Friday, August 12, 2011

ကိုယ်ပိုင်မျက်နှာ

  ရိုးရိုးလေးပဲ မြင်ဖို့ပါ..
လူတွေမှာ ကိုယ်ဝတ်ဆင်ထားတဲ့ 
ကိုယ်ပိုင်မျက်နှာတစ်ခုတော့ရှိတယ်
သူတန်ဖိုးထားတဲ့ ဂုဏ်သိက္ခာတွေလည်းရှိတယ်
သူ့ရဲ့ကောင်းကွက်တွေလည်းရှိတယ်
ဆိုးတာတွေလည်းပါမှာပေါ့
အထင်လည်းမသေးရဘူး
အထင်ကြီးလွန်းတာကလည်း သိပ်မဟုတ်ဘူး
အစွမ်းထက်မြက်မှုဆိုတာ ကိုယ်ဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘူး
သူဘယ်လောက်ကောင်းတယ်ဆိုတာ 
ကိုယ်မသိနိုင်ဘူး
သူဘယ်လောက်ဆိုးတယ်ဆိုတာ မင်းဆုံးဖြတ်ရမှာ မဟုတ်ဘူး
မင်းလိုချင်တဲ့ကောင်းခြင်းတွေအားလုံး မင်းမှာရှိလားဆိုတာအရင်မေး
ကိုယ့်ကိုယ်ကို
ဘယ်တော့မှ မင်းမဝေဖန်နဲ့
ပြီးတော့ မင်းဘယ်သူကိုမှစိတ်တိုင်းကျမှ မဟုတ်ဘူးဆိုတာသေချာတယ်
ရှင်းရှင်းပြောရရင် မင်းဘယ်တော့မှ ဂျိုမကြွနဲ့
ဘယ်တော့မှ ဂျိုမကြွနဲ့
ထပ်ပြောမယ်
ဘယ်နေရာမှာပဲပဲဖြစ်ဖြစ်
ဘယ်သူနဲ့ပဲဖြစ်ဖြစ်
ဘာအကြောင်းကြောင့်မှ 
ဂျိုမကြွနဲ့..........။

No comments:

Post a Comment