Saturday, February 18, 2012

ပါဝါ

ခေတ်မှီအောင်နေနိုင်တယ်
ခေတ်မှီတဲ့ ပညာတွေသင်နိုင်တယ်
ခေတ်မှီတဲ့ အတွေးတွေတွေးနိုင်တယ်
ဘယ်နေရာမှာမဆို ခေတ်နဲ့လျှော်ညီစွာ နေနိုင်ပြောနိုင်လုပ်ကိုင်နိုင်ပါတယ်
ဒါပေမယ့် စိတ်ထားကတော့ ဧကန်မုချ ရိုးသားဖို့တော့လိုတယ်.....
ပညာတွေဘယ်လောက်တက်တက် ရိုးသားပွင့်လင်းတဲ့
စိတ်တွေခေါင်းပါးနေမယ်ဆိုရင် အဲဒီလူဟာ မကောင်းသေးဘူး
လောကမှာ ဘာတွေပဲ လုပ်လုပ် အခြေခံစိတ်ဓါတ် နိမ့်ပါးသေးသိမ်နေ
သေးသမျှ သူ့ကိုလူကောင်းလို့ မခေါ်ဆိုထိုက်ဘူး
စိတ်ထားကောင်းဖို့က လောကစစ်မြေပြင်မှာ အရေးကြီးဆုံးအဆင်တန်
ဆာတစ်ခုဖြစ်တယ်ဆိုတာ ရှေးဘုရားအလောင်းသူတော်ကောင်းတွေနဲ့
ပညာရှိတွေရဲ့ အဆိုအမိန့်တွေမှာအထင်အရှားတွေ့နိုင်ပါတယ်
စိတ်ဓါတ်ကောင်းပြီးရိုးသားတဲ့လူတစ်ယောက်နဲ့ 
ပညာတွေအများကြီးတက်ပြီးကောက်ကျစ်နေတဲ့လူတစ်ယောက်ကို
ပေါင်းပါဆိုရင် သင်ဘယ်သူ့ကိုပေါင်းသင်းဆက်ဆံမှာလဲ..
စိတ်ဓါတ်ကောင်းတဲ့လူက ပညာဆိုတဲ့ ချပ်ဝတ်တန်ဆာကိုသာထပ်
မံ ဆင်သလိုက်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့
လောကကြီးမှာ ရေရှည်တည်တံ့ နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ရိုးသားမှု့ဂုဏ်ရည်ပါပဲ
ဒါကြောင့် ဘာအကြောင်းကြောင့်မှ ကိုယ့်ရဲ့ရိုးသားမှု့စည်းဝိုင်းထဲက
နေ ခုန်ထွက်ဖို့ မကြိုးစားပါနဲ့ 
ဒါဟာ အရာအားလုံးအတွက် အောင်မြင်ရေးပန်းတိုင်ဖြစ်ပါတယ်
စွမ်းအားရှိသမျှ ရိုးသားပါ
အစွမ်းကုန်ရိုးသားပါ
ရိုးသားမှု့ကနေ ပေးအပ်တဲ့ ဆုလဒ်ကို
သင်မုချ ခံစားရမယ်လို့ အာမခံရဲပါတယ်
အဲဒါသဘာဝတရားကြီးက ပေးအပ်တဲ့
အကောင်းဆုံးလက်ဆောင်ပါ
ယုယထွေးပိုက်ဖို့ သင့်ကို စောင့်ကြိုနေတယ်ဆိုတာသတိရပါ......

No comments:

Post a Comment