Tuesday, March 6, 2012

ဆုံးမတာဖြစ်ပါစေ အမိန့်မပေးပါနဲ့

 ဒေါက်တာဃောသိတ ရေးထားတဲ့ စာအုပ်လေးတစ်အုပ်ထဲက အကြောင်းအရာလေးတစ်ခု ကိုဖတ်လိုက်ရလို့ အတွေးလေးပေါ်လာတာကြောင့် ဒီစာလေးကိုရေးလိုက်တာပါ...လူဆိုတာ ကြမ်းတမ်းခက်ထန်မှု့ကို ရွံရှာ
စက်ဆုတ်တက်တဲ့ လူမျိုးဆိုတော့ အမိန့်ပေးတာတို့ ဆဲဆိုအပြစ်တင်တာမျိုးဆိုရင် မကြိုက်တက်ကြပါဘူး...ငါသိ ငါတက် ငါကဆရာကြီးဆိုတဲ့ ဟန်ပန်မျိုးနဲ့ လာပြောရင် ဘယ်သူမှ မကြိုက်တက်ကြပါဘူး...နားမလည်သူကို နားလည်အောင် မသိသူကိုသိအောင် ယဉ်ယဉ်ကျေးကျေးပြောတက်ဖို့လိုပါတယ်...ကြမ်းတမ်းမှုဆိုတာကို
လူတွေမဆိုထားနဲ့ တိရစ္ဆာန်တွေတောင် မကြိုက်တက်ကြပါဘူး...
သာမန်အနေအထားမှာတောင် ကိုယ့်အပေါ်ဆရာလုပ်တာကိုတောင်  လူတွေကမကြိုက်လှပါဘူး....လူဆိုတာ စဉ်စားဆင်ခြင်တက်တဲ့ အသိညာဏ်ရှိပါတယ်...အိပ်ခြင်းစားခြင်း သွားလာခြင်း ကာမဂုဏ်ခံစားဆိုတာ လူမှာလည်းရှိပါတယ်..တိရစ္ဆာန်တွေမှာလည်းရှိပါတယ်...စဉ်းစားတွေး
ခေါ်တက်တဲ့ အသိညာဏ်တစ်ခုသည်သာလျှင် လူဟာ တရိစ္ဆာန်တွေနဲ့
ကွဲပြားသွားရခြင်းဖြစ်ပါတယ်..အသိညာဏ်ရှိတဲ့ လူတွေဖြစ်တဲ့အတွက် နားလည်သဘောပေါက်နိုင်စွမ်း ကိုယ်စီရှိကြတာမလွဲဧကန်ပါပဲ....ထိုကဲ့သို့သော လူသားတွေကို အမိန့်ပေးစေခိုင်းတာ အတင်းအဓမ္မပြောဆိုတာ စတဲ့ ကြမ်းတမ်းမှု့တွေကိုရွံရှာ တတ်တာ မဆန်းလှပါဘူး....လူဆိုတာ ကိုယ်
မကြိုက်တဲ့ အရာ ကိုယ်မနှစ်သက်တဲ့အပြုအမူမျိုးကို သူတစ်ပါးအပေါ်
မပြုမူသင့်ပါဘူး....သာမန်အသိညာဏ်လေးသာ ရှိတဲ့ ကလေးငယ်လေးတွေကလွဲရင် အရွယ်ရောက်လာသူတိုင်းက တော့ ခက်ထန်မာကျောတဲ့ အမိန့်တွေ ကို ဖီဆန်နေကြမှာပဲ ...လူတိုင်းက ကိုယ်သိကိုယ်တက် ဆိုတဲ့ အမြင်တွေရှိကြတာဆိုတော့ ဖြစ်နိုင်ရင်ငြင်
သာတဲ့ သိမ်မွေ့တဲ့ နည်းလမ်းတွေနဲ့ ပြောဆိုပြုမူတာကိုပဲ လက်ခံချင်
ကြတာချည်းပါပဲ....အဲဒါနဲ့ ပတ်သတ်လို့ ဦးဇင်းရဲ့ဆရာသမားတစ်ဦးအကြောင်းကို နည်းနည်းပြောချင်ပါတယ်.....သူက ဘာပဲလုပ်လုပ် ဖြစ်ကိုဖြစ်ရမယ်
သူခိုင်းတာကို ဖြစ်အောင်လုပ်မှလည်းကြိုက်တက်တယ်....ဒါပေမယ့်
