Saturday, February 18, 2012

ကျောက်ကောင်းတစ်စေ့ဖြစ်ဖို့

ပွင့်ပွင့်လင်းလင်းဆက်ဆံပြောဆိုခြင်းက
အ၀င်ဆိုးတဲ့ ဆေးတစ်ခွက်ဖြစ်ချင်ဖြစ်မယ်
လက်တလောရောဂါကိုတော့ ပျောက်ကင်းနိုင်စွမ်းရှိတယ်......
တစ်ခါတစ်ခါကြတော့လည်း လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ
ဂမုဂဒစ်တွေပေါတဲ့ လမ်းပေါ် ဆိုင်ကယ်စီးရသလိုပဲ 
ဟဲဟဲ ဥပမာကဆန်းတော့ဆန်းတယ်နော်...တကယ်ပါ ပဲ ...အမြဲတမ်း
ပေါင်းသင်းဆက်ဆံရေးမှာ ပြေပြစ်ချောမွေ့နေဖို့ဆိုတာတော့မလွယ်ဘူး
ပေါ့...လူတွေရဲ့ အကဲ့ရဲ့ပြစ်တင် ဝေဖန်မှု့တွေကနေ ရှောင်တခင်ထွက်
ပြေးဖို့ဆိုတာလည်း မလွယ်ပါဘူး...မပြောဘဲနေပြန်တော့လည်း မပြော
လို့ ၊ များများပြောမိပြန်ရင်လည်း ငပေါကြီး ဖြစ်သွားတက်ပြန်တယ်၊
လိုအပ်သလောက်ပြောပြန်တော့လည်း ဘ၀င်တစ်ခွဲသားနဲ့ စသဖြင့် 
ပြောကြဝေဖန်တက်ကြပါတယ်...တစ်ချို့ကြတော့ မအီမလယ် ပြောဆို
ဆက်ဆံတက်ကြတယ်...တစ်ချို့တစ်လေကြတော့လည်း ပွင့်ပွင့်လင်းလင်း ဆက်ဆံတက်ကြတယ်....ဘာပဲဖြစ်ဖြစ် လူဆိုတာ
ဆက်ဆံရေးသတ္တ၀ါတွေဆိုတော့က မဆက်ဆံလို့ကလည်း မဖြစ်ဆိုတော့ ကိုယ့်စရိုက်သဘာဝတွေ အတိုင်း ပြုမူဆက်ဆံ နေကြ
ရမှာပဲပေါ့...တစ်ချို့တစ်လေကြတော့လည်း ကိုယ်မှန်တယ်ထင်တိုင်း
စွတ်ပြောတက်လေ့ရှိတက်ပြန်ပါတယ်...ငါတို့ကတော့ ပွင့်ပွင့်လင်းလင်း
ပဲဟေ့ ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး စသဖြင့် ပြောတက်ကြတယ်
ဟုတ်ပါတယ် ...အမှန်တရားဆိုတာ အချိန်တန်တော့ နွားပိန်ကန်လာ
မှာပေါ့ ဆိုပြီးပြောချင်ပြောလို့ရပေမယ့်
ကိုယ့်စကားတစ်ခွန်းကြောင့်သူတစ်ပါး အရှက်တကွဲ မဖြစ်စေဖို့တော့
ဂရုစိုက်ကြရမှာပေါ့.....သစ္စာတရားဆိုတာ ဘယ်တော့မှ ဖောက်လွဲဖောက်ပြန်ဖြစ်ရိုးဓမ္မတာမရှိစကောင်းဆိုတော့
ငါမှန်တာပဲရယ်လို့တော့ ငါ့စကားနွားရ ပြောတာမျိုးတော့ ရှောင်ရမှာ
ပါပဲ.....ဗိုလ်ချုပ်အောင်ဆန်းလို ပွင့်လင်းပြတ်သားစွာ ပြောတက်တဲ့
သူရဲကောင်းတွေလည်း ကမ္ဘာပေါ်မှာ များစွာရှိကြပါတယ်...အမှန်တရားအတွက် အသက်ပင်သေသေ 
ပြောရဲဆိုရဲခြင်းဟာ တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ပါးပါ.....
သို့ဖြစ်လင့်ကစား ငါပြောတာအမှန် ငါလုပ်တာအဟုတ်ဆိုပြီး
ထင်ရာကြဲတက်တဲ့ ပုံစံမျိုးတော့ မဖြစ်စေဖို့လိုပါတယ်....လူသားတွေ
ဆိုတာ အမြဲတမ်းမှန်ကန်တည့်မတ်နေနိုင်တာ မဟုတ်တဲ့အတွက်
အမှန်တရားဆီကို ချီတက်နေတဲ့လမ်းမှာကိုယ်စီ ကိုယ်စီ အမှားတွေ
တော့ ကြုံဖူးကြမှာပဲ...မှားတက်တဲ့ သတ္တ၀ါတွေဖြစ်တဲ့ အလျှောက်
သည်းခံတက်ခြင်း ခွင့်လွတ်ပေးတက်ခြင်းဆိုတဲ့ တရားတွေနဲ့ ဒွန်တွဲ
ပြီး ပွင်းလင်းရိုးသားစွာပြောတက်ဆိုတက်တယ်ဆိုရင်တော့
အတိုင်းမသိတန်ဖိုးရှိလှတဲ့ ကျောက်ကောင်းတစ်စေ့ဖြစ်လာမှာမုချ
မလွဲပါဟု စဉ်းစားရင်း....................................။

No comments:

Post a Comment