Friday, February 17, 2012

အမှတ်ရနေသင့်သောအရာ

  ကျေးဇူးတရားဆိုတာ နှလုံးသားမှာ 
သိမ်းထားပြီး ပြန်လည်အမှတ်ရဖို့
ဦးနှောက်ကို လှုံ့ဆော်ပေးနေသင့်တဲ့ အရာပါ ။
 ဟောဒီလောကကြီးပေါ်မှာ နေထိုင်အသက်ရှင်နေကြသူတိုင်း
ကျေးဇူးတရားဆိုတဲ့ စကားလုံးနဲ့ ကင်းပြီးနေနိုင်တဲ့သူဆိုမရှိပါဘူး
လူတစ်ဦးဟာ အခြားတစ်ယောက်အတွက် အမြဲတမ်းလိုလို ကျေးဇူးခံ
ဖြစ်နေတဲ့ အချိန်မှာ အခြားတစ်ဘက်မှာလည်းကျေးဇူးစား ဖြစ်နေနိုင်
ပါတယ်။ ဘယ်လိုမှ ငြင်းချက်ထုတ်လို့ မရတဲ့သူတွေကတော့
မိဘဆရာသမားတွေပါပဲ...ဟုတ်ပါပြီ လူတိုင်းဟာ မိမိကျေးဇူးတင်ရမည့်သူရှိနေတယ်ဆိုတာ လက်ခံတက်ဖို့ လက်ခံနိုင်
တဲ့ အသိတရားရှိဖို့ ပြီးတော့ ပြန်လည်တုန့်ပြန်ဆပ်တက်ဖို့ လည်းရှိဖို့
လိုပါသေးတယ်...လူတော်တော်များများဟာ မိမိက ကူညီဆောင်ရွက်
ပေးတဲ့ သူတွေအပေါ်မှာ ငါကသူတို့အတွက် ကျေးဇူးရှင်ဖြစ်တယ်
ငါကူညီပေးလိုက်လို့သာ သူတို့အဆင်ပြေတာ ဒါနဲ့တောင်မှ ဒီကောင်
ကျေးဇူးတရားကို နားမလည်ဘူး စသဖြင့် တွေးတက် ပြောတက်ကြပါတယ်...ဒါဟာလည်း မှန်သင့်သလောက်တော့မှန်ပါတယ်...ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့သူ
တွေက တကယ့်ကို ကျေးဇူးတရားကို နားမလည်တက်ကြလို့ ပါပဲ..
ဒါပေမယ့်လည်း ကျေးဇူးတရားဆိုတာ အတင်ခံရသူအတွက်ရော
ပြန်လည်ပေးဆပ်ရသူအတွက်ပါ ခက်ခဲတဲ့အရာပါ..
ကိုယ့်အပေါ် တင်ရှိနေတဲ့ ကျေးဇူးတရားကို ပြန်ဆပ်ဖို့ဆိုတာ ဘယ်လို
နည်းနဲ့ ဆပ်မှ ကျေမှာလဲ..တန်ရာတန်ဖိုးကို ပြန်ပေးလိုက်ရုံနဲ့ ကျေသွား
ရောလား ...ပြီးတော့ ကျေးဇူးရှင် ပုဂ္ဂိုလ်အနေနဲ့လည်း ဘယ်အတိုင်းအတာနဲ့ဆပ်မှ ကျေနပ်မှာလဲဆိုတာ အင်မတန်တွေး
ရခက် ဖြေရှင်းရခက်တဲ့ ပြဿနာတစ်ခုပါ့....
တကယ်တော့ ထမင်းတစ်လုပ်မျှလောက်သော ကျေးဇူးတရားကိုတောင် ကျေအောင်
ပြန်ပေးဆပ်နိုင်ဖို့ တောင်မလွယ်ပါဘူး..ဘာလို့လည်းဆိုတော့ 
