Friday, July 15, 2011

လွယ်ပြီးခက်တဲ့အရာ

စာရေးဆရာကြီးအောင်သင်းရဲ့စကားလေးပါ သူကပြောတယ် ဒီမှာကို့လူ ရိုးသားချင်သပ ဆိုရင် ကြိုက်သလောက်ရိုးသားလို့ရတယ် ..တခြားဘာအရည်အချင်းမှမလိုဘူး ..ဆယ်တန်းအောင်ဖို့မလိုဘူး..ကွန်ပျုတာသင်တန်းအောင်ဖို့မလိုဘူး ရုပ်ချောဖို့ ဗလကောင်းဖို့မလိုဘူး  ဒီထက်လွယ်တာဘာရှိသေးလဲ ဒါကြောင့် အလွယ်ဆုံးလို့ပြောလိုက်ရတာ...။
ဟုတ်ပါတယ်....ဟန်ဆောင်မှု့ တွေ များတဲ့ လောကကြီးမှာ ဟန်ဆောင်မှု့ကင်းခြင်းဟာ ချစ်စရာသိပ်ကောင်းပါတယ်..ဟန်ဆောင်မှု့မရှိခြင်းဆိုတာ လိမ်ငြာမှု ကင်းခြင်းလို့ပြောလို့ရတယ်..ကြိုက်ရင်ကြိုက်တယ်..ချစ်ရင်ချစ်တယ်...အိပ်ချင်အိပ်မယ်..စားချင်စားမယ်
သဘာဝအတိုင်း အလိုက်သင့်စီးမျောသွားရုံလေးပါပဲ..သို့ပေမယ့် လူတွေဟာဟန်ဆောင်မှုထဲမှာ အသား
ကျနေတဲ့သူတွေဖြစ်နေတော့ ခက်တယ်...ဂုဏ်မရှိပေမယ့် ဂုဏ်ရှိချင်ယောင်ဆောင်  ငွေမရှိပေမယ့်ရှိသယောင် ပညာမရှိပေမယ့် ပညာရှိယောင် မချစ်ပေမယ့်ချစ်သယောင် အဲဒီလို ယောင်..ပေါင်းများစွာ နဲ့ နေသားတကျ ဖြစ်နေပြီဆိုတော့
ပကတိရိုးသားမှု့ဆိုတာ ရှာလို့မတွေ့လောက်အောင်ကို ရှားနေတာဆိုတော့ တန်ဖိုးရှိရှား ပါးတဲ့ ရတနာဖြစ်နေတယ်...ဟန်လုပ်ရင်းနဲ့ ဟန်ကျသွားတယ်ဆိုတဲ့ စကားလေးတော့ကြားဖူးပါတယ်..
ဒါပေမယ့် ဟန်ကျတာထက် ဟန်ပျက်သွားတာ တွေကပိုများတာ ပဲ တွေ့နေရတယ်
စစ်မှန်တဲပ မူရင်းအဇ္ဈတ္တ ကိုကွယ်ပျောက်သွားစေတာဟာ မရိုးသားခြင်းဆိုတဲ့ တရားပါပဲ...
နောက်ဆုံးပြောရရင် အတုတွေရဲ့ ၀ါးမြိုခြင်းကိုခံ လိုက်ရတဲ့အတွက် အစစ်ဆိုတာ ကို မှတ်ကျောက်တင်
ပေးသလိုမျိုး လူတွေမှာ ရှားပါးပျောက်ကွယ် လုလုဖြစ်နေတဲ့ ရိုးသားမှု့ က တစ်နေ့ထက်တစ်နေ့ တန်
ဖိုးကြီးမားလေလေ ဖြစ်လာတာကိုတွေ့ရတယ်...ဒါကြောင့်ရိုးသားချင်သပ ဆိုရင် ပတ်ပတ်စက်စက် ရိုးသားကြပါလို့ ...........ပတ်ပတ်စက်စက်ရိုးသားရင် ပတ်ပတ်စက်စက် အောင်မြင်နိုင်ပါတယ်.....
ရိုးသားမှုနဲ့ အ  တာတော့ကွဲ ပြားပါစေပေါ့........ဆန္ဒပြုလျှက်.....................................................။

No comments:

Post a Comment