Friday, August 12, 2011

နားနဲ့ပြောတဲ့ အပြောသမား

Speech is silver,silence is gold.

ခက်တော့ခက်သားဗျ
 ဆိတ်ဆိတ်နေထောင်တန်၏ လို့လည့်းပြောကြတာပါပဲ
ဘာမှမပြောပဲနေပြန်တော့လည်း ငအ လို့ထင်ကြပြန်တယ်
 ကိုယ်သိတာလေး မနေနိုင်လို့ ၀င်ပြောမိတော့ အင်း ဟ၀ှပါးစပ် က
နတ်စကားထွက်တယ်လို့ပြောကြတယ်
လူတွေက ကိုယ်သိတာလေးကို အားပါးတရပြောချင်ကြတာသိပါတယ်
ဒါပေမယ့် ပြန်ခြင်းမခတ်ခြင်ကြတာခက်တယ်
သူတစ်ပါးကို နားထောင်ပေးဖို့ကြတော့  အင်း....
လူတိုင်းမှာ ကိုယ်မမြင်နိုင်တဲ့ အဖြစ်အပျက်တွေ
ဗဟုသုတတွေ ပညာတွေတွေရှိနေနိုင်တယ်လို့ ဘာကြောင့်များ
တွေးမပေးချင်ကြတာလဲမသိဘူးနော်
ကိုယ်တစ်ယောက်ထဲပဲ အားလုံးကိုသိနားလည်တယ်လို့ မှတ်ယူနေကြ
တာဘာကြောင့်လဲနော်
စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတယ်
"  သင်စကားပြောကောင်းသူတစ်ယောက်ဖြစ်ချင်ရင် သူတစ်ပါးပြောတာ
ကို များများနားထောင်ပါတဲ့'' 
များများနားထောင်ပေးတဲ့ လူကို ဘာကြောင့်စကားပြောကောင်းသူ
လို့သတ်မှတ်ကြသလဲဆိုတာ သိချင်ရင် အရင်ဆုံး များများနားထောင်
တက်သူဖြစ်အောင် အရင်ကျိုးစားကြည့်ပေါ့...
လူ့လောကမှာ ပြောချင်တဲ့ ပါးစပ်တွေ အရမ်းများပြီး နားထောင်တက်တဲ့ နားကတော့အရမ်းနည်းနေတာကြောင့်ပါပဲ
ဒီတော့ သင်သိထားတာတွေကို  အောင့်အီးပြီး မြိုသိပ်ထားပါ
သူဝအောင်ပြောပါစေ
ပြန်ခြင်း လာ မလာဆိုတာ က အကြောင်းမဟုတ်ပါဘူး
အပေးအယူတည့်ဖို့က လိုရင်းပဲလေ
ဒါဆိုရင် သင်စကားပြောကောင်းသူတစ်ယောက်ဖြစ်နိုင်ဖို့ 
နီးစပ်နေပြီလို့ဆိုရမယ်
ဒါကြောင့်နားနဲ့ ပြောကြစို့.......။

No comments:

Post a Comment