Tuesday, March 6, 2012

ပေးဆပ်ခြင်းတစ်မျိုး


 သင်လည်းလူသားတစ်ဦးပေပဲ 
ဒါကြောင့်သင်လည်း တစ်နေ့အိုရဦးမယ်
သင်လည်းသားသမီးဖြစ်ခဲ့တယ်
ဒါကြောင့် သင်လည်း မိဘဖြစ်ရဦးမှာမလွဲ
ဒါကြောင့် မိဘတွေကို ပစ်မထားပါနဲ့....
  ဦးဇင်းနေထိုင်ရာ သီရိလင်္ကာနိုင်ငံ ဟောမဂါမ ကျောင်းမှာတွေ့ရတဲ့ ကိုရင်ကြီးတစ်ပါးအဖြစ်ကို မြင်မိလို့ ဒီစာလေးကို ရေးဖြစ်တာပါ 
ဒီကိုရင်ကြီးက ဦးဇင်းဒီကျောင်းကို မရောက်ခင် ခြောက်လလောက်က 
ရောက်နေတယ်ပြောပါတယ်...သားသမီးတွေလည်း ရှိပါတယ်....အိုးပိုင်
အိမ်ပိုင် ကားပိုင်လည်းရှိပြီး အသင့်အတင့် ချမ်းသာတယ်လို့ ပြောနိုင်တာပေါ့.....သို့သော်လည်း ကျေးဇူးမသိတက်တဲ့
 သားသမီးတွေက ပစ်ထားတဲ့အတွက် အိုကြီးအိုမ ဖြစ်မှ လမ်းဘေးရောက်နေရတဲ့အဖြစ်ကို မကြည့်ရက်တဲ့ လူတစ်ဦးက ကျောင်းကိုလာပို့လို့ ကျောင်းထိုင်ဘုန်းကြီးက သနားလို့ ကိုရင်ကြီးဝတ်ပေးထားခဲ့တာပါ.....ဒီသီရိလင်္ကာနိုင်ငံမှာ လူတွေ အသက်ကြီးလာရင် ဖြစ်တက်တဲ့ ရောဂါတွေကို ဦးဇင်းဆွမ်းစား ကြွတိုင်းသတိထားမိလေ့ရှိပါတယ်...အမျိုးသမီးတွေဆိုရင် လမ်းမလျှောက်နိုင်တဲ့ အတွက် တွဲချီ တွဲမ မှ ထူရ ထိုင်ရ ပြီး အမျိုးသားတွေ တော်တော်များများ ဖြစ်တာကတော့ ခြေထောက်တွေ 
ယောင်ကိုင်းပြီး အနာတွေ ပေါက်တာပဲဖြစ်ပါတယ်...ဘာရောဂါလဲဆိုတာကတော့ သေချာ
မသိဘူး.....ခုလည်း အဲဒီကိုရင်ကြီးက ခြေထောက်တွေ ရောင်ရမ်းပြီးမထနိုင် မလျှောက်နိုင်တဲ့ အဖြစ်ကြောင့် ဆေးရုံဆေးခန်းကို အမြဲသွားရပြီး သောက်ရတဲ့ ဆေးတွေရဲ့ ပြင်းထန်တဲ့ အာနိသင်ကြောင့် သတိတွေမေ့ ဆွမ်းစားရင်းတောင် အိပ်ပျော်သွားတာတွေ ဖြစ်နေတယ်...နောက်ဆုံးရောဂါက ပြင်းထန်လွန်းတာ ကြောင့် သတိလစ်သွားလို့ ဆေးရုံပို့လိုက်ရတဲ့ အခြေအနေကိုရောက်သွားတာပဲ....အဲဒါနဲ့ မေးကြည့်တော့ သားသမီး
တွေကို ဖုန်းဆက်တယ်တဲ့ ဖုန်းမကိုင်ကြဘူးတဲ့ ..သားသမီးတွေလည်း
တစ်ယောက်မှ မလာကြဘူးတဲ့...ကျောင်းက ရှိတဲ့ ကိုရင်ဦးဇင်းတွေပဲ
သွားကြည့် ပြုစုနေရတာပါလို့ပြောတယ်..... တစ်ပတ်လောက်ကြာတော့ မသက်သာတဲ့အပြင် ဦးနှောက်တွေ မူမမှန်ဖြစ်ပြီး ကျောင်းကို ပြန်ရောက်လာတယ် ...သို့သော်လည်း ပြန်လာတော့ ကျောင်းထိုင်ဘုန်းကြီးက ပထမ အဲဒီကိုရင်ကြီးနေတဲ့နေရာကို မထားတော့ဘူး...ထားလို့လဲမဖြစ်ဘူးလေ သူနေတဲ့နေရာက ဆွမ်းစား
