ခွင့်လွှတ်တက်တယ်ဆိုတာ
တကယ်တော့
မလွယ်ပါဘူး၊
ကိုယ့်အပေါ်
မတရားပြောဆို
ပြုမူတာတွေ
ကို ခြေသုတ်ပုဆိုးမြွေဆွယ်ကျိုးဆိုသလို ခွန်းတုံ့ပြန်မှု့မပြုဘဲနဲ နေနိုင်တာကို ဆိုလိုတာဖြစ်ပါတယ်။ သူတစ်ပါးမှားနေပါမှန်း သိပါလျှက် ကိုယ်ပြန်ပြောလိုက်လို့ သူ့ဂုဏ်သိက္ခာ
လူပုံအလယ်မှာ ကျသွားမှာ စာနာလို့ စိတ်ကောင်းထားပြီး ပြန်လည်မပြောဆိုတာ ကောင်းမွန်တဲ့ စိတ်ထားပါ။သို့သော်လည်း လူဆိုတာက မပြောရင်လည်းမပြီး မတီးလည်းမြည်ဆိုသလို တစ်ဘက်လူက စာနာနားလည်ပေးပြီး ခေါင်းငုံ့ခံနေခြင်းအပေါ် အခွင့်ကောင်းယူတက်ကြပြန်ပါတယ်။ သို့ပေမယ့်လည်း သူတော်ကောင်းတရားကိုကျင့်တဲ့ သူဆိုတာကတော့ ကိုယ့်အတွက် ဘယ်လောက်ပဲ နစ်နာပါစေ သူတစ်ဘက်သား ကျေနပ်ပါစေ၊ ဒီလိုသူပြောလိုက်လို့ သူစိတ်ချမ်းသာသွားရင် ငါသည်းခံရကျိုးနပ်ပါတယ်ဆိုပြီး တွေးလိုက်တာပါပဲ၊ တကယ်တော့ သည်းခံခြင်းခွင့်လွှတ်ခြင်းဆိုတဲ့ တရားက တကယ်မဟာ မလွယ်ကူသော အလုပ်တွေပါ။ အဲဒီလိုမလွယ်ကူတဲ့ အလုပ်ကို လုပ်နိုင်ကြလို့လဲ သူတော်ကောင်း တို့သွားရာလမ်းကို မပင်မပန်းလှမ်းနိုင်ကြတာပဲဖြစ်ပါတယ်။ စာရေးသူ ကိုယ်တိုင်က အရင်က
ဒေါသအင်မတန်ကြီးတဲ့ သူဖြစ်ပါတယ်။မဟုတ်မခံစိတ် တွေက ဒေါသကို ပင့်မြောက်ပေးလိုက်တော့ သည်းခံလို့ရတဲ့ ကိစ္စှတွေမှာ သည်းမခံပဲ ၀ုန်းဒိုင်းကြဲ အပြုအမူတွေ မကြာခဏ ပြုလုပ်မိပါတယ်...ပြီးသွားပြီဆိုရင်တော့ အော် ငါလုပ်လိုက်တာ မှားသွားပြီ ငါနိုင့်ထက်အလွန် ပြောဆိုမိတာ လွန်သွားပြီ စသဖြင့် ပြန်လည်နောင်တ ရနေတက်ပြန်ပါတယ်...သို့သော်လည်း လွန်သွားသောအရာဆိုတာ ဘယ်တော့မှ ပြန်လည်သိမ်းဆည်းလို့မရတဲ့ အရာဆိုတော့ နောင်တရ ရုံကလွဲပြီးဘာတက်နိုင်ဦးမှာလဲ.....ကိုယ့်ဘက်က မှန်နေတာလည်းဖြစ်ပါလျက်ကယ်နဲ့ ကိုယ်ကဒေါသတရားနဲ့ သည်းခံစိတ်မမွေးပဲ အဆွယ်ကိုဖော်ပြလိုက်သလိုဖြစ်သွားတော့ ကိုယ့်ဘက်က မှန်နေပါလျက် သူတစ်ပါး အမြင်မှာ ကြမ်းတမ်းရိုင်းပျသူတစ်ယောက်လို့ လည်း အမြင်ခံရတာ ထပ်တိုးနေသေးတယ်.....အသက်အရွယ်လေးလည်းရလာ စဉ်းစားဆင်ခြင်တက်တဲ့ စိတ်လေးလဲ ရှိလာတော့ ဒေါသထွက်ရမှာကြောက်လာတယ်...အတက်နိုင်ဆုံး ငါသည်းခံမယ်လို့လည်းဆုံးဖြတ်မိတယ်...တစ်ခါသား ဒေါသပြင်းထန်နေတဲ့
