Wednesday, February 8, 2012

မဆုံးသော

 မျှော်လင့်ချက်ဆိုတာ
 လောကအကြောင်းကို 
ပိုသိလာတဲ့ လူတွေအတွက်
နောက်ထပ်ခြေတစ်လှမ်းပါပဲ...
    ငယ်ငယ်တုန်းကတော့ ဘာဖြစ်ချင်တယ် ဘာလုပ်မယ် ဆိုတဲ့ 
မျှော်လင့်ချက်တွေ ကို ခေါင်းပေါ်ရွက်ရင်း ပေါ့ပေါ့ပါးပါး ဖျက်သန်းခဲ့
ကြတာပဲ ...ဘယ်လိုဖိအားတွေကမှ ခြေလှမ်းတွေကို  ယိုင်နဲ့မသွား
စေခဲ့ဘူးလေ....လောကဓံရိုက်ချက်တွေနဲ့ တစ်စတစ်စ ယဉ်ပါးလာတဲ့
အခါကြတော့ မျှော်လင့်ချက်တွေက တောင်ယိမ်း မြောက်ယိုင် ဖြစ်လာကြတယ်...ငါရဲ့ ဦးတည်ရာက ဘာလဲ? ငါဘယ်လဲလို့ မေးတက်
လာတဲ့ အထိ လောကကြီးထဲ မှာ အခြေခံ ဘာသာဗေဒတွေ ကိုအပတ်တကုတ် လေ့လာဆည်းပူးရင်း  မှတ်တိုင်တွေ အလီလီ 
ကျော်ဖြတ် ဘ၀မှာ ရင့်ကျက်တယ်ဆိုရုံလေး ရင့်ကျက်လာခဲံပြီးတဲ့နောက် ငါဘယ်လဲ ငါဘာလဲဆိုတဲ့မေးခွန်းကို ဖြေ
ဖို့အတွက် ငါဘာမှ မသိ မတက်သေးပါလားလို့လည်း သိလာခဲ့ရတယ်
ကိုယ်ဖြစ်ချင်တာနဲ့ သွေဖီသွားတာ များတော့လည်း ဘာဖြစ်ချင်တာ
လည်းလို့ ကိုယ့်ကိုယ်ကို မေးဖို့တောင် နဝေတိမ်တောင်ဖြစ်ရပြန်ပြီပေါ့
ဒါပေမယ့် လူဆိုတာ မျှော်လင့်ချက်နဲ့ ရင်ချင်းအပ်ထားရတဲ့ သတ္တ၀ါတွေ
ဆိုတော့  သူ့မျက်နှာလေးကိုတော့ မော့ကြည့်နေရဦးမှာပလေ...
လူ့လောကကြီးထဲ ၀င်ဆန့်ဖို့ အတွက်နဲ့  ရပ်တည်နိုင်ဖို့အတွက်ရယ်
အရေးတွေကရှိနေသေးတယ်ဆိုတော့ ဖြစ်သင့်ဖြစ်ထိုက် ရှိသင့်ရှိထိုက်
တဲ့ မျှော်လင့်ချက်တွေ ကို တော့ ထားကြရမှာပဲပေါ့.....အဲဒီလို မျှော်လင့်ချက် တွေကို ထုပ်ပိုးရင်း မဆုံး
နိုင်တဲ့ လမ်းပေါ်မှာ လျှောက်ရင်း တစ်နေ့တော့လည်း ဘယ်သူမှ မျှော်လင့် တောင့်တ မထားတဲ့ သေခြင်းတရားရဲ့ ရင်ခွင်ထဲ
မှာ ခေါင်းချရ ဦးမှာပါလားဆိုတာကိုလည့်း မျှော်လင့်ထားကြစေလိုပါသည်...




No comments:

Post a Comment