Monday, January 9, 2012

လှအောင်ကြည့်ကြမယ်

 လူတိုင်း လူတိုင်းမှာ ကိုယ်စီ ကိုယ်စီ အလှ တစ်ခုစီတော့ရှိကြ ပါတယ်
ရုပ်ပိုင်းဆိုင်ရာ အလှ ၊ စိတ်ပိုင်းဆိုင်ရာအလှ စသဖြင့်ပေါ့လေ....ရုပ်ပိုင်းဆိုင်ရာ အလှနဲ့ပတ်သတ်ပြီးတော့လည်း အားလုံးလိုလိုပဲ  လှချင်ကြတာကလည်း တူညီကြပါတယ်...
အခြားလူတစ်ယောက်က ကြည့်ကောင်းတယ် ၊ ခန့်ညားတယ်၊ လှတယ် စသဖြင့် ကိုယ့်ခန္ဓာဗေဒ အပေါ်မှာ အပြုသဘောနဲ့ပဲဖြစ်ဖြစ်  မြှေုာက်ပင့်
ပြောဆိုတာပဲဖြစ်ဖြစ်  ကျေနပ်နှစ်သက်တက်ကြပြန်ပါတယ်...ဒါဟာလူသားတွေရဲ့ သဘာဝဖြစ်စဉ်တစ်ခု  လို့ပဲပြောရမှာပါပဲ...
ဘယ်လိုလူကမှ သူနဲ့ ဆန့်ကျင်ဘက်ပြောဆိုဆက်ဆံနေသူတွေကို ချစ်ခင်နှစ်သက်တယ်လို့ဆိုတာ မရှိပါဘူး ......လူတိုင်းဟာ သူတို့ကိုယ်တိုင်း အခြားသူတွေရဲ့အပေါ်  ကြမ်းတမ်း ရိုင်းပျစွာ ဆက်ဆံရင်သာ ဆက်ဆံ မယ့် ဒါပေမယ့်သူတို့အပေါ် အဲဒီလိုဆက်ဆံလာရင် မကြိုက်ကြတာများပါတယ်......ဒါဟာလူသဘာဝရဲ့ အတ္တပြယုဂ်တစ်ခုလို့ ပြောလို့ရပါတယ်...... ကိုယ်မလိုချင်တဲ့ အရာ ကိုယ့်ကိုယ်မဆက်ဆံ စေချင်တဲ့ အပြုအမှုမျိုး  ကိုယ့်အပေါ် မှာ ပြုမူဆက်ဆံတာကို မကြိုက်ဘူးဆိုရင် သူတစ်ပါးအပေါ်မှာ အဲဒီလိုမဆက်ဆံမိဖို့ကိုတော့ သတိမရတက်ကြဘူး.......လူတိုင်းမှာ ပင်ကိုယ် အလှကိုယ်စီရှိကြပါတယ် ...ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ အလှတွေပေါ်မှာသာ မိန်းမူးနေကြ့ပီး မိမိတို့ရဲ့စိတ်ဓါတ်အလှ ဆင်ဖို့အတွက်ကို တော့မေ့လျော့နေတက်ကြတယ်... ဒါကြောင့် ကိုယ်သာမှန်တယ် သူတစ်ပါးရဲ့လုပ်ရပ်တွေဟာ အမှားတွေချည်းပဲလို့ မြင်ကြတယ်.....ရှင်းရှင်းပြောရရင် သူတစ်ပါးဆိုရင် အပြစ်တွေနဲ့ သူလို့ ပဲယူဆတက်ကြတယ်..........သူတစ်ပါးကို အကောင်းမြင်တက်ဖို့ လှအောင်ကြည့်ပေးဖို့ အတွက် တော့မိမိတို့ရဲ့ စိတ်ကို လှအောင်မပြင်တက်ကြဘူးဖြစ်နေတက်ကြတယ်  .......ကိုယ့်စိတ်ကို လှအောင် မဆင်တက်ကြတဲ့ အတွက်ကြောင့်ပဲ လူတိုင်းပူလောင်နေကြရတယ်......လူတိုင်းအပေါ် လှအောင်ကြည့်တက်ဖို့၊ အကောင်းမြင်တက်ဖို့၊ မိမိ အတွက်မပူလောင်ဖို့ ၊အေးချမ်းစွာနေနိုင်ဖို့က မိမိတို့စိတ်ကလေးကို 
ဖြူဖွေးသန့်စင်အောင် အတက်နိုင်ဆုံးကြိုးစားကြဖို့တော့လိုပါတယ်
အသွားအပြန်ရှိတဲ့ လောကသဘာဝအတိုင်း  ကိုယ်က အကောင်းဆုံးတွေပေးတက်အောင်အရင်ကြိုးစားရင်  ကိုယ့်ဆီကိုယ်လည်း အကောင်းဆုံးတွေရောက်လာမှာ မုချမလွဲပါဘူး
ဒါကြောင့်လောကကြီးတစ်ခုလုံးကို လှအောင်ကြည့်ကြပါစို့..။။။။ 

No comments:

Post a Comment