Thursday, January 26, 2012

ညီမလေးဖတ်ဖို့(၁)

 ညီမလေးရေ 
အစ်ကိုက သာကီနွယ်ဖွား ရဟန်းတစ်ပါး ဖြစ်နေတဲ့ အတွက်ကြောင့်
ညီမလေးအနေနဲ့ စိမ်းနေကောင်း စိမ်းနေမှာပေါ့...ဒါကြောင့် အစ်ကို ကို
ညီမ စကားပြောတဲ့ အခါ ရှက်သလိုလို ရွံ့သလိုလို ဖြစ်နေတာပေါ့...ပြီးတော့ ရိုသေ ကြောက်ရွံ့မှု့ကြောင့် စကားမဆိုရဲ တဲ့ ညီမ အတွက် အစ်ကိုက ဆုံးမချင်တဲ့ အကြောင်းလေးတွေကို စာတွေရေးပြီး ပြောမယ် အဲဒါဆိုရင် ညီမလေးလည်း အသိတရားတွေတိုးပြီး အစ်ကိုတို့လို ရဟန်းတွေနဲ့ ဆက်ဆံ ပြောဆိုတဲ့အခါမှာလည်း ရိုသေစိုးရွံ့ မှုတွေ ပျောက်ပြီး ရင်းနှီးကျွမ်းဝင်စွာ ကိုယ်သိချင်တာတွေကို မေးရဲ ပြောရဲ ရှိလာနိုင်တယ်လေ....ခုတော့ အစ်ကို ပြောပြချင်တဲ့ အကြောင်းလေးတွေကို ညီမလေးကို စာနဲ့ပဲပြောတော့မယ် ..ညီမလေးအနေနဲ့  အစ်ကိုပြောတဲ့ အကြောင်းအရာတွေထဲက မသိတဲ့ 
အရာတွေကို ပြန်မေးနိုင်ပါတယ်...ပြီးတော့ အစ်ကို က ရဟန်းတော်တစ်ပါး ဖြစ်နေတဲ့အတွက်ကြောင့် ဗုဒ္ဓတရားတော်တွေထဲက တစ်ချို့တစ်လေ ပါကောင်းပါလာနိုင်ပါတယ်
အတက်နိုင်ဆုံးတော့ အရိုးရှင်းဆုံးဖြစ်အောင် အစ်ကိုကြိုးစားပြီး ရေးပါ့မယ်....ညီမလေးလည်း ကြိုးစားပြီးဖတ်နော် 
 ပထမဦးဆုံး အစ်ကိုကြီး ညီမလေးကိုပြောပြချင်တာက အစ်ကိုတို့ဟာဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် ကြောင့် ကို ကိုးကွယ်အားထားရာဘာသာရဲ့ အခြေခံ အကြောင်းလေးတွေကို သိသင့်တာပေါ့နော်..ညီမလေးတို့အရွယ်တုန်းကဆို အစ်ကို ဆိုရင် ကိုယ်ကိုးကွယ်တဲ့ ဘာသာအကြောင်း  ကို ဂဃနဏ တကယ်မသိခဲ့ရဘူးလေ ...တို့ကိုးကွယ်တဲ့ ဘုရားဆိုတာ တို့နိုင်ငံမှာမွေးပြီး တို့နိုင်ငံမှာ ပွင့်တာလို့တောင်ထင်ခဲ့မိတာ....မယုံမရှိနဲ့နော် ...တကယ်ဖြစ်ခဲ့တာ အဖေ အမေတွေက "ဦးတော် ဦးတော်"လို့ ပြောလို့သာ ဦးချ ကန်တော့ခဲ့ရတာလေ....အဲဒီလိုရှိခိုး ကန်တော့ရင် ကုသိုလ်ရတယ်ဆိုတာလောက်သာ သိခဲ့ရတာ....အဖေအမေတို့ နှုတ်ကတိုက်ရိုက်ချပေး တဲ့              သမ္ဗုဒ္ဓေဂါထာ ကို ရွတ်ဖတ်ရင်း သရဲအကြောက်ဖြေခဲ့ရတာကွ ....အဲဒီတုန်းကတော့ တော့ ညီမလေးတို့ခေတ်လို စာအုပ်စာပေလေ့လာဖတ်ရှု့ရမယ်ဆိုတဲ့ အသိ တွေ   ပြီးတော့ ဖတ်ရမယ့် စာအုပ်စာပေတွေကိုကလည်းတကယ်ရှားပါးလှတဲ့ ခေတ်လို့ပြောရ
မလောက်ပါပဲကွာ.....ခုလောက်ဆိုရင် ညီမလေးလည်း အဖေအမေတို့ သင်ပေးတဲ့ သြကာသ ကန်တော့ချိုးနဲ့ ဂုဏ်တော်တွေ
