတယ်...အဲဒါကိုလက်ခံဖို့လိုပါတယ်
တစ်ခေတ်ကအမှန်တရားတွေဟာ တစ်ခေတ်မှာ လွဲချော်မှုဖြစ်နိုင်ပါတယ်....ငါမှန်တယ်
ငါမှန်တယ်
ငါမှန်တယ်လို့ ကြွေးကြော်နေရုံနဲ့တော့ မှန်မှာမဟုတ်သေးဘူး
မှန်ချင်ရင်တော့ အမှန်တရားကိုလက်ခံဖို့ပါပဲ
လက်ခံဖို့ပါပဲ...................................


Friday, August 12, 2011

နားနဲ့ပြောတဲ့ အပြောသမား

Speech is silver,silence is gold.

ခက်တော့ခက်သားဗျ
 ဆိတ်ဆိတ်နေထောင်တန်၏ လို့လည့်းပြောကြတာပါပဲ
ဘာမှမပြောပဲနေပြန်တော့လည်း ငအ လို့ထင်ကြပြန်တယ်
 ကိုယ်သိတာလေး မနေနိုင်လို့ ၀င်ပြောမိတော့ အင်း ဟ၀ှပါးစပ် က
နတ်စကားထွက်တယ်လို့ပြောကြတယ်
လူတွေက ကိုယ်သိတာလေးကို အားပါးတရပြောချင်ကြတာသိပါတယ်
ဒါပေမယ့် ပြန်ခြင်းမခတ်ခြင်ကြတာခက်တယ်
သူတစ်ပါးကို နားထောင်ပေးဖို့ကြတော့  အင်း....
လူတိုင်းမှာ ကိုယ်မမြင်နိုင်တဲ့ အဖြစ်အပျက်တွေ
ဗဟုသုတတွေ ပညာတွေတွေရှိနေနိုင်တယ်လို့ ဘာကြောင့်များ
တွေးမပေးချင်ကြတာလဲမသိဘူးနော်
ကိုယ်တစ်ယောက်ထဲပဲ အားလုံးကိုသိနားလည်တယ်လို့ မှတ်ယူနေကြ
တာဘာကြောင့်လဲနော်
စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတယ်
"  သင်စကားပြောကောင်းသူတစ်ယောက်ဖြစ်ချင်ရင် သူတစ်ပါးပြောတာ
ကို များများနားထောင်ပါတဲ့'' 
များများနားထောင်ပေးတဲ့ လူကို ဘာကြောင့်စကားပြောကောင်းသူ
လို့သတ်မှတ်ကြသလဲဆိုတာ သိချင်ရင် အရင်ဆုံး များများနားထောင်
တက်သူဖြစ်အောင် အရင်ကျိုးစားကြည့်ပေါ့...
လူ့လောကမှာ ပြောချင်တဲ့ ပါးစပ်တွေ အရမ်းများပြီး နားထောင်တက်တဲ့ နားကတော့အရမ်းနည်းနေတာကြောင့်ပါပဲ
ဒီတော့ သင်သိထားတာတွေကို  အောင့်အီးပြီး မြိုသိပ်ထားပါ
သူဝအောင်ပြောပါစေ
ပြန်ခြင်း လာ မလာဆိုတာ က အကြောင်းမဟုတ်ပါဘူး
အပေးအယူတည့်ဖို့က လိုရင်းပဲလေ
ဒါဆိုရင် သင်စကားပြောကောင်းသူတစ်ယောက်ဖြစ်နိုင်ဖို့ 
နီးစပ်နေပြီလို့ဆိုရမယ်
ဒါကြောင့်နားနဲ့ ပြောကြစို့.......။

ကိုယ်ပိုင်မျက်နှာ

  ရိုးရိုးလေးပဲ မြင်ဖို့ပါ..
လူတွေမှာ ကိုယ်ဝတ်ဆင်ထားတဲ့ 
ကိုယ်ပိုင်မျက်နှာတစ်ခုတော့ရှိတယ်
သူတန်ဖိုးထားတဲ့ ဂုဏ်သိက္ခာတွေလည်းရှိတယ်
သူ့ရဲ့ကောင်းကွက်တွေလည်းရှိတယ်
ဆိုးတာတွေလည်းပါမှာပေါ့
အထင်လည်းမသေးရဘူး
အထင်ကြီးလွန်းတာကလည်း သိပ်မဟုတ်ဘူး
အစွမ်းထက်မြက်မှုဆိုတာ ကိုယ်ဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘူး
သူဘယ်လောက်ကောင်းတယ်ဆိုတာ 
ကိုယ်မသိနိုင်ဘူး
သူဘယ်လောက်ဆိုးတယ်ဆိုတာ မင်းဆုံးဖြတ်ရမှာ မဟုတ်ဘူး
မင်းလိုချင်တဲ့ကောင်းခြင်းတွေအားလုံး မင်းမှာရှိလားဆိုတာအရင်မေး
ကိုယ့်ကိုယ်ကို
ဘယ်တော့မှ မင်းမဝေဖန်နဲ့
ပြီးတော့ မင်းဘယ်သူကိုမှစိတ်တိုင်းကျမှ မဟုတ်ဘူးဆိုတာသေချာတယ်
ရှင်းရှင်းပြောရရင် မင်းဘယ်တော့မှ ဂျိုမကြွနဲ့
ဘယ်တော့မှ ဂျိုမကြွနဲ့
ထပ်ပြောမယ်
ဘယ်နေရာမှာပဲပဲဖြစ်ဖြစ်
ဘယ်သူနဲ့ပဲဖြစ်ဖြစ်
ဘာအကြောင်းကြောင့်မှ 
ဂျိုမကြွနဲ့..........။

Sunday, August 7, 2011

အမေ့မျက်ရည်

    အဲဒီတုန်းကဗျာ အမေ့ကိုသနားလိုက်တာ ။မှန်တွေကာထားတဲ့လေယဉ်ကွင်းထဲမှာ တစ်ဖက်ရောက်နေတဲ့သားကို
အမှာတွေခြွေနေတဲ့အမေရယ့်ပါ။သားကျန်းမာရေးဂရုစိုက်နော်တဲ့။ညႈိုးေ
လျာ်နေတဲ့အမေမျက်နှာမှာ အားငယ်ရိပ်တွေလွှမ်းနေမှန်းသားသိပါတယ်အမေ
သင်ဖြူးဖျာတွေကို နှစ်ပေါင်းများစွာယက်ခဲ့ရတဲ့ အလုပ်ဒဏ်တွေကြောင့် ရလာတဲ့လေးဘက်နာရောဂါက အမေ့ကိုလူကြားထဲမှာ ကြာကြာမနေနိုင်လောက်အောင်နှိပ်စက်နေလို့
ဝေဒနာကိုအံကျိတ်တင်းခံရင်း သားကိုလိုက်ပို့နှုတ်ဆက်တာ။သားကျောပြင်ကို ငေးကြည့်ရင်းကျန်ခဲ့မယ့်
အမေ့ပုံရိပ်တွေကို မှန်းဆပြီး သနားလိုက်တာအမေရယ်။အားကိုယ်းစရာ
သားကတစ်ယောက်ထဲရယ်။ဒါပေမယ့် အမေနဲ့အဝေးဆုံးမှာပဲရှိနေတယ်။ခုလည်းအဝေးကို ပျံပြေးပြန်ပြီလို့ အမေတွေးနေမှာသေချာပါတယ်လေ။မျက်ရည်တွေပြည့်နေတဲ့ အမေ့မျက်ဝန်းတွေကို သားမကြည့်ရဲဘူးအမေ။သားလုပ်ရက်တွေ မှန်သ
လားမှားသလားဆိုတာတောင် မဝေခွဲတက်လောက်အောင်ပါပဲ။
သားသမီးတွေဆိုတာ အရွယ်ရောက်လာရင်အဝေးကို ပျံသန်းထွက်ခွါကြ
မြဲပါအမေ။ဘ၀အတွက်ဆိုတဲ့ လောကဓံ ကြိုးဝိုင်းထဲမှာ အားကုန်နွှဲဖို့
ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ပေါ့။အမေကတော့ သားသမီးတွေနဲ့ အတူနေခဲ့ကြစဉ်က အိမ်အိုကြီးထဲမှာပဲ အလွမ်းတွေနဲ့ ငိုနေတော့မှာသေ
ချာပါတယ်။ အမေငိုနေမှာသေချာပါတယ်။ မငိုပါနဲ့ အမေရယ်။
မငိုပါနဲ့အမေရယ်။မငိုပါနဲ့......................................................။

