Friday, July 15, 2011

မသေချာခြင်းတွေထဲက သေချာမှု

ဘာပဲပြောပြော သေချာတာတစ်ခုကတော့ သေခြင်းတရား ပဲ။ အားလုံးကိုကြည့်ဖူးကြမှာပါ။ လမင်းကြီးကိုသိကြတယ်။ဓူဝံကြယ်ကြီးကို သိကြတယ်။ဖျောက်ဆိပ်ကြယ်လေးတစ်စုကို သိကြတယ်။မှိန်တုတ်မှိန်တုတ် လင်းလက်နေကြတဲ့ အညတရ ကြယ်လေးတွေကို မြင်သာမြင်ကြပြီး နာမည်တွေကိုမသိကြဘူး။ ကျွနုပ်တို့တွေဟာ လည်းအလွန်သေးငယ်တဲ့ အစက်အပျောက်လေးတွေပါ။စကြာဝဠာရဲ့တစ်နေရာရာကနေ ကြည့်မယ်ဆိုရင်ပေါ့။မထင်မရှားနဲ့လင်းလက်ပြီး ဖြုတ်ခနဲ ကြွေကျသွားကြတဲ့ ကြယ်လေးတွေလိုနေမှာပဲ ။ ဓူဝံ ကြယ်ကြီးဖြစ်ချင်ရင်တော့ လမင်းကြီးဖြစ်ချင်ရင်တော့ ဖြစ်ခွင့်တော့ရှိပါတယ်။ ဒါပေမယ့် သေချာတာကတော့ ကာလတစ်ခုခုမှာ ကြာရှည်တည်တံ့ဖို့ ကတော့ လုံးဝမသေချာဘူးလေ။ ဒါဆိုရင်ကျွနုပ်တို့ ဝေးလံတဲ့ စကြာဝဠာတစ်နေရာ ရာကနေမကြည့်ဘဲ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း လေးမှာပဲ ဖြစ်ဖြစ်ပေါ့။ တပိုင်တနိုင် ထွန်းလင်းတောက်ပခွင့် ရှိကြပါတယ် ။ သေချာမှုခရီးတစ်ခုရဲ့ အဆုံးသတ်ကို မရောက်ခင်မှာ ကျွနုပ်တို့ ဘယ်အတိုင်းအတာအထိ လင်းလက်ပြနိုင်ကြမလဲ  ဘယ်လောက်အင်အားကြီးကြီးနဲ့ပေါ့။ ကိုယ့်မိသားစုရဲ့ မျှော်လင့်ချက်တွေ ကိုယ့်ပတ်ဝန်းကျင်ရဲ့ ကိုယ်းစားမှု့တွေ အားလုံးရဲ့ ထင်စားမှု့ တွေအပေါ် ဘယ်လောက်အထိ ဘယ်အတိုင်းအတာထိ ဆောင်ကြဉ်းပေးနိုင် မလဲ ။ သေချာတာကတော့ သေချာတယ်နော် တစ်နေ့နေ့ သင်ဟာ............................ဦးမှာလေ။။။။
                                                                                                  အနော်မာ

No comments:

Post a Comment