Wednesday, February 8, 2012

အထက်လမ်းက သွားမှာလား

  ပေးဆပ်ခြင်းက ဆက်သွယ်ခြင်းရဲ့ နိဒါန်းပါ..ပေးခြင်းကြောင့် ပဲ
လူနှစ်ယောက်ရဲ့ဆက်သွယ်ခြင်းတွေ ခိုင်မြဲလာမယ်...လူအများနဲ့
ရဲ့ကြားမှာလည်း ရဲရင့်လာမယ် ....လူတွေ ဆင်းရဲကြတယ်ဆိုတာ 
ပေးကမ်းခြင်းရဲ့တန်ဖိုးကို သေသေချာချာဂဃနဏ  မသိကြသေးလို့ပါ
လူဆိုတာ ကိုယ်ကသာ မပေးခြင်တာ သူတစ်ပါးဆီက ရယူချင်ကြတာ
တော့ ဓမ္မတာပါပဲလေ...သူတစ်ပါးကို မပေးချင်လို့ ကိုယ့်ပစ္စည်းဥစ္စာတွေ ကုန်ခမ်းသွားမှာစိုးလို့ ဖွက်ထား သိမ်းထားကြ
ဦးမယ်ဆိုရင် ယခု ဘ၀ မှာရော နောက်ဘ၀ တွေမှာပါ ဆင်းရဲ ခြင်း
တရားနဲ့ ကင်းလွတ် နိုင်ကြဦးမယ် မဟုတ်ဘူး...သူတစ်ပါးကို ပေးကမ်းခြင်းဆိုတဲ့ဒါနတရားတွေ ခေါင်းပါးနေ
သမျှ လူတွေ မွဲတေမှုနဲ့ ကွာရှင်းနိုင်ကြဦးမယ်မဟုတ်ဘူး...ဘာကြောင့်
လဲဆိုရင် ကိုယ့်ဥစ္စာပစ္စည်းကို တပ်မက် ၀န်တိုမှု မစ္ဆရိယ တရားတွေ
ထားပြီး မပေးချင်မကမ်းချင်တဲ့ စိတ်တွေ ရှိနေသမျှ ဆင်းရဲမွဲတေခြင်း 
အသိုက်အမြုံထဲက ထွက်မြောက်နိုင်ကြမှာမဟုတ်ဘူး...ဒါကြောင့်လည်းပဲ ဒါနဆိုတဲ့ ပေးကမ်းတက်ခြင်းတရားကို ချစ်ဆေး ပွင့်ဆေး  အောင်မြင်ဆေး  တိုးတက်ဆေး သံသရာချမ်းသာဆေးလို့ပြော
ရလောက်အောင် ပဲ အရေးကြီးလှပါတယ်...ဘုရားရှင် ကိုယ်တော်
မြတ်ကြီးတောင်မှ သဗ္ဗညုတရွှေညာဏ်တော်ကြီးကို ပိုင်ဆိုင်နိုင်ဖို့အတွက်
ပါရမီ ဆယ်ပါး အပြာသုံးဆယ် တွေကို ဖြည့် ကျင့်တဲ့နေရာမှာ ဒါနပါရမီ
ကို အစဦးဆုံးဖြည့်ကျင့်ခဲ့ရတာပါပဲ...မရေတွက်နိုင်လောက်တဲ့ ဘ၀တွေကျင်လည်ခဲ့ရတဲ့နေရာ မှာလည်း မလှူဘူးတဲ့ အရာမရှိ 
ဆိုရလောက်အောင်လည်း လှူတမ်းပေးကမ်း ခဲ့တာပါပဲ ...တစ်စုံတစ်ယောက်သာ အလိုရှိရင် အသက်ကိုတောင် ပေးလှူခဲ့
တဲ့အထိ ဒါနပါရမီကို အစွမ်းကုန် ဖြည့်ကျင့်ခဲ့ဘုရားရှင်ပါ.....
ဒါကြောင့် (Itivuttaka Pali) တော်မှာ ဒီလိုဟောကြားခဲ့ပါတယ်..
အို ရဟန်းတို့
ပေးကမ်းလှူဒါန်းခြင်းရဲ့ တန်ဖိုးကို
ငါဘုရားရှင်သိသလောက်သာ အခြားသူ
တွေသာ သိမယ်ဆိုရင် အနည်းဆုံး လက်တစ်
ဆုပ်စာမျှလောက်သော စားမြိန်ကို ပေးကမ်းလှူဒါန်း
ခြင်းမပြုဘဲ စားမိမှာမဟုတ်ဘူး.. တွန့်တို နှမျောစိတ်နဲနဲတောင်
ရှိမှာမဟုတ်ဘူး..တစ်စုံတစ်ယောက်သော အလှူခံပုဂ္ဂိုလ်သာရှိမယ်ဆို
ဆိုလျှင် စားနေဆဲ ပုဂံထဲက နောက်ဆုံးအပိုင်းလေးကျန်တာတောင်
မှ သူတို့ပေးကမ်းကြမှာ ဧကန်မလွဲပါဘူး
ဒါကြောင့် သံသရာကျင်လည်ရာ ဘ၀တစ်လျှောက်မှာ အထက်တန်း
က မျက်နှာပန်းလှလှ သွားလာ နေထိုင်ကျင်လည်ကျက်စား နေချင်ရင်
တော့ ဒါနပါရမီ ကို စွမ်းနိုင်သလောက် ဖြည့်ကျင့်ကြဖို့ လိုတယ်
ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်..........

No comments:

Post a Comment