Tuesday, August 16, 2011

ဇာတ်လိုက်

      ဟိုဘက်ကို ရွှေ့ ပေးလိုက်ရတာ ဟာ မခံချည့် မခံသာဖြစ်စရာပဲပေါ့..
ဒါပေမယ့် အေးချမ်းပါတယ် ရေရှည်မှာ အပူသက်သာစေဖို့ အကောင်းဆုံးကာကွယ်နည်းဆိုတာ ဘေးကိုဆင်းရပ်ပေးလိုက်ခြင်းပါပဲ..
သို့သော်လည်း ဒါကိုလူတိုင်းတော့လက်ခံမှာ မဟုတ်ပါဘူး..ဘာကြောင့်လဲဆိုတော့ လူတိုင်းက ဖြောင့်ဖြူးတဲ့လမ်းပေါ်
ကနေ ဆင်းပေးရမှာ ကို အတွေးထဲမှာတောင် တွေးဖို့ အတွေးတွေဆင်း
ရဲနေလို့ပါပဲ...အနစ်နာခံ ခြင်း သည်းခံခြင်းဆိုတဲ့ သစ်ပင်က စိုက်ပျိုးရတာခက်ခဲသလို အသီးအပွင့်တွေ စားသုံးရမယ့်အချိန်ကိုလည်း
မခန့်မှန်း မတွက်ဆနိုင်လို့ပါ...ဒါကြောင့် စောစောစိုက်ပြီး စောစောရိတ်
သိမ်းရတဲ့ အတ္တသစ်ပင်ကို ပဲ အလုအယက်စုက်ပျိုးနေကြတာပဲဖြစ်ပါ
တယ်...ကမ္ဘာလောကကြီးထဲမှာ ကိုယ်ကျိုးစွန့် အနစ်နာခံ ခဲ့ကြတဲ့လူတွေဟာ အားလုံးရဲ့အထက်မှာကြည်ညိုခံရ အကိုယ်းကွယ်ခံ
ရတဲ့ လူထူးလူမြတ်တွေအဖြစ် သမိုင်းဝင်ခဲ့ကြတာကို တွေ့ရပါတယ်..
သူတို့တွေဟာ အဲဒီလိုနေရာကို ၀င်လုပြီးရခဲ့ကြတာမဟုတ်ပါဘူး...
စွန့်လွှတ်မှုတစ်ပုံတစ်ပင်နဲ့ ရင်းနှီးခဲ့ကြရတာပါ....သူတို့လျှောက်ခဲ့တဲ့လမ်းက ကတ္တီဘာခင်းထားတဲ့
လမ်းလည်းမဟုတ်ပါဘူး......လမ်းဘေးကိုလည်း ဆင်းလျှောက်ခဲ့ရတယ်
ခြေထိုးလည်းခံခဲ့ရတာပဲ...အတိုက်ခိုက်တွေတစ်ပုံတစ်ပင်ကြီးပါပဲ.....
ဒါပေမယ့် အားလုံးကို ကျော်ဖြတ်နိုင်ခဲ့တာဟာ သူတို့ရဲ့ အနစ်နာခံ
သည်းခံနိုင်စွမ်းတွေနဲ့ ဇွဲလုလ္လ စွမ်းပကားတွေကြောင့်ပါပဲ......
ကြီးမားတဲ့ အလုပ်ကိုလုပ်မယ့်သူတစ်ယောက်မှာ အနစ်နာခံစိတ်ဆိုတဲ့ အခြေခံ စိတ်လေးကမရှိမဖြစ်လိုအပ်လှပါတယ်
ပြီးတော့ကိုယ်ကျိုးမဖတ်တဲ့ စိတ်ဓါတ်လည်း လိုအပ်ပါတယ်
ကျွနုပ်တို့ဟာ တစ်ဦးချင်းစီအတွက်တော့ မိမိကိုယ်တိုင်က သူရဲကောင်းလို့ထင်မှတ်နေကြတာပါ ...ကိုယ့်ဇာတ်လမ်းမှာ ကိုယ်တိုင်
မင်းသားတစ်လက်လို့ ထင်ကြသူချည်းပါပဲ....
ဒါကြောင့် ကိုယ့်ဇာတ်လမ်းကို လှပ အောင်ရေးကြဖို့ကတော့ ကိုယ့်တာ
ဝန်ပဲဖြစ်တယ်ဆိုတာ အမှတ်ရဖို့ပါ....
မိမိကဘယ်လိုသစ်ပင်မျိုးစိုက်မှာလဲဆိုတာတော့ ...............

No comments:

Post a Comment