အမေ့အိမ်လေး





 ကြည်လင်လိုက်၊နောက်ကျိလိုက်နဲ့ ပုံမှန် စီးဆင်းနေတဲ့ ချောင်းလေး အဲဒီချောင်းလေးဘေးမှာ ကျွန်တော်ကြီးပြင်းလာခဲ့ရတာ.....မိုးစက်မိုးပေါက်လေးတွေတစ်ဖျောက်
ဖျောက်လေးစကျလာခါစ ဆိုရင် သင်းပျံ့တဲ့မြေသင်းရနံ့လေးတွေကို
ရှုရှိုက်ရင်းကျွန်တော်အရွယ်ရောက်လာတာ....အမေ့အိမ်လေးက ဓနိမိုး
ထရံကာအိမ်လေးပါ...သေးငယ်တယ်ထင်ရပေမယ့် ကျွန်တော်တို့အတွက်တော့ နန်းတော်ကြီးလိုပါပဲ...မလုံတဲ့သက်ကယ်ပေါက်တွေက ကျလာတဲ့ မိုးရေ
စက်တွေကို ရှောင်ပြီး တစ်နေရာမှာစုပြုံတိုးဝှေ့ အိပ်ခဲ့ရတာကိုလည်း
ဒုက္ခလို့မထင်ခဲ့ဘူး...အမေပြောပြတဲ့ပုံပြင်ထဲက ရွှေနန်းတော်ကြီးကို
ပုံဖော်ရင်း ပျော်နေတက်ခဲ့တာ...အမေတိုင်ပေးတဲ့ သမ္ဗုဒ္ဓေ ဂါထာကို
ရွတ်ပြီးသရဲအကြောက်ဖြေခဲ့ရတာ...အမေချက်ကျွေးတဲ့ ဘယ်လိုဟင်းမျိုးမဆို စားလို့သိပ်ကောင်းခဲ့တာ....အမေချက်ကျွေးခဲ့တဲ့ ငပိချက်ဟင်းလေးရဲ့အရသာကို ပြန်တွေးကြည့်တိုင်း လွမ်းတယ်...
အမေ့ရဲ့လက်ရာ ပဲရေဖွလေး၊ ချဉ်ပေါင်ရွက်ဟင်းလေး၊ ဆားထောင်းလေး၊ ပြောနေရင်းတောင်သတိရတယ်။
မီးခိုးတွေတအူအူထွက်နေတဲ့အမေ့အိမ်လေးကိုအဝေးကမြင်နိုင်ပါတယ်။
အမေဘာတွေချက်နေတာလဲမသိဘူး။
မိုးတွေလာနေပြီအမေ။အိမ်ခေါင်မိုးက အပေါက်တွေ ဖာထေးပြီးပြီးလား။
ဟောပြောရင်းဆိုရင်းမိုးရွာလာပြီ။အမေရေ
အမေ့ကိုလွမ်းတယ်ဗျာ....................ဗိုက်လည်းဆာတယ်.......။

ငါယုံကြည်ရမည့်သူ

     လောကမှာယုံကြည်မှုပေးမှ ယုံကြည်မှု့ပြန်ရတယ်ဆိုတဲ့စကား
ရှိတယ်...ဟုတ်ပါတယ် လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ
ခံစားချက်ခြင်းဖလှယ်နိုင်၊ တစ်ယောက်လျှို့ဝှက်ချက်ကို တစ်ယောက်က
ထိန်းသိမ်းထားပြီး သစ္စာရှိတဲ့လူတွေလည်းရှိပါတယ်။ဒါပေမယ့်ယုံကြည်
ထိုက်တဲ့လူဆိုတာ လောကမှာအင်မတန်းရှားတယ်ဆိုတာတော့လက်
ခံရပါမယ်။တကယ်တော့ ကိုယ့်ယုံကြည်မှုကို ဖောက်ဖျက်ရိုက်ချိုးနိုင်တဲ့
လူကလည်း ကိုယ်ယုံကြည်ရတဲ့လူပါပဲ။ လောကမှာ ဘာမှ ပုံသေတွက်ဆလို့မရပါဘူး ။လူ့စိတ်ဆိုတာလည်းခက်သားပဲလေ။
တကယ်ဆို အားလုံးဟာ ယုံကြည်မှုကိုလဲ လိုချင်တယ်။ကိုယ်ကိုယ်တိုင်
ရိုးသားဖို့တော့ အားမထုတ်ချင်ကြဘူးလေ။ ကျွန်တော်ကတော့ ဘယ်သူ့ကိုမှမယုံဘူးတကယ်ပြောတာကိုယ့်ကိုယ်ယုံတဲ့သူကိုပဲ ယုံမယ်။
ဒါကြောင့်ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရဦးမယ်။
ကျွန်တော်ရိုးသားရဦးမယ်။
ဟုတ်တယ်။ 
ပက်ပက်စက်စက်ရိုးသားရမယ်။..........................................။

ငွေ..မန်းနီး..အသပြာ...ပိုက်ဆံ...င၀ိုင်း...

  It is said that for money you can have everything,
but you can not. you can buy food,but not appetite;
medicine,but not have: knowledge, but not not wisdom;
glitter,but not beauty; fun,but not joy;
acquaintances,but not friends; servant, but not faithfulness;
leisure, but not peace.you can have the husk of everything 
for money,but not the kind.
   ငွေပေးလျှင် ဘာမဆိုရသည်ဟု လူတွေပြောကြသည်။မဟုတ်ပါ။
ငွေဖြင့်စားစရာ ၀ယ်ရု ရနိုင်သည်။သို့သော် အရသာကို ၀ယ်ရု မရပါ။
ငွေဖြင့် ဆေးဝါးကိုဝယ်နိင်သည်။ ကျန်းမာခြင်းကိုဝယ်ရု မရပါ။ဗဟုသုတ
အချက်ကို ၀ယ်ရု ရသည်။ညာဏ်အမျှော်အမြင်ကိုဝယ်ရ်ုမရ။အရောင်
ပြိုးပြိုးပျက်ပျက်တွေကိုဝယ်ရ်ုရသည်။လှပမှုကိုဝယ်ရ်ုမရ။အပျော်အပါး
ကိုဝယ်ရ်ုရသည်။ချမ်းသာသုခကို ၀ယ်လို့မရ။အသိအကျွမ်းတွေကိုဝယ်
လို့ရသည်။မိတ်ဆွေအစစ်အမှန်ကိုဝယ်ရု မရ။အစေအပါးတွေဝယ်လို့ရသည်။သစ္စာရှိမှုကို ၀ယ်ရ်ုမရ။ အားလပ်ချိန်တွေဝယ်လို့ရသည်။ငြိမ်းချမ်းမှုကိုဝယ်လို့မရ။ငွေဖြင့် သင်သည် အလုံးစုံသော အရာတို့၏ အခွံအကာများကို ၀ယ်ရ်ုရနိုင်သည်။အတွင်းအနှစ်သာရကို ကား မရရှိနိုင်။။။။။။။။။။။။

