Sunday, March 4, 2012

လောဘ

 လောဘအရမ်းကြီးလွန်းရင်
မင်းပိုင်ဆိုင်ထားတာတွေ ဆုံးရှုံးသွားနိုင်တယ်....
    သာမန်ထက် ပိုလွန်တဲ့ အရာတွေက ကောင်းကျိုးထက်ဆိုးကျိုး
ကိုပိုဖြစ်စေတက်ပါတယ်....ဗုဒ္ဓရဲ့လမ်းစဉ်ဖြစ်တဲ့ အလယ်အလတ်
လမ်းစဉ်ကတော့ နေရာတိုင်းမှာ အသုံးချ လို့ရတဲ့ တရားမျိုးဖြစ်ပါတယ်....အဲလိုမဟုတ်ပဲ လွန်လွန်ကဲကဲ ဖြစ်လာတဲ့ 
အခါကြတော့ ကိုယ့်အထုပ်ကိုယ်ဖြေပြသလို ဖြစ်တက်ကြတာကို 
သတိမထားမိတက်ကြပါဘူး.....လူဆိုတာ စရိုက်သဘာဝအရ အမျိုး
မျိုးရှိကြတာဆိုတော့ အသိညာဏ် ပညာနဲ့ ထိန်းချုပ်မမောင်းနှင်နိုင်
လို့ကတော့  အမှားတွေကို ကျူးလွန်းပြီးရင်း ကျူးလွန်ဆိုတာမျိုး
ဖြစ်နေတက်ပါတယ်...လူဆိုတာ ကိုယ်စီကိုယ်ငှ လောဘ ဒေါသ မော
ဟ ၀တ်ရုံတွေ ၀တ်ဆင်ထားတဲ့ သူတွေဆိုတော့  အမှားနဲ့ကင်းပြီးနေ
လို့မရတဲ့သူတွေပါပဲ....ဒါပေမယ့် အတိုင်းထက်အလွန် ပိုကဲသွားရင်တော့ သူတစ်ပါးတို့ အမြင်မှာ အထင်မြင်သေးတာခံရဖို့
တော့ သေချာသွားပြီပေါ့ ...ဒါကြောင့် ဘယ်အရာမှ ပိုလွန်ကဲမောက်
တာမကောင်းတာတော့သေချာပါတယ်...ဒီနေရာမှာ ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ခုကိုပြောပြချင်ပါတယ်...ရယ်စရာလည်းကောင်းလို့ပါ...
" "တစ်နေ့ ခွေးလေးတစ်ကောင်ဟာ  အသားငါးတွေရောင်းတဲ့ဆိုင်ရဲ့ မှန်ပြတင်းတွေကနေ အတွင်းကို ကြည့်ပြီး အသားတွေကပ်နေတဲ့ နီ
ရဲနေတဲ့ အရိုးကြီးတစ်ချောင်းကိုတွေ့သွားပါတယ်...အဲဒါနဲ့ဆိုင်တွင်းကို 
ဝင်ပြီး အဒီအရိုးကြီးကို ပြေးပြီးခုန်ဆွဲကာ ထွက်ပြေးတော့တာပေါ့...
ဆိုင်ပိုင်ရှင်ကလည်း အော်ပြီးလိုက်တားပေမယ့် မမှီတော့ဘူးလေ..အဲ
ဒီလောဘကြီးတဲ့ ခွေးလေးလည်း အမဲရိုးကိုချီပြီး  မြစ်တစ်စင်းအပေါ်ကိုဖြတ်ဆောက်ထားတဲ့ တံတားတစ်ခုကိုရောက်လာတယ်...အဲဒီလို တံတားကို ဖြတ်သွားတဲ့
အခိုက်သူဟာ ကြည်လင်နေတဲ့ရေထဲကို ငုံ့ကြည့်ရင်း သူခဏရပ်နေ
လိုက်တယ်..ရေထဲမှာ မြင်ရတာက သူ့လိုပဲ အမဲရိုး ချီထားတဲ့ ခွေးတစ်ကောင်ကိုမြင်လိုက်ရတယ်...အဲဒီခွေးကိုက်ထားတဲ့
အမဲရိုးက ပိုးကြီးတယ်လို့ သူကထင်လိုက်တယ် ..ဒါကြောင့်လောဘ
ကြီးတဲ့ခွေးလေးက  အဲဒါကိုလည်းလိုချင်ပြန်တာကြောင့် သူ့ခေါင်းကို 
ရေပြင်နဲ့ ပိုနီးအောင် ငုံ့လိုက်တယ်...ပြီးတော့ ဒေါသတကြီး ဟောင်
လိုက်တယ်..အဲဒီအချိန် မှာသူကိုက်ထားတဲ့ အမဲရိုးက ရေထဲကို ပလုံ
ဆိုပြီးကျသွားတယ်...ရထားတာထက် ပိုလိုချင်တဲ့ လောဘ စိတ်ကြောင့် ရပြီးသားပိုင်ဆိုင်ပြီးသား အရာလေး ပြန်ဆုံးရှူံး သွားရတာပေါ့ .....ဒီလိုပါပဲံ အသိပညာ သတိစတာတွေနဲ့ နှိုင်းချိန်
ဝေဖန်ပြီး တော်သင့်ရုံ မျှတရုံ  ချင့်ချိန်နိုင်စွမ်းမရှိရင်တော့ ကိုယ်ပိုင်ဆိုင်ထားတာတွေ ပြန်လည်ဆုံးရှုံ့းတက်ပါတယ်...လောဘ
ကြီးလွန်းလို့ ရူးသွပ်သေဆုံးသွားတဲ့ ဒေ၀ဒတ်အလောင်း ရွဲကုန်သည်
လို မဖြစ်ကြစေဖို့ အကောင်းဆုံးနည်းကတော့ ဗုဒ္ဓရဲ့ အလယ်အလတ်
လမ်းကို ကျင်သုံးတက်ကြဖို့ပါပဲ....လေ....
By being too greedy you may lose what you have.
   

No comments:

Post a Comment