တစ်မင်းတစ်လုပ်ရဲ့သက်ရောက်မှု့က တစ်ခဏတာ ၀မ်းဝရုံလေး
အတွက်မျှသာမဟုတ်လို့ပါပဲ...အဲဒီကရလာတဲ့ အာဟာရက သွေး
ကြောတွေကနေတစ်ဆင့် အသက်ဆက်ရှင်သန်နိုင်လောက်တဲ့ 
အာဟာရကိုပေးစွမ်းနိုင်တဲ့အထိ တစ်ကိုယ်လုံးကို ပျံ့နှံ့ စီးမျောသက်
ဝင်ခဲ့ပြီးဖြစ်နေခဲ့လို့ပါပဲ....ဒါကြောင့်မို့ ဘုရားရှင်က မိဘတို့ရဲ့ကျေးဇူး
ကိုကျေအောင် ဆပ်ဖိုခက်တယ်လို့ဟောခဲ့တာပဲဖြစ်ပါတယ်...ပြီးတော့
ခင်ပွန်းကြီးဆယ်ပါးထဲမှာလည်း တစ်မင်းတစ်လုပ်ရေတစ်မှုတ်
စာမျှ ကျေးဇူးရှိခဲ့ဖူးသူကို ထည့်သွင်းရေတွက်ခဲ့တာပဲဖြစ်ပါတယ်..
ပြောရမယ်ဆိုရင် ကိုယ်နေထိုင်ရာဝန်းကျင် ဆက်ဆံရတဲ့ ၀န်းကျင်မှာ
လူတစ်ဦးတစ်ယောက်အတွက်တော့ ကျေးဇူးတရားနဲ့ ကင်းပြီးနေနိုင်
တဲ့လူဆိုတာ မရှိပါဘူး...တစ်မျိုး မဟုတ်တစ်မျိုး ဆက်စပ်နေကြတဲ့
အတွက်ကြောင့် ငါဟာဒီလူ့ အပေါ်မှာကူညီထားဖူးတဲ့ အတွက်ကြောင့် ငါက ကျေးဇူးရှင်ပဲ..စသဖြင့် ပြောနေဖို့ မသင့်လျော်ပါဘူး ငါလည်း ပြန်လည်ပေးဆပ်ရမယ့်ကျေးဇူးရှင်တွေ
ရှိတယ်ဆိုတာလည်း သတိရသင့်ပါတယ်...ဒါကြောင့်မို့လို့ ကျေးဇူးတရားနဲ့ ကင်းလို့မရ
တဲ့ လူတွေဖြစ်နေကြတဲ့အတွက်ကြောင့် သူတစ်ပါးအပေါ်မှာ ကျေးဇူးရှိခဲ့ဖူးတယ်ဆိုရင် ကိုယ့်ရင်ထဲမှာပဲသိမ်း
ထားတာပဲပိုသင့်လျော်မယ်ထင်ပါတယ်....ကျေးဇူးတရားကို နားလည်တယ်နားမလည်းဘူးဆိုတာက အဲဒီလိုလူတွေရဲ့ ကိုယ်ပိုင်
အရေးဖြစ်တယ်လို့ တွေးပေးတက်ဖို့ပါပဲ.....တကယ်တော့ကျေးဇူးတရား
ဆိုတဲ့ စကားလုံးကို နှုတ်ကနေတ ဖွဖွရေရွတ်နေဖို့ မဟုတ်ဘူးဆိုတာကိုပြောချင်တာပါပဲ....ကျေးဇူးတရားဆိုတာ အခွင့်ကြုံလာရင် ဆပ်တက်ဖို့ ကိုယ့်နှလုံးသားထဲမှာ အမှတ်ရနေဖို့
ပြီးတော့ ပြန်ပေးဆပ်ဖို့ ဆိုတာကို အမြဲတမ်း နှလုံးသားထဲမှာ ရှိနေမယ်ဆိုရင် လူ့လောက ပတ်ဝန်းကျင်မှာ နေရတာ အဆင်ပြေ
ချောမွေ့နိင်သွားမှာပါ......
 

No comments:

Post a Comment