ငါဘာကောင်လဲ

    ဦးတည်ရာက ဘယ်အရပ်လဲ
မျက်လုံးနှစ်လုံး စဖွင့်ကတည်းက ဘာတွေ စဉ်းစားမိလဲ
ကျန်ခဲ့တဲ့အတိတ်က ငါလက်လွတ်ဆုံးရှုံးခဲ့တဲ့ ငါးကြီး
ခုလက်ရှိ ငါးဖမ်းနေတာ ကအနာဂါတ် မျှော်လင့်မှု့
ခုတည့်တည့်မှာ ရပ်နေတုန်း ဘယ်ဘက်ကို လှည့်ရမယ်မှန်း
ဝေခွဲမရဘူး......
ငါတို့လာလည်တယ်....တစ်နေ့ငါတို့ပြန်ရမယ်မှန်းသိထားတယ်..
လိုချင်တာကို ရယူချင်တဲ့စိတ်က ရလာလေ ပိုလိုချင်ဖြစ်လာတယ်...
နောက်ဆုတ်မရတော့တဲ့လမ်းကိုလျှောက်ရင်း
ကိုလိုချင်တာဘာဆိုတာ သိပ်မကွဲပြားတော့ဘူး
နေထွက်တဲ့အရပ်ကို မျက်နှာမူပြီး
နေ၀င်ရာအရပ်ကို မျှော်ကြည့်တော့လည်း 
ငါဆိုတာမသဲကွဲတော့ဘူး
ဖြစ်ချင်တာဘာလဲ
ဘယ်အတိုင်းတာလဲ
ဘယ်ကိုသွားနေတာလဲ
သူများတွေကိုကြည့်ရင်း
သူများတွေကဘာလဲဆိုတာတွေး
ငါကကော ဘာကောင်လဲလို့တွေး
လုံးချာရိုက်နေတဲ့ အတွေးတွေနဲ့
တကယ်တော့ ဘာမှမသိသေးတဲ့
လူတစ်ယောက် ဘာဖြစ်ချင်မှန်းမသိသေးတဲ့လူတစ်ယောက်
ကမ္ဘာပေါ်မှာလမ်းလျှောက်နေတယ်ဆိုတာပါပဲ...............

ဘာမာနလဲ

       ငါဘာကောင်လဲ?  ငါဘာလဲ? ငါဘာလုပ်မှာလဲ?ငါဘာတွေလုပ်နေလဲ?
လောကမှာ အနိမ့်ဆုံး သူတောင်းစားတွေတောင်မှ မာနဆိုတာရှိတယ်
ရုပ်လှတာနဲ့မာနကြီးစရာလား? 
ဥစ္စာပေါတာနဲ့မာနကြီးရောလား?
အမျိုးမြတ်တာ ဘာဖြစ်လဲ?
ပညာတက်တာ နဲ့ မာနကပါလားရရောလား?
ဆင်းရဲသူကကော မာနပိုကြီးလေသတဲ့လား?ဲ
လူတိုင်းမှာ မာနရှိတယ်လား?
ဘာအတွက်မာနကြီးတာလဲ?
ဘာကြောင့်မာနကြီးတာလဲ?
ဘယ်သူကမာနကြီးတာလဲ?
ဘာလို လို့မာနကြီးတာလဲ?
မာနကြီးလို့ အများကချစ်မှာလား?
မာနကြီးလို့ကော မုန်းကြမှာလား?
လူတွေကဘယ်လိုတွေပြောကြမယ်တော့မသိဘူး...
မာနတွေ ဘာကြောင့်ကြီးနေကြတာလည်းဆိုတာ
ကျွန်တော်အခုထိ သဘောမပေါက်သေးဘူး...
စဉ်းစားလို့ကိုမရဘူး.....
အော်လူဆိုတာရူးတက်တဲ့ သတ္တ၀ါတစ်မျိုးပဲဆိုတာတော့သိထားတယ်...
အသက်၁၀၀ အတွင်းမှာ စိတ်ကြိုက်ရူးခွင့်လေးတော့ ကန်ထရိုက်
ဆွဲထားတာပဲဖြစ်မယ်နော်.....
သြော်.....မာန......မာန........မာန.......
 

မီးနှင့်ရေ

         ပူလောင်အိုက်စက်နေတဲ့အခါ အေးမြတဲ့လေပြည်လေညှင်းလေး
တွေက ချစ်စဖွယ်ပါ...အေးစက်ခိုက်တုန်နေတဲ့အခိုက် နွေးထွေးတဲ့
နေရာလေးက ကျေနပ်စရာပါ.....ဆာလောင်မွတ်သိပ်နေသူတစ်ယောက်
အတွက်တော့ အစားအစာလေးကလည်း ခွန်အားကိုဖြစ်စေပြန်တယ်...
လူတိုင်း လူတိုင်းဟာ ကောင်းတဲ့အရာတွေကိုပဲ တောင့်တကြတယ်..
တွေးလေ့ရှိကြတယ်...မျှော်လင့်တက်ကြတယ်...ဒါဟာကောင်းတော့ကောင်း
ပါတယ်..တစ်ခါတစ်ရံမှာတော့ အဆိုးတရားတွေနဲ့ ပက်ပင်းကြုံ တဲ့အခါ
ထိခိုက်ကြေကွဲ စရာ တွေ တွေ့လာရတဲ့ အခါ မှာ လည်း မရှုနိုင်မကယ်နိင်
ဖြစ်တက်ကြပါတယ်....ဒါဟာလောကဓံရဲ့ကြည်စားမှု့ ဒါမှမဟုတ်
သွေးတိုးစမ်းမှုလေးတွေပါပဲ...အကောင်းတွေခံစားတုန်းကလိုမျိုး
တော့ နှစ်သက်ဖွယ် ရှိမှာမဟုတ်တာတော့သေချာပါတယ်..ဒါဆိုရင်ဘာလုပ်သင့်သလဲဆိုရင်
ကျွနုပ်တို့တွေ လောကဓံ ကို ကြံ့ကြံ့ခံ နိုင်ဖို့ အကောင်းဆုံးတွေကို
မျှော်လင့်ကြသလို အဆိုးဆုံးတွေအတွက်လည်း ပြင်ဆင်ထားဖို့လိုတယ်
ဆိုတာပါပဲ....
ကျွနုပ်တို့ကြားဖူးနေကြ စာသားလေးပါပဲ..ဒါပေမယ့် တကယ်ကျင့်ကြည့်
ဖို့တော့လိုတာပေါ့နော.....
I hope for the best but I am prepare for the worst.