သူနှစ်ယောက် ထိပ်တိုက်ဆုံကြတဲ့ ပွဲကို မိမိကိုယ်တိုင် မျက်မြင် တွေ့လိုက်ရတော့မှ ပိုပြီးထိတ်လန့်သွားမိတယ်...လူဆိုတာ ကြမ်းတမ်းခက်ထန်မှု့ကို ဘယ်သူမှ မကြိုက်ကြဘူးဆိုတာကိုပေါ့။
အလွန်ဒေါသကြီးတဲ့ သူငယ်ချင်းမိတ်ဆွေတစ်ယောက်ကို တွေ့ဘူးတယ်
သူကမှ ကိုယ့်ထက်ပိုပြီး ဒေါသထန်သေးတယ်...တပည့် ဆွေးမျိုး မိတ်ဆွေဘာသော ညာသောမထားဘူး ဒေါသထွက်လာလို့ကတော့။ ကိုယ်လည်း သူနဲ့ ပေါင်းပြီးမှ တော်တော်လေး ကို သံဝေဂရမိတယ် သူ့ကိုသင်ခန်းစာယူရင် ကိုယ်လည်းဒေါသတွေတော်တော်လေး လျော့ပါးအောင် လေ့ကျင့်ပျိုး
ထောင် တက်လာတယ်...သည်းခံလို့ရတာကို သည်းမခံပဲ စိတ်ထင်တိုင်းကြဲတက်ခြင်းဟာ တကယ်တော့ သူတစ်ပါးကို ထိခိုက်သည် မထိခိုက်သည်တော့မသိ ပထမဦးဆုံးမိမိကို အပြင်းထန်ဆုံး ထိခိုက်စေတက်တာတော့ အမှန်ပါပဲ....ဒါကြောင့် ဘုရားဖြစ်တော်မူဖို့ ကျင့်ရတဲ့ ပါရီမီ ဆယ်ပါးထဲမှာခန္တီပါရမီဆိုတာ ပါတာဖြစ်ပါတယ်...တကယ်မလွယ်ကူတဲ့ အရာပါ....မြင့်မြတ်တဲ့ စိတ်ရှိသူတို့သာ ပြည့်ပြည့်၀၀ ဖြည့်ကျင့်နိုင်တဲ့ အရာမျိုးပါ....တစ်ချို့က ပြောကြတယ် မနိုင်လို့သည်းခံတာပါကွာတဲ့...မှားပါတယ် ဒေါသထွက်လာရင် လူဆိုတာ ဘာသော ညာသော ဘာကောင်သော ညာကောင်သော သိပ်တွေးတက်တဲ့ အမျိုးမဟုတ်ဘူး ဒါကြောင့်မို့လဲ မှုခင်းသတင်းတွေထဲမှာ လူသတ်မှုတွေ မကြခဏတွေ့နေကြရတာပေါ့။
ခွင့်လွှတ်နိုင်တဲ့ စိတ်မရှိလို့လဲ သူ့အပေါ်အပြစ်တင် မောင်းမဲတာတွေ ကြိမ်းမောင်းပြောဆိုတာတွေ ကို ဒေါသမာန်ပါပါ ပြုလုပ်နေကြတာဖြစ်ပါတယ်။ အဲဒေါသအထွတ်အထိပ်လည်းရောက်ရော လူကိုပါ သတ်မိတဲ့အထိ
အမှားကြီးကို ကျူးလွန်လိုက်ကြတာပဲဖြစ်ပါတယ်။တကယ်တော့ မကောင်းပါဘူး...မကောင်းမှန်းကိုလည်း အသိဉဏ် ရှိသူလူတိုင်းလည်း
သိကြပါတယ် သို့သော်လည်း တစ်ခဏလေးသော အချိန်လေးကို တားဆီး ထိန်းချုပ်နိုင်စွမ်း မရှိလို့သာ သည်းခံစိတ်မဲ့ ပရမ်းပတာ လုပ်မိလိုက်တက်ကြတာပါ..အဲလိုသည်းခံခွင့်လွှတ်ခြင်းအကြောင်းကို ပြောနေ
