Thursday, February 9, 2012

ယုံကြည်ချက်ပေါ် နင်းလျှောက်သူများ

 ယုံကြည်ချက်ဆိုတာ မပျက်စီးဆင်းနေတဲ့ ရေလိုပါပဲတဲ့
 လူသားတိုင်းဟာ ကိုယ်ယုံကြည်ရာ လမ်းမပေါ်မှာ လျှောက်လှမ်းနေကြ
သူတွေချည်းပါပဲ....ကိုယ့်ယုံကြည် ချက်ကို မူသေဆုပ်ကိုင်ပြီး ဘ၀အခက်အခဲတွေ ကို တွန်းလှန်ကျော်ဖြတ်ကြသူတွေရှိသလို
လမ်းတစ်ဝက်မှာပဲ ကျောခိုင်း လက်လျှော့ပြန်ကြသူတွေကလည်း ပေါ
လှပါဘိ...ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင် သဗ္ဗညုတရွှေညာဏ်တော်ကြီးကို ရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မရေတွက်
နိုင်တဲ့ ကာလရှည်ကြီးကို ကျော်ဖြတ် ရင်ဆိုင်ခဲ့လို့သာ နောက်ဆုံး
ပန်းတိုင်ကို လှမ်းကိုင် ဆုပ်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်...
ကမ္ဘာကြီးပေါ်မှာ ကိုယ့်ယုံကြည်ချက်ကို ဆုပ်ကိုင်ဖက်တွယ်ရင်း အ  သက်ကိုတောင်အသေခံသွားကြတဲ့သူတွေလည်းတော်တော်များပါ
တယ်..ဘာကြောင့်များအသေခံပြီး တောင်မှ ကိုယ့်ယုံကြည်ချက်ကို 
ချစ်မြတ်နိုးခဲ့ကြပါလိမ့်မလဲလို့ တွေးကြည့်ရင် သူတို့ဟာ သူတို့ နှလုံးသားကို သစ္စာမဖောက်ချင်ကြလို့ပဲဖြစ်ပါတယ်....သူတို့ယုံကြည်ချက်ကို ဘယ်အရာနဲ့မှ မလဲနိုင်လောက်အောင် မြတ်နိုးတန်ဖိုး ထားကြလို့ပဲ
ဆိုတာ သိသာထင်ရှားနေပါတယ်...
သို့သော်လည်း ဘယ်လောက်ပဲ ယုံကြည်ချက်တွေပြင်းထန် တောက်လောင်နေပါစေ ..ကိုယ်ယုံကြည်
ထားတဲ့ အချက်၊ ကိုယ်ဆုပ်ကိုင်ထားတဲ့ အရာက တည့်တော် မှန်ကန်
မှု့ဖြစ်ဖို့အတွက်တော့ အရေးကြီးလှပါတယ်....စစ်မှန်မှု့ တရားတွေကနေသွေဖယ်ယိမ်းပါး တဲ့ ယုံကြည်ချက်ပြင်းထန်မှု့ကတော့
အရေးပါအရာရောက်လိမ့်မယ်မဟုတ်ပါဘူး....ကိုယ့်ယုံကြည်ချက်ရဲ့
အကျိုးရလဒ်ကြောင့် လူတွေဘယ်လောက်လောက်များများကို 
ချမ်းသာတဲ့လမ်းကို ဆောင်ကြဉ်းပေးနိုင်မလဲဆိုတာက ပဲ မှတ်ကျောက်တင်ပေးနိုင်တယ်လို့ ထင်မိပါတယ်....ဘာသာရေး၊ စီးပွါး
ရေး ၊ပညာရေး စတဲ့နယ်ပယ်တွေတိုင်းမှာ အဲဒီလို ယုံကြည်မှု့ အမှားတွေ ကိုဖတ်တွယ် စီးမျောနေတာတွေတော်တော်များများတွေ့ရပါတယ်.....ဘုရားရှင်ရဲ့
အဆုံးအမဒေသနာတော်အတိုင်းပြောရမယ်ဆိုရင်တော့ ပြင်းထန်တဲ့
အစွန်းတရားတွေကိုရှောင်ရှားပြီး တည့်မတ်ဖြောင့်တန်းတဲ့ လမ်းစဉ်ကို ရွေးချယ် ပြီး ဘယ်လိုယုံကြည်ချက်မျိုး ကို ပိုင်ပိုင်နိုင်နိုင်
ချရမလဲဆိုတာ သိကြစေချင်ပါတယ်......ယုံကြည်ချက် ကတိမ်းကပါး
ဖြစ်သွားရင် သံသရာကြောမှာ မျောပါနစ်မြုပ်သွားမှာစိုးတာ ဘုရားရှင်တော်တိုင်းရဲ့ အနန္တ မေတ္တာတော်ကြီးပါပဲ......နောက်ဆုံးအနေနဲ့ကတော့ ကိုယ့်ယုံကြည်ရာ လမ်းမပေါ်မှာလျှောက်တဲ့အခိုက် ဘယ်လိုအရာတွေကိုမှ ပွတ်တိုက် တိုက်ခိုက် မသွားမိစေဖို့ အတက်နိုင်ဆုံးရှောင်ရှားနိုင်ကြပါစေ....ကိုယ့်ပန်းတိုင်ခရီးကို ချောချော
မွေ့မွေ့ ရောက်ရှိ ရရှိနိုင်ကြပါစေလို့ ဆန္ဒပြုရင်း......................
       

No comments:

Post a Comment