မခိုင်းတက်တော့ တပည့်တွေရဲ့ငြိုငြင်မှု့ ကို ခံရပုံလေးပါ...တစ်ခါက ကျောင်းဝင်းထဲက အုန်းပင်တစ်ပင်လဲလို့ အဲဒါ ချောင်းရေဆင်းတံတားလုပ်ဖို့ အဲဒီအုန်းပင်ကို လဲကျတဲ့နေရာကနေ ချောင်းထဲကို ဆွဲချဖို့ တပည့်ကိုရင်တွေနဲ့ လုပ်နေတယ် ကိုရင်တွေကလည်း ၁၂ နှစ် ၁၃ နှစ်အရွယ်တွေ အပါးနှစ်ဆယ်လောက်နဲ့ပေါ့ .. အင်အားကများပေမယ့် အားအင်က နည်းနေလို့ ၁၅တာင်ကျော်အတောင်၂၀နီပါးရှိတဲ့ အုန်းပင်က လှုပ်ရုံရွေ့ရုံလောက်ပဲ တက်နိုင်တယ်...ဒါကို မစဉ်းစားဘဲ လုပ်ရင်ရရမယ်ဆိုတဲ့ စိတ်နဲ့ အတင်းရွေ့ခိုင်းတာ ကိုကလည်း ရပ်ကြည့်နေလို့ မရတာနဲ့ ၀င်ကူရတာပေါ့..ဒါပေမယ့်မရပါဘူး...အဲဒါကြောင့် အကျိုးအကြောင်း
လေးပြောပြလိုက်ပါတယ်...အုန်းပင်က ကြီးနေတယ် င်္ဒီအင်အားနဲ့ မရလောက်ဘူးလို့ ပြီးတော့ တွန်းချတဲ့နေရာနဲ့ ချောင်းနဲ့က သိပ်မဝေး
လို့ လူကြီး ၂ယောက်၃ယောက်လောက်ကို အကူအညီတောင်းဖို့ ပြီးတော့ ချောင်းရေတက်တဲ့ အချိန်ရောက်မှ လုပ်ဖို့ အဲဒါဆိုရင် သိပ်ပင်ပန်းစရာမလိုတော့ဘူးပေါ့ ...ခုတော့ ချောင်းစပ်ကနေရေရှိတဲ့နေရာကိုရောက်ဖို့ လတာပြင်ကျယ်ကြီးထဲမှာ မလွယ်ဘူးလို့ပြောလိုက်တယ် ...ဒါပေမယ့်
ရအောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်လိုက်တာ ကိုရင်တွေလည်း ဖက်ဖက်ကိုမောနေတာပဲ...ကုန်းပေါ်ကနေ ချောင်းထဲကိုရောက်အောင်
တော့ လုပ်လို့ရတာပေါ့   လတာပြင်ပေါ်လည်းရောက်ရော ကုန်းပေါ်က ကျတဲ့ အရှိန်နဲ့ အုန်းတုံးကရွှံ့ထဲမှာနစ်နေတယ် အဲဒါကိုမရ ရအောင်လုပ်တာ ၃နာရီကျော်ကျော်လောက်ကြာတယ်...မရဘူး...အဲဒီလိုနဲ့ရေလည်းတက်လာတော့
မှ အုန်းတုန်းက ရွံ့ထဲမှာနစ်နေတယ်...စောစောကပြောသလို ရေတက်မှ မသာလေးလှိမ့်ချလိုက်ပြီး  လိုချင်တဲ့နေရာကို အသာလေး ရေနဲ့မျှောပြီးယူသွားရင် ရနိုင်ပါလျက် အတင်းကြီး ရကိုရ ရမယ်ဆိုတဲ့ စိတ်နဲ့ ခိုင်းတော့ အားလုံးအချိန်ကုန်လူပမ်းဖြစ်ရတာပေါ့
တပည့်တွေလည်း ငြူစူကြတာပေါ့ ....ပြီးတော့ မဖြစ်နိုင်တာမရှိဘူး
လို့ပြောတဲ့ လူကိုယ်တိုင်က ဘယ်နေရာမှ မပါဝင် မလုပ်ကိုင်တော့ 
အားလုံးရဲ့စိတ်ထဲမှာ ဘယ်လိုနေမလဲ စဉ်းသာစဉ်းစားကြည့်ပေတော့
ဒါကြောင့်ကိုယ်ကိုယ်တိုင် က မလုပ်ကြည့်ပဲ လုပ်သာလုပ် ဖြစ်ကိုဖြစ်
ရမယ်ဆိုပြီး အတင်းခိုင်းတာဟာ လူသားတွေအတွက်တော့ ခါးသီး
မှု့တစ်ခု ဖြစ်သွားတက်ပါတယ်....လေးစားမှု့တွေလည်း ပျောက်သွားနိုင်ပါတယ်
နိဂုံးချုပ်အနေနဲ့ပြောရရင် လူနဲ့လူချင်း ကစလို့ အားလုံးသောသတ္တ၀ါ
တွေ အပေါ် နူးညံ့ညင်သာတဲ့ ဆက်ဆံမှုတွေနဲ့ ဆက်ဆံနိုင်ကြပါစေ
လူနဲ့လူချင်း မေတ္တာတရားတွေ ထားနိုင်ကြပါစေ
ကောင်းမွန်တဲ့ ဆိုဆုံးမမှု့မျိုးတွေ ပေးတက်ကြပါစေ
ကိုယ်ချင်းစာတက်ကြပါစေ
လူကိုလူလို့မြင်တက်ကြပါစေ


 

No comments:

Post a Comment