Saturday, August 13, 2011

ဆုပ်မထားပါနှင့်

    proverbs are the daughters of daily experience.
    Experience is the mistress of fools.
စကားပုံတွေဆိုတာ နေ့စဉ်အတွေ့အကြုံ တို့ရဲ့ သမီးပျိုလေးများပါ...
အတွေ့အကြုံတွေဆိုတာကတော့ မိုက်မဲမှုတို့ရဲ့ သခင်မပေါ့....
       လောကမှာ ဆန့်ကျင်ဘက်ဆိုတာ နေရာတိုင်းမှာရှိပါတယ်...
ပုံသေခွက်ထဲမှာ ထည့်ပြီး တိုင်းတာလို့မရပါဘူး....လောကမှာ သင်ယူ
စရာတွေ များပါတယ်...အမြဲတမ်းသင်ပေးနေကြဆရာကြီးကတော့သ
ဘာဝတရားကြီးပါပဲ...လူတွေဟာနေ့စဉ် မိမိတို့ကြုံတွေ့နေ ကြအဖြစ်အပျက်တွေ ထဲက မှကောင်းတာတွေကို ဘ၀အတွက်သင်ခန်း
စာယူခဲ့ကြသလို မကောင်းတဲ့ အဖြစ်အပျက်တွေမှလည်း သင်ခန်းစာယူ
ကြရတာပါပဲ...ချိုမြိန်တဲ့သင်ခန်းစာတွေရှိသလို ခါးသီးတဲ့အတွေ့အကြုံတွေလည်းရှိကြတာပါပဲ...သင်ယူစရာပေါများလှတဲ့
လောကကြီးထဲမှာ တရားသေ အယူအဆတွေ ကိုဆုပ်ကိုင်မထားဖို့တော့
လိုပါတယ်...အားလုံးဟာ ပြောင်းလဲနေလို့ ပြောင်းလဲမှု့နဲ့ လိုက်လျောညီ
ထွေနေတက်ဖို့လည်း လိုပါတယ်....ငါတကော ကောပြီး ငါလုပ်တာ  ငါပြောတာအမှန်ချည်းပဲလို့ ယူဆထားသူအတွက်ကတော့ မှန်ကန်မှု
ကနေ သွေဖည်နေဦးမှာ မလွဲပါဘူး.....သိထားရမှာ ကအားလုံးပြောင်းလဲနေပါတယ်...စက္ကန့် မိနစ် မလပ်ပြောင်းလဲနေပါတယ်...အဲဒါကိုလက်ခံဖို့လိုပါတယ်
တစ်ခေတ်ကအမှန်တရားတွေဟာ တစ်ခေတ်မှာ လွဲချော်မှုဖြစ်နိုင်ပါတယ်....ငါမှန်တယ်
ငါမှန်တယ်
ငါမှန်တယ်လို့ ကြွေးကြော်နေရုံနဲ့တော့ မှန်မှာမဟုတ်သေးဘူး
မှန်ချင်ရင်တော့ အမှန်တရားကိုလက်ခံဖို့ပါပဲ
လက်ခံဖို့ပါပဲ...................................


No comments:

Post a Comment