Sunday, July 24, 2011

ကမ္ဘာ့ပြတင်းပေါက်

စာဖတ်တဲ့လူက မဖတ်တဲ့သူထက် ခေါင်းတစ်လုံးပိုသာတယ်လို့ပြောကြ
ပါတယ်..တကယ်မှန်တယ်ဆိုတာကြာလေလေပိုယုံလာမိပါတယ်..၁၂နှစ်သား
လောက်ကတည်းက စာပေနဲ့ရင်းနှီးကျွမ်းဝင်အောင်မိတ်ဆက်ပေးခဲ့တဲ့ အဘိုးကို မကြာခဏသတိတရလည်းဖြစ်မိပါတယ်...ဘွဲ့တွေဒီဂရီတွေမရပေမယ့်လည်း
စာပေရဲ့ကျေးဇူးကြောင့် ပဲ ကိုယ့်ကိုယ်ကို ထိန်းမတ်နေနိုင်ခဲ့တာ စာပေရဲ့ကျေးဇူးလို့ပဲပြောရမှာပါ...ဒီနေရာမှာ မျှဝေချင်တာက စာအုပ်ပေါင်း
၉၀၀၀ကျော် ပိုင်ဆိုင်ထားတဲ့ စာရေးဆရာကြီး လူဝီအယ်အာမိုးပြောတဲ့စကားလေးကိုပါ
"  စာဖတ်ရတာ ပျော်စရာကောင်းလှတယ်ဆိုတာကို ခင်ဗျားသိသွားတာနဲ့
တစ်ပြိုင်နက် ဘ၀မှာ ငြီးငွေ့စရာကင်းသွားရော...စာတစ်အုပ်ဖတ်တိုင်း
စိတ်ဝင်စားမှုဟာတိုးလို့သာလာတယ်ဗျ...ကျုပ်ရဲ့စာကြည့်တိုက်ဟာ
လိုတရမီးခွက်လိုပဲဗျ...သမိုင်းကြောင်းမှာ ဘယ်ခေတ်မဆို လိုရာရောက်အောင်သွားနိုင်တယ်...အတိတ်ကာလက မဟာပညာကျော်
တွေနဲ့လည်း ဆွေးနွေးနိုင်တယ်...ဒဿနပညာရှင်တွေ ဥပဒေချိုးဖောက်သူ
တွေ  နွားကျောင်းသားတွေ  စွန့်စားသူတွေနဲ့လည်း   ဆွေးနွေးနိုင်တယ်...
ဘုရင်တွေ မိဖုရားတွေ သာမန်သင်္ဘောသားတွေနဲ့လည်း ဆွေးနွေးနိုင်တယ်..  
ဟုတ်ပါတယ်....စာအုပ်တစ်အုပ်ဖတ်ရတဲ့အရသာကတော့ ပြောမပြတက်
လောက်အောင်ပါပဲ....ငယ်ငယ်တုန်းက မိုးတွေသည်းကြီးမည်းကြီးရွာတဲ့
ညတွေမှာ စောင်ကိုခေါင်းမြီးခြုံပြီး ရေနံဆီမီးခွက်နဲ့ စားခိုးဖတ်တာ
အမေဆူခံထိခဲ့တာကိုပြန်သတိရမိတယ်....စာအုပ်စာပေရှားပါးတဲ့ ရွာမှာ
စာတစ်အုပ်ကို အခေါက်ခေါက်အခါခါပြန်ဖတ်နေရတဲ့အရသာ...
ခုတော့ရွာကိုပြန်မရောက်တာတောင်ကြာပြီ။  အဲဒီရွာလေးကနေ
မျိုးစေ့ချပေးလိုက်တဲ့ဝါသနာ က ခုထိ စာအုပ်တစ်အုပ်ကို အိပ်ရာဘေးမှာချပြီး ဖတ်ပြီးမှအိပ်ပျော်တက်တဲ့ အထိပါပဲ.....
အားလုံးစာဖတ်ကြစေချင်တယ်ဗျာ...အထူးသဖြင့် ညီ၊ ညီမအ၇ွယ်အားလုံးကို တကယ်တော်စေချင်တယ်..
ကျွန်တော်တို့က မော့ကြည့်နေရတဲ့ ညီ၊ညီမတွေဖြစ်စေချင်တယ်...။။။။။။

အိပ်မက်ထဲကကြွက်

တစ်ခါတစ်လေ စိတ်လိုလက်ရ နေပစ်လိုက်ချင်တယ်...အားကိုယ်းအထားရာတစ်ခုအနေနဲ့ ဘာမှမရှိတော့ဘူးလို့တွေးလိုက်မိတဲ့အခါ  စိုးရိမ်မိပြန်တယ်...အားလုံးဟာ
အဆုံးသတ်တော့မယ့် ပစ္စုပ္ပန်မှန်း တွေးလိုက်တော့လည်းအနာဂါတ်ကို
မျှော်မကြည့််ချင်တော့ပြန်ဘူး...အတွေးတွေနဲ့ပူလောင်နေတဲ့အဖြစ်ကို
ဘယ်သူ့ကိုမှ မကြုံစေချင်ဘူး...အေးငြိမ်းခြင်းဆိုတာက ကိုယ့်ဆီကို တစ်ခါ
တစ်လေမှလာလည်တက်တဲ့ ဧည့်သည်တစ်ယောက်ဆိုတာ သိလာတယ်
တစ်ခါတစ်ရံ အသံကြားတိုင်း  ထကြည့် တက်တဲ့ ညာဉ်တွေနဲ့ အိပ်မက်
ကိုခါးချိုးခံလိုက်ရတဲ့ ဖျက်ခနဲ လွင့်လာတက်တဲ့ မညင်သာမှု့ တွေ
အားလုံးဟာ ဘ၀တစ်ခုပဲလေ
ပြန်လာခွင့်မရတော့တဲ့ ညနက်ထဲက ခြေသံ
ပြီးတော့ သဲလူးထားတဲ့လောကဓံသကြားခဲ
အဲဒါကို လာလာချောင်းနေတဲ့ ကြွက်တစ်ကောင်
အားလုံးဟာ ငါ့ကိုတိုက်ခိုက်နေတဲ့ 
အလွမ်းတပ်မကြီးတစ်ခုပါ.................
 

ဦးနှောက်သေးသိမ်မှု့

အစဉ်အလာတွေက အားလုံးကိုပိတ်ဆို့ထားကြတယ်ဗျာ...စာပေဆန်ဆန်
ပြောရရင် ပညတ်တရားတွေအပေါ်မှာအရေးပေးလွန်းကြတယ်...ကျွန်
တော်အသက်၂၆နှစ်ရောက်ခဲ့ပြီးပါပြီ..ဖတ်ခဲ့မှတ်ခဲ့ကျက်ခဲ့ ရတဲ့အရာတွေဆိုလည်း မနည်းတော့ဘူးလို့ပဲ ပြောရမှာပါပဲ...ရဟန်းတစ်ပါးလည်းဖြစ်တယ်ဆိုတော့
ှဗုဒ္ဓစာပေနဲ့လည်းမစိမ်းဘူးလို့ပြောရမှာပါပဲ...ဒါပေမယ့် တဖြည်းဖြည်းနဲ့သိ
လာတာက ကိုယ်ဟာ တွေးခေါ်တက်တဲ့ဘက်မှာ အရမ်းအားနည်းနေသေး
တယ်ဆိုတာပါ..ဒီအရွယ်ရောက်တဲ့အထိ သင်ယူလာခဲ့တဲ့သက်တမ်းတစ်
လျှောက် ကျက်ဟယ် မှတ်ဟယ် ဖြေဟယ်နဲ့ဒါတွေနဲ့ပဲ နားပန်းသတ်လာခဲ့ရတာ..ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာဆိုလည်း ဘာကိုမှ
ရဲရဲမတွေးရဲလောက်အောင် အားလုံးနေသားတကျ ရှိနေကြသူတွေချည်း
ပဲတွေ့ရပါတယ်..မှန်တယ်လို့အများကသတ်မှတ်ခဲ့ ပြောခဲ့တဲ့အရာတစ်ခုကို
ထပ်ပြီးဝေဖန်ဖို့ စဉ်းစားဖို့ အားလုံးမကြိုးစားကြဘူး..အားလုံးကိုလက်ခံလို
က်ကြဖို့အဆင်သင့်ဖြစ်နေကြသူတွေချည်းပဲတွေ့နေရပါတယ်..ဒါတွေဟာ
တကယ့်အမှန်တရားတွေဟုတ်ရဲ့လား...ဒီနေရာမှာတော့ နည်းနည်းလွဲနေ
သလားလို့ပြောလိုက်မိရင်တောင် မင်းကဘယ်လောက်တက်လို့လဲ..သိတဲ့တက်တဲ့သူတွေလုပ်ထားခဲ့တာကို
ဟုတ်ပါပြီ အဲဒါဖြင့်ရင် ဘာမှမသိမတက်လို့ ဖြင့်ရင်
ဘာမှတွေးတောပိုင်ခွင့်မရှိတော့ပြီလား..အရာရာကို ဒီအတိုင်းပဲလက်ခံနေ
ကြမယ်ဆိုရင် ကျွန်တော်တို့တွေ နယ်ချဲ့တွေရဲ့လက်အောက်က  ခုထိလွတ်
ကြဦးမယ်မထင်ဘူး...ဗိုလ်ချုပ်အောင်ဆန်းနိုင်ငံရေးလောကထဲကို စ၀င်တုန်းက၂၅နှစ်ပဲရှိပါသေးတယ်...သူဘာတွေလုပ်ခဲ့သလဲ...ဘာတွေတွေး
တောခဲ့သလဲ .....ပြီးတော့ လယ်တီဆရာတော်တုန်းကလည်း ဋီကာကျော်အမှား၃၀၀ကျော်ကိုထောက်ပြဝေဖန်တုန်းကလည်း
တစ်နိုင်ငံလုံးပွက်ပွက်ကိုညံလို့ ...အဆုံးမှာ အမှားကိုအားလုံးလက်ခံကြရတာပဲမဟုတ်လား....အတွေးလေးတစ်ခုအများ
အမြင်ကနေ ကွဲလွဲသွားပြီဆိုရင် အားလုံးကမေးငေါ့ ပြစ်တင်ဖို့ပဲအရင်စဉ်းစားကြတာအရမ်းကို ကြေကွဲဖို့ကောင်းပါတယ်....ကိုယ်
မစဉ်းစားရဲမတွေးတောရဲရင်တောင်မှ စဉ်းစားတွေးခေါ်တက်တဲ့သူကို ပြစ်တင်ရှုံ့ချတာကတော့ သေးသိမ်ရာကျလွန်းပါတယ်....ဆန့်ကျင်ဘက်
အကြောင်းအရာ တွေကို တောင်မှ သေချာရေရာမှုမရှိဘဲ လက်လွတ်စပယ်ဝေဖန်အပြစ်မတင်သင့်ပါဘူး....ဘုရားရှင်ကိုယ်တော်တိုင်
ကာလာမသုတ်မှာအပြည့်စုံဟောထားခဲ့တာပဲလေ...လောကမှာ ဘာမှမစဉ်းစားမတွေးခေါ်တက်ပဲ ဘ၀တစ်ခု ကိုကုန်ဆုံးသွားရခြင်းဟာ
အင်မတန်မှ ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ....အတွေးအခေါ်သေဆုံးခြင်းကသာ
ဘ၀ရဲ့ အကြီးမားဆုံး  နစ်နာဆုံးရှုံးမှုဖြစ်တယ်ဆိုတာ နားလည်နိုင်ကြပါစေလို့ ပဲမျှော်လင့်နေမိပါတယ်

