Saturday, February 11, 2012

အကြောက်ဆုံးအရာကို ကြိုတင်ခံစားခြင်း

   သံယောဇဉ် ကြီးမားတဲ့ လူတွေတိုင်း ကြိုတင် ပြင်ဆင်ထားသင့်တဲ့
 အကြောင်းလေးပါ ...လူတွေတိုင်းဟာ ကိုယ်ချစ်တဲ့ ကိုယ်သိပ်မြတ်နိုးတဲ့ လူတွေနဲ့ ခွဲခွါကြရတဲ့ အခါမှာ အလွန်ပဲထိထိခိုက်
ခိုက် နဲ့ ကြေကွဲစွာ ခံစားရတက်လေ့ရှိပါတယ်...ဒီအကြောင်းလေးကို
ရေးချင်နေတာတော်တော်ကြာပါပြီ...ဘာကြောင့်လဲဆိုတော့ ကိုယ်ကို
တိုင်က ရဟန်းတစ်ပါးဖြစ်နေတဲ့ အတွက်ကြောင့်လူတွေရဲ့ နောက်ဆုံး
ခရီးတော်တော်များများကို လိုက်ပို့ရင်း ရလာတဲ့ သံဝေဂ ခံစားချက်လေးတွေဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ....လူတွေဟာ ကိုယ်တိုင် ဝေဒနာကိုခံ စားရမှ သူတစ်ပါးကို စာနာနားလည်တက်တဲ့အမျိုးဆိုတော့ သူတစ်ပါး တွေရဲ့ သောကကို နားလည်သဘောပေါက်ခံစားပေးတက်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလေ..ကိုယ်သိပ်မြတ်နိုးရတဲ့ သူတစ်ဦးတစ်ယောက် ရုတ်တရက် လူ့လောကကြီးကို စွန့်ခွါသွားကြတဲ့အခါ အရူးမီးဝိုင်း ခံစားကြရလေ့ရှိပါတယ်....တကယ်တော့ လူသားတိုင်းဟာ မွေးလာ
ကတည်းက သေမိန့်ကျပြီးသား အကျဉ်းသားတွေဖြစ်နေပြီးသားမဟုတ်
လား...ဒါပေမယ့် ဘယ်သူကမှ ငါသေမယ်လို့ မတွေးကြပါဘူး...သေခြင်းနဲ့ ပတ်သတ်တဲ့ စကားလေးများကိုပြောမိတာတောင်မှ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ ဆိုပြီး
သေခြင်းတရားကို ထိတ်လန့်ကြောက်ရွံ့တက်ကြပါတယ်...ဘ၀ကို
တပ်မက်တဲ့တဏှာ ပြင်းထန်လေလေ သေရမှာကိုကြောက်လေလေပါ
ပဲ...အဲဒီလိုပဲ သေခြင်းတရားကို ကိုယ်ကိုယ်တိုင်လည်းကြောက်သလို
ကိုယ့် မြတ်နိုးချစ်ခင်ရတဲ့သူတွေနဲ့လည်း ကွေကွင်းရမှာကိုလည်း မလိုလားကြပါဘူး....သံသရာနဲ့ချီပြီး တရားတွေမဟောလိုပါဘူး....
တကယ်ကြုံလာရမယ့် ဒီအဖြစ်တွေကို ပေါ့ပေါ့ပါးပါး ဖြေသိမ့်နေနိုင်ဖို့
အလွယ်နည်းလမ်းလေး ပေးချင်ပါတယ်...မိဘတွေနဲ့ ခွဲခွါပြီး ကိုရင်ဘ၀နဲ့ စာသင်တိုက်ကို စထွက်ခဲ့တာ ၁၅ နှစ်သားလောက်ကပါ
ဒါပေမယ့် သံယောဇဉ်တရားရဲ့ ထိုးနှက်ချက်ကြောင့် မကြာခဏ ခိုးခိုးပြီးငိုခဲ့ရတာကိုလည်းအမှတ်ရမိသေးတယ်...ပြန်ပြောရင် ရှက်ဖို့လည်းကောင်းပါတယ် ဘုရားသားတော်တစ်ပါးအနေနဲ့ ဆိုရင်ပေါ့..ဒါပေမယ့် ပုထုဇဉ်လူသားတစ်ယောက်အနေနဲ့လို့ ဖြေသာမယ်ဆို ဖြေသာနိုင်ပေ
မယ့် ...တစ်ကယ်လည်းရှက်တဲ့အတွက်ကြောင့် ဖြေသာစရာနည်းလမ်းလေး