ကျောင်းဖြစ်လို့ လူတွေအမြဲလာနေတာဆိုတော့ မသင့်တော်ဘူးပေါ့...ပြီးတော့ သင်္ကန်းတောင်မ၀တ်နိုင်ဘူး ချေးတွေ သေးတွေလည်း မနိုင်တော့ဘူး
အဲဒါနဲ့ ဦးဇင်းနေတဲ့ အဆောင်ကို ပို့လိုက်ကြတယ်...ညဘက်မှာဆိုလည်း ပြောချင်တာတွေ အော်ဟစ်ပြော
နေတော့တာပါပဲ...ဘုန်းကြီးတွေကလည်း သူ့ကိုအမြဲဘယ်ကြည့်နေနိုင်ကြမှာလဲလေ ...အလုပ်ကိုယ်စီရှိနေကြတာဆိုတော့ ပြီးတော့ ချေးတွေသေးတွေ
လည်းဒီအတိုင်းပါချနေတော့ အနံ့အသက်တွေကလည်း မကောင်းတော့ ပိုဆိုးတာပေါ့....ခြေထောက်က နာရှာလွန်းလို့ "အားရို့ အားရို့"ဆိုပြီး ငိုလိုက်ရယ်လိုက်ပေါ့...ဦးနှောက်က မူမမှန်ပေမယ့် သူ့ပါးစပ်က အမြဲရွတ်နေတာက ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ ဆိုပြီး ရွတ်နေတာဆိုတော့ အဆိုးထဲက အကောင်းလို့ပြောရမှာပဲ....သားဆိုးသမီးဆိုးတွေက လာမကြည့်ကြပေမယ့် ဘားမှသွေးသားမတော်စပ်တဲ့ ကျောင်းထိုင်ဘုန်းကြီးရဲ့ ဒရိုင်ဘာလေး
က ကြင်ကြင်နာနာ ပြုစုပေးတာကိုတွေ့ရပြန်တော့ ၀မ်းသာမှုလေးဖြစ်ရသေးတယ်.....ဦးဇင်းကတော့ တစ်ဆောင်ထဲ အတူနေရတာဆိုတော့ သားသမီးတွေများလာမလားဆိုပြီး မျှော်နေမိ
တယ်...သနားစရာ ဇရာရဲ့ ထိုးနှက်ချက်တွေနဲ့ ဒီကိုရင်ကြီး ရဲ့ ဘ၀မျိုးတွေ 
ကမ္ဘာပေါ်မှာဘယ်လောက်ရှိနေကြသလဲ.....အိုကြီးအိုမတွေဖြစ်တဲ့ မိဘတွေကို ပစ်ပယ်ထားပြီး ကျောခိုင်းနေနိုင်တဲ့ နှလုံးသား အေးစက်
နေတဲ့သားသမီးတွေဟာ သူတို့ကိုသူတို့တစ်နေ့ မအိုကြတော့ဘူးလို့များတွေးနေကြသလား....ငါတို့များဒီလိုအဖြစ်မျိုးတွေ
နဲ့ကြုံလာခဲ့ရင်လို့များ ကိုယ်ချင်းလေးစာဖို့တောင် မေ့နေရော့သလား.....ငါတို့ ငယ်ငယ်တုန်းက အဲဒီမိဘတွေရဲ့ ရင်ခွင်ထဲမှာ ချီးယိုလိုက် သေးပေါက်လိုက်  ရင်ကိုခြေနဲ့ ကန်လို့ကန် နေချင်သလိုနေပြီး ဆိုးချင်သလိုဆိုးခဲ့တာ မိဘတွေက
စိတ်မဆိုးတဲ့အပြင် အချစ်တွေတောင် ပိုးတိုးခဲ့သေးတာပဲဆိုတာတွေ၊
ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် အရွယ်ကနေ အိမ်ထောင်ရက်သားကျပြီးတဲ့အထိ နှစ်ပေါင်းများစွာ ကျွေးမွေးလာတဲ့
အစားအစာတွေရဲ့ကျေးဇူးတရားတွေ ပြောမယ်ဆိုရင်တော့ ဆပ်မကုန်နိုင်တဲ့ ဒီကျေးဇူးတရားတွေကို အိုကြီးအိုမ အရွယ်ရောက်မှ
စွန့်ပစ်လိုက်ကြခြင်းဆိုတဲ့ ဆပ်ခြင်းမျိုးနဲ့ ဆပ်လိုက်ကြတာများလား..သြော်............ ဇရာ ........ဇရာ 
   သြော်....... သားသမီးတွေ ..........သားသမီးတွေ

No comments:

Post a Comment