လို့ စာရေးနေတဲ့ မင်းကရော ဘယ်လောက် သည်းခံနေနိုင်ပြီလဲလို့ မေးမှာပေါ့။ဟုတ်ကဲ့ပါ ဖြေပါ့မယ် အခုမှ ကျင့်နေဆဲပါ..အတက်နိုင်ဆုံးကြိုးစားနေဆဲပါ..ဒေါသအမျက်ကို ထစ်ခနဲ ထွက်ခဲ့လို့ ဆိုးကျိုးတွေ ရခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ကြုံရင်လည်း ရေးပါဦးမယ်...လောလောဆယ်တော့ သည်းမခံနိုင်ခြင်း
ခွင့်မလွတ်နိုင်ခြင်းဟာ လူ့ပတ်ဝန်းကျင်မှာ အင်မတန်ရုပ်ဆိုးတဲ့ အဖြစ်အပျက်ဖြစ်တဲ့အကြောင်း မိမိကိုယ်ခန္ဓာမှာလည်း ဒေါသတရားရဲ့လောင်ကျွမ်းမှု့ကြောင့် မည်မျှတူးဖြို မိနေသလဲဆိုတဲ့ အကြောင်းလေးလောက်သာတင်ပြရုံလေးပါပဲ။ကြည်လင်နေတဲ့ မိမိရုပ်အဆင်း မည်းညစ် သွားအောင်လုပ်နိုင်တာလည်း ဒေါသပဲဖြစ်
ပါတယ်...လူနှစ်ဦးကြားမှာ အမုန်းတရားတွေ တာရှည်သွားအောင်လုပ်တာလည်း ဒေါသပါပဲ....အမှန်အမှား ချင့်ချိန်နိုင်စွမ်းမရှိ ဧရာမ အမှားကြီးတွေ ကျူးလွန်တက်တာလည်းဒေါသပါပဲ...
ဒီလောက်ကောင်းကျိုးမပေးတဲ့ ဒေါသကို မိမိနှလုံးသားထဲမှာ ဘာကြောင့်နေရာပေးထားသင့်မှာလဲ...သူလည်းမှားတက် ကိုယ်လည်းမှားတက် သူချင်း အချင်းချင်း နားလည်းခွင့်လွှတ်ပြီး သည်းခံစိတ်လေးနဲ့ ပေါင်းသင်းနေထိုင်သွားမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ တွေးကြည့်ပေါ့.....
ဒီနေရာမှာ ဆရာတော်ဦးဇောတိကရေးထားတဲ့ စာပိုဒ်လေးကိုဖော်ပြချင်ပါတယ်...
ခွင့်လွှတ်တယ်ဆိုတာ
စိတ်ဓါတ်ရော အသိဉာဏ်ပါ
ကြီးမားမြင့်မြတ်သူရဲ့ လုပ်ရပ်ဖြစ်တယ်။....။
လူတစ်ယောက်ရဲ့ မြင့်မြတ်တဲ့ စိတ်ဓါတ်ကို စမ်းစစ်ကြည့်ဖို့ရာ သူဘယ်လောက် သည်းခံနိင်သလဲ...သူတစ်ပါးပေါ်ကို ဘယ်လောက်ခွင့်လွှတ်နိုင်စွမ်းရှိသလဲဆိုတဲ့ အပေါ်မှာ ယေဘုယျ ကောက်ချက်ချကြည့်နိုင်ပါတယ်.....
ဒါဟာ မေတ္တာတရားဖြစ်ပေါ်လာဖို့အတွက် အခြေခံ အကြောင်းတရားတွေဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး....
No comments:
Post a Comment