Thursday, August 18, 2011

ငါအစစ်

      ဘာမျက်နှာဖုံးမှတပ်မထားလောကကြီးထဲ
တကယ်တော့ တို့တွေကမျက်နှာများသူတွေလို ၀ံ့ကြွားဖို့မလိုဘူးထင်တယ်းးးးအရိုးရှင်းဆုံးတွေတောင်မှ
ရှုပ်ထွေးနေကြတဲ့ ကာလကြီးမှာ ကမ္ဘာကြီးနေကောင်းနေဖို့ပဲတောင်းဆို
ချင်တယ်...ဘယ်ပန်းတိုင်ကို သွားရမယ်ဆိုတာထက် 
ပန်းတိုင်မရောက်ခင် ငါပိုင်ချင်တာ ငါစိတ်ကိုပါပဲ
နွေဦးတွေလည်း အခါခါဖြတ်ကျော်ခဲ့ပြီးပြီ
ငါစားသုံးခဲ့တဲ့ အဟာရတွေကလည်း မနည်းတော့ဘူး
ဒါတောင်မှ ငါဦးနှောက်တွေ မပြည့်ဝသေးဘူး
ဘေးနားကို မယောင်မလည်ကြည့်မိတော့လည်း အားလုံးက နေသားတကျ
ကာလတစ်ခုလောက် ရပ်ဆိုင်းထားလို့ရရင် ကောင်းမယ်
အဲဒါမှ ခဏတာသက်သာမှုရမယ်ထင်ရဲ့
ပန်းတွေဖူးပွင့်ကြတယ်
ကမ္ဘာမြေကြီးက ကျန်းမာလျက်ပါပဲ
လူတွေရဲ့နင်းပြားဖြစ်နေပေမယ့် ကမ္ဘာမြေကြီးက ပြုံးနေနိုင်သေးတာ
အားကျမိတယ်
စားသုံးထားသမျှ ငါပြည့်ဝချင်တယ်
နားမလည်တဲ့စကားတွေပြောရင်း လူအမဖြစ်ချင်တော့ဘူး
ဒါဟာ ငါနားလည်ထားတဲ့ တောင့်တမှု့တစ်ခုဖြစ်တယ်
နေ့သစ်တွေကို လက်ခံပါတယ်
ဖောက်ပြန်နေတဲ့ ရာသီတွေကို နားမလည်တာတော့ခက်တယ်
ဘ၀ချင်းတူပြီးကောင်းကင်တွေကွဲပြားနေတာလည်း အသိရခက်တယ်
ပြန်မပြောချင်တော့ဘူး
လိုတာတွေများနေလွန်းတော့
ကိုယ်လိုတာကို အတိအကျ နားမလည်တော့ဘူး
မှန်ထဲက ငါဟာ ငါမနိုင်သေးတဲ့ အတ္တတစ်ကောင်ဆိုတာ
အချိန်မှီသဘောပေါက်ပြီး
သရုပ်ခွဲနိုင်ဖို့ပဲ တောင့်တာနေတော့မယ်
တကယ်တော့ငါဟာ
စေတန်တစ်ကောင်မဟုတ်တာတော့သေချာတယ်ဆိုတာပါပဲးးးးးးးးးးး၊

No comments:

Post a Comment