လျှာ

တစ်ထွာသာသာလေးရှိတဲ့လျှာတစ်ချောင်းက ခြောက်ပေလောက်ရှိတဲ့


လူတစ်ယောက်ကိုသေစေနိုင်တယ်တဲ့...ထိန်းချုပ်နိုင်ဖို့ခက်ခဲတာလည်း


အမှန်ပဲ...သူကပဲ စီရင်ချက်တွေချနေတာ..ချစ်သူတွေမုန်းအောင်၊


မုန်းသူကိုချစ်လာအောင်လုပ်ပေးတာ၊ အလိမ်အညာ၊ပလီပလာ၊ ကလီကမာနဲ့ မသတီစရာ စတဲ့စကားတွေသစ္စာ မေတ္တာ ဂရုဏာ


ချစ်တာတွေ အားလုံးသောစကားတွေက ဒီလျှာပေါ်ကပဲ ထွက်ကျလာတာ


လေ...လျှာပေါ်မှာစကားတွေရှိတာလား ဒါမှမဟုတ် စကားလုံးတွေချောမွေ့


စေဖို့လမ်းခင်းပေးတာလား..တွေးစရာပဲနော်..အားလုံးကမှီခိုနေရတဲ့


ဒီလျှာက ကောင်းခြင်းဆိုးခြင်းတွေကိုပေးစွမ်းနိုင်တာတော့အသေအချာပါ


ပဲ.ဒီလျှာကပဲ ဘာသာစကားတွေကွဲပြားစွာ....


ဒီလျှာနဲ့ပဲ အရသာတွေကွဲပြားစွာ


ဒီလျှာနဲ့ပဲ ကမ္ဘာကြီးလည်းကွဲပြားစွာ


ဘ၀တွေကိုတိုးတက်စေတာ


ယုတ်လျော့နိမ့်ကျစေတာ


ဇောက်ထိုးမိုးမျှော်ဖြစ်စေတာ


အရိုးမပါတဲ့ဒီလျှာ

Tuesday, July 19, 2011

ငါမနိုင်တဲ့ငါ

   ကြံစည်သမျှအားလုံး ဖျက်ဆီးတက်တာလည်းငါ...ရှေ့တိုးမလိုနဲ့ နောက်ပြ
န်တွန့်ဆုတ်နေတက်တာလည်းငါ...ရှောင်တိမ်းနေမယ်စိတ်ကူးပြီး ၀င်တိုးနေတက်တာလည်းငါ...ငါခိုင်ကြည်တော့မယ်လို့ ဆုံးဖြတ်ပြီး
လျော့ရဲ နေပြန်တာလည်းငါ...ရင်ထဲမှာသံမဏိ စည်းကမ်းတွေထုတ်ပြီး
အပြင်မှာ အရည်ပျော်စေတာလည်းငါ..
ကျွန်တော်ဟာ မခိုင်မာတဲ့ကောင် ပျော့ညံ့တဲ့ကောင် နဝေတိမ်တောင်ဖြစ်
နေတဲ့ကောင် ကိုယ့်ကိုယ်ကို မနိုင်တဲ့ကောင်..ဒါနဲ့များ တောင် ဖြစ်ချင်တာ
တစ်ပုံတစ်ခေါင်းကြီးလို့ပြောသေးတယ်..သူများတွေကိုလည်းဖြစ်စေချင်လိုက်
တာတဲ့ ..စွန့်သူတွေသာ စားရမယ်ဆို တဲ့စကားလေးလိုပေါ့..လောကကြီး
မှာထိုက်တန်တဲ့ အရာကို လိုချင်ရင် ထိုက်ထိုက်တန်တန် စွန့်လွှတ်မှ ရတက်ပါတယ်..လွယ်လင့်တကူသာ ရစတမ်းဆိုရင် တန်ဖိုးရှိတဲ့ အရာတွေ
တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တွေဆိုတာပေါ်ပေါက်လာမှာတောင် မဟုတ်ပါဘူး..စွန့်လွှတ်မှုဆိုတာ တကယ်တော့ သာမန်ပုဂ္ဂိုလ်တို့အတွက် အင်မတန်ကြီးမားတဲ့ မြင့်မြတ်မှု့ တောင်တန်းကြီးလိုပါပဲ...ကျော်တက်နိုင်ဖို့အင်မတန် ခက်ခဲလှတဲ့ တံတိုင်းကြီးပါ...ဘုရားရှင်က လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
လုံး လုပ်ခဲ့တာ စွန့်လွှတ်မှု့ပါပဲ...အားလုံးအတွက် စွန့်လွှတ်ခဲ့တဲ့ရလဒ်က 
ဗုဒ္ဓတစ်ဆူ ဆိုတာပွင့်ပေါ်စေခဲ့တာပဲလေ...လောကကြီးမှာ ကောင်းတာတွေကို ဖြစ်အောင်လုပ်ဖို့ လုပ်ဖြစ်အောင်လုပ်ဖို့  မိမိတို့စိတ်ကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ပြုပြင်နိုင်စွမ်းရှိဖို့အရမ်းအရေးကြီးပါတယ်..အသေးအဖွဲကိစ္စလေး
တွေကိုတောင် မှ မထိန်းချုက်မပြုပြင်နိုင်ရင် ကြီးမားတဲ့ အရာတွေမှာအောင်အောင်မြင်မြင် ဆုံးဖြတ်လုပ်ကိုင်နိုင်ပါ့မလားဆိုတာ
တွေးမိကြဖို့လိုပါတယ်...လောကမှာကိုယ်မနိုင်တဲ့ အရာဟာကိုယ်စိတ်
ပါ..အဲဒီစိတ်ကို အတော်အတန် ထိန်းသိမ်းချုပ်ကိုင်နိုင်ပြီဆိုရင်ပဲ
အောင်မြင်ဖို့ အတွက်ရာခိုင်နှုန်းအတော်လေးများနေပါပြီ....အားလုံးဟာ
အောင်မြင်တိုးတက်ချင်သူတွေဆိုတော့ မကောင်းဘူးလို့ထင်တဲ့အရာတွေကို ဘယ်လိုနည်းနဲ့မဆိုစွန့်ကြဖို့...ကောင်းတယ်ထင်တဲ့အရာတွေကို တွန့်ဆုတ်စေတဲ့ အရာမှန်သမျှ ၀င်မလာနိုင်အောင် တားဆီးစွန့်ပယ်ပစ်
နိုင်ကြဖို့အရေးကြီးပါတယ်...ငါသာငါဘ၀ရဲ့အရှင်ဖြစ်အောင် ကြိုးစားနိုင်ကြရင်.....
 