တွေ စဉ်းစားမိခဲ့ပါတယ်...ပြီးတော့ မိဘတွေကလည်း ကျန်းမာရေးတွေ မကောင်းကြတော့ ငါမရှိတုန်းသေများသွားရင်ဆိုတဲ့ 
အတွေးနဲ့ ပူလောင်ရတာကြောင့်လည်း ပိုဆိုးပါတယ်....အဲဒီအခြေ အနေမှာ ဒီနည်းလေးကို စဥ်းစားမိခဲ့တာပါ...ငါဟာ သူတို့နဲ့ အတူတူ
ရှိလည်း သူတို့သေလည်း ငါဘာမှ တက်နိုင်လိမ့်မယ် မဟုတ်ဘူး....ငါ
သေလည်း သူတို့ဘာမှာတက်နိုင်မှာ မဟုတ်ဘူး ....ကိုယ်ကသာ ကြိုတင်ပူဆွေးပြီး သောကရောက်နေရတာ...ဒါကြောင့်ကိုယ်လုပ်ပေး
နိင်တဲ့ အနေအထားတစ်ခု ဖြစ်တဲ့ နေ့စဉ်မေတ္တာပို့သပေးခြင်း တက်
နိုင်သလောက် ပေးကမ်းထောက်ပံ့ခြင်း  တရားစာအုပ် တွေဖတ်ရှူစေခြင်း တရားရိပ်သာတွေကို ၀င်နိုင်အောင်
ကြိုးပမ်းပေးခြင်းစတဲ့ ကောင်းတာတွေကို လုပ်ပေးဖြစ်ခဲ့ပါတယ်...
အဲဒါကြောင့်ပဲ ကိုယ့်လုပ်ရမယ့်စာပေသင်ကြားခြင်းအလုပ်ကို 
အလုပ်ကို ဖြောင့်မတ်တည်ငြိမ်စွာ လုပ်နိုင်ခဲ့ပါတယ်....အဓိက ပြော
ချင်တဲ့ အချက်ကတော့  ကိုယ့်တက်နိုင်တဲ့ အရာတွေကို အကောင်း
ဆုံး လုပ်ပေးပြီးတော့ သူတို့ကို သေကြည့်လိုက်ပါတယ်....ပြီးတော့ 
ကိုယ်ကိုယ်တိုင်သေကြည့်လိုက်ပါတယ်.....တစ်ကြိမ်တစ်ခါတည်း တော့
ဘယ်ရလိမ့်မလဲပေါ့ ...အကြိမ်ပေါင်းမြောက်များစွာ  ဆင်ခြင်သုံးသပ်ပစ်လိုက်တော့ စိတ်ထဲမှာ အေးချမ်းလာတယ် သေခြင်းတရားနဲ့ ပတ်သတ်ပြီးစိုးရိမ်ကြောက်လန့်မှုတွေ...ချစ်ခင်သူတွေနဲ့ ကွဲကွာရရင်
ခံစားရမယ့် အပူတွေတော်တော်လေးငြိမ်းအေးလာတာ ကိုယ်တိုင်ခံစားမိလာပါတယ်...ပြောချင်တာတွေကတော့ အများကြီး
ပါပဲ...ဒါပေမယ့် အဓိက ပြောချင်တာလေးတွေ ပျောက်သွားမှာစိုးလို့
ဒီနေရာမှာပဲ နိဂုံးချုပ်ရင်း ပြောချင်တာက သောကတွေ အပူတွေ ငြိမ်း
အေးချင်ရင်တော့ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ချစ်ခင်ရသူတွေ မသေခင်မှာ အလုပ်သင့်ဆုံးကတော့ (၁)လုပ်သင့်တာတွေကို ပြီးအောင်လုပ် ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ(၂) ကိုယ်ကိုယ်တိုင်လည်း ခဏခဏ သေကြည့်ပါ အတွေးထဲမှာ..ကိုယ်ချစ်ခင်ရသူတွေ ကိုလည်း သေခိုင်းပါ ...အဲဒီလိုသာ အမြဲမဟုတ်တောင် ကြုံတဲ့ အခါတိုင်း မကြာခဏ 
ဆင်ခြင်ပေးထားမယ်ဆိုရင် တော့ ကွေကွင်းရခြင်း ဆိုတဲ့ ဆင်းရဲခြင်း
ကနေ အတော်အတန် သက်သာကောင်းသက်သာနိုင်ပါတယ်ဆိုတာ
တင်ပြလိုက်ရခြင်းဖြစ်ပါတယ်.....
လူသာအားလုံးအပူဝေးကြစေဖို့ ဆုတောင်းမေတ္တာ ပို့သလျှက်........

No comments:

Post a Comment