Wednesday, February 8, 2012

သွားစမ်းပါ

သွားစမ်းပါ သူတောင်းစားတစ်ယောက်မှာတောင်
သူပိုင်ဆိုင်တဲ့ ဟီန မာန်ဆိုတာရှိသေးတာပဲ
လူတိုင်းမှာ မာနတွေရှိတာ မဆန်းပါဘူး
ဒါပေမယ့် အဲဒီမာနတွေကပဲ ကိုယ့်ဘ၀ကို
အောက်ကို ပြန်ဆွဲချ နစ်မြှုပ်တက်ပါလား
ဆိုတာ သိထားရင် တောင်မဆိုးပါဘူး......
       အားလုံးဟာ အနှစ်တစ်ရာ လေးအတွင်း သက်ဝင် နေထိုင်ခွင့် ပါမစ်လေးရထားရုံလေးပါပဲ.....သင်ဘယ်လိုလူစားလဲ...သင်သိထား
တာတွေက ဘယ်လောက်များနေလို့လဲ...လောကကြီးထဲမှာ သိစရာတွေ အရမ်းများတယ်...တက်ချင်တယ်ဆို တက်သိသင့်တာတွေလည်း ဒုနဲ့ဒေးပဲ ...ဘာမာနလဲ
လူ နဲ့လူချင်းအတူတူ ပဲ  တစ်ဦးနဲ့တစ်ဦး သေခြင်းတရားက မဖိတ်ခေါ်သေးခင်လေး တွေ့ကြဆြုံကရတာ ..ဒီအခိုက်အတန့်လေးမှာတောင် သင့်မာန ဆူးတောင်တွေကို ကွယ်ဝှက်မထားနိုင်ဘူးလား.....ဒါဆိုရင် လူများတွေကတော့ သင့်ကို
ယာယီခဏတော့ အထင်ကြီးကြမှာပဲ....သင့်အကြောင်းတွေသိလာတဲ့
တစ်နေ့ကြရင်တော့ သင် ဂွမ်းသွားမှာပဲ....သင့်လို မာနဆူးတောင်မျိုးက လူတိုင်းမှာရှိနေကြတဲ့အတွက်ကြောင့်ပါ
ပြီးတော့ သူတစ်ပါးရဲ့ မာနတရားတွေကို လည်း သွားပြီး မထိခက် မိစေနဲ့ ...အကောင်းဆုံးကတော့ သင်လည်း သေမှာပဲ ကျွနုပ်လည်းသေမှာပဲ သေမိန့် ကျပြီးသားလူချင်း ဂျိုထောင်နေတယ်
ဆိုတာတော့ ရယ်စရာလည်းကောင်းလွန်းပါတယ်...
သွားစမ်းပါ ကျွနုပ်လည်း ဆူးတွေချိုးထားတယ်....ဘယ်သူ့ကိုမှ မထိမိစေဖို့ပေါ့....ဘာကြောင့်လည်းဆိုတော့ ဘာမှမဟုတ်လို့ပဲ.....
ဘာမှ မဟုတ်တာကို ဘာမှ မဟုတ်မှန်း သိလို့ ဘာမှလည်းမဟုတ်ချင်တော့ဘူး......ဒါကြောင့် အေးအေးပဲနေချင်တယ်
သွားစမ်းပါ ......
တစ်နေရာမှာထားခဲ့ 
အဲဒီမာနတွေ
ကျွနုပ်တို့ တွေ အေးချမ်းသင့်သလောက်အေးချမ်းကြရအောင်.......... 

No comments:

Post a Comment