Thursday, February 2, 2012

သိသမျှ

    လူတွေက ဘာကြောင့် ကိုယ်လုပ်တဲ့ အလုပ်မှန်သမျှ အမှန်တွေချည်းပဲထင်နေတက်ကြတာလဲ?
လူဆိုတာ  အမှားနဲ့ ကင်းပြီးနေလို့မရတဲ့ သတ္တ၀ါ တွေပါ
ဒါပေမယ့် ကိုယ်မှားတာကို မှားပါတယ်လို့ စဉ်းစားဆင်ခြင်တက်တဲ့ 
စွမ်းပကားနဲ့ ပြည့်စုံတဲ့ အသိညာဏ်တော့ ထိုက်သင့်သလောက်တော့ 
လိုတာပေါ့လေ....အမှားဆိုတာ လှုပ်ရှားရုန်းကန် နေသမျှတော့ ရှိနေမှာမလွဲဘူး   ...မှားခဲ့ကြတယ်...မှားနေကြတယ်....နောင်လည်း
မှားနေကြဦးမှာပါပဲ..ဒါဟာ လူသားတစ်ယောက် အတွက်တော့ တစ်သက်တာ မှားခွင့်လိုင်စင် လို့ဆိုရမှာပဲ..
သို့ပေမယ့်လည်းတစ်ချို့သော အမှားတွေက ဘ၀ တစ်ခုပျက်သုဉ်းသွားရလောက်အောင်ကို ပြင်းထန်လှပါတယ်...
 အင်းလေ လူတိုင်းကလည်းမမှားချင်ကြပါဘူး ....သို့ပေမယ့်လည်း
အမှားတွေက လျှက်တစ်ပျက် ရောက်လာတက်ကြလွန်းတော့
ဆင်ခြင်စဉ်းစားဖို့ အချိန်မရလိုက်တာတွေတောင်ရှိတယ်
တစ်ခါတစ်လေကြတော့လည်း  မှားခဲ့ပြီးလို့ တောင် ဒါဟာ အမှား
ကြီးဖြစ်ပါတယ်လို့ မသိတဲ့ လူတွေလည်း အရမ်းများတယ်
အဆိုးဆုံးသော အသုံးမကျမှု ကတော့ ကိုယ်မှားတာကို 
ကိုယ်မိုက်မဲတာကို ကိုယ်ဘာသာ မသိတဲ့ အပြင် သူတစ်ပါးကို လည်း
အဲဒီ မှောင်မိုက် နက်ရှိုင်းလှတဲ့ အမှားချောက်ကမ်းပါး
ကြီးထဲကို အတင်းအဓမ္မ ဆွဲခေါ်သိမ်းသွင်းတက်တဲ့ လူမျိုးတွေပေါ့
ဒီလိုလူမျိုးကို တက်နိုင်သမျှ ရှောင်ရှားရမှာပဲ

No comments:

Post a Comment