Tuesday, January 3, 2012

မေတ္ဆာရဲ့အတိမ်အနက်

    လူတစ်ယောက်က အခြားတစ်ယောက်ပေါ်မှာ
  မေတ္တာစိတ်နဲ့ ခင်မင်တွယ်တာတယ်ဆိုတာ 
တကယ်စစ်မှန်တယ်ဆိုရင်  အဲဒီလူတစ်ယောက်ရဲ့
ကောင်းကွက်ဆိုးကွက်တွေကို သည်းခံခွင့်လွှတ်တက်ရမယ်
ပြီးတော့ အဲဒီလူရဲ့အကျိုးစီးပွားတွေ ဆုံးရှူံးမယ့်ဘေးက
ကာကွယ်စောက်ရှောက်နိုင်ရမယ်
တကယ်တော့လူ့လောကကြီးထဲမှာ လူတစ်ယောက်နဲ့တစ်
ယောက် စစ်မှန်တဲ့ မေတ္တာတရားရှိဖို့ ဆိုတာ တကယ်
မလွယ်ကူတဲ့အရာပါ...ကိုယ့်လိုချင်တာ ကသူများဆီက မေတ္တှာတရား
ဒါပေမယ့် ကိုယ်ကတော့သူများကို မပေးချင်ဘူး..ဒါဆိုရင်တော့ 
သေချာပါတယ် ..ဘယ်တော့မှ ရမှာမဟုတ်ဘူး 
ဒါဟာလူတစ်ဦးတစ်ယောက်တည်း အတွက် သာပြောနေတဲ့ မေတ္တာရဲ့
အကြောင်းလေ ....လူအများဆီက မေတ္တာတွေကို ရယူချင်တယ်ဆိုရင်တော့  လူအများအပေါ် မှာတက်နိုင်သလောက် 
မေတ္တာထားတက်ဖို့လိုတာပေါ့...
ဘုရားရှင်တို့လို သတ္တ၀ါ အားလုံးအပေါ် ထားတဲ့ မေတ္တာတရားမျိုးတော့ 
သွားပြီးနှိုင်းယှဉ်လို့မရဘူးလေ...စစ်မှန်တဲ့ မေတ္တာကို လိုချင်ရင်
စစ်မှန်တဲ့မေတ္တာ ထားတက်အောင်အရင် ကြိုးစားသင့်တာပေါ့လေ
  ကိုယ်စိုက်ပျိုးတဲ့ အပင်က သစ်သီးက အချိုဆိုရင်တော့ အချိုသီးကို
စားရမှာပဲ...............
အချဉ်ပင်စိုက်ပြီး  အချိုသီးစားချင်နေတက်တဲ့  လောဘတကြီး စိတ်ဓါတ်မျိုးနဲ့တော့  လူတိုင်းရင်ကို လွှမ်းမိုးနိုင်လိမ့်မယ် မထင်ပါဘူး
   လူသားအားလုံး မေတ္တာတရားနှင့်ယှဉ်တဲ့ ဆက်ဆံရေးတွေရရှိနိုင်ကြပါစေ
ကမ္ဘာကြီးတစ်ခုလုံးငြိမ်းချမ်းကြပါစေ



No comments:

Post a Comment