Monday, July 18, 2011

ဆွံ့အမိုးရေ

လင်းရောင်ခြည် လာခါနီးပြီဆိုတော့
အမှောင်ကပိုပြီးသိပ်သည်းလာတယ်ထင်ရဲ့ 
ငယ်စဉ်က ကလေးကဗျာလေးတွေအော်ကျက်ခဲ့သလို
ရင်ထဲမှာသံမှိုနှက် အလွတ်ရတက်ခဲ့တယ်
လူတွေရဲ့မျက်နှာတွေနဲ့ ယဉ်ပါးပါများလာတော့
ခုတော့ ကဗျာတွေကိုမကျက်ဘဲ ရနေတက်ပြီ
တွန့်ကြေဖောင်းပွနေတဲ့ ရင်ဘတ်ကြီးကို
မီးပူထိုးခေါက်သိမ်း ထားရတော့မယ်
သူတစ်ပါးကို ဖတ်တက်တဲ့ ပညာကို
သဘာဝကြီးက အားပါးတရသင်ပေးလိုက်တော့ 
မယုံသင်္ကာဖြစ်တက်တဲ့ စိတ်က အရွယ်ရောက်လာတယ်
ကိုယ့်ကိုချစ်ခင်ခဲ့သူတွေနဲ့ မုန်းတီးနေသူတွေဆီကပါ
အကြည့်စူးစူးတွေနဲ့ ပစ်ပေါက်တာခံရတယ်
သဘာဝကိုဖီလာလုပ်ပြီး
ဂျိုတမြမြ လုပ်နေတဲ့ကောင်တဲ့
နားမထောင်ပါဘူး
စိတ်လိုလက်ရ ငိုရယ်လိုက်တယ်
ပီပြင်တယ်ဆိုတာ
လက်ခမောင်းမခတ်ခင်အရှုံးပေးလိုက်သလိုမျိုးထင်ရဲ့
ဘယ်သူမှ မချစ်ခဲ့ဘူးလို့ အော်ငြင်းရင်း
ဒူးထောက်ေ ချာ်လဲကျခဲ့တာ အကြိမ်ကြိမ်
ကိုယ့်သိက္ခာကိုယ်ပြန်ဆယ်ရင်း 
တစ်နေ့တော့ တိမ်တွေ အထပ်ထပ်
ထူထပ်နေသောနေ့တစ်နေ့မှာ
လူမသိသူမသိ 
တ၀ုန်းဝုန်းရွာပစ်လိုက်တယ်
တကယ်တော့ ရောင်နှီမလာခင်
ကိုအသိုက်ထဲကထွက်ခဲ့သင့်တာ
ခုတော့
ပိုမှောင်လာတယ်
ပိုမှောင်လာတယ်..

အတ္တ

ငါသာ ပဓါနအကျဆုံးလို့ အမြဲတွေးနေတက်တဲ့ လူတွေ ..ဇာတ်လမ်းတစ်
ပုဒ်အတွက်တော့ ဇာတ်လိုက်တစ်ယောက်က အားလုံးထက်ထင်ပေါ်
နေတာမဆန်းပါဘူး..ဒါပေမယ့် ဒီသရုပ်မှန်သဘာဝလောကကြီးထဲမှာ
တော့ အားလုံးဟာဇာတ်လိုက်ပဲ..အားလုံးအရေးကြီးကြသူတွေကြီးပဲ..
သူတောင်းစားတစ်ယောက်မှာတောင် သူအရေးထားတဲ့ သူ့ကိုယ်ပိုင်
ဘ၀တစ်ခုရှိတယ်ဆိုတာ မေ့မနေဖို့ အရေးကြီးတယ်...လူအများစုမှာမြင်
နေရတာက ငါလုပ်တာမှန်တယ် ငါပြောတာမှန်တယ် ..တခြားသူတွေရဲ့ အမြင်တွေ သဘောထားတွေ ကိုဂရုစိုက်စရာမလိုပါဘူးလို့ ယူဆ နေထိုင်ကြသူတွေက ဒုနဲ့ဒေးပါပဲ...မိသားစုထဲမှာဆိုလည်း  ထိုနည်း၎င်းပါပဲ မိဘနှစ်ပါးကစပြီး သားသမီးတွေအားလုံးဟာ အရေးကြီးတဲ့သူတွေကြီးပါ..ဒါကိုမသိနားမလည် ထားလို့ရှိရင် အဲဒီမိသားစုဟာ မငြိမ်းချမ်းနိုင်ပါဘူး...အတ္တကြီးသူတစ်ယောက်ရှိရင်
အဲဒီပတ်ဝန်းကျင်ဟာ စစ်မှန်တဲ့ ပျော်ရွှင်မှု့ကို မရနိုင်တော့တာသေချာ
ပါတယ်..အပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေ တွေနဲ့များများပေါင်း
သင်းမိလာတဲ့အခါ မှာ သူတို့ရဲ့စိတ်ဓါတ်တွေ အပြုအမူတွေ ကောင်းရင်ကောင်းသလို ပျော်ရွှင်မှုတွေ မျှဝေခံစားရပါ
တယ်.. တစ်ကိုယ်ကောင်းစိတ်ရှိသူတစ်ယောက် ပါနေရင်တော့ မစိုပြေ
တော့ပါဘူး..အတ္တဟာ အင်မတန် ကြောက်စရာကောင်းပါတယ်...မိသား
တစ်စု ရွာတစ်ရွာ မြို့တစ်မြို့ နိုင်ငံ တစ်နိုင်ငံ နဲ့ ကမ္ဘာကြီးတစ်ခု လုံး ပျက်ဆီးစေနိုင်တာ ဆိတ်သုဉ်းစေနိုင်တာ  အတ္တပါပဲ...စာရေးဆရာချစ်ဦးညိုရဲ့ ဟောပြောချက်ထဲက အကြောင်းအရာလေးတစ်ခုကို အမှတ်ရမိတယ်.....ကိုယ့်ပေါ်မှာ ကျေး
ဇူးတရားတွေများတဲ့ သူငယ်ချင်းတစ်ယောက်ရယ်...ခုချိန်ထိ ချစ်ခွင့်ပန်ထားဆဲ အဖြေပြန်မရသေးတဲ့ ကိုယ်သိပ်ချစ်တဲ့ မိန်းခလေး
တစ်ယောက်ရယ်...အသက်အရွယ်အိုမင်းလှပြီဖြစ်တဲ့ အဘွားတစ်ယောက်ရယ် ..မိုးတွေအရမ်းရွာပြီး လူတွေနဲ့ မနီးတဲ့လမ်းမတစ်ခုပေါ်မှာ ရှိနေတယ်...အဲဒီအချိန်မှာ ကိုယ်ကားကသူ
တို့နားကိုရောက်သွားတယ်ဆိုပါတော့ ..ကားကလည်း လူသုံးယောက်ပဲဆန့်တယ်..အဲဒီသုံးယောက်ကိုဘယ်လိုကယ်မလဲပေါ့
တွေးကြည့်ပါ...ကောင်မလေးနဲ့အဘွားအိုကိုသာကယ်သွားရင် ဟိုကကျေးဇူးရှိတဲ့သူငယ်ချင်း  ကျေးဇူးမသိတက်ရာကျမယ်..အဘွားအို
နဲ့သူငယ်ချင်းကိုကယ်လိုက်ရင် ဟိုက ကိုယ်အရမ်းချစ်ရသူ...ရတောင့်ရခဲ့အခွင့်အရေးကိုလက်လွှတ်လိုက်ရမယ်
....သူငယ်ချင်းနဲ့ ကိုယ်ချစ်ရသူကိုသာကယ်လိုက်ရင်လည်း....စာနာသနားစိတ်မရှိသူလို့ 
ပြောခံရမယ်..ကားမောင်းသူနေရာမှာသင်ဆိုရင်ဘာကိုရွေးချယ်မှာပါလိမ့်
တွေးတယ်ဆိုကတည်းကလူတွေဟာ ကိုယ့်နေရာကနေပဲတွေးတက်
ကြတယ်ဆိုတော့ အဖြေကရဖို့မလွယ်ဘူးဖြစ်နေတာပေါ့..ဆရာကတော့သူတွေးခဲ့ပုံကိုပြောပြပါတယ်
အဘွားအိုနဲ့သူ့သူငယ်ချင်းကို ကားမောင်းသွားခိုင်းလိုက်မယ်တဲ့ ..သူကတော့သူ့ကောင်မလေးနဲ့နေကျန်ခဲ့မယ်ပေါ့....ကိုယ့််နေရာကို ခဏလောက်ဖျောက်ပြီးစဉ်းစားတက်ဖို့လေးကို ပြောချင်တာပါ...ဘယ်သူနဲ့
ဘယ်နေရာမှာ ဘာပဲပြောပြော  ဘာပဲလုပ်လုပ် ငါ...ငါ...ငါ...ဆိုတဲ့အတ္တကို ရှေ့တန်းမတင်မိဖို့.....ငါအမြဲတန်းမှန်တယ်လို့တွေးတာလေးတွေ
ပြင်ဖို့ ....တကယ်တော့ အားလုံးဟာ ဇာတ်ပို့တွေ မဟုတ်ဘူး..ဇာတ်လိုက်တွေချည်းပဲဆိုတာ တွေးပေးတက်ဖို့ ...ဒါဆိုရင် 
ကမ္ဘာလောကကြီးကနေပျော်လာမှာပါ................................။

