Saturday, July 16, 2011

နားလည်မှု့

လူဆိုတာ မှားတက်တဲ့သတ္တ၀ါ တွေပါပဲ ...ဒါပေမယ့် ထပ်တလဲလဲ မှားနေတက်တဲ့ လူတစ်ယောက်အတွက်
တော့ သူတစ်ပါး တင်မကဘူး ကိုယ့်ကိုယ်ကိုအတွက်လည်း ပြ ဿနာ တစ်ခု ဖြစ်နေတက်ပါတယ်..
ပြန်နှုတ်ယူလို့မရ ပြန်ပြင်ဆငိလို့မရ တဲ့ မှားယွင်းမှု့တွေရှိသလို  ပြင် လို့ရတဲ့အမှားတွေလည်းရှိပါတယ်
ပြင်ဆင်ဖို့အခွင့်အရေးတွေရှိပါလျှက် စိတ်အလိုလိုက်ပြီးဆက်မှားနေမယ်ဆိုရင်တော့ ဒါဟာ ခွင့်လွှတ်ခြင်း
နားလည်ခြင်း တွေရဲ့ အဝေးကိုပြေးထွက် နေတာလို့ပြောရမှာပါပဲ..သေးဖွဲ သိမ်နုတ်တဲ့ အကြောင်းတရားလေးတွေအပေါ်မှာ အမြဲတမ်း အာရုံစိုက်နေခြင်းဟာလည်း တစ်ခါတစ်ရံ ကြီးမားတဲ့
အလုပ်တွေမှာ အနှောက်အယှ က်အဟန့်အတားတွေဖြစ်နေတက်ပါတယ်...ပြဿနာတစ်ခုကို ရင်ဆိုင်ဖြေ
ရှင်းစရာကြုံ လာတဲ့အခါ ပူပူလောင်လောင် ဆုံးဖြတ်လုပ်ကိုင်တက်သူဟာ ရာခိုင်နှုန်းတော်တော်များများမှား
နိုင်ပါတယ်...စေ့စပ်သေချာခြင်းဟာ ကောင်းတယ်လို့ ပြောကြပေမယ့် ဒါဟာတစ်ခါတစ်ရံမှာ အကြီးအကျယ် 
ပြဿနာတစ်ခု ဖြစ်နေတက်ပါတယ်..ဘာလို့လဲ ဆိုတော့ အရာ အားလုံးဟာ တရပ်စပ် ပြောင်းလဲနေတယ်
မဟုတ်လား..ပြောင်းလဲ ခြင်းတရားကို လက်ခံ ထားတယ်ဆိုရင်တော့တမျိုးပေါ့..မဟုတ်ရင် ဒါဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ တိကျမှု ကိုမျှော်လင့်ထားတာဖြစ်လို့ အင်မတန် ထိခိုက်ကြေကွဲ နိုင်တဲ့အဖြစ်မျိုးတွေ 
ကြုံတွေနိုင်လို့ပါပဲ...ကိုယ်ကစေ့စပ်သေချာသူဆိုတော့ သူတစ်ပါးကိုလည်း ကိုယ်လိုပဲ ဖြစ်စေချင်မှာပဲလေ
ဖြစ်မလာရင် ဘယ်သူ ပုလောင်ရမှာလဲ....ကိုယ်ဖြစ်ချင်တာကိုပဲ အလေးပေးမယ်ဆိုရင်လည်း  ကိုယ်က အတ္တ ကြီးတဲ့သူဖြစ်သွားမှာပေါ့...တကယ်တော့ ပြဿနာတစ်ခုကို ရင်ဆိုင်ရာမှာပဲ ဖြစ်ဖြစ် ဖြေရှင်းတဲ့ အခါမှာပဲ
ဖြစ်ဖြစ်  သူဘက်ကိုယ့်ဘက် မျှမျှတတ မြင်တက် ကြည့်တက်ဖို့ အရေးကြီးပါတယ်..တကယ်စိတ်ပျက်စရာ အ
ခြေအနေက သူတစ်ပါးကို နားလည်မှု့မပေးဘဲ ကိုဖြစ်ချင်တာကို ပဲ ကြည့်ပြီး အရမ်းကာရော အပြစ်တင်တက်
တဲ့ စိတ်ပဲ...ဆင်ခြင်သုံးသပ် မှု မရှိတဲ့ စိတ် နားလည်မှု မပေးနိုင်တဲ့စိတ်ကို ပိုင်ဆိုင်ထားခြင်းဟာ ကိုယ့် ကိုယ်
ကို တူးဖြို ပစ်နေခြင်း လို့ပြောရမှာပါပဲ...လောကမှာ အရာရာကို နားလည်မှု့ မပေးနိုင်သေးသရု တော့ ကိုယ်ကိုယ်တိုင်ရော သူတစ်ပါး တွေနဲ့ပါ ဘယ်တော့ မှ အဆင်ပြေမှာ မဟုတ်ပါဘူး...လူတွေလိုအပ်နေတယ်ဆိုတာကလည်း တစ်ဦးပေါ်တစ်ဦး အပြန်အလှန် နားလည်ခွင့်လွှတ်
နိုင်ခြင်းဆိုတာပါပဲ.............။ဒါဆိုရင် 

No comments:

Post a Comment