Monday, July 18, 2011

ဆွံ့အမိုးရေ

လင်းရောင်ခြည် လာခါနီးပြီဆိုတော့
အမှောင်ကပိုပြီးသိပ်သည်းလာတယ်ထင်ရဲ့ 
ငယ်စဉ်က ကလေးကဗျာလေးတွေအော်ကျက်ခဲ့သလို
ရင်ထဲမှာသံမှိုနှက် အလွတ်ရတက်ခဲ့တယ်
လူတွေရဲ့မျက်နှာတွေနဲ့ ယဉ်ပါးပါများလာတော့
ခုတော့ ကဗျာတွေကိုမကျက်ဘဲ ရနေတက်ပြီ
တွန့်ကြေဖောင်းပွနေတဲ့ ရင်ဘတ်ကြီးကို
မီးပူထိုးခေါက်သိမ်း ထားရတော့မယ်
သူတစ်ပါးကို ဖတ်တက်တဲ့ ပညာကို
သဘာဝကြီးက အားပါးတရသင်ပေးလိုက်တော့ 
မယုံသင်္ကာဖြစ်တက်တဲ့ စိတ်က အရွယ်ရောက်လာတယ်
ကိုယ့်ကိုချစ်ခင်ခဲ့သူတွေနဲ့ မုန်းတီးနေသူတွေဆီကပါ
အကြည့်စူးစူးတွေနဲ့ ပစ်ပေါက်တာခံရတယ်
သဘာဝကိုဖီလာလုပ်ပြီး
ဂျိုတမြမြ လုပ်နေတဲ့ကောင်တဲ့
နားမထောင်ပါဘူး
စိတ်လိုလက်ရ ငိုရယ်လိုက်တယ်
ပီပြင်တယ်ဆိုတာ
လက်ခမောင်းမခတ်ခင်အရှုံးပေးလိုက်သလိုမျိုးထင်ရဲ့
ဘယ်သူမှ မချစ်ခဲ့ဘူးလို့ အော်ငြင်းရင်း
ဒူးထောက်ေ ချာ်လဲကျခဲ့တာ အကြိမ်ကြိမ်
ကိုယ့်သိက္ခာကိုယ်ပြန်ဆယ်ရင်း 
တစ်နေ့တော့ တိမ်တွေ အထပ်ထပ်
ထူထပ်နေသောနေ့တစ်နေ့မှာ
လူမသိသူမသိ 
တ၀ုန်းဝုန်းရွာပစ်လိုက်တယ်
တကယ်တော့ ရောင်နှီမလာခင်
ကိုအသိုက်ထဲကထွက်ခဲ့သင့်တာ
ခုတော့
ပိုမှောင်လာတယ်
ပိုမှောင်လာတယ်..

No comments:

Post a Comment