လည်းရလောက်ရောပေါ့နော်...ခက်တာကညီမလေးရေ  ခေတ်မှီလော
ကဓါတ်ကျောင်းတွေ မတိုးတက်သေးခင် ဟိုခေတ်တွေတုန်းကတော့
အရွယ်ရောက်လာတဲ့ ကလေးတွေကို ဘုန်းကြီးကျောင်းဆီ ပို့ပြီးသိသင့်သိထိုက်တဲ့ စာတွေသင်ယူစေကြတာတာ ထုံးစံပဲလေ...ဒါကြောင့်ပဲ ရှေးလူကြီး တော်တော်များများဆိုရင် ပရိတ်ကြီးတို့ ၊ ပဌာန်းတို့ တောင်အလွတ်ရကြတယ်လေ....ပြီးတော့ ဗုဒ္ဓဘာသာနဲ့ ပတ်သတ်ပြီး တော်တော်လေး နှံ့နှံ့ စပ်စပ် သိကြတယ်...
ညီမလေးတို့ အစ်ကိုတို့ ခေတ် ကိုရောက်လာတော့ ဘုန်းကြီးကျောင်းပညာရေး က မရှိတော့ဘူးဆိုတော့ ဘုရားအကြောင်းတရားအကြောင်းသိဖို့နေသာသာ ဘုရားဆိုတာ ရွာဦးက စေတီနဲ့ သိမ်ထဲက ရုပ်ပွားတော်လောက်သာ သိလောက်တဲ့ အဆင့်လောက်ပဲရှိတော့တယ်လေ....ဒါကြောင့် ညီမလေးဖတ်ဖို့  အစ်ကို ပေးထားတဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သတ်တဲ့ စာအုပ်တွေကို အချိန်ရရင် ဖတ်ဖြစ်အောင်ဖတ်ဖို့ အစ်ကိုတိုက်တွန်းချင်တယ်...ပြီးတော့ မှတ်သားထားသင့်တဲ့ အကြောင်းတွေကို မှတ်သားထားပြီး  ကျက်မှတ်ထားသင့်တာတွေကို
လည်း ကျက်မှတ်ထားပါလို့ ထပ်ပြီးပြောချင်ပါတယ်....ကိုယ်စီးတဲ့မြင်း အထီင်္းမှန်း အမမှန်း မသိဆိုသလို  တစ်ခြားဘာသာ ခြားတွေက ကိုယ့်ဘာသာအကြောင်းမေးလာတဲ့အခါ ၊ကိုယ်က ဗုဒ္ဓဘာသာ ဖြစ်ပါလျက်နဲ့ ဗုဒ္ဓဘာသာရဲ့ အခြေခံ တရားလေးလောက်မှ မသိဘူးဆိုရင်  အရမ်းရှက်စရာကောင်းတယ်ကွသိလား.......ဒါကြောင့်ညီမလေးကို 
အစ်ကိုက စာတွေဖတ်ဖို့ တိုက်တွန်းရတာကွသိလား.....ဥပမာတစ်ခု ညီမလေးကို ပြောပြမယ်နော်  ညီမလေးအနေနဲ့ သင်္ချာပုစ္ဆာတစ်ပုဒ် တွက်တဲ့အခါ ကျက်မှတ်ထားသင့်တဲ့ အလီတွေ ကျက်မှတ်မထားဘူးဆိုရင် အဖြေရှာတဲ့အခါ လွယ်လင့်တကူဘယ်ရနိုင်မလဲလေ....နှောင့်နှေးကြန့်ကြာနေမှာပေါ့ ..ကျက်မှတ်သင့်တဲ့ အရာတွေကို ကျက်မှတ်ထားမှသာလျှင် လိုချင်တဲ့အဖြေကို  ပေါ့ပေါ့ပါးပါး တွက်ချက်အဖြေရှာ ရနိုင်မှာလေ..အဲဒီလိုပါပဲ ကိုယ်ကိုတိုင်အဖြေရနိုင်ဖို့ အတွက်ရယ် သူတစ်ပါး ရဲ့ အမေးတွေကို ထိုက်သင့်သလောက်ဖြေနိုင်ဖို့ အတွက်ရယ် အတွက် သိသင့်သိထိုက် သမျှတွေကို သိထားဖို့လိုအပ်တယ်လေ ....ဒါကြောင့်ညီမလေးရေ  သိသင့်တာတွေ သိနိုင်ဖို့ ခုကတည်းက လေ့လာထားပါလို့ အစ်ကို ထပ်ပြီးတိုက်တွန်းချင်တယ်ကွာ..................
                                                                                      

No comments:

Post a Comment