Saturday, July 16, 2011

အဖေ့ရဲ့ တည်ကြည်ခြင်း

အဖေတွေ ရှေ့တန်းမှာပျောက်နေတာ ဘာကြောင့်လဲ.?ငယ်စဉ်က ကျောင်းပျော်အဖြစ် ကျောင်းစတက်တဲ့နေ့မှာ
ဆရာမ ကကျွန်တော့်ကို ပြောတယ် ..သားသား စာတော်အောင်ကြိုးစား
ရမယ်နော်..သားအဖေက သားကို ဂုတ်ပိုးပေါ်တင်ပြီး ကျောင်းကို လာပို့တာဆိုတော့ သားကသူများတွေထက်ပိုပြီး ပိုကြိုးစားရမယ်သိလား
အဲဒီတုန်းကတော့ ဘာမှန်းမသိ ခံစားရတာကို အမှတ်ရသေးတယ်..
ရှက်သလိုလို  ဂုဏ်ယူသလိုလိုမျိုး ..ကျောင်းသွားကျောင်းပြန် အဖေ့ဂုတ်
ပိုးပေါ်ကနေ ပြီး ကျောင်းတက်ခဲ့ရတာကို ခုရေးနေရင်းတောင် ပြန်သတိ
ရနေသေးတယ်..နေလောင်နေတဲ့ ကျောပြင်  ကြမ်းရှမာကျောနေတဲ့ အဖေရဲ့ လက်ဖ၀ါး တွေနဲ့ ရုန်းကန်ကျွေးမွေးခဲ့တဲ့အဖေ..အဖေဟာ သား
သမီးတွေ အတွက် ကျေးဇူးများလှပါတယ်..၀မ်းဗိုက်နဲ့ လွယ်မမွေးခဲ့ရပေ
မယ့် လက်ရုန်းတွေ ပခုံးတွေ အသမာတက်အောင် ရုန်းကန်ကျွေးမွေးခဲ့
တာအဖေပါ..ဒါပေမယ့် အဖေဟာ အထီးကျန် ဆန်လွန်းစွာနေခဲ့ ရပါတယ်..သားသမီးတွေနဲ့ အကျွမ်တ၀င် မဖြစ်တဲ့ အတွက်ကြောင့် အဖေဟာ သီးခြားဖြစ်နေသလိုခံစားနေရပါတယ်...သူကိုသူ့လည်း ကြေ
ကြေကွဲကွဲ ခံစားနေတက်ပြန်ပါတယ်...အမေတွေလောက် လက် လက်ပွန်းတတီး မရှိတဲ့ အတွက်ကြောင့် သားသမီးတွေနဲ့ အကျွမ်းတ၀င်မဖြစ်တဲ့ အပေါ်အားမလိုအားမရ လည်းဖြစ်နေမိမယ်ထင်ပါတယ် ..ကျွန်တော့်အဖေကို မချစ်ဘူးလားဆိုတော့ ချစ်တာပေါ့ ..အဖေတွေဟာ သူတို့ရဲ့ ရင်သွေးတွေ
အပေါ် တည်ကြည်တဲ့ ပြတ်သားတဲ့ အဆုံးအမတွေကြောင့် ပဲ သူတို့ ရဲ့ ကြင်နာတက်မှု စတာတွေကို ထင်သလောက်မပြနိုင်ခဲ့ ကြတာပါ..ကျွန်တော့်အဖေဆိုရင် မှတ်မိသလောက် လက်ဖ၀ါးနဲ့ တစ်
ခါလေးပဲ ရိုက်ခဲ့ဘူးတယ်..အရွယ်ရောက်တဲ့အထိ ကြောက်လိုက်တာဗျာ..
အမေရိုက်တာကတော့ မရေတွက်နိုင်အောင်ပါပဲ..ဒါပေမယ့် ကျွန်တော်
ဟာ အမေ ကိုမကြောက်ခဲ့ဘူး ..အမေကို ပိုပြီးတွယ်တာ
တယ်..အဖေ့ထက်ပိုပြီးရင်းနှီးတယ်.. တကယ်တော့အဖေဟာ  အချစ်တွေကို ဖော်ထုတ်မပြတက်တဲ့ ရိုးသားတည်ကြည်သောအဖေဆိုတာပါပဲ..............။

အမေ့ရဲ့ ရိုးသားခြင်း

      အမေအကြောင်းတွေနဲ့ ပတ်သတ်တဲ့ ကဗျာတွေစာတွေ တော်တော်
များများဖတ်ဖြစ်ပါတယ်..ဖတ်တိုင်းလည်း ခံစားမှု့ရသတစ်ခုခုတော့ ရပါ
တယ်..အမေတွေတိုင်းကို လူတိုင်းလောက်နီးပါး ချစ်ကြပါတယ်..သို့သော်
 အမေ့ ရဲ့ ဂုဏ်ပုဒ်တွေကို  သီကုံးရေးဖွဲ့ချင်ကြပေမယ့် မရေးတက်ကြပါဘူး
ကျွန်တော်ဆို အမေ့နဲ့ ပတ်သတ်တဲ့အကြောင်းတွေ အမေ့ရဲ့ ဂုဏ်တွေကို
ရေးဖို့ကျိုးစားခဲ့တာ အကြိမ်မနည်းပါဘူး ..ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး
အမေနဲ့ ဝေးတဲအရပ်ကို ရောက်လာလေလေ အမေ့ရဲ့ တန်ဖိုးကို ပိုသိသိ
လာလေလေ ပါပဲ..သူတပါးတွေက သူတို့အမေ တွေ အကြောင်းပြောပြတဲ့
အခါ တိုင်း အမေ့ကို ပိုတွေ့ ချင်လာတယ်..အမေ့ကို ပိုချစ်လာတယ်..ပြီး
တော့ ပိုပြီးနားလည်လာတယ်..တောသူမ အမေ ...ရိုးသားတဲ့ အမေ..ရိုးအ
မှုတွေနဲ့အတူ ဟန်ဆောင်မှု တွေကင်းတဲ့အမေ..ဒေါသထွက်တက်တဲ့ အ
မေ ပြုံးတက်တဲ့ အမေ ငိုတက်တဲ့အမေ လွမ်းတက်တဲ့ အမေ အဲဒီလို ပုံစံ
နဲ့ တောရွာလေးတစ်ရွာက ကျွန်တော့်ရဲ့ အမေပါ...မြို့ကြီးမှာ အနေကြာခဲ့
ပြီး မြို့ပြရဲ့ အရိပ်အောက်က ပြန်လာတဲ့ ကျွန်တော်က ဟန်မဆောင်တက်
ရိုးသားတဲ့ အမေ့ကို အားမလို အားမရ ဖြစ်ခဲ့ရတယ်...ဒါတွေဟာ အမေ့ရဲ့ 
အလှတရားဆိုတာ မမြင်တက်ခဲ့ဘူး...ခောတ်မမှီတဲ့ အမေ...၀တ္ထုစာအုပ်
လေးတစ်အုပ်တောင်မဖတ်ဘူးခဲ့တဲ့ အမေ...အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေ
စူပါမားကတ်တွေ  စင်တာကြီးတွေ အမေမရောက်ဖူးဘူး  အင်တာနက် အီးမေး ဆိုတာဘာလဲလို့ မသိဘူး ဖုန်းဆက်ရင် အကျယ်ကြီးပြောတက်
တဲ့အမေ ..အမေ့ကို ခောတ်နဲ့ အတော်ဝေးဝေးမှာ ကျန်နေခဲ့ ပြီလို့ တွေးပြီး ကျွန်တော် တွေးရင်း အားမရခဲ့ဘူး..တဖြည်းဖြည်းနဲ့ လူ့လောက အသိုင်းအ၀ိုင်းထဲ ကို တိုးဝင် မိတော့မှ အမေ့ဆီကရိုးသားမှု့
မျိုး..ဟန်ဆောင်ခြင်းကင်းတဲ့ ပွင့်လင်းမှု့မျိုး မတွေ့ ရတော့မှ ကျွန်တော်ဟာ  အမေ့ ရင်ခွင်ရှိရာ အရပ်ဆီကို တမ်းတ ရမ်းရော်နေမိနေတော့တယ်...အမေကျန်းမာပါစေ.............။

လူနဲ့ ဒေါသ

ဒေါသထွက်နေသူတစ်ယောက်ရဲ့ မျက်နှာလောက် အကြည့် ရဆိုးတာ
မရှိဘူး..ဒေါသက ကိုယ်အပါအ၀င် အားလုံးကို ဖျက်ဆီးပစ်တက်တယ်..
 လှပသူကို ရုပ်ဆိုးအောင် လုပ်ပစ်တက်သလို အခွင့်အေ၇းတွေအားလုံး
ကို ရိုက်ချိုးဖျက်ဆီးပစ်နိုင်တဲ့ ကြီးမားတဲ့ စွမ်းအင်တွေလည်း ရှိတယ်...
          ဒေါသောအတ္ထံ နဇာနာတိ တဲ့ 
လူဆိုတာမရင့်ကျက်သေးခင်တော့ ဒေါသဆိုတာကို အခိုင်းနွားတစ်ကောင်လို အသုံးချ ခဲ့ဖူးကြတာချည်းပါပဲ ..ရင့်ကျက်လာ
တော့လည်း အနည်းငယ် ထိန်းချုပ်လာနိုင်တယ်ဆိုရုံလေးကလွဲ ရင် ဒေါ
သကတော့ ရှိနေတုန်းပါပဲ ..အခါခွင့်သင့်လာလို့ ရှိရင် ခေါင်းထောင် လာ
ပြန်တာပါပေါ့..ငယ်ငယ်တုန်းက ကျွန်တော်ဆိုရင် ဒေါသ အရမ်းကြီးတက်တဲ့ လူတစ်ယောက်ပါ ..မိသားစုပြဿနာတွေရဲ့ ဖိစီးမှု့ 
မှတဆင့် လောကကြီးကို အဆင်ပြေအောင် မကြည့်တက် မမြင်တက်
ခဲ့တော့ အားလုံးရဲ့အဝေးမှာ အထီးကျန်နေခဲ့ ရတဲ့ ရက်တွေက ရှည်ကြာခဲ့ရပါတယ်..ဒေါသကြောင့် ဆုံးရှုံးခဲ့ ရတာတွေလည်း မနည်းပါဘူး...ဒေါသကြောင့်ဘဲ မိသားစုစိတ်ဆင်းခဲ့ ရတာကို သင်ခန်း
စာမယူဘဲ မိဘတွေအပေါ်မှာတောင် အမြင်မကြည်နိုင်ခဲ့တဲ့ အထိ တောက်လောင် နေခဲ့ ဘူးပါတယ်...အသက်အရွယ်လေး နဲနဲ ရ
လာတဲ့ အထိ ကိုယ့် ဒေါသကို တောင် ကြံဖန်ဂုဏ်ယူ နေတဲ့ အထိ ဒေါသယမ်းအိုးထဲမှာ ပျောက်ဝင်နေခဲ့မိပါတယ်..တကယ်တော့ဒေါ
သဆိုတာ တကယ်ဆိုးရွားကြမ်းတမ်းတက်မှန်း သိခဲ့ ရပြီးတဲ့နောက် 
ကုန်လွန်ခဲ့တဲ့ အချိန်တွေမှာ အဲဒီဒေါသတွေကြောင့်ရ ခဲ့ တဲ့ ဆိုးကျိုးတွေကို ဆင်ခြင်နားလည်တက်ခဲ့ပါပြီ..ကိုယ်သာနာပစေ စိတ်မနာစေနဲ့ ဆိုတဲ့ ဘုရားရှင်ရဲ့ တရားတော်ကိုဆင်ခြင်သင့်တယ်ဆိုတာ သဘောပေါက်လာပါတယ်.. ဒေါသရဲ့ဆိုးကျိုးတွေကိုရေးပြရင် ကုန်နိုင်
ဖွယ်မမြင်ပါဘူး ..ဒါကြောင့် ဒေါသရဲ့ ဆိုးကျိုးရလဒ်တွေကို ကိုယ့်ပတ်
ဝန်းကျင်မှာ ကြည့်ပြီးလေ့လာပါလို့ပဲ ပြောချင်ပါတယ်.... ဒေါသဟာ 
အရုပ်ဆိုးစေ ခြင်း အခွင့်အလမ်းတွေဆုံးရှုံးစေခြင်း  အားလုံးကိုလောင်ကျွမ်းစေနိုင်ခြင်း လူ့ပတ်ဝန်းကျင်မှ အထင်သေးရှုတ်ချစေခြင်း အထီးကျန်ဆန်ခြင်း စတဲ့ ရလဒ်ဆိုးတွေ
ခံစားရစေတဲ့ အတွက်ကြောင့် အတက်နိုင်ဆုံး ထိန်းသိမ်းနေနိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ရပါတယ်.......................။